Monday, March 18, 2013

အရေးပေါ်တက်မကိုင်စံနစ် (Emergency Steering)



မည်သည့်သဘော`်အမျိုးအစားမဆို တက်မကိုင်စံနစ်ကို မြင်ကွင်းအကောင်းဆုံးနေရာဖြစ်သောပဲ့စင် (Bridge) တွင် Steering Wheel အားဖြင့် လိုရာသို့ သဘော`်အား လှည့်ပတ် နိုင်ရန်တည်ဆောက်ထားလေ့ရှိပါသည်။ Steering Wheel ကို ရည်ရွယ်ချက်အလိုက် အောက်ပါအတိုင်းအသုံးပြုနိုင်ရန်တည်ဆောက်ထားပါသည်။
၁။ အလိုလျှောက်ပဲ့ထိန်းစံနစ် (Auto Pilot Steering System)
၂။ လက်ဖြင့်ကိုင်တွယ်မောင်းနှင်ရသောပဲ့ထိန်းစံနစ် (Manual Steering System) နှင့်
၃။ လိုရာဘက်တဖက်တည်းကိုသာရွေ့လျှားနိုင်သောပဲ့ထိန်းစံနစ် (Non-follow up Steering System) တို့ဖြစ်ပါသည်။

သဘော`်သည် ရေကြောင်းလမ်းကင်းရှင်းသော ပင်လယ်ပြင် (Open Sea) တွင် ရာသီဥတုကောင်းမွန်နေပါက အလိုလျှောက်ပဲ့ထိမ်းစံနစ် (Auto Pilot Steering System) ကိုအသုံးပြု၍မောင်းနှင်ပါသည်။ ၄င်းစံနစ်၏အခြေခံသဘောမှာ ပဲ့စင် (Bridge) မှ သဘော`်၏ ဦးတည်ရာလမ်းကြောင်း ဒီဂရီ (Gyro Course) အတိုင်းတိကျစွာချိန်ညှိထားသည့် တည်နေရာကို တတ်မခန်း (Steering Room) ထဲရှိ ထပ်ဆင့်လှုံ့စက် (Repeater) များမှ အီလက်ထရောနစ်နည်းပညာ အသုံးပြု၍ လိုအပ်သည့်လမ်းကြောင်းအပြောင်းအရွေ့ကို အဆင်ပြေစွာ လိုက်ပါပြောင်းလဲမှု ဖြစ်နေစေရန်နှင့် Hydraulic Steering System တခုလုံးကို ထိန်းချုပ်ပေးခြင်းဖြင့် အလိုလျှောက်ပဲ့ထိမ်းစံနစ် (Auto Pilot) ကို လုပ်ဆောင်စေပါသည်။ ပင်လယ်ရေလှိုင်းကြောင့်ဖြစ်ပေါ်လာသော ဘယ် ၊ ညာ (Port and Starboard) အားဖြင့် ဒီဂရီ အနည်းငယ်မျှသော တက်မ၏ အသေးစိတ်ရွေ့လျှားမှုများကို ချက်ချင်းဆိုသလို ထပ်ဆင့်လှုံ့စက် (Repeater) များမှ သိရှိပြီး ပြန်လည်ထိန်းချုပ်၍ မူလထားရှိသောတည်နေရာတွင် သဘော`်ကိုအစဉ်အမြဲရှိနေစေပါသည်။ ၄င်းစံနစ်ကို အသုံးပြုရန် Bridge ပေါ်မှ Steering Control Stand ရှိ Steering Wheel ၏ Mode ကို “AUTO” နေရာတွင် ထားရပါမည်။

