Tuesday, November 26, 2013

ရေ ထဲကလူ(၁)



သမုဒ္ဒရာတစ် ရာ
ဝမ်းတစ်ထွာတဲ့လေ
ဝမ်းတစ်ထွာအတွက်
သမုဒ္ဒရာထဲဖြတ်နေသူပါ
မေခလာကိုအားကီုးပြီး
ဒီအလုပ်ကိုစခဲ့တာမှ မဟုတ်သာ ..

ဘယ်သူကစ တာလဲမသိ
'သ င်္ဘောသီး ' တဲ့
နောက် တောက်တောက်နဲ့လေ
တချို့ကဆိုင်းဘုတ်ကြီးကြီးနဲ့
ဈေးထိပ်မှာရေးထားသာ
'သ င်္ဘောသား' ရောဂါတဲ့
လူငယ်တွေက ဗန်းစကားလား
ရေဘဲကြီး တဲ့ဗျာ ...

မိဝေးဘ ဝေးချစ်သူဝေးတဲ့
ဒီပင် လယ်မှာ ဘယ်သူပျော်မှာလဲ
ရာသီစက်ဝိုင်းတပတ်ကို
အသက်ကလည်း
လောင်းကြေးထပ်ထားရတယ်လေ....

ကမ္ဘာပတ်ပြီး
ညရဲ့ကပွဲရုံအောက်မှာ
မြူးထူးနေရတာမဟုတ်ပါ
နေ့ညအလုပ်ချိန်နဲ့
လှီုင်းဒဏ်ကြားမှာ
သန့်ရှင်းလတ်ဆတ်တဲ့
လေ တွေရှု ရင်းက
စိတ်ဓါတ်တွေက
မကျန်းမမာဖြစ်နေသာ ...

တခါတ လေကျတော့
ပင် လယ်စောင့်နတ်သမီးက
ကျီစယ်တာလားမသိ
ခွန်အားစိတ်နဲ့ခံနိုင် ရည်
အလူးအလဲပါဘဲ
အသက်ကယ်အင်္ကျီဝတ်ပြီး
အိပ်မရတဲ့ည တွေမှာ
ကုတင်ပေါ်ကခဏခဏပြုတ်ကျနေတယ်

တချို့ကသ င်္ဘောတက်ဘို့
ယတြာတွေအခါခါချေ
တချို့ ကသ င်္ဘောပေါ်ကဆင်းဘို့
ပြန်တော်ပြန်ဂါတာတွေအကြိမ်ကြိမ် ရွတ်
သ င်္ဘောဆိုတာ..
တခါတခါတက် ရလွယ်သ လောက်
တခါတခါ ဆင်းရခက်ပြန်ရော

ရေပြင် ထက်က
လှောင် ချိုင့်စံဘဝမှာ
နင်းစရာမြေကမရှိ
သံပြားပေါ်မှာအသက် ရှင်နေ ပေ့မယ့်
တကယ်တိုင်းကျတော့  ..,.ငါ့
ဖြစ်နိုင် ရင်လေ
ကုန်းပေါ်မှာဘဲသေချင် သူပါ။ ။ ။ ။

@M.V Merlin
01.10.2013
23:24pm

No comments:

Post a Comment