Tuesday, November 26, 2013

အီတလီတွင် ကမ္ဘာ့အကြီးဆုံး သင်္ဘောတစ်စင်းကို ဆယ်တင်မှု စတင်


အီတလီတွင် ကမ္ဘာ့အကြီးဆုံး သင်္ဘောတစ်စင်းကို ဆယ်တင်မှု စတင်

စက်တင်ဘာ ၁၇ ရက် …..



ကမ္ဘာ့အကြီးဆုံးနှင့် ကြောက်မက်ဖွယ် အကောင်းဆုံး သင်္ဘော ဆယ်တင်မှုလုပ်ငန်းစဉ်ကြီးကို စက်တင်ဘာ ၁၆ ရက်နေ့တွင် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည် ။ ယင်းသည် ကော်စတာကွန်ကော့ဒီးယား သင်္ဘောပျက်ကို ပြန်လည်ထူမတ်ရန် ကြိုးပမ်းမှု ဖြစ်သည် ။
အီတလီ အရပ်ဘက် ကာကွယ်ရေး အေဂျင်စီက ပြန်လည်ထူမတ်ရန် လုပ်ငန်း စဉ်အတွက် ပင်လယ်နှင့် ရာသီဥတု အခြေအနေများသည် အသင့်တော်ဆုံး အနေအထားတွင် ရှိနေပြီဟု ဆိုသည် ။ သို့သော် စက်တင်ဘာလ ၁၅ ရက် တစ်ညလုံး မုန်တိုင်းကျနေသောကြောင့် လုပ်ငန်း စတင်ရန် ၂ နာရီခန့် ကြန့်ကြာခဲ့ရသည်ဟု ဆိုသည် ။
အင်ဂျင်နီယာများ သည် ကုန်းမြေနှင့် နီးကပ်သော နေရာတွင် ဤမျှကြီးမားသော သင်္ဘောကို ဆယ်တင်ရန် တခါမှ ကြိုးပမ်းခဲ့ဖူးခြင်း မရှိဟုဆိုသည် ။ အဆိုပါ သင်္ဘောသည် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ က ဂီဂလီယိုဒေသရှိ တူစကင်ကျွန်း ကမ်းလွန်တွင် ကျောက်ဆောင်နှင့် တိုက်မိခဲ့ရာ လူပေါင်း ၃၂ ဦးသေဆုံးခဲ့ရသည် ။ ထိုစဉ်ကတည်းက သင်္ဘောသည် တစောင်းအနေအထားဖြင့် ရှိနေခဲ့ခြင်း ဖြစ်သည် ။
တစ်ညလုံး ကျရောက်ခဲ့သည့် မုန်တိုင်းက အဝေးထိန်းစက်ယန္တရားများပါဝင်သည့် အခန်းကို သယ်ဆောင်ထားသည့် သမ္ဖန်ကို နေရာရွေ့စေခဲ့သောကြောင့် လုပ်ငန်းစတင်ရန် ကြန့်ကြာခဲ့ရသည်ဟု ဆိုသည် ။
ယင်းအခန်းမှနေ၍ အင်ဂျင်နီယာများ သည် စက်သီးများ နှင့် ၀န်ချီစက်များကို အသုံးပြုလျက် ကျောက်တောင်စွန်းတွင် တင်နေသည့် သင်္ဘောကို ပြန်လည်ထူမတ်ကာ ဆယ်တင်ရန် ကြိုးပမ်းခြင်း ဖြစ်သည် ။

ဆယ်တင်ရေး အလုပ်သမားများသည် ဧရာမ သတ္တုတွင်းကြိုးကြီးများနှင့် သံမဏိကြိုးများကို သင်္ဘောတွင် တပ်ဆင်ရန် တန်ချိန် ၁၁၄၀၀၀ ကျော် လေးပြီး ဘောလုံးကွင်း သုံးကွင်းစာ အလျားရှိသည့် သင်္ဘောကို ဆယ်တင်ရန် ကြိုးပမ်းနေသည် ။
အဆိုပါ သင်္ဘော မတော်တဆမှုအတွက် လူငါးဦးကို ပြစ်မှုစီရင်ခဲ့ပြီး သင်္ဘောကပတိန် ဖရန်ဆက်စကိုရှက်ကီကို လူသေစေမှု ၊ သင်္ဘောကို စွန့်ခွာထွက်ပြေးမှု တို့ဖြင့် တရားစွဲဆိုထားသည် ။

