Tuesday, November 26, 2013

MEO Class I ,MEO Class I+II , MEO Class III သင်တန်းသား.များ..သိသာရန်..


ရေကြောင်းအင်ဂျင်နီယာဘက်ဆိုင်ရာ..ပညာရေးစနစ်သစ်. စာမေးပွဲ...ပုံစံကို. .ပြောပြလိုပါသည်..။
သက်ဆိုင်ရာ..သင်တန်းကျောင်းများသည်.. သင်တန်းကာလပြီးဆုံးလျှင်..
သင်တန်းသားများကို..သက်ဆိုင်ရာဘာသာရပ်အလိုက်..
Pretest Exam စစ်ဆေးရပါမည်..။
။။။။။။။။။။။။။။။။။။။
Pretest Exam တွင်..စစ်ဆေးမည့်..မေးခွန်းများကို..သက်ဆိုင်ရာ.. သင်တန်းကျောင်းများမှ..ဘာသာရပ်အသီးသီးအတွက်ပြုစုပြီးနောက်.
DMA သို့တင်ပြရပါမည်..။
။။။။။။။။။။။။။။။။။။
မေးခွန်းအဆင့်ရှိလျှင်.၊ Question Weight ညီလျှင်...ခွင့်ပြုပါမည်..။
အဆင့်နှိမ့်သည်..။ သို့မဟုတ်..Question Weight ချိန်ဆမှု..မညီဟု..ထင်လျှင်..
Pretest Questions များကို..ပြန်လည်.ပြုစု.တင်ပြရပါမည်..။
။။။။။။။။။။။။။။။။။
အဆိုပါ..တင်ပြထားသော..Pretest Question Set များထဲမှ..တစ်စုံကို..
Pretest စစ်ဆေးမည့်နေ့..စာမေးပွဲဖြေရန် ၁၅ မိနစ်ခန့်အလိုတွင်..မဲနှိုက်ရွေးချယ်ပြီး
မေးပါမည်..။
။။။။။။။။။။။။။။။။။
Pretest Exam ကို..DMA တာဝန်ရှိသူ..တစ်ဦးမှ..Monitor လုပ်နေပါမည်..။
။။။။။။။။။။။။။။။။။
Pretest Exam Answer Paper များကို.သင်တန်းကျောင်းမှ.. .စစ်ဆေး..အမှတ်ပေးပြီးနောက်
Counter Check စစ်ဆေးနိုင်ရန်အတွက်..DMA သို့..တင်ပြရပါမည်..။
။။။။။။။။။။။။။။။။။
အတည်ပြုချက်ရ..ပြီးမှ..Pretest Exam အောင်စာရင်း..ထုတ်ပြန်ပါမည်..။
။။။။။။။။။။။။။။။။။
Pretest Exam တွင်..ကျရှံးဘာသာရပ်များရှိပါက..၊
အဆိုပါ..ဘာသာရပ်များကို..ပြန်လည်..ဖြေဆိုရပါမည်..။
။။။။။။။။။။။။။။။။
Pretest Exam တွင်ဘာသာရပ်အားလုံးကို. အောင်မြင်ပြီးသူများသာ...
BoE (Board of Exam) မှ ကျင်းပသည့်..CoC (Certificate of Competency) စာမေးပွဲများ..ကို..ဖြေဆိုခွင့်ရရှိမည်...ဖြစ်ပါသည်..။
။။။။။။။။။။။။။။။။
Pretest Exam ကို..ပေါ့ပေါ့ဆဆ..ဖြေဆိုခြင်းမပြုကြရန်..အသိပေး.လိုပါသည်..။
။။။။။။။။။။။။။။။
ဝင်းအောင်
ရေကြောင်း ကျောင်းဆရာ..

Vindskip Ship Concept: Using Hull To Harness Wind Energy

Vindskip (or Windship) is a merchant ship concept designed by the Norwegian designers at Lade AS. The eco-friendly ship concept aims to harness the power of wind to achieve fuel savings of 60 percent while reducing emissions by 80 percent.    



Unlike any other shipping concept launched until now, the Windship utilizes a unique hull design, a symmetrical airfoil design inspired from the Aerospace industry.

vindskip wind ship

According to Gizmag, the patented design of the hybrid ship helps to harness a force akin to aerodynamic lift, pulling the ship along. The symmetrical airfoil, which resembles a ‘normal’ sail, ensures that the “lift” is generated when the wind comes from both port and starboard sides.

The company suggests that a computer navigation system could pull in weather data to plot an optimal course. The ship would use a liquefied natural gas-powered electrical generator for the remainder of its energy requirements and to get going from a standstill.

ှsource : Marine Insight

Professional

Professional
။။။။။။။။။။။။။။။။
ဘယ် ပညာရပ်မှာ ဘဲဖြစ်ဖြစ်.. Professional တစ်ယောက် ဖြစ်လာဘို့..အသိပညာရှင်..အတတ်ပညာရှင် တစ်ယောက်..ဖြစ်လာဘို့..
။။။။။။။။။။။။။။။။။
စိတ်ကူးယဉ်ပြီး..ရလာတာ..မဟုတ်ဘူး...
။။။။။
ဆုတောင်းပြီး..ရလာတာ.မဟုတ်ဘူး...
။။။။။
အမေလိုက်..ပြောပေးလို့..ရလာတာ..မဟုတ်ဘူး...
။။။။။
ပိုက်ဆံနဲ့ဝယ်လို့..ရလာတာ..မဟုတ်ဘူး...
။။။။။
ချစ်ချစ်က..ပေးတဲ့..မွေးနေ့လက်ဆောင်..မဟုတ်ဘူး..
။။။။။။
ကျောင်းတက်မှန်လို့..ရလာတာ..မဟုတ်ဘူး..
။။။။။။
လေ့လာချင်စိတ်..ရှိပြီး..
ကိုယ်တိုင်ဖတ်လာတဲ့..လေ့လာထားတဲ့...စာသိ..
။။။။။
လုပ်ချင်..ကိုင်ချင်စိတ်..ရှိပြီး..
လုပ်ငန်းထဲမှာ..လက်တွေ့၊ မျက်မြင်..လေ့လာခဲ့တဲ့အတွေ့အကြုံ ၊
ကိုယ်တိုင်လုပ်ခဲ့ ကိုင်ခဲ့တဲ့...လုပ်ငန်း..အတွေ့အကြုံ
။။။။။
အဲဒီ..စာတွေ့နဲ့လက်တွေ့...နှစ်ခုကို..ပေါင်းစပ်ပြီး..
ကိုယ့်.အလုပ်ထဲမှာ.၊ ကိုယ်ကျင်လည်ရာ.ပညာရပ်အသိုင်းအ၀ိုင်းမှာ..၊
ကျရာတာဝန်ကို..ကျေပြွန်ယုံမက..၊.တိုးတက်အောင်..စေတနာထား..
လုပ်နိုင်၊ လုပ်ပြနိုင်မှ..။
လုပ်ငန်းတူ..အတတ်ပညာရှင်တွေ..အသိပညာရှင်တွေ.၊ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေ..ကလည်းလေးစား..ပြီး..
Professional..ဖြစ်လာမှာ..။
။။။။။
ဘွဲ့ရ..တိုင်း..Professional ..မဟုတ်ဘူး..
ရာထူးကြီးတိုင်း..Professional..မဟုတ်ဘူး..
။။။။။။
စိတ်ဓါတ်..လိုသေးတယ်..
တာဝန်ယူထားရတဲ့..အလုပ်ကို.ပြီးမြောက်အောင်၊ ကောင်းအောင်၊ မရမနေ..လုပ်တဲ့..ကြိုးစားတဲ့စိတ်..။
ကိုယ့်တာဝန်ကို..ကျေပြွန်ယုံ..
ဝတ်ကျေတန်းကျေ.ယုံ..မလုပ်ဘဲ..၊
ကိုယ့်တာဝန်ကို..လေးစားတဲ့...တန်ဘိုးထား.တဲ့.စိတ်ပါရှိ.ဘို့..လိုတယ်..။
။။။။။။။
Professional တစ်ယောက်ဖြစ်လာဘို့က..
သက်ဆိုင်ရာ..အတတ်ပညာချည်းဘဲ..သင်နေလို့မရဘူး..
ခံယူရမဲ့..စိတ်ဓါတ်..၊
မွေးမြူရမဲ့..စိတ်ထား.၊
လိုက်နာသင့်တဲ့..ကျင့်ဝတ်..၊
အဲဒီ..စိတ်ဓါတ်ပိုင်းဆိုင်ရာ
အတွေး..အမြင်..အသိ..တွေကိုပါ..သင်ယူနေရမယ်.။
။။။။။။။။
အဲဒီလို..ဖြစ်ဘို့..
လူငယ်မှာလည်း..တာဝန်ရှိတယ်..
လူကြီးတွေမှာလည်း..တာဝန်ရှိတယ်..
(မိဘ..တွေလည်း..ပါသည်။ စီမံ.အုပ်ချုပ်သူများလည်းပါသည်..။)
သင်တန်းသားမှာလည်း..တာဝန်ရှိတယ်..
သင်တန်းဆရာမှာလည်း..တာဝန်ရှိတယ်..
တာဝန်အရှိဆုံးက..ကာယကံရှင်..
။။။။။။။
နောက်ထပ်..ပြောချင်သေးတာက..
စာသင်ယုံ..သင်နေရင်..
အဲဒီကျောင်းဆရာ.လည်း...Professional ကျောင်းဆရာ..မဟုတ်ဘူး..။
လူငယ်တွေကို..အတွေး..အမြင်..အသိတွေပါ..သင်ပေးရမယ်..။
ကျင့်ဝတ်တွေ..၊ လူ့လောက..စံတွေ..၊ ရှင်းပြရမယ်..။
ဒီခေတ်..ဒီအခြေအနေမှာ..ပိုလို့..သင်ပေးရမယ်လို့.တောင်..မြင်မိပါတယ်..။
။။။။။။
ဘာလို့လဲဆိုတော့..တစ်နိုင်ငံလုံး..စံလွဲ..နေတာကြာပြီ..မို့..။
။။။။။။။
ဝင်းအောင်
ရေကြောင်း..ကျောင်းဆရာ..

