Tuesday, November 26, 2013

BE ဘာကြောင့် ..အရင်လို..အချို့..Subject တွေမှာ..Exemption မရတော့တာလဲ..


BE ဘာကြောင့် ..အရင်လို..အချို့..Subject တွေမှာ..Exemption မရတော့တာလဲ..
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


ဟိုးအရင်..BE ဘွဲ့ရတွေ..ရေကြောင်းအင်ဂျင်နီယာ Professional ကို..၀င်လာပြီး..၊ ရေကြောင်းအင်ဂျင်နီယာ စာမေးပွဲတွေ..ဖြေဆိုတဲ့..အခါ..
ဥပမာ..Heat Engine , Applied Mechanic တို့လို..ဘာသာရပ်တွေကို..သက်ဆိုင်ရာ တက္ကသိုလ်များမှာ..သင်ကြားပြီးဖြစ်လို့..ဖြေဆိုရန်ကင်းလွတ်ခွင့်ပြုပါတယ်..။
။။။။။။။။။။။
ယခု.IMO International Convention ဖြစ်တဲ့.STCW ကလည်း..ခွင့်ပြုပါတယ်..။
ဒါပေမဲ့..Exemption ရယူလိုတဲ့..ကျောင်းသားများရဲ့..ကျောင်းက. တက္ကသိုလ်က. သူတို့ရဲ့..Syllabus ကို..သက်ဆိုင်ရာနိုင်ငံရဲ့..Marine Administration ကို..တင်ပြထားရပါ့မယ်..။ သက်ဆိုင်ရာ Marine Administration က.IMO Model Course ပါ..Subject Topic တွေနဲ့.. တက္ကသိုလ်မှာ..သင်ကြားတဲ့..Subject Topic တွေ..သင်ရိုးတွေ..ကိုက်ညီမှု..ရှိမရှိ. Exemption ပေးနိုင်မပေးနိုင်.. စစ်ဆေးရပါမယ်..။
။။။။။။။။။။။။။
နောက်တစ်ခါ.အခါအားလျော်စွာ.ဆိုသလို...အဆိုပါ..Exemption ရရန်လျှောက်ထားသော..ကျောင်းမှာ..သင်ကြားနေတဲ့..အခြေအနေကိုလည်း..
သွားရောက်..လေ့လာခြင်း Monitor လုပ်သွားရမှာ.Audit လုပ်ရမှာ..ဖြစ်ပါတယ်..။
အခုဖော်ပြတဲ့..အကြောင်းအရာ..တွေ..အားလုံးဟာ.. တရားဝင်..စာရွက်စာတန်းတွေ..မှတ်တမ်းတွေ..ရှိနေရမှာ..ဖြစ်ပြီး.
သက်ဆိုင်ရာ..Administration အနေနဲ့..International Maritime Organization နဲ့.. IMO Member States တွေက..လာတဲ့..Audit Team တွေလာတဲ့..အခါ.. တင်ပြနိုင်ရမှာ..ဖြစ်ပါတယ်..။
။။။။။။။။။။။
မြန်မာနိုင်ငံအနေနဲ့..စဉ်းစားတဲ့..အခါမှာ..
DMA ဟာ..ပို့ဆောင်ရေးဝန်ကြီးဌာန..အောက်ကဖြစ်ပါတယ်..။
နည်းပညာတက္ကသိုလ်များဟာ..သိပ္ပံနှင့်နည်းပညာဝန်ကြီး..ဌာနအောက်က.ဖြစ်ပါတယ်..။
သက်ဆိုင်ရာ..တက္ကသိုလ်..ပါချုပ်များကလည်း..သူ့ကျောင်းသားတိုင်းဟာ..သဘောင်္လိုက်မှာ..မဟုတ်လို့..၊ အခုလို..Exemption ရဘို့..DMA ကို..တင်ပြမှာ..မဟုတ်ပါဘူး.။ လာရောက်စစ်ဆေး..အကဲဖြတ်တဲ့..Monitoring လုပ်တာကိုလည်း..ခံယူလိမ့်မယ်..ဆိုတာ..မသေချာပါဘူး..။