မုန်တိုင်းမကျမီက သင်္ဘောဆယ်တင်မှု လုပ်ငန်းကို စက်တင်ဘာ ၁၆ ရက်နေ့ နံနက် ဒေသစံတော်ချိန် ၆ နာရီတွင် စတင်ရန် သတ်မှတ်ထားသောလည်း နံနက် ၈ နာရီသို့ ရွေ့ဆိုင်းခဲ့ရကြောင်း သိရသည် ။
တိုင်တန်းနစ် သင်္ဘောထက် နှစ်ဆခန့် ပိုမိုကြီးမားသော အဆိုပါသင်္ဘောကို ဆွဲမတ်ရန် ဧရာမသတ္တုကြိုးကွင်းကြိး ၅၀ ကျော်နှင့် ၀န်ချီစက်များစွာတို့ကို အသုံးပြုမည်ဖြစ်သည် ။ သင်္ဘောကိုယ်ထည်အား ထပ်မံထိခိုက်မှုများ မဖြစ်ပေါ်စေရန် လုပ်ငန်းစဉ်ကို အလွန်နှေးကွေးစွာ ဆောင်ရွက်မည်ဟု သိရသည် ။

သင်္ဘောသည် လပေါင်း ၁၈ လကျော် ကြာအောင် ရေအောက်ပေ ၅၀ သို့ တစ်စိတ်တစ်ပိုင်း နစ်မြုပ်နေခဲ့ခြင်း ဖြစ်သည် ။ လုပ်ငန်းစဉ်တွင် တစ်စုံတစ်ရာ ချွတ်ချော်မှုများရှိပါက အဆိပ်ရှိသည့် အရာများ ပင်လယ်ထဲသို့ ယိုဖိတ်မှု ဖြစ်နိုင်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်များက သတိပေးထားသည် ။ သို့သော် သင်္ဘောယိုင်လဲမကျသွားအောင် ထောက်တိုင်များနှင့် ပိုက်ကွန်များကို အသင့်ပြင်ထားသည်ဟု ဆိုသည် ။ ယင်းလုပ်ငန်းစဉ်အတွက် ယခုအထိ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကုန်ကျထားသည် ။ ref : AFP

၁၇.၀၉.၂၀၁၃ ရက်နေ့ထုတ် Daily Eleven သတင်းစာ စာမျက်နှာ ၁၄ တွင် ပါရှိသော သတင်းကို မူရင်းအတိုင်း ပြန်လည်ရေးသားပေးထားခြင်း ဖြစ်ပါတယ် ။

+=+=+=+=+=+=+=+=+=+=+=+=+=+=+=+=

ကြီးမားသော သင်္ဘောဆယ်ယူမှုအပြီးရလဒ်အဖြစ် Costa Concodia သင်္ဘောကို ပြန်လည်တည့်မတ်ပေးနိုင်ခဲ့ ။

From Barbie Latza Nadeau and Matt Smith, CNN

September 17, 2013 -- Updated 1409 GMT (2209 HKT)

လူဒါဇင်ပေါင်းများစွာကို သေကြေပျက်စီးစေခဲ့ပြီး ကြီးမားသော သင်္ဘောဆယ်ယူမှုအပြီးရလဒ်အဖြစ် အီတလီနိုင်ငံပိုင် Giglio ကျွန်းအနီး တွင် ၂၀၁၂ ဇန်န၀ါရီလက တိမ်းစောင်းနစ်မြုပ်ခဲ့သော Costa Concodia အမည်ရှိ ခရီးသည်တင် သင်္ဘောကြီးကို သင်္ဘောဆယ်ယူရေး အင်ဂျင်နီယာများက အောင်မြင်စွာ ဆယ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ် ။