လူငယ်တစ်ဦး လုပ်ငန်းရှင် ဖြစ်ဖို့ ဆိုသည်မှာ ( လူငယ်များ ဖတ်ရန် )


ငယ်ငယ်ရွယ်ရွယ်နဲ့ သူဌေး ဖြစ်နည်း၊ ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်ငန်းရှင်ဖြစ် နည်း ဆိုတာ တကယ်ပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ သူဌေး ဖြစ်မှ၊ လုပ်ငန်းရှင်ဖြစ်မှ ရေးလို့ကောင်းတဲ့ အရာ ဖြစ်ပါတယ်။ ယခု ဒါကို စာရေးသူ မောင်အောင်ခမ်းမှ ရေးပါပြီ။ သို့ပေမယ့် ခေါင်းစဉ်ကို မြန်မာပြည် က လူငယ်တစ်ဦးရဲ့  လုပ်ငန်းရှင် အိပ်မ မြန်မာပြည်မှာ လူငယ်တစ်ဦး လုပ်ငန်းရှင်ဖြစ်ဖို့ ဆိုတာ လို့ပဲ ပေးထားပါတယ်။ ဒါဆို လုပ်ငန်းရှင်ဟုတ် မဟုတ် စာရေးသူများ သံသယ ဝင်စရာ ရှိပါတယ်။ စာရေးသူ လက်ရှိ အခြေအနေကို တင်ပြပါမယ်။

အသက်က ၉၂ခုနှစ် ဇွန်လ ဖွားဆိုတော့ ၂၁နှစ် ထဲ ဝင်နေပါပြီ။ အလုပ်အကိုင်ကတော့ နည်းပညာ ဂျာနယ် တစ်ခုမှာ အယ်ဒီတာ၊ အွန်လိုင်း သတင်းစုံမီဒီယာ ဝဘ်ဆိုဒ် တစ်ခုမှာ အယ်ဒီတာချုပ်၊ မော်တော်ယာဉ် အွန်လိုင်း သတင်းဝဘ်ဆိုဒ်တစ်ခုမှာ အယ်ဒီတာ၊ နာမည်ကြီး မဂ္ဂဇင်း အချို့ မှာ လစဉ်ဆောင်းပါးရှင်၊ အွန်လိုင်းစီးပွားရေး ကုမ္မဏီိတစ်ခုမှာ စီးပွားရေး အကြံပေး၊ ရုပ်သံချယ်နယ်လမ်းညွှန် ဂျာနယ်တစ်ခုမှာ ဘာသာပြန် အစရှိတဲ့ အလုပ်များ အပြင် ကလေးများကို စာသင်စာပြတဲ့ အချိန်ပိုင်း ဆရာလည်း လုပ်ပါသေးတယ်။ ဒါတွေက စာရေးသူကို လုပ်ငန်းရှင် မဖြစ်စေသေးပါဘူး။ စာရေးသူကို လုပ်ငန်းရှင် ဖြစ်စေမယ့် အရာကတော့ တစ်ဦးတည်း ကြိုးစား ပန်းစား ရေးသားတင်ဆက်နေ တဲ့ အွန်လိုင်းမီဒီယာ www.innewsmyanmar.com ဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိ စာရေးသူရဲ့  လစဉ် စုစုပေါင်း ဝင်ငွေဟာ ဒေါ်လာ ၈၀၀ နဲ့ ၁၀၀၀ ကြားမှာ ရှိနေပါတယ်။ ကမ်းလှမ်းထားတဲ့ ပရောဂျက်များလည်း ရှိနေပါသေးတယ်။ စာရေးသူ လုပ်တဲ့ အလုပ်တိုင်းအတွက် ရုံးတက်စရာ မလိုပါဘူး။ အင်တာနက် လိုင်းရှိတဲ့ ဘယ်နေရာကနေ မဆို လုပ်လို့ရတဲ့ အလုပ်ဖြစ်တဲ့အတွက် အလုပ် ဒီထပ်တိုးလာလည်း ကိုယ်လုပ်နိုင်ဖို့ပဲ လိုတာ ဖြစ်ပါတယ်။ မြန်မာပြည်မှာတင် ကန်ဒေါ်လာ ၈၀၀ ဝန်းကျင်ဆို မိသားစု တစ်ခု ရပ်တည်ဖို့ အတွက် လုံလောက်တဲ့ ငွေပမာဏ ဖြစ် ပါတယ်။  ပြီးတော့ International news for myanmar ကို အွန်လိုင်း မီဒီယာကြီး တစ်ခု ပီပီပြင်ပြင် ဖြစ်လာဖို့ စီးပွားရေး လုပ်ငန်းရှင်အချို့ ရဲ့   အကျိုးတူ ပူးပေါင်းဆောင်ရွက် မှု ရရှိအောင် ဆွေးနွေးတိုင် ပင်နေပြီ ဖြစ် ပါတယ်။ ဒီလောက်ဆိုရင် မြန်မာပြည်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်ငန်းရှင် တစ်ယောက် ဖြစ်လာဖို့ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးရေးဖို့ စာဖတ်သူတို့ လက်ခံပြီလို့ မျော်လင့်ပါ တယ်။

