Tuesday, November 26, 2013

ကိုရွှေသင်္ဘောသီးနဲ့ အ၀တ်လျှော်စက်

ကိုရွှေသင်္ဘောသီးနဲ့ အ၀တ်လျှော်စက်
======================
ကိုယ်ရွှေသင်္ဘောသီး အ ဖြစ် က ဆန်းသဟ

ကိုရွှေသင်္ဘောသီးတို့ နေတဲ့ အရပ်ဒေသလေး အကြောင်းနည်းနည်း

မိတ်ဆက်ပေးမယ်ဗျာ(စာဖတ်သူတွေ ထင်မှာပဲ ပြောတော့ နည်းနည်း နဲ့

ပြီးရင် သူစာတွေက ရှည်လိုက်တာ မျက်စိကိုညောင်းရောလို့ ကျိန်ဆဲနေမှာ

အမှန်ဗျ) ဒါထက်ပြောရအုံးမယ်

ကိုရွှေသင်္ဘောသီးက နည်းနည်းရရတော့ မဟုတ် မျက်နှာကြီး မျိုးဗျ

ဒါတောင် ကိုရွှေသင်္ဘောသီးကတော် ဆို တယ် မျက်နှာ ပွင့်သဗျ

မျက်နှာပွင့်ဆို တရပ်ကွက်လုံး မေးကြည့် မှတ်တိုင်ရောက်လို့

ဆင်း တွေ့ရာ ဆိုက်ကား ဆရာ ကိုသာ မေးလိုက် တန်းနေတာ အိမ်ကို

တကယ်ဗျ ကိုရွှေသင်္ဘောသီးဆို မသိမရှိ ဒီတိုင်းမေးရင်တောင် ဖြေတဲ့

သူက သူတို့ ဆရာကို မလေးစားကောင်းလား ဆိုပြီး

ဘုကြည့်ကြည့်ခံရနိုင်တယ် ဟဲ ဟဲ အဲလို ဘုန်းကြီးတာ (အိမ်က

မိန်းမက ဈေးထဲမှာ နေ့ပြန်တိုးပေး ပြီး ဆိုက်ကားလေး

(၃)စီး လောက်ထောင်၊ အုံနာ ပေးထားတာကို ဒီတော့ တပည့်တပန်းပေါ


တာ ပေါ့) ကဲ ကိုယ်ရွှေသင်္ဘောသီး တို့ အရပ်က ပဲပြုတ်သည်လဲ

အချိန်မှန်လာတယ် မနက် ပိုင်းစောစော ထ လမ်းလျှောက် ပြန်လာရင်

လက်ဖက်ရည် ဆိုင်ထိုင် ကြာနီကန် ဆရာတော်ရဲ့ တရားခွေ နဲ့

အာရုံတက်တာ ဆိုတော့

ဘယ်လောက် ကျက်သရေ ရှိသလဲ (မှတ်ချက်၊၊ ၊၊ မြို့ကြီးပြကြီး မှာ

အခြေကြီး ပြီး ကားသံ၊ဟွန်းသံ တညံညံနဲ့ နေရတဲ့ သူတွေကိုတော့

သနားသဗျ ကျွတ် ကျွတ်….)

ကဲ ထားတော့ လျှပ်စစ်မီးလား ထိန်လို့ ညီးလို့ (ခရမ်းချဉ်သီးမီး ထက်တော့

သာတယ်နော်)