လူတွေ အားလုံး မျော်မှန်းထားတာထက် ပိုပြီးတော့ သူမကို ကောင်းမွန်စွာနဲ့ တည့်မတ်နိုင်ခဲ့ပါပြီ ။ သင်္ဘောဆယ်ယူရင်း ရရှိတဲ့အတွေ့အကြုံနဲ့ ပတ်သက်ပြီးတော့လည်း ၊ သူမစတင် ရွှေ့လျားတာနဲ့ သူမဟာ ဖြေးဖြေးနဲ့ မှန်မှန် ရွေ့လျားပေးနေပါတယ် ။ လှည့်ဖျားတဲ့ လုပ်ဆောင်ချက်တွေ တစ်ခုမှ မပါဝင်ပဲနဲ့ အားလုံး စီစဉ်ထားတဲ့အတိုင်း အောင်မြင်ပြီးဆုံးသွားခဲ့ပါတယ် လို့လည်း ဘောလုံးကွင်း သုံးကွင်းစာ အရွယ်အစားရှိတဲ့ သင်္ဘောကို ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေတဲ့ Nick Sloane လို့ အမည်ရတဲ့ Senior Salvage Master တစ်ယောက်က ပြောကြားပါတယ် ။

လုပ်ငန်း စတင်ဆောင်ရွက်မှုကို စက်တင်ဘာ ၁၆ ရက် မနက် ၉ နာရီမှာ စတင်ခဲ့ပေမယ့်လည်း မုန်တိုင်းဝင်လာတဲ့အတွက် slack cable တွေ ချည်ဖို့အတွက် အခက်အခဲ ဖြစ်စေပါတယ် လို့ ပြောပါတယ် ။
နောက်ပိုင်း ၄ နာရီ ကြာတဲ့အခါမှာ သင်္ဘောဟာ သူ့ရဲ့ platform ပေါ်မှာ တည့်မတ်မှု ရှိသွားပါပြီ ။ မည်သည့်ယိုစိမ့်မှုမှလည်း မရှိခဲ့ပါဘူးဆိုပြီး သတင်းသမားများကို Gabrielli က ပြောကြားပါတယ် ။

သူကပဲ ဆက်ပြီး သင်္ဘောရဲ့ ဘေးဘက်ပိုင်းကို ပြင်ဆင်မှု အကြီးစား ပြုလုပ်ရမှာ ဖြစ်ပါတယ် ။ အခုလောလောဆယ်တော့ အဝေးကို သယ်ယူသွားဖို့အတွက် ကျွန်တော်တို့ အခက်အခဲဆုံး အဆင့်တစ်ခုကို ကျော်လွန်လာခဲ့ပါပြီ လို့ ပြောပါတယ် ။

ဒါက လုပ်ငန်းစဉ်ကြီး တစ်ခုလုံးရဲ့ အဆုံးသတ် မဟုတ်သေးပေမယ့်လည်း ကြီးမားတဲ့ အောင်မြင်မှု ရလဒ်တစ်ခုတော့ ဖြစ်ခဲ့ပါတယ်လို့ Giglio Mayor Sergio Ortelli က ပြောကြားပါတယ် ။

၂၀၁၂ ခုနှစ် ဇန်န၀ါရီလ က သောင်တင် တိမ်းစောင်းနစ်မြုပ်ခဲ့တဲ့ Costa Concodia သင်္ဘောဟာ လူ၃၂ ရောက်ကို သေစေခဲ့ပြီး လူပေါင်း ၄၂၀၀ ကိုတော့ ကယ်တင်နိုင်ခဲ့ပါတယ် ။ ဒါပေမယ့် အဲဒီအထဲမှာက india နိုင်ငံမှ Russel Rebello and Trecarichi of Sicily တို့ ၂ ယောက် ကို သင်္ဘောကယ်ဆယ်ရေး သမားတွေ အနေနဲ့ အခုထက်ထိကို တွေ့ရှိခြင်း မရှိသေးပါဘူး . Rebello ကို နောက်ဆုံးတွေ့ လိုက်ရတာက သူ ခရီးသည်တွေကို ကယ်တင်ပေးနေတာပဲ ဖြစ်ပါတယ် ။ Trecarichi of Sicilly ကတော့ သူရဲ့ နှစ် ၅၀ ပြည့် မွေးနေ့ပွဲကို ၁၇ နှစ်သမီး ( ယခု ဆက်လက် အသက်ရှင်နေဆဲ ) နဲ့အတူ သင်္ဘောမှာ ပြင်ဆင်နေတဲ့အချိန် ဖြစ်ပါတယ် ။

BBC news မှ အထက်ပါ ဆောင်းပါးကို မူရင်းဆောင်းပါးမှ အနည်းငယ်ထုတ်နုတ်၍ ဆီလျော်အောင် ဘာသာပြန်ဆိုပေးထားခြင်းဖြစ်ပါတယ် ခင်ဗျာ ။ 8P @ MSU

No comments:

Post a Comment