စာရေးသူ ပညာရေးနှင့် မိသားစု

ကျွန်တော် မောင်အောင်ခမ်းက စင်္ကာပူပြန်လည်း မဟုတ်ပါ။ မျိုးရိုးစဉ်ဆက် ချမ်းသာသူလည်း မဟုတ်ရပါ။ ရေကြောင်းပညာကောလိပ် အပတ်စဉ် ၃ မှာ အင်ဂျင်နေယာအရာရှိလောင်း ဘာသာရပ်နဲ့ အဆင့် ၁ ရအောင် ယူလာ သူ ဖြစ်ပါတယ်။ အဲ့တုန်းကတော့ ခံယူချက် တစ်ခုတည်းနဲ့ ကြိုးစား ခဲ့ခြင်း ဖြစ်ပါတယ်။ အဆင့် ၁ နဲ့ ကျောင်းပြီးတဲ့အခါ သင်္ဘောသားအေး ဂျင့်များက အလွယ်တကူခေါ်ယူတယ်လို့ ကြားဖူးတော့ သူများတွေလို သီအိုရီ၊ လက်တွေ့ နှစ်မျိုးကို နားလည်မှ ကျက်မယ်၊မှတ်မယ်၊ လေ့လာ မယ်လို့ ခေါင်းမမာတော့ပဲ စာမေးပွဲမှာ အမှတ်ပြည့် ရဖို့ပဲ ကြိုးစားခဲ့ပါတယ်။ တကယ်လည်း ရခဲ့ပါတယ်။ သို့ပေမယ့် ကျောင်းပြီးတဲ့အခါ ထင်သလိုမဟုတ် ပဲ သင်္ဘောတက်ဖို့ဆိုတာ ခက်ခဲတဲ့ အခြေအနေဖြစ်ပါတယ်။ စာရေးသူက ဆင်းရဲပါတယ်။ အေးဂျင့်ဖိုး သိန်း ဆယ်ချီပေးပြီး သင်္ဘောပေါ်တက်ဖို့ မစွမ်းသာပါဘူး။

ဒီမှာ ၁ ကစလို့ ပြန်စဉ်းစားကြည့်ပါတယ်။ “ငါဘာလို့ သင်္ဘောတက်ချင်တာ လဲ။ အရာရှိ ဖြစ်ချင်တာလဲ။ ငွေကြောင့်လား၊ ဂုဏ်ကြောင့်လား” အတွေးက နဂိုကတည်းက ရှိပါတယ်။ မြန်မာပြည်က လူငယ်တော်တော်များများမှာ လွမ်းမိုးနေတာက ငွေနဲ့ ဂုဏ်နဲ့ မိသားစု ခံယူချက် ဖြစ်ပါတယ်။ ဒီ သုံးခုရဲ့  လွမ်းမိုးမှုကို စာရေးသူ ခံခဲ့ရပါတယ်။ မိသားစု ဆင်းရဲတွင်းကလွတ် ရန်၊ ငွေချမ်းသာရန်၊ ဂုဏ်ချမ်းသာရန် ရည်ရွယ်ချက် အားလုံးနဲ့ သင်္ဘောသားအရာရှိ ဖြစ်ရမယ်လို့ မသိမလိုနဲ့ ခံယူချက်လေး တစ်ခု ကိန်းအောင်းခဲ့ပါတယ်။ သင်္ဘောတက်ရန် အခက်အခဲတွေတွေ့လာတော့ ယင်းခံယူချက်တွေ ရော့ရဲ လာပါတယ်။ ဘဝရဲ့  အဓိပ္ပါယ်ကို ပြန်လည်အဖြေ ရှာကြည့်ပါတယ်။ ကိုယ့်ကိုယ်ကို ပြန်လည် အဖြေရှာကြည့်ပါတယ်။

စာရေးသူ ကျောင်းပြီးပြီးချင်း အလုပ်လုပ်ပြီး ဘာသာရေးလည်း လုပ်ပါ တယ်။ အခုဆို အဘိဓမ္မာ အခြေခံ သုံးဆင့်အောင်၊ အဘိဓမ္မာ ဂုဏ်ထူးဆောင် (ဋီကာကျော်) လည်း အောင်မြင်ပြီး ဖြစ်ပါတယ်။ ဒီထက် ပိုမို အဆင့်မြ့င်မားတဲ့ ဗုဒ္ဓဘာသာ စာပေများကို ဆက်လက်လေ့လာဆည်းပူး မှာ ဖြစ်ပါတယ်။  ကျောင်းပြီးပြီးချင်း ဘာသာရေးကျောင်း၊သင်တန်း ဆက်တက်ပြီး အလုပ်လည်းတွဲလုပ်ပါတယ်။ အဲ့တုန်းက အသက် ၁၈ နှစ်ပဲ ရှိပါသေးတယ်။ သတင်းမီဒီယာဝဘ်ဆိုဒ် တစ်ခုမှာ ဘာသာပြန်အနေနဲ့ အခြေခံကစလုပ်ရခြင်း ဖြစ်ပါတယ်။ အင်္ဂလိပ်စာကလည်း သင်တန်းကြီးတွေ မတက်ဖူးထားပေမယ့် ပညာဒါန ကျောင်းတစ်ခုမှာ တက်ထားဖူး၊ ကိုယ်တိုင်လည်း လေ့လာအားလေးလည်း ရှိတော့ ဘာသာပြန်လုပ်ရတာ အဆင်ပြေတယ်လို့ ဆိုရပါမယ်။ ၁၀ တန်းကိုတော့ ရန်ကုန်မှာပဲ ဂုဏ်ထူး လေးဘာသာနဲ့ အောင်မြင်ခဲ့ခြင်း ဖြစ်ပါတယ်။ မိဘများ ဇာတိက တောင်ကြီးဖြစ်ပေမယ့် သားသမီးပညာရေးရှေးရှုလို့ ရန်ကုန်ကို မိသားစုဝင် အားလုံး ရန်ကုန်ကို ယာယီပြောင်းရွေ့ လာပေးပါတယ်။ စာရေးသူ ကျောင်းပြီးတော့ ဌာနေသို့ပြန်သွားခဲ့ပြီး ဖြစ်ပါတယ်။ လက်ရှိမှာ မိဘနဲ့ ညီမကို လစဉ်ထောက်ပံ့လျက် ရှိပါတယ်။

ကျွန်တော်နှင့် အလုပ်ကြိုးစားမှု

သင်္ဘောသား ဖြစ်ရန် စာရွက်စာတန်းများ စုရင်း၊ သင်တန်းများတက်ရင်း မီဒီယာလုပ်ငန်းတွေမှာလည်း လုပ်ကိုင်ပါတယ်။ ဒီလိုနဲ့ လုပ်ရင်းက မီဒီယာမှာ ဝါသနာလည်း ပါနေတော့ တော်တော်လေး ခရီးရောက်တယ်လို့ ဆိုရပါမယ်။ ဒါဆို ဝါသနာ ဆိုတာကို သိဖို့လိုအပ် လာပြန်ပါတယ်။ စာရေးသူကတော့ ဝါသနာဘာပါလဲဆိုတာကို သေသေချာချာတောင် မသိသေးပါဘူး။ စာရေးနေရတော့ စာရေးရတာ ကြိုက်တာမှန်ပေမယ့် မရေးရလဲ ဘာမှ မဖြစ်ဘူးဆိုတော့ ဒါကို ဝါသနာလို့ မဆိုသာပြန်ပါ ဘူး။ ရေကြောင်းအင်ဂျင်နေယာဘာသာရပ်မှာ အမှတ်ပြည့်ရထားပေမယ့် အင်ဂျင်နေယာ ဖြစ်ဖို့ ဝါသနာ ပါလားဆိုတာကိုလည်း ကိုယ့်ကိုယ်ကို ပြန်လည်အဖြေရှာကြည့်ဆဲ ဖြစ်ပါတယ်။