ဆိုးရွားသော ရာသီဥတုကြောင့်ဖြစ်စေ၊ ဆိပ်ကမ်းကပ်ရန် ရေကြောင်းပြ (Pilot) မှ လိုအပ်သလိုပဲ့ကိုင်နိုင်ရန်အတွက်ဖြစ်စေ လက်ဖြင့်ကိုင်တွယ်မောင်းနှင်ရသောပဲ့ထန်းစံနစ် (Manual Steering System) ကိုအသုံးပြုကြရပါသည်။ ၄င်းစံနစ်သည် မော်တော်ကားများကဲ့သို့ ဘယ် သို့ကွေ့စေချင်သောအခါ Steering Wheel ကို ဘယ်သို့လှည့်၍ ညာ သို့ကွေ့စေချင် သောအခါ Steering Wheel ကို ညာ သို့လှည့် ပေးခြင်းဖြင့် လိုရာသို့ ထိမ်းကြောင်း ပဲ့ကိုင် နိုင်ပါသည်။ ၄င်းစံနစ်ကို အသုံးပြုရန် Bridge ပေါ်မှ Steering Control Stand ရှိ Steering Wheel ၏ Mode ကို “HAND” နေရာတွင် ထားရပါမည်။

တခါတရံ အရေးပေါ်အခြေအနေတခုခုကြောင့်ဖြစ်စေ ၊ Auto စံနစ်နှင့် Hand စံနစ်တို့ အလုပ်မလုပ်သောကြောင့်ဖြစ်စေ ၊ ရေယာဉ်မှူး (Master)၊ ရေကြောင်းပြ (Pilot) တို့၏ လိုအပ်ချက်ကြောင့်ဖြစ်စေ တက်မကို ဘယ် ၊ ညာ တဖက်ဖက်သို့ အလျှင်အမြန်လှည့်ပြီး ရောက်ရှိနေသော နေရာတွင် တည်မြဲနေစေနိုင်ရန်အတွက် လိုရာဘက်တဖက်တည်းကိုသာ ရွေ့လျှား နိုင်သောပဲ့ထိမ်းစံနစ် (Non-follow up Steering System) ကို အသုံးပြုရပါသည်။ ၄င်းစံနစ်သည် Steering Control Stand ရှိ Non Follow up Knob ကို ဘယ် (သို့မဟုတ်) ညာ ဘက်သို့ တွန်းလိုက်ပါက တက်မသည် Knob ကိုတွန်းရွေ့သည့်နေရာအလိုက် ဘယ် (သို့မဟုတ်) ညာ ဘက်သို့ လိုက်ပါရွေ့လျှား သွားမည်ဖြစ်ပြီး တွန်းထားသည့် Knob ကို လွှတ်လိုက်ပါက ရောက်ရှိရာ ဘယ် (သို့မဟုတ်) ညာ တွင် ရှိမြဲအတိုင်းတည်ရှိနေမည် ဖြစ်ပါသည်။ ၄င်းစံနစ်ကို အသုံးပြုရန် Bridge ပေါ်မှ Steering Control Stand ရှိ Steering Wheel ၏ Mode ကို “NFU” နေရာတွင် ထားရပါမည်။

အရေးပေါ်တက်မကိုင်စံနစ် (Emergency Steering) ဆိုသည်မှာ အထက်ဖော်ပြပါ ပဲ့ထိန်းစံနစ်များသည် တစုံတခုသော အကြောင်း ကြောင့် ပဲ့စင်မှ တက်မကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ သဘော`်၏ ပဲ့ထိန်းစံနစ်ချို့ယွင်းခြင်း (Steering Failure) ဖြစ်ပေါ်သော ကြောင့် အခြားနည်းလမ်းများအားဖြင့် တက်မကို ထိန်းချုပ် ပဲ့ကိုင်ရန် အတွက် အရေးပေါ်အခြေအနေတွင်လုပ်ဆောင်
ရသည့်လုပ်ငန်းစဉ် ကိုခေါ်ပါသည်။