DMA အနေနဲ့...လုပ်နေရတာတွေက..International Standard နဲ့လုပ်နေရတာဖြစ်ပါတယ်..။
အဲဒီ..Practice က..၀န်ကြီးဌာနတိုင်းမှာ..မရှိပါဘူး..၊ နားမလည်..နိုင်ပါဘူး..။
။။။။။။။။။။။
အခုနက..တင်ပြခဲ့တဲ့..Exemption ရဘို. တက္ကသိုလ်ဘက်က...Application တင်တာ..၊ DMA ဘက်..Subject ကို..Gap Analysis လုပ်ထားတာ..၊ ခွင့်ပြုမိန်ထုတ်ပြန်ထားတာ၊ Monitoring သွားရောက်..စစ်ဆေးထား..တာတွေ..အားလုံးဟာ..၊ တရားဝင်..အမိန့်စာတွေ..၊ မှတ်တမ်းတွေနဲ့..ရှိနေရပါ့မယ်..
တစ်ခြား..နိုင်ငံတွေ.မှာ...သူတို့..လုပ်ထုံးလုပ်နည်းအရ .ဖြစ်နိုင်သလို..လုပ်တဲ့..အလေ့အထ..လည်း...ရှိပေမဲ့..
ကျွန်တော်တို့..ဆီမှာ.၊ ဖြစ်နိုင်..၊ .မဖြစ်နိုင်ဘူးဆိုတာ.. စာဖတ်သူများ.ဝေဖန်ပိုင်းခြားနိုင်မှာပါ..။
။။။။။။။။။။။။
တရားဝင်..၊ IMO မှထုတ်ပြန်ထားတဲ့..စည်းကမ်း၊ နည်းလမ်းတွေနဲ့. .ဆောင်ရွက်ထားခြင်း.. မရှိဘဲ.ဘွဲလက်မှတ်ပြတာနဲ့..Exemption ပေးခွင့်.. ဘယ်နိုင်ငံရဲ့..Marine Administration မှာမှ..မရှိပါဘူး..။
ဒါကြောင့်
မြန်မာနိုင်ငံ DMA ကလည်း..IMO ရဲ့ ဥပဒေများ..ကို..လိုက်နာရမဲ့..တာဝန်ရှိတာကြောင့်
တရာဝင်..စနစ်တကျ..ဆောင်ရွက်ခြင်းမရှိတဲ့..တက္ကသိုလ်မှ..ဘွဲများအတွက်.
ရေကြောင်းဘက်ဆိုင်ရာ..စာမေးပွဲများဖြေဆိုတဲ့..အခါ..၊ လုပ်ထုံးလုပ်နည်းနဲ့အညီ..ဆောင်ရွက်ထားခြင်းမရှိရင်...Exemption ပေးခွင့်မရှိပါ..။
။။။။။။။။။။။
မြန်မာနိုင်ငံရေကြောင်းတက္ကသိုလ်၊ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်၊ တို့က..၀န်ကြီးဌာန..တူသလို..၊ သူတို့.Syllabus တွေကို..DMA ကို..တင်ပြရပါတယ်..။ DMA ကလည်း..IMO ကို..တင်ပြရပါတယ်..။
နောက်ပြီး..နိုင်ငံတော်..အစိုးရကိုယ်စား ..DMA ..ကထုတ်ပြန်တဲ့..ရေကြောင်းပညာရေးဆိုင်ရာ..Notification မှာလည်း..တရားဝင်..ထုတ်ပြန်ထားရပါတယ်..။ အဆိုပါ..Notification များကို..လည်း..IMO ကို..တင်ပြ..အကြောင်းကြားထားရပါတယ်..။
။။။။။။။။။။။။။။။။။
အဆိုပါ..Notification များဟာ..၊ ဌာနက..ထုတ်ပြန်တာ..ဖြစ်ပေမဲ့..၊ သက်ဆိုင်ရာ ၀န်ကြီးဌာန၊ အစိုးရအဖွဲ့၊ ရှေ့နေချုပ်ရုံးများကို..တင်ပြထား..ပြီး၊ အတည်ပြုချက်ရယူထားရတာ..ဖြစ်ပါတယ်..။ ရေကြောင်းဘက်ဆိုင်ရာ..အသုံးအနှုန်း၊ ဥပဒေရေးရာ..အသုံးအနှုန်းများကို..သက်ဆိုင်ရာ..ပညာရှင်များက..စိစစ်..စစ်ဆေးထားရတာ..ဖြစ်ပါတယ်..