ဒီလိုနဲ့အဖြေတွေရှာရင်း Facebook ကိုအခြေခံလို့ Blog တွေ၊ ဝဘ်ဆိုဒ်တွေ အထိကို တစ်ဆင့်ပြီး တစ်ဆင့် ကောင်းနိုးရာရာ ဗဟုသုတွေ ရှာဖတ်၊ သူများလည်း ဖတ်လို့ရအောင် လိုက်ဘာသာပြန်ပေး၊ မျှဝေပေးရင်း မီဒီယာအလုပ်ကို လုပ်နေမှန်းမသိလုပ်နေပြီး ဒီအခြေအနေ ကို ရောက်ရှိ လာပါတယ်။ သူများတွေ Facebook ကို ဘဝပျော်ရွှင်ရာ အပန်းဖြေဖို့ အသုံးပြုနေချိန်မှာ စာရေးသူကတော့ ဟိုဖက်ဒီဖက်၊ ဟိုလေ့လာဒီလေ့ လာနဲ့အချိန်ကုန်ပါတယ်။ လေ့လာရသမျှ၊ ဖတ်ရသမျှ၊ သတင်း၊ ဗဟုသုတ တွေကို ပြန်လည် ဘာသာပြန်ရင်း၊ ကိုယ်လေ့လာထားတဲ့ ဘာသာရေးအသိအမြင် ဘဝအသိအမြင် များကို ဆောင်း ပါးရေး ပြန် လည်ချပြရင်း စာရေးဆရာ ဖြစ်လို့ဖြစ်မှန်းမသိ ဖြစ်လာပါတယ်။ ကိုယ့်အကြောင်းကိုယ်ပြောတာ အတော်လေး များပါပြီ။ ဒီတော့ လုပ်ငန်းရှင် ဖြစ်ဖို့ ဘယ်လိုကြိုးစားမယ် ဆိုတာကို အတိုဆုံးပဲဖောပြလိုက် ပါမယ်။ နောက် အခွင့်ကြုံမှာ ဆောင်းပါးရှည် သီးသန့် ထပ်ရေးပြီး မြန်မာပြည် က လူငယ်များအတွက် အားပေးစကားများနဲ့ အိုင်ဒီယာများ မျှဝေပေးချင် ပါသေးတယ်။

ဒီလိုနဲ့ ဆက်သွယ်လာတဲ့ မီဒီယာကုမ္မဏီများ၊ ဝဘ်ဆိုဒ်များရှိလာပြီး ပုံနှိပ်မီဒီယာမှာလည်း မိတ်ဆွေတွေ တိုးလာပြီး အပြင်မျာ တွေ့ဆုံပါတယ်။ သူတို့လုပ်ငန်းအကြောင်း နားထောင်၊ ကိုယ်လုပ်တာတွေ ပြန်ပြောပြ ဒီလိုနဲ့ သူတို့ ဝဘ်ဆိုဒ်မှာ ဝင်ရေးဖို့ ကူညီပေး၊ ပုံနှိပ်ဂျာနယ်တွေမှာ ကူညီပေးရင်း၊ လုပ်ရင်း၊လုပ်ရင်းနဲ့ ဂျာနယ်တစ်ခုမှာ အယ်ဒီတာ ရာထူးရပြန်ပါတယ်။ အယ်ဒီတာ ရာထူးဆိုလို့ ရုံး တကူးတက သွားစရာ မလိုပါဘူး။ အင်တာနက် လိုင်းကောင်းတဲ့ နေရာကို ရှာလို့ ထိုင်လုပ်ရုံပဲဖြစ်ပါတယ်။  ဂျာနယ်ရဲ့ အွန်လိုင်းစာမျက်နှာကို တာဝန်ယူထားရသူ ဖြစ်ပါတယ်။  အလုပ်အားလုံး အင်တာနက်လိုင်းရှိတဲ့နေရာကနေ ထိုင်လုပ်ရုံပဲ ဖြစ်ပါတယ်။ အချိန် တန်တော့ လစာထုတ်ရုံပါပဲ။ သို့ပေမယ့် အလုပ်တစ်ခုကတော့ တစ်ပတ်မှာ တစ်ရက်သာ ရုံးတက်စရာလိုပြီး တက်တဲ့ တစ်ရက်တိုင်းကို ၃၅ ဒေါ်လာပေး ပါတယ်။ နိုင်ငံခြားကုမ္မဏီတစ်ခု ဖြစ်ပြီး ၎င်းတို့ဝဘ်ဆိုဒ်များကို မြန်မာပြည် မှာ ဘယ်လို ထိုးဖောက်ရမယ် ဆိုတာ ရှိတဲ့ အိုင်ဒီယာလေး မျှဝေပေးနေ၊ ကူညီပေးနေခြင်း ဖြစ်ပါတယ်။

Facebook ကို ကျေးဇူးတင်ခြင်း

ဒီလောက်ဆို စာရေးသူ ဘယ်လိုကြိုးစားတယ်ဆိုတာ သိဖို့လည်း လိုပါအုံး မယ်။ ကျွန်တော် Facebook တည်ထောင်သူ ဇူကာဘတ်ကို ကျေးဇူး အရမ်းတင်ပါတယ်။ သူ့ကြောင့်ပဲ ကျွန်တော်ဒီလိုအခြေအနေ ရောက်ရတာပါ။ သူများတကာ တွေ ရုံးမှာ ဖေ့စ်ဘွတ်သုံးလို့ သူဌေးက ပိတ်ခိုင်းနေချိန် ကျွန်တော်ကတော့ ဖေ့စ်ဘွတ်သုံးတိုင်း ပိုက်ဆံရနေပါတယ်။ စာဖတ်ရတဲ့ အတွက် အင်္ဂလိပ်စာတိုးတက်မှု ကလည်း မြန်ပါတယ်။ ဝေါဟာရ အသစ်များတိုးပါတယ်။

လုပ်ရင်းက မီဒီယာတင်မကတော့ပါဘူး။ ဒီ အွန်လိုင်းမီဒီယာကို အခြေပြုလို့ ဘယ်လိုငွေရမယ်ဆိုတာကိုပါ လေ့လာရပြန်ပါတယ်။ နိုင်ငံခြားက ဝဘ်ဆိုဒ်တွေကို လေ့လာပါတယ်။ ကုန်ပစ္စည်းကြော်ငြာတဲ့ နည်းဗျူဟာ များကို ပြန်လေ့လာပါတယ်။ မြန်မာပြည်ရဲ့  အင်တာနက် ကွန်ရက်ပေါ်ကို စီးပွားရေးလုပ်ငန်းရှင်တွေ ဘယ်လိုအာရုံ စိုက်လာအောင် ဘယ်လို ကြိုးစား စည်းရုံးရမယ် ဆိုတဲ့ နည်းလမ်းများကို ပြန်လေ့လာပါတယ်။ သူများ တကာ နိုင်ငံခြား ဝဘ်ဆိုဒ်တွေက တစ်လဝင်ငွေ ဒေါ်လာ ထောင်သောင်း မက ရှိပေမယ့် မြန်မာပြည် ဝဘ်ဆိုဒ်များကတော့ မရှိသေးပါဘူး။ မြန်မာပြည် မှာ အင်တာနက် အသုံးပြုသူအရေအတွက် တိုးတက်ဆဲရှိနေသေးပြီး အွန်လိုင်းကြော်ငြာနည်းစနစ်က အကျိုးသက်ရောက်မှု ဘယ်လိုရှိတယ် ဆိုတာကိုပါ သိအောင် လုပ်ပေးရအုံးမှာ ဖြစ် ပါတယ်။ လေ့လာရ အုံး မှာ ဖြစ်ပါတယ်။