အရေးပေါ်တက်မကိုင်စံနစ် (Emergency Steering) အတွက်လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များ
မိမိသဘော`်သည်ပင်လယ်ပြင်တွင်မောင်းနှင်နေရင်း ပဲ့စင်မှ တက်မကို ထိမ်းချုပ်နိုင်စွမ်းမရှိတော့ဘဲ သဘော`်၏ ပဲ့ထိန်းစံနစ်ချို့ယွင်းခြင်း (Steering Failure) ဖြစ်ပေါ်လာပါက အရေးပေါ်အခြေအနေအတွက် သဘော`်ဝန်ထမ်းအားလုံး ကအောက်ပါအတိုင်း ဆောင်ရွက်သင့်ပါသည်။
၁။ ပဲ့စင်မှ တာဝန်ကျတက်မကိုင်သဘော`်ဝန်ထမ်း (A/B) သည်မိမိကိုင်တွယ် ထိန်းကြောင်း နေသော Steering Wheel မှ ပဲ့ထိန်းစံနစ်အမျိုးမျိုးကိုပြောင်းလဲအသုံးပြု၍ တက်မကိုထိန်းချုပ်ခြင်းပြုလုပ်သော်လည်း သဘော`်၏ ပဲ့ကိုင်စံနစ်သည် မည်သည့်အလုပ်မှမလုပ်ဆောင်နိုင်တော့ဘဲ ပဲ့ထိန်းစံနစ်ချို့ယွင်းခြင်း (Steering Failure) ဖြစ်ပေါ်နေပြီကိုသိလျှင်သိချင်း သက်ဆိုင်ရာတာဝန်ကျအရာရှိ (Duty Officer) ကိုချက်ချင်းသတင်းပို့ရပါမည်။
၂။ တာဝန်ကျအရာရှိမှသတင်းပို့ချက်ကို ချက်ချင်း စစ်ဆေး အတည်ပြု၍ ပဲ့ထိန်းစံနစ်ချို့ယွင်းနေကြောင်း (Steering Failure) မှန်ကန် မြန်ဆန်စွာ သိရှိဆုံးဖြတ်ပြီးသည်နှင့်တပြိုင်နက် ရေယာဉ်မှူး (Master) ထံချက်ချင်း အစီရင်ခံတင်ပြရပါမည်။ တချိန်တည်းမှာပင် စက်ခန်းရှိ တာဝန်ကျအင်ဂျင်နီယာထံသို့လည်းလိုအပ်သည့်စစ်ဆေးမှုများပြု လုပ်နိုင်ရန်းသတင်းပို့ အကြောင်းကြားရမည်ဖြစ်ပါသည်။
၃။ ရေယာဉ်မှူး (Master) သည် ပဲ့စဉ်တွင်ဖြစ်ပေါ်နေသော ပဲ့ထိန်းစံနစ်ချို့ယွင်းခြင်း (Steering Failure) ကိုစစ်ဆေး၍ လက်ခံ အတည်ပြုသည်နှင့်အရေးပေါ်အခြေအနေဆိုင်ရာအချက်ပေးမှု (Emergency Signal) ကို ထုပ်ပြန်မည်ဖြစ်ပြီး နှုတ်မှလည်း ပဲ့ထိန်းစံနစ်ချို့ယွင်းနေခြင်းကြောင့် စုရပ် (Muster Station) တွင် သဘော`်ဝန်ထမ်းအားလုံးကို စုရုံးစေ၍ အရေးပေါ်တက်မကိုင်ရန်ညွှန်ကြားပါမည်။
၎။ ထိုအခါ သဘော`်ဝန်ထမ်းအားလုံးတို့သည် သတ်မှတ်ထားရာ စုရပ် တို့တွင်အမြန်ဆုံး စုရုံး၍ လူစစ်ခြင်း ၊ လိုအပ်သည့်ပစ္စည်းကိရိယာများ စစ်ဆေးခြင်း စသည့် အကြီးတန်းအရာရှိများ၏အမိန့်များအတိုင်း လိုက်နာ လုပ်ဆောင်ကြရမည်ဖြစ်ပြီး ရေယာဉ်မှူး (Master) အမိန့်ရရှိသောအခါ အရေးပေါ်တက်မကိုင်ရန် တက်မခန်း (Steering Room) သို့ ဆင်းကာ သဘော`်ဝန်ထမ်းတစ်ဦးချင်းစီအတွက် အရေးပေါ်အခြေအနေဆိုင်ရာစီမံချက် (Contingency Plan) တွင်ဖော်ပြထားသည့် တာဝန်ခွဲဝေစာရင်း (Muster List) မှ သီးခြားစီခွဲခြားထားသော လုပ်ငန်း တာဝန်များအတိုင်း တိကျစွာလိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။

