Tuesday, November 26, 2013

ရေကြောင်းလုပ်သား ညီလာခံ(၂၀၀၆)



နိဒါန်း
အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂ သင်းလုံးကျွတ်အစည်းအဝေး။

၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလတွင် ဂျင်နီဖာမြို့၌ ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာအလုပ်သမားရုံး အမှုဆောင်အဖွဲ့၏ (၉၄) ကြိမ်မြောက် သင်းလုံးကျွတ်အစည်းအဝေး ဆုံးဖြတ်ချက်များအရ -
အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂ အလုပ်အမှုဆောင်အဖွဲ့မှ ယနေ့ခေတ် ကာလ နှင့်အညီ မှန်ကန်သင့်တော်သည့် တစ်ခုတည်းသောဆုံးဖြတ်ချက်ဖြစ်ပေါ်လာစေရန် အောက်ဖော်ပြပါ ကျင်းပပြီးစီးခဲ့သည့် သက်ဆိုင်ရာရေကြောင်းသမဂ္ဂ ညီလာခံများ၊ အစည်းအဝေးများ၏ အခြေခံ ဆုံးဖြတ်ချက် အတည်ပြုချက် ထောက်ခံချက်များနှင့်အညီ
-the Forced Labour Convention,1930(N0.29);
-the Freedom of Association and Protection of the Right to Organise Convention,1948(No.87);
-the Right to Organise and Collective Bargaining Convention,1949(No.98);
-the Equal Remuneration Convention,1951(N0.100);
-the Abolition of Forced Labour Convention,1957(No.105);
-the Discrimination (Employment and Occupation) Convention,1958(No.111);
-the Minimum Age Convention,1973(No.138);
-the Worst Forms of Child Labour Convention,1999(No.182);
သမဂ္ဂ၏ လုပ်ငန်းဆောင်တာများ ပိုမိုတိုးတက်ကောင်းမွန်အောင် အကောင်ထည်ဖော်လုပ်ဆောင်နိုင်စေရန် ဗဟိုပြုလမ်းစဉ်များကို အလေးပေးဂရုပြု ၍လည်းကောင်း
အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂ၏ လုပ်ငန်းခွင် အခြေခံစည်းမျဉ်းများနှင့် အခွင့်အရေးများ ကြေငြာချက်စာတမ်း (၁၉၉၈) ကို သုံးသပ်ခြင်း
အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂ၏ သင်္ဘောသားများ အခွင့်အရေးအတွက်သီးသန့်ထုတ်ပြန်ကာကွယ်ချက်များ နှင့် အခြားသော အခြေခံလူ့အခွင့်အရေးများနှင့် လူသားတိုင်း၏လွပ်လပ်စွာတန်းတူညီမျှမှုများကိုအလေးပေးဂရုပြု၌လည်းကောင်း
ကမ္ဘာ့ရေကြောင်းလောက၏ သင်္ဘောလုပ်ငန်းများ၊သင်္ဘောသားလုပ်ငန်းများအတွက် လိုအပ်သော အထူးကာကွယ်မှုများကို ဂရုပြု၌လည်းကောင်း
International Convention for the Safety of Life at Sea,(1974),ပါ သင်္ဘောများဘေးအန္တရာယ်ကင်းရှင်းရေး ၊သင်္ဘောလုပ်ငန်းစနစ်တကျစီမံခန့်ခွဲမှုနှင့် လုပ်သားများဘ၀လုံခြုံစိတ်ချရမှု တို့အတွက် အပြည်ပြည်ဆိုင်ရာစံနှုန်းသတ်မှတ်ချက်များ , the Convention on the International Regulations for Preventing Collisions at Sea,(1972), the International Convention on Standards of Training ,Certification and Watchkeeping for Seafarers,(1978), ပါ သင်္ဘောသားများပညာရေးနှင့် လုပ်ငန်းခွင်ကျွမ်းကျင်မှုတို့အတွက် သတ်မှတ်ချက်များကို ဂရုပြု၍ လည်းကောင်း
ကမ္ဘာ့ကုလသမဂ္ဂ၏ ပင်လယ်ရေကြောင်းဥပဒေ(၁၉၈၂)ကို ပင်လယ်ပြင် သမုဒ္ဒယာ များအားလုံးတွင်သတ်မှတ် လိုက်နာ ကျင့်သုံး၍ အကောင်ထည်ဖော်ဆောင်နိုင်စေခြင်း ၊၎င်း ဥပဒေ၏ တည်မြဲမှု ပဓာနကျမှုများကို မဟာဗြူဟာမြောက်အစီအစဉ် ဖြင့် နိုင်ငံတိုင်းဒေသတိုင်းတွင်၎င်းတို့၏ရေကြောင်းအုပ်ချုပ်မှုကဏ္ဏအသီးသီး၌ သတ်မှတ်လက်ခံစေရန် ၊ပူးပေါင်းအကောင်အထည်ဖော်ဆောင်နိုင်စေရန် ပြန်လည်သုံးသပ်မှုများပြုလုပ်ခြင်း
ကမ္ဘာ့ကုလသမဂ္ဂ၏ ပင်လယ်ရေကြောင်းဥပဒေ(၁၉၈၂)၏ပုဒ်မ ၉၄ ပါ Flag state ၏တာဝန်နှင့်ဝတ္တရားများ ၏အစိတ်အပိုင်းဖြစ်သည့် Flag state သြဇာအာဏာအောက်ရှိ သင်္ဘောများပေါ်တွင်တာဝန်ထမ်းဆောင်နေသည့် လုပ်သားများ၏လုပ်ငန်းခွင်အခြေအနေ ၊လူမှုပတ်ဝန်းကျင်တို့အတွက် ပြီးပြည့်စုံအောင်လုပ်ငန်းအကောင်ထည်ဖော်ဆောင်နိုင်စေရန်
ကမ္ဘာ့အလုပ်သမားသမဂ္ဂ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အပိုဒ် (၈)၊အပိုဒ်ခွဲ(၉)ပါ အခြားမည်သည့်အဖွဲ့အစည်းများ အသင်းများ ၏ ဆုံးဖြတ်ချက်များအတည်ပြုချက်များမဆို၊ကမ္ဘာ့အလုပ်သမားသမဂ္ဂ၏ ဆုံးဖြတ်ချက်များ၊အတည်ပြုချက်များ၊လမ်းစဉ်များ၊သဘောတူညီမှုများကိုကျော်လွန်နိုင်ခြင်း၊ပပျောက်စေနိုင်ခြင်းမရှိစေရန် ၊အလုပ်သမားအားလုံးအတွက် သမဂ္ဂ၏ ဆုံးဖြတ်ချက်သည်သာ အတည်ပြုဖြစ်စေရန်
အစိုးရအဖွဲ့များ ၊ သင်္ဘောပိုင်ကုမ္မနီများနှင့် သင်္ဘောသားများအကြားတွင် လက်ခံကျင့်သုံးနိုင်မည့် မှန်ကန်သင့်တော်သော ယနေ့ခေတ်ကာလနှင့်ညီညွတ်မျှတသော လုပ်ငန်းခွင်နည်းဥပဒေများချမှတ်နိုင်စေရန်
အထက်ဖော်ပြပါ ပကတိအခြေအနေများကို ခြုံငုံသုံးသပ်၍ တိကျသောလမ်းစဉ်တစ်ရပ်ဖြစ်ပေါ်လာစေရန်
၎င်းမှတဆင့်အစည်းအဝေး၏ ဆုံးဖြတ်ချက် အတည်ပြုချက် အဖြစ် ထားရှိရန်
၂၀၀၆ ခုနှစ်ဖေဖော်ဝရီလ ၂၃ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ ရေကြောင်းလုပ်သားညီလာခံကို ခေါ်ယူကျင်းပသည်။