ဒီလိုနဲ့ Facebook မှာ တွေ့ကရာ လုပ်ငန်းရှင်တွေ၊ နာမည်ကြီးလူတွေ လိုက် Add ပါတယ်။ မိတ်ဆက်ပါတယ်။ ကိုယ်အခုလုပ်နေတာတွေပြောပြပါတယ်။ သူလုပ်နေတာတွေ ပြန်နားထောင်ပါတယ်။ သင်ယူလို့ရတာ သင်ယူပြီး ပူးပေါင်းလို့ရမယ်လူကျ ပူးပေါင်းပါတယ်။ ကံကောင်းအကြောင်း လှလို့ ပြည်ပကနေ မြန်မာပြည်လာမယ့် လုပ်ငန်းရှင်တွေနဲ့တောင်  ရှားရှားပါးပါးတွေ့ဆုံရပြီး မြန်မာပြည်မှာ ကုန်ပစ္စည်း ဘယ်လိုကြော်ငြာ မလည်းလို့ အကြံဥာဏ် တောင်းဆိုခြင်း ခံရပါတယ်။ ဒီလိုနဲ့ သိတဲ့အကြောင်း အရာလေးတွေ ရှင်းပြပြောပြတော့ စာရေးသူရဲ့  အိုင်ဒီယာနဲ့ မီဒီယာ ဝဘ်ဆိုဒ်တွေကို သဘောကျလာပါတယ်။ အပြင်ပိုင်း ကြော်ငြာမှု၊ မားကတ် ဆင်းမှုမှာ အကုန်ကျများပေမယ့် အွန်လိုင်းမှာ ဈေးသက်သက်သက်သာသာ နဲ့လုပ်နိုင်တယ်ဆိုတာကို သိလာတော့ ထုတ်ကုန်ပစ္စည်းလုပ်ငန်းရှင် အချို့ လည်း စိတ်ဝင်စားလာပါတယ်။ လူငယ်တွေတင်မကပဲ လူကြီးအရေအတွက် ပါတိုးလာတဲ့ မြန်မာ့အင်တာနက် ကွန်ရက်မှာ စာရေးသူတို့က အကျိုးရှိရာ သတင်းအချက်၊ ဗဟုသုတကို မျှဝေမယ်။ ဒါကိုအခြေပြုလို့ ထုတ်ကုန်ပစ္စည်းကြော်ငြာ ကုမ္မဏီများကိုလည်း စိတ်ပါဝင်စားလာအောင်၊ သိရှိလာအောင် ဆွေးနွေးတိုင်ပင်ပြီး စပွန်ဆာရှစ်ပ်၊ ပါတနာရှစ်ပ် အစရှိသဖြင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်တည်လာဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

လုပ်ငန်းရှင် ဖြစ်ဖို့ဆိုတာ

ဒီတော့ လုပ်ငန်းရှင် ဖြစ်ဖို့ဆိုတာ ကိုယ်သိတာလေး တစ်ခုနဲ့သွားလို့မရဘူး ဆိုတာ သိလာပါတယ်။ အဘက်ဘက်က လိုအပ်တဲ့ အရည် အချင်းတွေ၊ လေ့လာမှုတွေ၊ သင်ယူမှုတွေလည်း လိုအပ်နေသေးတယ် ဆိုတော့ ဒါတွေကို အဆက်မပြတ်ရအောင် ပြန်လည်လေ့လာ သင်ကြားဖို့လည်း လိုပြန်ပါသေးတယ်။ လက်ရှိမှာ စာရေးသူက ဗုဒ္ဓဘာသာနဲ့ ပက်သက်လို့ လူပုဂ္ဂိုလ်တို့ သင်ကြားလို့ရသည်ထိ သင်ကြားလို့ ပြန်လည် မျှဝေဖို့လည်း စိတ်ကူးထားပါတယ်။ လက်ရှိမှာလည်း ဓမ္မစာပေဆောင်း ပါးများရေးသားနေပေမယ့် လိုသလောက် ခရီးမရောက်သေး ပါဘူး။ မြန်မာပြည်ရဲ့  အဓိက လိုအပ်ချက်ထဲက ဘာသာရေး တစ်ခု လူငယ်တွေကြားမှာ ပုံဖော်လာအောင်လည်း ကြိုးစားအုံးမှာ ဖြစ်ပါတယ်။ ဒါက တစ်ကဏ္ဍပါ။

လက်ရှိလည်း အွန်လိုင်းမီဒီယာနဲ့ ပက်သက်လို့ လုပ်ငန်းရှင်အချို့ နဲ့ ပူးပေါင်း လုပ်ကိုင်မှုများ ရှိနေတဲ့အပြင် ကိုယ်ပိုင် မီဒီယာ ကုမ္မဏီ တစ်ခုဖြစ်လာ ဖို့လည်း ကြိုးစားနေပါတယ်။ ဒီအတွက် အရင်းအနှီး သိပ်မလို ပါဘူး။ မြန်မာပြည်မှာ ဝဘ်ဆိုဒ် တစ်ခု Register လုပ်ဖို့ ဒီလောက်မကုန်ကျ တာ စာဖတ်သူတို့လည်း သိမယ် ထင်ပါတယ်။ ထိုင်ခုံပေါ်ထိုင်နေရင်း စာတွေ ၊ဖတ်နေ၊ ရေးနေရင်းနဲ့ ငွေဝင်တာ မှန်ပေမယ့် အနာဂတ်မှာ ဆက်လက် ရပ်တည်နိုင်မလားဆိုတာကျတော့လည်း ထည့်စဉ်းစားရပြန်ပါတယ်။ အသက်ကလည်း ငယ်သေးတော့ ပညာကို လစ်ဟင်းလို့မရဘူး ဆိုတာကိုလည်း သိလာပါတယ်။ ရထားတဲ့ဘွဲ့က Diploma in Marine Engineering နဲ့ အဘိဓမ္မာဂုဏ်ထူးဆောင်ဆိုတော့ လက်ရှိ လုပ်နေတဲ့ မီဒီယာနဲ့ ဘာမှကို မဆိုင်ပါဘူး။ နိုင်ငံတကာမှာဆိုရင် အိုင်တီနဲ့ကျောင်းတက် ရင်း Application ဆွဲလို့ မီလျံနာတွေ ဖြစ်ကျပါတယ်။ Wesbiste Theme တွေဆွဲပြီးအွန်လိုင်းကနေ ရောင်းလို့ မီလျံနာတွေ ဖြစ်ပါတယ်။