အရေးပေါ်တက်မကိုင်စံနစ် (Emergency Steering) အတွက် လေ့ကျင့်ရေး (Drill) ပြုလုပ်ခြင်း
သဘော`်ဆိုသည်မှာ ပင်လယ်ပြင်တွင်မောင်းနှင်နေရင်း ပဲ့စင်မှ တက်မကို ထိမ်းချုပ်နိုင်စွမ်းမရှိတော့ဘဲ သဘော`်၏ ပဲ့ထိန်းစံနစ်ချို့ယွင်းခြင်း (Steering Failure) ဖြစ်ရပ်များသည် အချိန်အခါ နေရာ မရွေး ဖြစ်ပေါ်နိုင်သည့်အတွက် IMO မှ တင်းကျပ်သောဥပဒေများထုပ်ပြန်၍ အရေးပေါ်တက်မကိုင်စံနစ် (Emergency Steering) အတွက် ပုံမှန်လေ့ကျင့်ရေး (Drill) များကို ၃ လ လျှင်တစ်ကြိမ်ထက်မနည်း ပြုလုပ်ရန်ညွှန်ကြားထားသည့်အတွက် သဘော`်ဝန်ထမ်းများအနေဖြင့် Emergency Steering Drill ကို ရေယာဉ်မှူး (Master) ၏ ကြီးကြပ် ကွတ်ကဲမှုဖြင့် မဖြစ်မနေ လေ့ကျင့် လုပ်ဆောင်ကြရမည်ဖြစ်ပါသည်။ လုပ်ဆောင်ကြရမည့် လေ့ကျင့်ရေး အစီအစဉ်များမှာ အောက်ပါအတိုင်ဖြစ်ပါသည်။

