Tuesday, November 26, 2013

ကျောင်းဆရာ့..အိမ်မက်


ကျောင်းဆရာ့..အိမ်မက်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


ENGINEER တွေ..ကဏ္ဍတိုင်းမှာ..အရည်အသွေး..ကျလာပါတယ်..
။။။။။။။။။။။။
အားလုံးမှာ..တာဝန်ရှိပါတယ်..။
ပေါ်လစီ..ချပေးတဲ..တာဝန်ရှိသူများမှာ..တာဝန်ရှိပါတယ်.။
ပေါ်လစီကို..အကောင်အထည်ဖော်ရတဲ့..ကျောင်းများမှာ..တာဝန်ရှိပါတယ်..။
ကျောင်းများမှာ..တာဝန်ထမ်းဆောင်နေတဲ့..ဆရာများမှာလည်း..တာဝန်ရှိပါတယ်..။
ကျောင်းတက်..နေတဲ့..ကျောင်းသားမှာလည်း..တာဝန်ရှိပါတယ်..။
လုပ်ခွင်ထဲ..ရောက်လာတဲ့..ဂျူနီယာများကို..စီနီယာများက.လည်း..ကူညီဘို့.တာဝန်ရှိပါတယ်..။
အဓိက..ပြဿနာ.က...တစ်ခုထဲ..မဟုတ်ပါဘူး..။

(၁) ဆရာ..ဆိုတဲ့..အသက်မွေးဝမ်းကျောင်းကို..ရွေးချယ်သူနည်းလာပါတယ်..
(ကုန်ဈေးနှုန်း၊ ၀န်ထမ်းလစာနဲ့ဆိုင်ပါတယ်..။ ဆရာ..အရေအတွက်.ဟာ
.ဆရာမအရေအတွက်ထက်.. သိသာစွာ..လျော့နည်းနေပါတယ်..။
လုပ်ငန်းခွင်..အတွေ့အကြုံရှိသူ..အင်ဂျင်နီယာများ..သင်ကြားရေးဘက်..ကို.
.ပြောင်းလာတာ..မရှိသလောက်ဖြစ်နေပါတယ်..။)

(၂) ဆရာ..ခါးဆက်..ပြတ်လာပါတယ်..။ ကြာပါပြီ..။

(၃) အင်္ဂလိပ်စာ..အားနည်းလာပါတယ်..။ ကြာပါပြီ..။

(၄) ကျောင်းတွေမှာ..စည်းကမ်း..လျော့နည်းလာပါတယ်..။ ကြာပါပြီ..။

(၅) ကျောင်းခေါ်ချိန်များ..တိကျ..စွာ..ဆောင်ရွက်ခြင်း..အရေးယူခြင်းမရှိပါ..။
ကြာပါပြီ..။ ကျောင်းသားများကို..အလိုလိုက်ရေးမူ..လျော့သင့်ပါတယ်..။)

(၆) စာမေးပွဲများမှာ..အရည်အချင်းမပြည့်သော်လည်း..ရာခိုင်နှုန်.များများ..
အအောင်ပေးခြင်း.ဖြင့်..လက်ရှိ..စနစ်ကောင်းသည်ဟု..ထင်မြင်ရန်..ပြုလုပ်ခြင်း.။မှားပါတယ်..။

(၇) ကျောင်းသားများ..စာကြည့်တိုက်..မသုံးတော့ခြင်း၊
စာကြည့်တိုက်များ..ခေတ်မမှီတော့ခြင်း..။ E- Learning
လုပ်တာ. .ကောင်းပါတယ်..။ ခေတ်မီ..စာအုပ်များလည်း..ပစ်ပယ်လို့..မရပါ..။

(၈) Workshop များ..မရှိတော့ခြင်း (သို့မဟုတ်) မသုံးတော့ခြင်း..။
မရှိတာက..ပိုများပါ့မယ်..။ ပရက်ရှာဂိတ်..မဖတ်တတ်တာ..၊ ယူနစ်မသိတာ..၊
ဗာနီယာကလစ်ပါ.မတိုင်းတတ်တာ..။ မိုက်ကရိုမီတာ..မတိုင်းဘူးတာ..၊ Hand Tools တွေ..နံမည်..မခေါ်တတ်တာ.. ဟာ.. Workshop နဲ့ဆိုင်ပါတယ်..။
Civil ဆိုလည်း..Civil အလျောက်..Electronic ဆိုလည်း..Electronic
အလျောက်..သုံးရတဲ့.. Instruments, Equipmentsများကို.. မသိသူ..များလာပါတယ်..။