စာရေးသူတို့ မြန်မာပြည်မှာ ဒါမျိုးဖြစ်လာဖို့ အခွင့်ကြုံဖို့ မဝေးတော့ပါဘူး။ သို့ပေမယ့် လက်ရှိ အသက်နဲ့လက်ရှိအခြေအနေ မှာ သူတို့လိုမဖြစ်တောင် ကိုယ်နိုင်တဲ့ ဖတ်က ကြိုးစားယူရမယ်ဆိုတာ အမှန်ပါပဲ။ ဒီတော့ ဘာနဲ့ပဲ ကျောင်းပြီးထား၊ တတ်ထားပေမယ့် ယခု လုပ်တဲ့ အလုပ်နဲ့ဆိုင်တဲ့ ပညာကို ပြန်လေ့လာမယ်ဆိုတဲ့ ခံယူချက်တစ်မခုတော့ ရှိလာပြန်ပါတယ်။ စာရေးသူတို့ မိဘက ဆင်းရဲပါတယ်။ ကျောင်းပြီးအောင်ထားပေးနိုင်ပေ မယ့် ကျောင်းပြီးနောက်ပိုင်းဘဝရပ်တည်ဖို့ မစွမ်းသာပါဘူး။ ဒီအခြေအနေထိ ရောက်လာအောင် တွန်းပို့ပေးနိုင်ခဲ့တဲ့ ကျေးဇူးနဲ့တင် ဆယ်ဘဝမက ပြန်ဆပ်သင့်နေပါပြီ။ ရန်ကုန်မှာ တစ်ယောက်တည်း နေလို့ ရည်ရွယ်ချက် အကြီးကြီးထားနေပါတယ်။ မိဘနဲ့ မမေ့မလျော့ဖုန်းဆက် တိုင်ပင် ပါတယ်။ ထောက်ပံ့ပါတယ်။ ညီမလေးတွေကျောင်းတက် ဖို့ ထောက်ပံ့ ပါတယ်။ တစ်ဖက်ကလည်း မြန်မာပြည် အွန်လိုင်းမီဒီယာ တစ်ခုအနေနဲ့ အများပြည်သူ  လက်ခံ၊ယုံကြည်ရတဲ့ reliable media တစ်ခုဖြစ်ဖို့ ကြိုးစားနေပါတယ်။

နိဂုံးချုပ်

လောကမှာ ဘယ်အရာမှ မပြီးပြည့်စုံပါဘူး။ အထူးသဖြင့် စာရေးသူတို့လို လူငယ်တွေဆိုတာ ပိုလို့တောင် ပြီးပြည့်စုံဖို့အတွက် ကြိုးစားရ၊ သင်ယူရ လေ့လာရဆဲ ဖြစ်ပါတယ်။ သို့ပေမယ့် လက်ရှိ ရရှိပိုင်ဆိုင်ထားတဲ့ အခြေအနေကိုပဲ အကောင်းဆုံး ဖန်တီးလုပ်ဆောင်ရမှာ အားလုံး ဘဝပေး အသိပဲ ဖြစ်ပါတယ်။ ကံမရှိ၊ ဥာဏ်ရှိတိုင်းမွဲဆိုတဲ့ စကားပုံရှိပါတယ်။ ဘယ်သူတွေ ဘယ်လောက်ပဲ ကံရှိရှိ၊ ဥာဏ်ရှိရှိ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ခံယူချက်နဲ့ပဲ ဆိုင်ပါတယ်။ အချို့ က ဥာဏ်ကောင်းပေမယ့် ကံမလိုက်လို့ ဆင်းရဲနေရတယ်။ မအောင်မြင်ဘူးလို့ဆိုကြပါတယ်။ ဒါကို ကံ (စေတနာ) ထက်သန်လောက်အောင် ကြိုးစားမှု အလုပ်က ဥာဏ်ကို မထောက်ပံ့ပေးနိုင်သေးလို့ မရောက်သေးတာလို့ပဲ မှတ်ယူသင့်ပါတယ်။ ငါက ကံကိုက မကောင်းတာဆိုပြီး လက်မိုင်ကျနေရင် အရှုံးသမားမှ အရှုံးသမား စစ်ပါပဲ။ လက်ရှိ မြန်မာပြည်မှာ တော်တော်များများ ကြုံတွေ့ရတဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ရောက်လေ ရာ၊ ဖြစ်လေရာ၊ ရလေရာမှာ လုပ်လည်း လုပ်နိုင်နေတယ်ဆိုရင် အကောင်း ဆုံး လုပ်လိုက်ခြင်းက အောင်မြင်ဖို့ ခြေလှမ်းပဲ ဖြစ်ပါတယ်။

စာရေးသူ ရေးတာ အတော်လေး ရှည်သွားပါတယ်။ ဒီမှာ တင်ပြချင်တဲ့ အကြောင်းအရာများ ပြည့်ပြည့်စုံစုံ ပါမသွားပါဘူး။ ကိုယ့်အကြောင်းချည်း ဇွတ်ရေးမိနေတယ်ဆိုတာ ဝန်ခံပါတယ်။ သို့ပေမယ့် ဒီစာထဲကနေ အသက် ၂၀ ကျော် မြန်မာပြည်က လူငယ်တစ်ဦးအနေနဲ့ ရောက်လေရာ အခြေအနေ ကနေ ဘယ်လိုကြိုးစားယူတယ် ဆိုတာလေးကိုတော့ မှတ်သား မိမယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် အလုပ်ရှားပါးတယ်။ ဦးနှောက်ယိုစီးနေပါတယ်။ ပညာတတ်ပေမယ့် ကိုယ့်ပညာ အလဟသ ဆုံးရှုံးနေရ ပါတယ်။ နိုင်ငံခြား မှာ ကျောင်းမတက်ရလို့၊ ကျောင်းမတက်နိုင်လို့ဘဝအဓိပ္ပါယ်မဲ့နေရပါတယ်။ ဆင်းရဲနေရပါတယ်။ ချမ်းသာသော်လည်း မလုပ်တတ်၊ မကိုင် တတ် ဖြစ်နေ ပါတယ် အစရှိသဖြင့် မြန်မာပြည်က အခက်အခဲ တွေ့နေတဲ့ လူငယ်အားလုံး ကို ဘယ်လိုကြိုးစားဖြေရှင်း၊ ရင်ဆိုင် ကျော်ဖြတ်၊ လုပ်ကိုင်ရမယ် ဆိုတာ တတ်နိုင်သလောက် အကူညီပေး အကြံပေးချင်ပါသေးတယ်။ ၎င်းတို့နဲ့လည်း ပက်သက်လို့ ခွန်အားပေး၊ ရသ၊ ဗဟုသုတပေး ဆောင်းပါးများနဲ့ လူငယ်များ အတွက် ရေးသားတင်ဆက်မျှဝေဖို့ စာရေးသူဟာ အမြဲ အဆင်သင့် ရှိနေကြောင်း အသိပေးတိုက်တွန်းလို့ နိဂုံးချုပ်လိုက် ရပါတယ်။
---
အောင်ခမ်း

