MSU သို့ ပေးပို့ လာသော စာတစ်စောင်...

 
MSU သို့ ပေးပို့ လာသော စာတစ်စောင်...
 +=+=+=+=+=+=+=+=+=+=+=+=+=
 
 ကျွန်မချစ်သူက seaman တစ်ယောက်ပါ။seaman တစ်ယောက်ရဲ့ချစ်သူဖြစ်ရတာ တော်တော်လေး အတိုက်အခံများပါတယ်။ကိုယ့်ရည်းစားသင်္ဘောသားဖြစ်တာနဲ့ပဲ လူကြားထဲတွဲမသွားရဲလောက်အောင်အရှက်ရနေတဲ့လူလိုလို။သင်္ဘောသားဆိုမိန်းမမြင်ရင် ငမ်းငမ်းတက်ဖြစ်နေသလိုအမြဲပြောခံရပါတယ်။ကျွန်မပြောချင်တာက ကုန်းပေါ်မှာနေတဲ့ယောင်္ကျားတွေကရောမိန်းမနဲ့ကင်းနိုင်ကြရဲ့လားလို့။သူတို့ကမှ ktv'တွေ။မာဆက်တွေထိပ်ဆုံးကရောက်နေကြသူတွေပါ။ကျွန်မအတွေးကတော့ကုန်းပေါ်မှာနေမှ ရေထဲမှာနေမှ မဟုတ်ပါဘူး။ဒီကိစ္စလုပ်ချင်တဲ့သူကတော့ဘယ်နေရာမှာမဆိုလုပ်မှာပါပဲ။
 ပြီးတော့ကိုယ့်ချစ်သူရဲ့စာရိတ္တကိုလဲယုံပါတယ်။
 
 နောက်ထပ်ပြောချင်တာက သင်္ဘောသားတွေရဲ့ချစ်သူတွေ။မိန်းမတွေဆိုရင် နောက်ကွယ်မှာဖောက်ပြန်
 ကြတယ်ပေါ့။အဲဒါကိုလဲကျွန်မကတော့လုံးဝဆန့်ကျင်ပါတယ်။သင်္ဘောတက်နေတဲ့အချိန်ဆိုရင် သူတို့အတွက် ဆုတောင်းပေးရတယ်။ဖုန်းမျှော်ရတယ်။မိုးလေဝသသတင်းကိုအမြဲနားစွင့်ရင်း သူတို့ထက်ကိုစိတ်ပူနေရပါတယ်။ဒါကြောင့်လေ သင်္ဘောသားတွေမကောင်းဘူးဆိုတာလဲမဟုတ်သလို
 သူတို့ရဲ့ပါရမီဖြည့်ဖက်တွေကလဲအမြဲသစ္စာရှိနေပါတယ်ဆိုတာသိစေချင်လို့ပါ။
 
 =====
 သင်္ဘောသားချစ်သူတစ်ဦးက MSU သို့ ရင်ဖွင့် ပေးပို့ သောစာတစ်စောင်မှ...
 
 (ကာယကံရှင်၏ ဆန္ဒအရ ပေးပို့ သူနာမည်ကို မဖော်ပြတာကို နားလည်ပေးကြပါ... )
 
 NK @MSU
 
 
 
          
      
 
  
 
 
 
 
 
 
 
 
 
 
No comments:
Post a Comment