Monday, November 25, 2013

Seamen's Voice

အသက် ၂၀ မပြည့်ခင်..အရွယ်ငယ်စဉ်မှာပဲ ကျနော် သင်္ဘောသားဖြစ်ခဲ့တယ်…..


အခြား သက်တူ ရွယ်တူ သူငယ်ချင်းတွေ လမ်းထိပ်ထွက်လို့ လက်ဖက်ရည်ဆိုင် ထိုင်ချိန်
သူငယ်ချင်းတွေနဲ့ လွတ်လပ်ပျော်မြူးစွာ လည်ပတ်နေချိန်တွေမှာ

ကျနော်တို့ ကျောင်းအိပ်ကျောင်းစားဘ၀နဲ့ အသိ၊ အတတ်ပညာတွေ ဆည်းပူးနေခဲ့တယ် ။

အခြား သက်တူရွယ်တူ သူငယ်ချင်းတွေမနက်စောစော..
အိပ်ကောင်း နှပ်ကောင်းချိန်မှာ

ကျနော်တို့ PT ပြေးရင်း ခနွာကိုယ် ကြံခိုင်ရေးအတွက် လေ့ကျင့်နေခဲ့တယ် ။

အခြား သက်တူရွယ်တူ သူငယ်ချင်းတွေ ဆံပင်ကိုကြော့ အောင်ဖီးပြီး
စမတ်ကျကျ ၀တ်စားနေချိန်မှာ

ကျနော်တို့ ဟာ ကမ်းမမြင်လမ်းမမြင်ပင်လယ်ထဲ လှိုင်းဒဏ်လေဒဏ်ခံရင်းနဲ့
လူနံ့ ပျောက်လို့  ဆီချေးစော်နံ နေခဲ့တယ်…

အခြားသက်တူရွယ်တူ သူငယ်ချင်းတွေ လန်နေအောင်ပြင်ဆင်ပြီး
သင်္ကြန်ကို အပြင်ထွက်လို့ရေပက်နေချိန်မှာ

ကျနော်တို့က boiler suit ၀တ်ပြီး ချွေးတလုံးလုံးနဲ့ သင်္ဘောပေါ်အလုပ်လုပ်နေခဲ့တယ် ။

အခြား သက်တူရွယ်တူ သူငယ်ချင်းတွေ ချစ်သူ ရည်းစား ဇနီးသားသမီးကိုယ်စီနဲ့ 
ပျော်မြူးနေချိန်မှာ

ကျနော်တို့က မဲမှောင်နေတဲ့ ပင်လယ်ကျယ်ကျယ်ထဲ စိတ်ကူးယဉ်အတွေးကိုယ်စီနှင့်ပဲ အလွမ်းဝေဒနာ ကြိတ်မှိတ်ဖြေဖျောက်နေခဲ့ရတယ်...

တကယ်တော့ ဒါတွေဟာ ကျနော်တို့ သင်္ဘောသား တွေအတွက်

ထူးဆန်းတဲ့ ဖြစ်ရပ်တွေ မဟုတ်ပါဘူး
အသားကျနေပြီဖြစ်တဲ့ ဖြတ်သန်းနေကြ နေ့စွဲလေးတွေပေါ့

အပြင်ပန်းမှာသာ ဘော်ကြော့ နေရတယ်ထင်ရပေမယ့်..
နဖူးကချွေး ခြေမကျအောင် အလုပ်လုပ်နေတယ်ဆိုတာကို သိပါလေ

သနားခံနေတာ မဟုတ်တဲ့အတွက် သနားပေးစရာမလိုပါဘူး
ကျနော်တို့ဖြတ်သန်းနေရတာကို လက်ခံတယ်ဆို ကျေနပ်ပါပြီ ။

(သင်္ဘောသားတွေကို နှိမ်ချဆက်ဆံလွန်းတဲ့ အသိုင်းအ၀ိုင်းတစ်ခုသို့ )

AMT(CD-34)

No comments:

Post a Comment