၁။ ပဲ့စင်မှ တာဝန်ကျတက်မကိုင်သဘော`်ဝန်ထမ်း (A/B) သည် ပဲ့ထိန်းစံနစ်ချို့ယွင်းကြောင်း (Steering Failure) ကို တာဝန်ကျအရာရှိ (Duty Officer) ထံသတင်းပို့ပါမည်။
၂။ တာဝန်ကျအရာရှိသည်သတင်းပို့ချက်ကို စစ်ဆေး အတည်ပြု၍ ပဲ့ထိန်းစံနစ်ချို့ယွင်းနေကြောင်း (Steering Failure) ရေယာဉ်မှူး (Master) ထံ အစီရင်ခံတင်ပြပါမည်။ တချိန်တည်းမှာပင် စက်ခန်းရှိ တာဝန်ကျအင်ဂျင်နီယာ ထံသို့လည်းသတင်းပို့ပါမည်။
၃။ တာဝန်ကျအင်ဂျင်နီယာမှလည်း လိုအပ်သည်များကို အမြန်ဆုံးဆောင်ရွက်ထားရပါမည်။ (ဥပမာ - တက်မစံနစ်ချို့ယွင်းမှုကို စစ်ဆေးခြင်း ၊ အရေးပေါ်မီးစက်မောင်းနှင်ခြင်း စသည်များ…..)
၎။ ရေယာဉ်မှူး (Master) သည် အရေးပေါ်အခြေအနေဆိုင်ရာအချက်ပေးမှု (Emergency Signal) ကို ထုပ်ပြန်မည်ဖြစ်ပြီး နှုတ်မှလည်း ပဲ့ထိန်းစံနစ်ချို့ယွင်းနေခြင်းကြောင့် စုရပ် (Muster Station) တွင် သဘော`်ဝန်ထမ်း အားလုံးကို စုရုံးစေ၍ အရေးပေါ်တက်မကိုင်ရန်ညွှန်ကြားပါမည်။
၅။ သဘော`်ဝန်ထမ်းအားလုံးတို့သည် စုရပ် (Muster Station) တွင်အမြန်ဆုံး စုရုံး၍ လူစစ်ခြင်း ၊ လိုအပ်သည့်ပစ္စည်းကိရိယာများ စစ်ဆေးခြင်း စသည့် အကြီးတန်းအရာရှိများ၏အမိန့်များအတိုင်း လိုက်နာ လုပ်ဆောင်ကြပါမည်။ ရေယာဉ်မှူး (Master) အမိန့်ရရှိသောအခါ တက်မခန်း (Steering Room) သို့ အရေးပေါ်တက်မကိုင်ရန် တာဝန်ရှိသောသူများသာဆင်းပါမည်။
၆။ တက်မခန်း (Steering Room) နှင့် ပဲ့စင် (Bridge) တို့မှ သဘော`်၏ ဦးတည်ရာလမ်းကြောင်းမှန်ကန် ကိုက်ညီမှု ရှိ ၊ မရှိ ဆက်သွယ်ရေးစံနစ် (တယ်လီဖုန်း) ကောင်း မကောင်း တို့ကို သက်ဆိုင်ရာ အရာရှိမှ Compass နှင့် Telephone တို့ကို အသုံးပြု၍ စစ်ဆေးရပါမည်။
၇။ ပဲ့စင်မှ တက်မကို ထိမ်းချုပ်နိုင်စွမ်းမရှိတော့ဘဲ သဘော`်၏ ပဲ့ထိန်းစံနစ်ချို့ယွင်းခြင်း ဖြစ်စဉ် ပုံပေါ်လွင်စေရန် အတွက် တက်မခန်းရှိ Auto Pilot စံနစ်ကို ထိန်းချုပ်ပေးသော လျှပ်စစ်ခလုပ်ခုံကို သီးခြား (Isolate) လုပ်ရန် ယင်း၏ ခလုပ်ကို အကြီးတန်းအင်ဂျင်နီယာတစ်ဦးမှ ပိတ်ပါမည်။ (ထိုအခါ Alarm လာပါမည်။)
၈။ တက်မခန်းရှိ Hydraulic Steering System ကို အလုပ်လုပ်စေမည့် Hydraulic Pump ကို မောင်းနှင်မည့် Steering Motor တစ်လုံးကို မောင်းပါမည်။ No.1 Hydraulic Steering System ကို အသုံးပြုရန် No.1 Steering Motor ကို မောင်းရမည်ဖြစ်ပြီး No.2 Hydraulic Steering System ကို အသုံးပြုရန် No.2 Steering Motor ကို မောင်းရပါမည်။
၉။ မောင်းထားသည့် Steering System မှ Control Valve နှင့် ဆက်သွယ်ထားသည့် Electric Motor Operated Hydraulic Control Valve ပေါ်ရှိ မောင်းတံ (Lever) ကို လက်ဖြင့် ဘယ် (သို့မဟုတ်) ညာ သို့ တွန်းရွေ့ခြင်းဖြင့် သဘော`်၏ တက်မကို လိုရာသို့ ထိန်းချုပ်မောင်းနှင်ရပါမည်။
အချို့သဘော`်များမှာ Solenoid Operated Control Valve ကို Manually Operate လုပ်ရန် ၄င်း Valve အတွင်းသို့ Push Pin ကို ဘယ် (သို့မဟုတ်) ညာ သို့ တွန်းရွေ့ ထိုးသွင်း၍ တက်မ ကို လိုရာသို့ ထိန်းချုပ်မောင်းနှင်ရပါမည်။
အချို့သဘော`်ဟောင်း များမှာ Hydraulic Steering System ကို အရေးပေါ်အခြေအနေအတွက် အသုံးမပြုတော့ဘဲ သီးခြား (Isolate) လုပ်ကာ Pin အားဖြင့် Linkage ကို ပြောင်း၍ Mechanical Power အဖြစ် Gear Wheel ဖြင့် တက်မ ကို လိုရာသို့ ထိန်းချုပ်မောင်းနှင်ရပါမည်။
၁၀။ တက်မကို ဘယ် (သို့မဟုတ်) ညာ သို့ ပဲ့စဉ်မှ ညွှန်ကြားချက်အတိုင်း လှည့်နေစဉ်တွင် တက်မ၏ ရွေ့လျှား လှည့်ပတ်မှု ဒီဂရီကို ညွှန်ပြသည့် စကေးမှတဆင့် ပဲ့စဉ်၏ ရွေ့လျှား လှည့်ပတ်လိုသော ဒီဂရီနှင့် ကိုက်ညီမှု ရှိ ၊ မရှိ စစ်ဆေးရပါမည်။
၁၁။ အထက်ပါလေ့ကျင့်ခန်းကို တက်မကိုင်သဘော`်ဝန်ထမ်းများ (A/B များ) သည်ကျွမ်းကျင်မှုရှိရန် အထူးလေ့ကျင့် ရန်လိုအပ်ပြီး အခြားသဘော`်ဝန်ထမ်းများလည်း ပူးတွဲ လေ့ကျင့်သင့်ပါသည်။
၁၂။ အထောက်အကူပြုအဖွဲ့ (၂) – (Team 2) တွင်ပါဝင်သူများမှလည်း အရေးပေါ်တက်မကိုင်နေသည့်အဖွဲ့ (၁) သို့လိုအပ်သည့် အထောက်အပံ့ အကူအညီ ပေးခြင်းကိုလေ့ကျင့်ပါမည်။
၁၃။ ရေယာဉ်မှူး (Master) မှ လေ့ကျင့်ရေးကို နှစ်သက် ကျေနပ် မှု ရရှိပြီဆိုလျှင် လေ့ကျင့်ရေးကို ရုပ်သိမ်းပါမည်။
၁၄။ လေ့ကျင့်ရေး ရုပ်သိမ်းပြီးပါက Hydraulic Steering System ကို မူလပုံစံအတိုင်းပြန်လည်ထားရှိ၍ ပဲ့စင်မှထပ်မံစမ်းသပ် စစ်ဆေး၍ အားလုံးသည် ပုံမှန်အခြေအနေအတိုင်းရောက်ရှိပါက Auto Pilot သို့ ပြန်လည်ပြောင်းရွေ့ထားနိုင်ပါသည်။