(၉) ကျောင်းသားများရဲ့..အတွေးအခေါ်ပိုင်းဆိုင်ရာများ..မှားယွင်းလာခြင်း..
(လက်မှတ်ရရေးနှင့်ထပ်တူ..ပညာရပ်ကို..နားလည်..သဘောပေါက်အောင်.
.လေ့လာလိုစိတ်..ရှိဘို့..လိုပါတယ်..။)
အထူးသဖြင့်..အပြင်ထွက်ပြီး..နိုင်ငံခြားသားနဲ့ယှဉ်လုပ်
ရမဲ့သူတွေမှာ.ပညာ.လိုချင်စိတ်ရှိဘို့လိုပါတယ်..။
Professional စိတ်ဓါတ်ရှိဘို့..။
တာဝန်သိဘို့..။
တာဝန်ယူချင်စိတ်ရှိဘို့..လိုပါတယ်..။ ဒေါ်လာ..ရဘို့..ယူဘို့..ဘဲ..စိတ်ထဲမှာ
ထားလို့..မရပါ..။
Certificate ဆိုတာ..အလုပ်လျှောက်တဲ့..နေရာမှာ..အသုံးတည့်ပါတယ်..။
အလုပ်ထဲရောက်တာနဲ့..ကိုယ့်ရာထူးနဲ့..ကိုယ်တာဝန်ယူရမဲ့..အလုပ်နဲ့..
ထိုက်ထိုက်တန်တန်..ကျေကျေပြွန်ပြွန်..လုပ်နိုင်လား..ဆိုတာ..က..
အဓိက..ဖြစ်သွားပါတယ်..။
အဲဒီ..အခြေခံကျတဲ့..အတွေးနဲ့..အသိ.မရှိတဲ့..
အင်ဂျင်နီယာကျောင်းဆင်းတွေ
..များလာနေပါတယ်..။ အားလုံးကို..မဆိုလိုပါ..။

(၁၀)ဆရာတွေကို.. ပညာတော်သင်တွေ.M.Sc, Ph.D သင်တန်းတွေ နိုင်ငံခြားကို..လွှတ်တာ..သဘောကျပါတယ်..။
ဒါပေမဲ့..
.ကျွန်တော်တို့..ငယ်စဉ်က..နည်းပြဆရာတွေ..သရုပ်ပြဆရာတွေကို..
Colombo Plan နဲ့..အင်္ဂလန်၊ ဂျပန်၊ ဂျာမဏီ၊ နယူးဇီလန်၊ အမေရိကန်ကို..
လက်တွေ့ပိုင်းဆိုင်ရာ.. အထူးပြုသင်ကြားပေးတဲ့.. တနှစ်၊ နှစ်နှစ်..သင်တန်းတွေ..လွှတ်တာမျိုး..ပြန်စဉ်းစားသင့်ပါတယ်...။)

ကျွန်တော်တို့..ငယ်စဉ်က.GTI မှာ...ဂျာမဏီ.က..ဒီဇယ်အင်ဂျင်Fuel System
အထူးပြုထုတ်လုပ်တဲ့...Bosh ကုမ္ပဏီမှာ..၂နှစ်သင်လာခဲ့တဲ့..
နည်းပြ..ဆရာနဲ့.. ဒီဇယ်အင်ဂျင်အကြောင်းသင်ခဲ့ရပါတယ်..။
ဂျာမဏီ.မှာ..လျှပ်စစ်ပစ္စည်းတွေ..ထုတ်တဲ့...SIEMEN
မှာ..၂နှစ်သင်လာတဲ့.. ဆရာနဲ့..သင်ခဲ့ရပါတယ်..။
လက်တွေ့ဆန်ပါတယ်..။ ခေတ်မှီပါတယ်..။ လုပ်ငန်းခွင်မှာ..အသုံးတည့်ပါတယ်.။
M.Sc, PhD သင်တန်းတွေက..Subject တစ်ခုမှာ..ပါတဲ့..Topic တစ်ခုကို.
ကျဉ်းကျဉ်းနဲ့..နက်နက်ရှိုင်းရှိုင်းသွားတာပါ..။ မတူပါဘူး..။
အခုလိုနေတာက..General Engineering ဆန်တဲ့..အောက်ခြေ..အပိုင်းမှာ..ပါ..။
အောက်ခြေ..မခိုင်ဘဲ..အမြင့်ကိုချည်း..တက်ဘို့..မလွယ်ဘူး.လို့.ထင်ပါတယ်..။

(၁၁) လွှတ်တဲ့..အခါမှာလည်း..ဆုပေး..သလို..လက်ဆောင်ပေးသလို..
နီးစပ်ရာလွှတ်မဲ့..အစား..သင့်တော်သူများကို..လွှတ်သင့်ပါတယ်..။

(၁၂) .....
(၁၃).....
(၁၄).....
(၁၅)......
။။။။။။။။။။။။။။။။
ကျောင်းဆရာ..အိမ်မက်..မက်နေတာပါ..။
။။။။။။။။။။။။။။။။။
မိုးအကုန်..ဆောင်းအကူ..နေ့လည်မှာ.စာအုပ်ပုံကြား...အိပ်ငိုက်လိုက်တာ..
ဆောင်းတွင်း..အိမ်မက်..ဂယောက်ဂယက်များ..မက်မိပါတယ်..။
။။။။။။။။။။။။။။။
ခွင့်လွှတ်ကြပါ..။
။။။။။။။။။။။။။။
ဝင်းအောင်
ရေကြောင်း..ကျောင်းဆရာ

No comments:

Post a Comment