Friday, March 29, 2013

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ( Department of Marine Administration )


ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
( Department of Marine Administration ) အကြောင်းသိကောင်းစရာများ...

၁၉၃၀ ခုနှစ်
- ဆိပ်ကမ်းအရာရှိချုပ်ရုံး (PRINCIPAL PORT OFFICER)

စစ်ကြိုခေတ်
- ရေကြောင်းအတိုင်ပင်ခံဝန်နှင့်အရာရှိချုပ် ရေကြောင်းဌာနခွဲ
(NAUTICAL ADVISER AND PRINCIPAL OFFICER, MERCHANT DEPARTMENT)

၁၉၅၆ ခုနှစ်
- ရေကြောင်းဌာနခွဲ

(MERCANTILE MARINE DEPARTMENT)

၁၉၇၂ ခုနှစ်
- ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန (DEPARTMENT OF MARINE ADMINISTRATION)



ဖွဲ့ စည်းပုံ

ဤဦးစီးဌာနကို အောက်ပါအတိုင်း ဌာနခွဲ(၇)ခုဖြင့် ဖွဲ့စည်းကာ လုပ်ငန်းများကို အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိပါသည်။

စက်မှုဌာနခွဲ
ရေကြောင်း ဌာနခွဲ
သင်္ဘောသား အလုပ်အကိုင် ကြီးကြပ်ရေးဌာနခွဲ
သင်္ဘောကျင်းများနှင့်ရေယာဉ်များဌာနခွဲ
အုပ်ချုပ်ရေး ဌာနခွဲ
ဥပဒေနှင့် သုတေသနဖွံ့ ဖြိုးမှု ဌာနခွဲ
ငွေစာရင်း ဌာနခွဲ




ရေကြောင်းဘက်ဆိုင်ရာ မူဝါဒ၊ ရည်မှန်းချက်များမှာ

၁။ နိုင်ငံတော်အလံလွှင့်ထူထားသော သင်္ဘောများရှိသင်္ဘောသားများ၏ လုံခြုံမှုအဆင့်အတန်း၊ လုံခြုံမှုအလေ့အကျင့်များနှင့် သင်္ဘောသားများလိုအပ်သောကျွမ်းကျင်မှု၊ အဆင့်အတန်းများရှိစေရေး။



၂။ လူ့စွမ်းအားအရင်းအမြစ်ကိုရေကြောင်းကဏ္ဍတွင် အမြင့်မားဆုံးတိုးတက်ဖွံ့ ဖြိုးအောင် ဆောင်ရွက်ရေး။



၃။ မြန်မာနိုင်ငံတွင်မှတ်ပုံတင်ထားသော သင်္ဘောများ၏ လုံခြုံမှုအဆင့်အတန်းမြင့်မားရေး။၎။ ရေကြောင်းပတ်ဝန်းကျင်ညစ်ညမ်းမှုကာကွယ်ရေးနှင့် ပင်လယ်ပြင်ဒုက္ခရောက်သူများ၏ အသက်အန္တရာယ် လုံခြုံမှု ရှိစေရန် အထူးတာဝန်ယူဆောင်ရွက်ရေး။



လုပ်ငန်းဆောင်ရွက်မှုများ



ရေကြောင်းပို့ဆောင်ရေးဦးစီးဌာန၏ အဓိက လုပ်ငန်းဆောင်ရွက်မှုများမှာ-

၁။

ရေကြောင်းဘက်ဆိုင်ရာအက်ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများအား ခေတ်နှင့်လိုက်လျောညီထွေ ကျင့်သုံးနိုင်ရေးအတွက် အထက်အာဏာပိုင်အဖွဲ့အစည်းများ ထံရေးဆွဲပြုစု၍ အကြံပြုတင်ပြရခြင်း။



၂။

စက်တပ်ရေယာဉ်များ၊ အမျိုးအစားအားလုံးကို တိုင်းတာစစ်ဆေး၍ မှတ်ပုံတင်ပေးရခြင်း။



၃။

သင်္ဘော၊ စက်လှေ၊ ရေယာဉ်များ အသစ်တည်ဆောက်ခြင်းနှင့် ပတ်သက်သောစစ်ဆေးမှုများ ဆောင်ရွက်ရခြင်း။



၎။

နိုင်ငံခြားသွားကုန်းပတ်နှင့် စက်ဘက်ဆိုင်ရာ အရာရှိအဆင့် စာမေးပွဲများနှင့်ကျွမ်းကျင်မှုဆိုင်ရာအဆင့်မီ အရည်အချင်းစစ်စာမေးပွဲများ ကျင်းပပြုလုပ်၍ ကျွမ်းကျင်မှုလက်မှတ်များထုတ်ပေးခြင်း။



၅။

ကမ်းရိုးတန်းသွားရေယာဉ်မှူး၊မာလိန်မှူးနှင့်ပဲ့နင်းစာမေးပွဲများ၊ပြည်တွင်းရေကြောင်း ရေယာဉ်အုပ်နှင့် စက်ခန်းအုပ်စာမေးပွဲများကျင်းပပြုလုပ်၍၊ ကျွမ်းကျင်မှုလက်မှတ် များထုတ်ပေးခြင်း။



