Wednesday, September 26, 2012

စာအုပ်ပုံစံအသစ်





ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် မြန်မာနိုင်ငံ ကုန်သည်သင်္ဘောများအက်ဥပဒေ ပုဒ်မ ၄၃ နှင့် ၄၃ (က) အရ ထုတ်ပေးလျှက်ရှိသော Continuous Certificate of Discharge (CDC) စာအုပ်များကို ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့မှစ၍ ခေတ်နှင့်လျော်ညီသော လုံခြုံမှုစနစ်များ ထည့်သွင်းထားသည့် စာအုပ်ပုံစံအသစ်များဖြင့် လဲလှယ် ထုတ်ပေးသွားမည်ဖြစ်ပါသည်။ ယခုထုတ်ပေးမည့်စာအုပ်ပုံစံအသစ်သည် နိုင်ငံတကာ စံနှုန်းနှင့်အညီ ၅နှစ်သက်တ
မ်း ခွင့်ပြုမည်ဖြစ်ပြီး သက်တမ်းကုန်ဆုံးမည့်ရက်အား ထည့်သွင်းဖော်ပြထားပါသည်။ စာအုပ်အသစ်လဲလှယ်ပြီးပါက ယခင်မူလ စာအုပ်အဟောင်းအား ဌာနမှ သိမ်းဆည်းထားမည်မဟုတ်ဘဲ ပင်လယ်ပြင်လုပ်သက်မှတ်တမ်းအတွက် ဆက်လက် အသုံးပြုနိုင်ရန် ပြန်လည် ထုတ်ပေးထားမည်ဖြစ်ပါသည်။
ယခင်ထုတ်ပေးထားသော မူလစာအုပ်ပုံစံအဟောင်းများကို ကိုင်ဆောင်ထားကြသူများသည် ၃၁.၁၂.၂၀၁၄ ရက်နေ့အထိ ဆက်လက်ကိုင်ဆောင် အသုံးပြုခွင့်ရရှိမည်ဖြစ်ပြီး ယင်းသတ်မှတ်ရက် နောက်ဆုံးထား၍ အပြီးလဲလှယ်သွားရမည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
 
CDC စာအုပ်ပုံစံ အသစ်အား ပင်လယ်ပြင်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော သင်္ဘောသားများနှင့် မြန်မာနိုင်ငံတွင် ရောက်ရှိနေပြီး အသစ်လဲလှယ်ရန် ပြုလုပ်လျက်ရှိသော သင်္ဘောသားများအတွက် ရည်ရွယ်၍ ဖော်ပြပေးခြင်းဖြစ်ပါသည် ။ ဗဟုသုတအနေနှင့် ဖော်ပြပေးခြင်းသာဖြစ်ပြီး အခြားမည်သို့သော ရည်ရွယ်ချက်များ မပါရှိပါကြောင်း ။

via Pauk Lay ( MSU @ facebook member )
 
 

No comments:

Post a Comment