http://www.innewsmyanmar.com/2013/01/blog-post_13.html

MEO Class I ,MEO Class I+II , MEO Class III သင်တန်းသား.များ..သိသာရန်.. အပိုင်း ၂

ရကြောင်းအင်ဂျင်နီယာ..အလုပ်သင်..များ..နှင့်..အကြီးတန်း..အင်ဂျင်နီယာ စာမေးပွဲ..၀င်ရောက်ဖြေဆိုမည့်..သူများ..အတွက်..ရည်ညွှန်းပါသည်..
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
လူတိုင်းဟာ..စာမေးပွဲတွေ..မြန်မြန်အောင်..ရာထူးတွေ..မြန်မြန်တက်..လစာတွေ..များများရ..ဆိုတာမျိုး..စိတ်ကူး..မိတာ..သဘာဝပါ..။
ဒါကြောင့်လည်း..လူငယ်အများစု..ဟာ..
သတ်မှတ်...ပင်လယ်ပြင်လုပ်သက်.ကာလ..ပြည့်တာနဲ့..အများစု..ဟာ. .ပြန်ဆင်းလာပြီး
3E (တတိယအင်ဂျင်နီယာ) စာမေးပွဲ..ဖြေဘို့..ကြိုးစားကြပါတယ်..။
စနစ်ဟောင်းတုန်းက..
တနာရီ..ရေးဖြေ..ဖြေရပါတယ်..။
မေးခွန်းပုံစံက..(A), (B), (C), (D), Choice ရွေးရတာပါ..။
အောင်ဘို့..လွယ်ပါတယ်..။
သဘောင်္ပေါ်မှာ..ဘာမှ..မလုပ်ခဲ့သူတွေ..၊ အင်္ဂလိပ်စာ..အားနည်းသူတွေလည်း..
ကံကောင်းရင်..အောင်နိုင်တဲ့..အနေအထား..ရှိပါတယ်..။
။။။။။။။။။။။
အဲဒီစနစ်နဲ့..မေးနေတာကို..EU Audit, IMO Audit တွေမှာ. .ထောက်ပြခံခဲ့ရပါတယ်..။
အဲဒါက..လည်း..တစ်ချက်..။
နောက်အရေးကြီးတဲ့..တစ်ချက်က..2010 STCW Manila Amendment အရလည်း..
3E (Marine Engineer Officer Class 3) or (OEW) အတွက်..သင်ကြားရမဲ့..သင်ခန်းစာ..၊ စာသင်ချိန်..များ..သတ်မှတ်ထားတဲ
Model Course 7.04 မှာ..စာသင်ချိန်နာရီ..၊ သင်ကြားရမဲ့.. ဘာသာရပ်တွေ..တော်တော်များများ..ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်..။
။။။။။။။။။။
IMO အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့. .မြန်မာနိုင်ငံဟာ.. ကမ္ဘာ့ရေကြောင်းပညာရေးစနစ်..ပြောင်းလဲရာမှာ..လိုက်နာဆောင်ရွက်ရပါတယ်..။
။။။။။။။။။။
3E စာမေးပွဲ..ပုံစံက.. အကြီးတန်း...အင်ဂျင်နီယာစာမေးပွဲများလို..ပြောင်းလဲသွားပါတယ်..
1. General Engineering Knowledge
2. Marine Engineering Knowledge
3. Naval Architecture & Ship Construction
4. Electro-technnology, Electronic, Power Electronic, Control Engineering ဆိုပြိး.
.(၄) ဘာသာ..ကိုရေးဖြေ..ဖြေရပါ့မယ်..။
Essay Type ဖြစ်ပါတယ်..။ (၄)မှတ် (၈)မှတ်၊ (၁၆) မှတ် တန်..မေးခွန်းများ..ဖြစ်ပါတယ်..
။။။။။။။။။။
နံကြား..ထောက်လို့..မရတော့ပါဘူး..။
ကျူရှင်တက်လည်း..မလုံလောက်တော့ပါဘူး..။
အင်္ဂလိပ်စာ..အရေးကြီးလာပါတယ်..။ တော်တော့်ကို..အရေးကြီးလာပါတယ်..။
လုပ်ငန်းခွင်..အတွေ့အကြုံ..များသူများ..က..၊ ဆရာသင်တာကို.လိုက်နိုင်.ပါလိမ့်မယ်..။ စာမေးပွဲမှာ..ရေးနိုင်ဖြေနိုင်ပါလိမ့်မယ်..။
။။။။။။။။။။
လုပ်ငန်းခွင်မှာ..နှပ်ခဲ့ပြီး..လုပ်သက်ကို..ကွက်တိ..ယူလာသူများဟာ..၊ ဆရာသင်တာကို..အင်္ဂါဂြိုလ်က..စကားတွေနဲ့သင်နေတယ်လို့..မြင်ပါလိမ့်မယ်..။ နားလည်မှာ..မဟုတ်ပါဘူး..။
စာမေးပွဲမှာ..ကျဘို့..များပါတယ်..။
။။။။။။။။။
သဘောင်္ပေါ်မှာ..Instruction Manual များ..ဖတ်ထားခြင်း၊ မှတ်ထားခြင်း၊ ကူးထားခြင်း၊ သဘောင်္ပေါ်မှာ..ရှိတဲ့..စက်ယန္တာရားများကို..Maintenance, Repair, Inspection, Survey စတဲ့..လက်တွေ့အလုပ်တွေ..ကြုံတဲ့အခါတိုင်း.. လိုချင်စိတ်နဲ့..လေ့လာထားသူများ..
စာမေးပွဲ..အောင်ဘို့..အလေးသာပါ့မယ်..။
နှပ်သူများ..ကျ..ပါ့မယ်..။
။။။။။။။။။။။
သင်တန်းတက်ရမှာက..တစ်နှစ်ပါ..
စာမေးပွဲ..တစ်ခါကျရင်..ကုန်းပေါ်မှာ..(၄) လ..ထပ်ကြာပါ့မယ်..။
နှစ်ခါကြရင်..(၈)လ..ထပ်ကြာပါ့မယ်..။
အဲဒီ..အခါကျမှ..ခွက်ပျောက်နေပါပြီ..မအော်ကြပါနဲ့..။
ကိုယ့်..အရည်အချင်းကို..ပြည့်ပြီ..ထင်မှ..ဆင်းလာခဲ့ပါ..။ ပြင်ဆင်ပြီးမှ..ဆင်းလာခဲ့ပါ..။
ကောင်းသော..အကြံပေးတာပါ..။ နား..ထဲ..အ၀င်တော့..ဆိုးပါလိမ့်မယ်..။
။။။။။။။။။။
MEO Class I+II တက်မဲ့..Class III အောင်ပြီး..Sea time ယူနေသူများလည်း..။
အလုပ်ခွင်ထဲမှာ..ပညာရပ်ဆိုင်ရာလေ့လာမှု..အင်္ဂလိပ်စာ..ပိုင်းဆိုင်ရာ..လေ့လာမှု..လေ့ကျင့်မှုတွေ..လုပ်သင့်ပါတယ်..။ အရင်..အောင်ခဲ့တဲ့..3E ပုံစံမျိုး..မဟုတ်ဘူး..ဆိုတာကို..သဘောပေါက်ထားရပါ့မယ်..။
။။။။။။။။။။။