။။။။။။။။။။။။။
IMO ဆိုတာ..International Maritime Organization ပါ..အဖွဲ့ဝင်..နိုင်ငံ (၁၇၀) ပါဝင်တဲ့..ကုလသမဂ္ဂ..အေဂျင်စီတစ်ခုပါ..။
သူ့ရဲ့..ရေကြောင်းပညာရေးဆိုင်ရာ..ကွန်ဗင်းရှင်းဖြစ်တဲ့..STCW ကို..အဖွဲ့ဝင်နိုင်ငံတိုင်းက..လိုက်နာ..ကျင့်သုံးရပါတယ်..။
ကျင့်သုံးခြင်းရှိမရှိကို..IMO က..စစ်ဆေးသလို..၊ Member States အချင်းချင်းလည်း..အပြန်အလှန်စစ်ဆေးခွင့်ပေးထား..ပါတယ်..။
။။။။။။။။။။။။။။
နိုင်ငံတနိုင်ရဲ့..ရေကြောင်းပညာရေးစနစ်ဟာ..သက်ဆိုင်ရာ..STCW International Convention ပါ..Standard နဲ့..ကိုက်ညီရင်..White List ထဲမှာပါပါတယ်..။
White List ထဲမှာ..ပါနေတဲ့..နိုင်ငံက..ထုတ်ပေးတဲ့..ရေကြောင်းဆိုင်ရာ.. လက်မှတ်များကို. (CoC) ကို...အဖွဲ့ဝင်နိုင်ငံအားလုံးက.. အဆင့်အတန်းတူ..လက်မှတ်.(CoE) ထုတ်ပေးရပါတယ်..။ အဖွဲ့ဝင်နိုင်ငံတွေ.ပိုင်ဆိုင်တဲ့..ဘယ်သဘောင်္မှာမဆိုတာဝန်ထမ်းဆောင်ခွင့်ရှိပါတယ်.။
White List သက်တန်းက..(၅) နှစ်ဘဲရှိပါတယ်..။
။။။။။။။။။။။။။။။
(၅) နှစ်တိုင်းမှာ..IMO ရဲ့..စစ်ဆေးမှုကို..အနည်းဆုံးတစ်ကြိမ်..ခံရမှာပါ..။ ကျန်..Member States တွေကလည်း..ဘယ်နှစ်နိုင်ငံလာမယ်ဆိုတာ..မသိနိုင်ပါ..။
ပြီးခဲ့တဲ့..နှစ်ကတော့..IMO နဲ့..EU က..လာစစ်သွားပါတယ်..။
အခု.မကြာခင်...Malaysia က..လာမယ်လို..သတင်းကြားနေရပါတယ်..။
Member State တွေက..လာစစ်ပြီးရင်လည်း..သူတို့..Report ကို..IMO ကိုတင်ပြပါတယ်..။ NC ..များနေခဲ့ရင်..IMO ..က..ဆင်းလာနိုင်ပါတယ်..။
။။။။။။။။။။။။။။
White List ထဲ..မပါရင်..White List က..ပြုတ်သွားရင်တော့..
မြန်မာနိုင်ငံ..အလံ..လွှင်ထူထားတဲ့..သင်္ဘောပေါ်မှာဘဲ..မြန်မာနိုင်ငံသား..ရေကြောင်းပညာရှင်များ..ရေကြောင်းလုပ်သားများ..အလုပ်လုပ်ခွင့်..လိုက်ခွင့်ရှိပါတယ်..။
။။။။။။။။။။။။။။
ဒါကြောင့်..White List ထိမှာကို..ပညာရှင်တွေ..တာဝန်ရှိသူတွေက..စိုးရိမ်ကြတာပါ..။
ကိုယ့်နိုင်ငံထဲမှာ..ဘဲ..ဟာ..၊ အချင်းချင်း..ကြည့်ကျက်..လုပ်ကြတာပေါ့..ဆိုပြီး..၊ လုပ်လို့..မရကြောင်း..နဲ့..
ဟိုတုန်းက..ရတာဘဲ..အခုဘာလို့..မရတာလဲ..၊ မေးမြန်းလာသူ..များအား..
သိသမျှ..ပြန်ကြားအပ်ပါတယ်..။
။။။။။။။။။။။။။။
ဝင်းအောင်
ရေကြောင်း..ကျောင်းဆရာ

No comments:

Post a Comment