ကိုရွှေသင်္ဘောသီးတို့ အရပ် ဘာမှတ်သလဲ လျှပ်စစ် ၀န်ကြီး က

ကိုယ်ရွှေသင်္ဘောသီးတို့ နယ်က မဲပေးလို့ ၀န်ကြီး ဖြစ်သွားရရှာသူ(ဟင်း

လျှပ်စစ်မီး ရက်ကြာကြာ ပျက်လို့ ကတော့

မဲဆို ဝေးလာဝေး နောက်တခါ ဆောရီး လို့တောင် မပြောဖူးနော်

စိတ်ထဲကနေ ပေးပစ်လိုက်မှာ ဒါပဲ) တနေ့သား မဟေသီကြီးက

ကလေးငယ်တွေရှိတော့ အ၀တ်လျှော်စက် လိုချင် သပ

ထူးထူးဆန်းဆန်း ပူဆာ လေတယ်

ကိုယ်ရွှေသင်္ဘောသီး ခင်မျာ မိန်းမ ပူဆာ

မနေသာတော့ နောက်ဆုံး ပြေးရပြီပေါ့ ပန်းဆိုးတန်းက လျှပ်စစ်

ပစ္စည်းရောင်းတဲ့ ဆိုင်တွေကို

ဒီကြားထဲ တစီးတည်းစီးလာတဲ့ အီးအိုကြီး(E.O)ကို လှမ်းပြီး

အကူအညီတောင်း သူ ညွှန်တဲ့ ဆိုင်က ကောင်းနိုးရာရာ

တရုတ်ပြည်လုပ် ဈေးသင့်တာလေး ၀ယ်ပြီး ပြန်လာတာပေါ့

ဒီလိုပါပဲ

မိန်းမက ပူဆာတာထက် ကိုယ်ရွှေသင်္ဘောသီး ကိုယ်တိုင်ကလဲ နည်းနည်း

ကြီးကျယ်လာတာလဲပါတယ် သင်္ဘောပေါ်မှာ ဒီလို စက်မျိုးသုံးတာ ဆိုတော့

သိတယ်မဟုတ်လား ဒါနဲ့ ပြန်လာလို့ စက်ကိုနေရာ အထိုင်ချ ပြီးတော့

မတောက်တခေါက်တတ်တဲ့ ဘိုစာနဲ့ ရေးထားတဲ့ စက်မောင်းရန် နည်းလမ်း

စာအုပ်ကို မဟေသီကြီးကို ဘာသာပြန်လုပ်ပေး ဘယ်လို စက်ကို

သုံးရမယ်ဆိုပြီးဆရာကြီး လုပ်နေတာ

(တခါတလေလဲ လုပ်အုံးမှ နို့မို့ဆို ကိုယ်ကချည်း သူအအော်ခံ နေရတာ

မနိပ်ဖူးလေ သင်္ဘောသားဆိုတာ ကုန်းပေါ်ရောက်ရင် ဘာမှ သိတာ

မဟုတ်လားဗျာ)ထားတော့

စက်ဖွင့်ပွဲ အနေနဲ့ အ၀တ်အစားတွေထည့်လို့ လျှော်မယ်ဆိုပြီး ထည့်ပြီး

ခလုတ်နိပ်ဘို့ လုပ်ရင်း သတိရလိုက်မိတယ် တခုခုကို လိုနေတယ်လို့

ကိုရွှေသင်္ဘောသီး တယောက် အသိနဲ့ သတိလေးကပ်လိုက်မိမှ

သိလိုက်ရတာက တခု

ရေပိုက်သွယ်ဘို့ မေ့နေတယ်လေ ဘာတတ်နိုင်မလဲ ဗျာ

( မှားတဲ့ အခါလဲ မှားပေ မပေါ့)

ရေဆွဲပုံးလေးနဲ့ ဖြည့်လိုက်တာပေါ့ ဘယ်ရမလဲ အစက တော့

မသိသာပေမဲ့ ကိုယ်ရွှေသင်္ဘောသီးရဲ့ နောင်တတွေက ညဖက်ရောက်မှ

အလုံးအရင်း ကို ၀င်လာတာ တကိုယ်လုံး ကိုက်လို့ ခဲလို့ အ၀တ်လျှော်စက်

အတွက် ရေဆွဲဖြည့် ပေးရတဲ့ ဒုက္ခလေ ကိုယ်ရွှေသင်္ဘောသီး

မစဉ်းစားလိုက်မိတာ အိမ်မှာ ရေစဉ် မရှိတာကိုပဲ ဘာတတ်နိုင်မလဲဗျာ ကိုယ်

စတဲ့ ဇာတ်လမ်း ဆုံးအောင် ကတော့ ပေါ့ မောင်တထမ်း မယ် တရွက်ပေမဲ့

မယ်ကို ညှာတဲ့ ကိုယ်ရွှေသင်္ဘောသီး တယောက် ရေထမ်းပေးရတဲ့ ဒုက္ခ က

လွတ်မြောက်ရကြောင်း ဘုရားမှာ ပဲ ကျိတ် ဆုတောင်းရတာ အကြိမ်ကြိမ်

အခါခါ၊၊ ၊၊

မောင်ဒိုးနတ်(၁.၁၀.၂၀၁၃)

0 comments:

Post a Comment