အထွေထွေလုပ်ငန်းတာဝန်နှင့်ဝတ္တရားများ
အခန်း ၁
အစည်းအဝေးသို့တက်ရောက်လာကြသော အဖွဲ့ဝင်တိုင်းသည် ပုဒ်မ ၆ အရ သင်္ဘောသားများ အခွင့်အရေးအပြည့်အ၀ဖြင့်လုပ်ငန်းခွင်တာဝန်ထမ်းဆောင်နိုင်စေရန်အကောင်အထည်ဖော်ဆောင်ရမည်
အဖွဲ့ဝင်များအချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်လည်း ဤအစည်းအဝေး၏ ဆုံးဖြတ်ချက်များ လမ်းစဉ်များကို ဆက်လက်အကောင်ထည်ဖော်ဆောင်ရမည်

ရည်ရွယ်ချက်နှင့်အဓိပ္ပာယ်ဖွင့်ဆိုချက်များ
အခန်း ၂
၁၊အစည်းအဝေးပါအသုံးအနှုန်းများ၏အဓိပ္ပာယ်ဖွင့်ဆိုချက်
က၊Competent Authority ဆိုသည်မှာ ၀န်ကြီးဌာန သို့မဟုတ် အစိုးရအဖွဲ့ သို့မဟုတ် အလားတူ ညွှန်ကြားမှူဦးစီးဌာန။၎င်းတို့သည်သက်ဆိုင်ရာအုပ်ချုပ်ခွင့် နည်းဥပဒေထုတ်ပြန်ခွင့် နှင့် အမိန့်ချမှတ်ပိုင်ခွင့် အာဏာလက်ဝယ်ရှိသည်ကိုဆိုလိုသည်
ခ၊Declaration of maritime labour compliance ဆိုသည်မှာ ဥပဒေ 5.13 နှင့်အညီ ထုတ်ပြန်ကြေငြာချက်ကိုဆိုလိုသည်
ဂ။Gross Tonnage ဆိုသည်မှာ …..

(ကျနော်ဘာသာပြန်ကြည့်တာလွဲတာလေးတေလဲရှိမှာပေါ့လေ...ဒါပေမယ့်မဖတ်ဖူးလို့ဖတ်ကြည့်ရင်းကနေရေးကြည့်ချင်စိတ်ပေါက်လို့ရေးမိတာပါ..ခုမအစပဲရှိသေးတယ်...သုံးမျက်နှာလောက်ပြန်တာခေါင်းကိုချာချာလည်ကော..ဖတ်ဖူးတဲ့သူတေအတွက် MLC 2006 ကသိပြီးရင်းနှီးပြေီးလောက်ပေမယ့် ...မဖတ်ဖြစ်တဲ့သူတေအတွက်ကျနော့်အလွဲလေးတေဖတ်ပြီး..၀ါးတားတားလေးသိကြတောင်မဆိုးလောက်ပါဘူးဆိုပြီးရေးကြည့်တာပါ..ကျနော်ဆက်ရေးရမလား...ရေးသင့်မရေးသင့်ဝေဖန်ပေးပါဦး

No comments:

Post a Comment