Facts of applied regulation for Steering Gear
1. All ships must have Main and Auxiliary steering gear. [Failure of one will not render the other inoperative].
2. Main steering gear shall be powerful enough to put the rudder from 35° to 35° at maximum ahead speed at its deepest sea going draught.
Time taken to get 35° to 30° must not exceed 28 sec.
3. Auxiliary steering gear shall be of adequate strength, to steer at navigable speed [10 knots] and should be capable of being brought into action speedily in emergency.
Capable of putting the rudder over 15° to 15° in not more than 60 sec., with the ship at its deepest sea going draught, and running ahead at half of maximum ahead service speed or 7 knots, whichever is greater.
4. Relief valves shall be fitted to any part of hydraulic System, and setting not to exceed design pressure. (Design pressure is 1.25 times maximum working pressure).
5. Steering room must be readily accessible and separate from machinery space.
6. Means of communication between Bridge and steering Compartment provided.
7. Rudder angle indicator shall be independent of steering gear control system.
8. Electrical lead and fuses must be sized to accept 100% overload.
9. Fluid for hydraulic system must be of non-freezing type.
10. Alternative power supply, capable of providing power within 45 sec. automatically must be provided, when rudder stock diameter is over 230 mm.
Its capacity at least 30 minutes for ships [every tanker, chemical tanker or gas carrier] of 10,000 GRT and above, and 10 minutes for other ships [70,000 GRT and above].

ရေးသားသူ -
ညီညီထွေး (အင်ဂျင်နီယာမှူး)

No comments:

Post a Comment