ရန်ကုန် မြင်ကွင်းကျယ်
 
 
 
 မြိတ် စက်တာဘာ ၁၁
 
 မြိတ်ခရိုင် ကျွန်းစုမြို့နယ် ကမ်းရိုးတန်း ရေပြင်တွင် ပင်လယ် သဲစုပ် 
သဘောင်္ဖြင့် သဲများကို စုပ်ယူပြီး နိုင်ငံခြာသို့ တင်ပို့ရောင်ချလျက် ရှိရာ 
စက်တင်ဘာ ၈ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ဆာကျွန်းအနီး ပင်လယ်ပြင်တွင် 
နိုင်ငံခြား သဲတင်သဘောင်္ MV.MEGSA ARIES သည် သဲများစုပ် တင်လျက် 
ဆောင်ရွက်လျက် ရှိသည် ။
 
 အဆိုပါ သဲတင် သဘောင်္တွင်
 သန့်ရှင်ရေးနှင့် သဲတင် လုပ်ငန်းများ လုပ်ကိုင်လျက် ရှိသော မြိတ်မြို့ 
ကန်ဖျားရပ် မြေနီလမ်းသွယ် ၃ လမ်းတွင်နေထိုင်သော မြတ်ဇော် အသက်၂၂နှစ်သည် 
လုပ်ငန်းများ ဆောင်ရွက်နေစဉ် ပျေက်ဆုံးသွား သဖြင့် သဘောင်္သားများ နှင့် 
ကုမ္မဏီ ၀န်ထမ်းများက လိုက်လံရှာဖွေ သော်လည်း မတွေ့ရှိရ သဖြင့်ညနေ ၄ 
နာရီတွင် မြိတ်မြို့ ရဲစခန်းသို့ သွားရောက်တိုင် ကြားခဲ့သည် ။
 
 ကျွန်းစုမြို့ ၊ ရဲစခန်းမှ ရဲအုပ် အောင်မြင့်ဌေး နှင့် တာဝန်ရှိ သူများ သွားရောက်
 စစ်ဆေးရာ သဲတင် သဘောင်္၏ သဲလှောင်ကန် အတွင်း သဲများဖုံး၍ သေဆုံးနေသော 
မြတ်ဇော်၏ ရုပ်အလောင်းကို မြိုတ်မြို့ အထွေထွေ ရောဂါကု ဆေးရုံကြီးသို့ 
တင်ပို့ကာ သေမှုသေခင်းဖြင့်  အမှုဖွင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည် ။

 
 
No comments:
Post a Comment