Monday, November 25, 2013

မြန်မာပြည်မှသင်္ဘောသားလူသစ်များသတိပြုရန်



ရန်ကုန်မြို့ပေါ်ရှိ agentအတု ထင်ဇော်မင်းနှင့်သူဧ၊် ဇနီးမချိုနှင့်အတူ ပွဲစားသန်းနိုင်တို့သည် အထူးသဖြင့်လူသစ်များကို သိန်း၄၀၊ ၄၅သိန်း ရိုက်ကြေးယူကာ ဗီယက်နမ်း၇ှိ တရုတ်သူဌေးပိုင် သင်္ဘောအစုတ်များပေါ်သို့ တင်ပေးနေပါသည်။

သင်္ဘောများမှာစီးရန်မသင့်သောအခြေအနေတွင်၇ှိပါသည်။ lifeboatတောင်
မပါပါ၊ အရင်လတုန်းကလည်း A1ဆိုသည့်သဘော်တစ်စီးမှာ ဗီယက်နမ်းရဲများဧ။်ဖမ်းဆီး ခြင်းကိုခံရပါသည်။

တစ်စီးလုံးရှိမြန်မာများမှာ ထင်ဇော်မင်း တင်ပေးလိုက်သော လူများဖြစ်ပါသည်။ ရဲများကသဘော်သားများကို ထိုးကြိတ်ကန်ကျောက် သည့် အပြင်ဖမ်းစီးထားတုန်းကာလအတွင်း စပါးရိတ်ခိုင်းခြင်း၊
တောထဲသွား၍ထင်းခုတ်ခိုင်းခြင်းနှင့် စိုက် ခင်းများအား ရေလောင်း ခိုင်းခြင်းများပါ လုပ်ကြရပါသည်။

လစာမှာလဲမမှန်ပါ၊ ပေးချင်းသည့် အချိန်ပေးပါသည်။ ယခုလထဲတွင်ပင် yongwin18 ဆိုသည့် သဘော်တစ်စီးထပ်အဖမ်း ခံ၇ပါသည်။

တရုတ်၂ယောက်ကလွဲ၍ ကျန်သောမြန်မာများမှာထင်ဇော်မင်း တင်ပေးလိုက်သော လူများပင်ဖြစ်ပါသည်။

တရုတ်သူးဌေး၏သဘော်များမှာ yongwin3၊ yongwin8၊
yongwin9၊ Yongson6၊ Yongwin18 အားလုံးပေါင်း (၅) စီး၇ှိပါသည်။

ထို (၅) စီးလုံးမှာ စီးရန်မသင့်သောအခြေအနေတွင်၇ှိပါသည်။ ထို (၅) စီးလုံးကိုထင်ဇော်မင်းမှ လူတင်ပေးပါသည်။

ယခုလဲထို၅စီးထဲမှ yongwin8 သဘော်မှာ အင်ဂျင်မကောင်းခြင်း လစာမရခြင်း၊ စားစ၇ာမရှိခြင်း အထူးသဖြင့်သောက်သုံးရေပြတ် လတ်ခြင်းကြောင့် တစ်စီးလုံးရှိမြန်မာများက နီးစပ်ရာကျောက် ကွင်းသို့မောင်းဝင်ပြီး တစ်စီးလုံးပြန်ကြပါမည်စက်မစီးရဲတော့ပါ။

ထင်ဇော်မင်းနှင့်သန်းနိုင်မှာ ထိုသဘော်တစ်စီးလုံးစာအတွက် ရန်ကုန်တွင်လူရှာနေပါသည်။

ဗီယက်နမ်ရှိမြန်မာသဘော်သားများက ယခုလအတွင်းဗီယက်နမ်မှာ သင်္ဘော joing ရမည်ဆိုလျင် လူသစ်ကိုများရှောင်စေချင်ပါသည်။

ပွဲစားများကသင်္ဘော နာမည်မပြောဘဲတင်နေပါသည်။

yongwin8 နှင့် Yongwin18အတွက် ၂စီးစာရှာနေပါသည်။ တရုတ်ကုမ္မဏီမှာ ဘာအာမခံချက်မှမရှိပါ။

နေထိုင် မကောင်းလျင် ကိုယ်စရိတ်နှင့် ကိုယ်ကုရပါသည်။ မတော်တဆမှုများလျော်ကြေးမရပါလေယာဉ် စရိတ်အသွား အပြန်ပါဖြတ်ပါသေးသည်။

သဘော်များမှာဆီမှောင်ခို ဘုတ်များဖြစ်ပါသည်။ ထင်ဇော်မင်းမှာထိုင်းသို့ထွက်ပြေးသည်မှာ မဟုတ်ပါ ၇န်ကုန်မှာတင်၇ှိပါသည်။

သူမိန်းမ မချိုနှင့်သန်းနိုင်က လူရှာ၍သူကနောက်ကွယ်ကကြိုး ကိုင်နေပါသည်။ ဆိုင်၇ာမှအရေးမယူ နိုင်ရင်လဲရှိပါစေ။

ထိုသူများကြောင့်ပြန်လာမည့် ၂စီးစာသဘော်သားများထဲမှ အချို့မှာချေးငှား
၍သွားရသူများဖြစ်ပြီး ၁လလောက်နှင့် ဘယ်လိုမှ အကြွေးမကြေနိုင် ပါ။

အိမ်ကိုလဲမပြန်ရဲ၍ တင်ပေးလိုက်သော ထိုသူ၃ယောက်အား ဓားနှင့်ထိုး၍
ထောင်းထဲတွင်အေးအေးဆေးဆေးသွားနေမည်ဟုကြိမ်းနေ သူများပါပါသည်။ လူသစ်များကိုအလိမ်မခံစေချင်ပါ။

Posted From ဇာ မဏီ

No comments:

Post a Comment