၆။



သင်္ဘော၊စက်လှေ၊(ကုန်သွယ်နှင့်ငါးဖမ်း)နှင့် စက်တပ်ရေယာဉ်များ၊ စည်းကမ်းထိန်းသိမ်းမှုဆိုင်ရာ လိုက်နာဆောင်ရွက်ရေး၊ ကိစ္စရပ်များကို ကွပ်ကဲပေးခြင်း၊



၇။

ရေလမ်းခရီးတွင် ထိခိုက်ဆုံးရှူံးမှုများ ပေါ်ပေါက်ပါက တည်ဆဲဥပဒေပါ သတ်မှတ်ချက်များနှင့်အညီ စုံစမ်းစစ်ဆေး၍ လိုအပ်သကဲ့သို့ အရေးယူထိန်းသိမ်း ကြပ်မတ်ပေးရခြင်း။



၈။

သင်္ဘောသားများစုဆောင်းခြင်း၊ လေ့ကျင့်ရေးအစီအစဉ်များပြုလုပ်ပေးရခြင်း၊ အရည်အချင်းအဆင့် သတ်မှတ်ပေးခြင်း၊ ကင်းရှင်းချက်ကိစ္စရပ်များ ဆောင်ရွက်ပေးခြင်းနှင့် မှတ်ပုံတင်ပေးရခြင်း၊



၉။

သင်္ဘေားသားများ၏ ရပိုင်ခွင့်များနှင့် သက်သာချောင်ချိရေးကိစ္စရပ်များ ဆောင်ရွက်ပေးခြင်း၊



၁၀။

နိုင်ငံခြားငွေ ပိုမိုရရှိရေးအတွက် လူမပါသင်္ဘောစင်းလုံး ငှားစနစ်ဖြင့် နိုင်ငံခြားသင်္ဘောများအား မြန်မာနိုင်ငံတွင် ယာယီမှတ်ပုံတင် ပေးရခြင်းတို့ဖြစ်ပါသည်။









ဆက်သွယ်ရန်

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

ညွှန်ကြားရေးမှူးချုပ်

တယ်လီဖုန်း။ ၉၅-၁-၅၅၆၀၃၇

ဖက်စ်။ ၉၅-၁-၅၅၆၀၄၇

Email: dg.marine@mptmail.net.mm



ညွှန်ကြားရေးမှူး(ရေကြောင်း)

တယ်လီဖုန်း။ ၉၅-၁-၅၅၆၀၄၁

ဖက်စ်။ ၉၅-၁-၅၅၆၀၄၁

Email: myanmarine@mptmail.net.mm



ညွှန်ကြားရေးမှူး(စက်မှု)

တယ်လီဖုန်း။ ၉၅-၁-၅၅၆၀၄၉

ဖက်စ်။ ၉၅-၁-၅၅၆၀၄၉

Email: myanmarine@mptmail.net.mm



ညွှန်ကြားရေးမှူး(သင်္ဘောသား)

တယ်လီဖုန်း။ ၉၅-၁-၅၅၈၉၀၁

ဖက်စ်။ ၉၅-၁-၅၅၈၉၀၂

Email: d-secd@myanmar.com.mm



ညွှန်ကြားရေးမှူး (သင်္ဘောကျင်းများနှင့်ရေယာဉ်များ)

တယ်လီဖုန်း။ ၉၅-၁-၅၅၆၀၄၉

ဖက်စ်။ ၉၅-၁-၅၅၆၀၄၉

Email: myanmarine@mptmail.net.mm



ဒု-ညွှန်ကြားရေးမှူး (ဥပဒေနှင့်သုတေသန)

တယ်လီဖုန်း။ ၉၅-၁-၅၅၃၀၈၃

ဖက်စ်။ ၉၅-၁- ၅၅၆၀၄၇

Email: myanmarine@mptmail.net.mm



ဒု-ညွှန်ကြားရေးမှူး (အုပ်ချုပ်ရေး)

တယ်လီဖုန်း။ ၉၅-၁-၅၅၆၁၀၁

ဖက်စ်။ ၉၅-၁-၅၅၆၀၄၇

Email: myanmarine@mptmail.net.mm



လ\ထ ညွှန်ကြားရေးမှူး (ငွေစာရင်း)

တယ်လီဖုန်း။ ၉၅-၁-၅၅၆၁၀၄

ဖက်စ်။ ၉၅-၁-၅၅၆၀၄၇

Email: myanmarine@mptmail.net.mm

Copyright © 2007 Ministry of Transport, Myanmar. All rights reserved.



မှတ်ချက် ( သင်္ဘောသားတို့၏ လုပ်ငန်းဆောင်တာများ အဆင်ပြေစေ၇န် ရည်ရွယ်ချက်ဖြင့် ပို့ဆောင်ရေး ၀န်ကြီးဌာန အင်တာနက် စာမျက်နှာမှ တဆင့် တိုက်ရိုက် ကူးယူဖော်ပြခြင်းဖြစ်ပြီး ၊ အဖွဲ့၏ အာဘော်များ ၊ ခံယူချက်များ မပါဝင်ပါကြောင်း အသိပေးအပ်ပါသည် ။ )

No comments:

Post a Comment