Monday, November 25, 2013

အမေ...

Thet Htun



အမေ...

  သားကို အရမ်းသတိရနေပြီလား

အမေနဲ့တခါမှ အကြာကြီးမခွဲဘူးသေးတော့ အရမ်းသတိရနေမိတယ် အမေရယ်

အမေ့ရဲ့ဆူတာပြောတာလေးတွေကိုလည်း ပြန်ကြားယောင်မိတယ် ...

ပြီးတော့လည်း သားရယ်သိပ်ပင်ပန်းရင် ပြန်လာခဲ့တော့လို့ အိမ်က သားသင်္ဘောသားဖြစ်ဖို့ အတွက် အတိုးတွေနဲ့ယူထားတဲ့ အကြွေးတွေကို မကြည့်ပဲ သားကိုပဲကြည့်ပြောတဲ့ အမေ့ရဲ့စကားသံလေးက သား
ရင်ထဲကို လှုပ်ခက်မိတယ် အမေ သားကြိုးစားနေမှာပါ

သားပညာသင်တုန်းက ပိုက်ဆံလိုတယ်လို့ပြောလိုက်တိုင်းလည်း တခါမှ အဆင်မပြေသေးဘူး မရှိသေးဘူးလို့ မငြင်းခဲ့ဘူးသေးတဲ့ အမေတို့ကို တခါပြန်လုပ်ကျွေးခွင့်ရတာလေးနဲ့ တင် သားပင်ပန်းတာတွေကို ဖြေသိမ့်နိုင်ပါတယ် ပြေလည်းပြေပျောက်မိတယ် အမေရယ်...

အဖေ...

သားကို ယောင်္ကျားသားချင်းပီပီ သတိရစကားတွေမပြောပေမယ့် အားပေးစကားတွေပြောနေတဲ့ အဖေမေတ္တာကလည်း သားအတွက်တော့ အားအရမ်းဖြစ်မိတယ် အဖေရယ်

နောက်ပြီး အဖေက အနာဂါတ်ကိုကြည့်ပြီး ဆုံးမစကားတွေပြောခဲ့တုန်းကသား မလေးမစားလုပ်မိခဲ့တာတွေဟာ
အခုတော့သိပ်မှန်လာပြီ အဖေရယ် လူသစ်တစ်ယောက်လည်းဖြစ်နေ လူဘဝရဲ့ ပထမဆုံးအလုပ်ကလည်း စလုပ်ဖူးတာဆိုတော့ အဖေရဲ့ဆုံးမစကားလေးတွေနဲ့ သားနေထိုင်သွားမှာ အဖေ ...

အခုတော့ အဖေ့ကို အရမ်းပဲကျေးဇူးတင်နေမိတယ် အဖေရယ် ... အရာရာတိုင်းထက် အဖေတို့ အမေတို့ရဲ့မေတ္တာတွေက သားအတွက်တော့ လမ်းပြမီးသဖွယ်လို အားအင်တွေလို ဖြစ်လို့ အဖေတို့အမေတို့အတွက် ကြိုးစားရင်း သားစာချုပ်ပြည့်မှပဲ ပြန်လာတော့မယ် အဖေအမေ...

No comments:

Post a Comment