အင်္ဂလိပ်စာ..ဆိုတာက..သိပ်အမြင့်ကြီးမဟုတ်ပါဘူး..။ ကိုယ်လုပ်နေတဲ့..အကြောင်းအရာတစ်ခုကို..Simple English နဲ့..တစ်ဘက်သား..နားလည်အောင်..ရေးနိုင်..ပြောနိုင်ရင်..ရပါတယ်..။ Oxford အသံထွက်ထိ..မလိုပါဘူး..။ Sentence ရေးရာမှာလည်း..တော်ယုံတန်ယုံ..grammar အမှားပါတာတောင်..ခွင့်လွှတ်ပါတယ်..။ တစ်ချို့..ကျ..တယ်ဆိုတာက.သူ့.Broken English ..က..တော်ရုံတန်ရုံ..ခြေတစ်ပေါင်ကျိုးလောက်. .ထော့နင်းထော့နင်းလောက်မဟုတ်ပါဘူး..။ ပဒုမ္မ..ပေါင်တိုလို..ခြေနှစ်ဘက်လုံးပြတ်နေလို့..စာစစ်သူက..အမျိုးမျိုး..တွေးဆ..နားလည်ပေးသော်လည်း..အဓိပ္ပါယ်.ဖော်ရန်အင်မတန်ခက်ခဲတဲ့..စစ်ဘက်ထိပ်တန်း..၀ှက်စာလို..၊ ဖြစ်နေလို့..ကျ..ကြတာပါ..။
။။။။။။။။။။။
အင်္ဂလိပ်စာ..အားနည်းသူ..၊ လေ့လာမှု..အားနည်းသူ..၊ အလုပ်ထဲမှာ..အပျင်းခို..ခဲ့သူ..
Engineering Sense လို့ခေါ်တဲ့..အင်ဂျင်နီယာဘာသာရပ်ကို. .နားလည်လွယ်တဲ့.. အသိ မရှိဘဲ..၊ ဒုန်းဝေးသူ...၊
အဲဒီလို..အချက်တွေနဲ့..ပြည့်စုံနေရင်တော့..အကြိမ်..(၂၀) ဖြေလည်း..မအောင်နိုင်ပါ..။
။။။။။။။။။။။
စာမေးပွဲ..ဆိုတာ..အရည်အချင်းစစ်တာပါ..။ အရည်အချင်းမှီသူများကို..အအောင်ပေးပါတယ်..။ မမှီရင်..ကျ.ပါတယ်..။
လက်ရှိအခြေအနေမှာ..
စစ်ပြီးလို့..အရည်အချင်းမမှီသူ..တစ်ချို့ကို..Moderation ထိုင်ပြီး.. အအောင်ထပ်ပေးပါတယ်..။ တစ်ခါတစ်လေ..Moderation ကို အကြိမ်ပေါင်းများစွာ..လုပ်ရပါတယ်..။
။။။။။။။။။။။။။။
ကိုယ့်တာဝန်ချိန်မှာ..ကိုယ်လုပ်တဲ့..အလုပ်ကို..သက်ဆိုင်ရာ Log Book မှာ..ဘယ်လိုရေးရမှန်း..ခုထိ..မသိသေး..မတတ်သေးရင်..
ကိုယ်ကိုင်တွယ်နေရတဲ့..စက်တွေရဲ့..အစိတ်အပိုင်းတွေကို.အင်္ဂလိပ်လို..
.နံမည်.မခေါ်တတ်သေးရင်..မရေးတတ်သေးရင်..၊
အကြံပေးချင်တာက..သဘောင်္ပေါ်မှာ..ဆက်နေပါ..။ ဒါမှမဟုတ်..Sea time ဆက်ယူပါ..။ အတွေ့အကြုံနဲ့..ပိုက်ဆံ..ဆက်စုပါ..။
။။။။။။။။။။
ME Scavenge Fire ဖြစ်ရင်..Watch Keeping Engineer တစ်ယောက်အနေနဲ့..ဘာ Symptom တွေ..တွေ့မလဲဆိုတော့..။ Scavenge Air Temperature တက်လာမယ်..။ Exhaust Temperature လည်းတက်မယ်..။ရုတ်တရက်. Engine RPM ကျလာမယ်..။
Turbocharger Surging လည်းဖြစ်တတ်တယ်..။ တစ်ချို့..အခြေအနေတွေမှာ...Turbocharger Filter ကအငွေ့ထွက်လာတာတွေ..၊ Scavenge Drain က..ဖွင့်စစ်ရင်..အငွေ့တွေ..ထွက်လာတာတွေ..တွေ့ရတတ်ပါတယ်..။
အဲဒီလို..စာသင်ခန်းထဲမှာ..စာသင်တုန်း..ကျောင်းသား..တစ်ယောက်က..ထ..ပြောဘူးပါတယ်..။
ဆရာ..ကျွန်တော်..ဆရာပြောတာ..နားမလည်ပါဘူး..။ ဖြစ်နိုင်ရင်..ဗမာလို..ရှင်းပြပါတဲ့..။
။။။။။။။။။။။။
အင်ဂျင်နီယာဘာသာရပ်ဆိုင်ရာ..Term တွေအားလုံးကို..မင်းနားလည်အောင်..။
ဗမာလို..ပြန်ဘို့..မဖြစ်နိုင်ပါဘူး..။ မင်းလုပ်ရမှာက..နိုင်ငံခြားသားတွေနဲ့..တွဲလုပ်ရမှာမို့..။ လုပ်ငန်းသဘော..အရ..၊ မင်းကဘဲ..Term တွေကို..နားလည်အောင်..လုပ်ရမှာပါ..။ နောက်ပြီး..မင်းက..အင်ဂျင်နီယာဖြစ်ချင်တာ..၊ အရာရှိဖြစ်ချင်တာ..။
အဆင့်မှီအောင်..ကြိုးစားဘို့..မင်းမှာ..တာဝန်အရှိဆုံးပါ..။လို့..ပြောပြခဲ့ရပါတယ်..။
။။။။။။။။။။။။။။။
အဲဒီလို.အခြေခံနဲ့.အင်ဂျင်နီယာ.ပညာသင်မျိုးဟာ..အကြိမ်(၂၀)ဖြေလည်း..စာမေးပွဲမအောင်နိုင်ပါဘူး..။ သူဘာသူ..အရင်က..ဘွဲ့ပဲ..ရခဲ့..ရခဲ့၊ ဒီပလိုမာဘဲ..ရခဲ့..ရခဲ့။
သူတို့က..စာမေးပွဲ..ခက်တယ်လို့..ပြောတတ်ပါတယ်..။ စာမေးပွဲက..မခက်ပါဘူး..။
ဟိုး..အရင်က..အောင်ချက်..၅% ကနေ..၁၅% ကြားမှာ.သာ .ရှိတဲ့. .ရေကြောင်းအင်ဂျင်နီယာစာမေးပွဲတွေဟာ..
အခု..၃၅% နဲ့ ၄၅% တက်လာနေတာ..ဟာ.. ခုခေတ်လူတွေက..အလုပ်ပိုကြိုးစားလို့..အင်္ဂလိပ်စာပိုကောင်းလာလို့..လို့..ထင်ပါသလား..။ လို့..မေးပါရစေ..။
လူငယ်တွေထဲမှာ..ကြိုးစားသူတွေ..တော်သူတွေရှိပါတယ်..။ ဒါပေမဲ့..ကျွန်တော့်အမြင်မှာ..တော့..ရာနှုန်းနည်းနည်းလာပါတယ်..
။။။။။။။။။။။။။။။။
Log Book ထဲမှာ..စာတစ်ကြောင်း..မရေးတတ်သေးရင်
Instruction Manual တစ်အုပ်မှ..မဖတ်ခဲ့ဘူးသေးရင်..
လက်တွေ့..Overhaul လုပ်တဲ့..အခါတိုင်းမှာ. .ဂျွတ်စလေး..ကိုင်ပြီး..အဝေးမှာ..ရှောင်နေတတ်ခဲ့ရင်..
အကြံပေးချင်တာက..ဆက်လက်သင်ယူကြပါဦး..။
စာမေးပွဲ..၀င်သင့်..မ၀င်သင့်..ကိုယ့်ဘာသာ..အရင်စစ်စေ..ချင်ပါတယ်..
။။။။။။။။။။။။။။။။
လေးစားစွာဖြင့်

ဝင်းအောင်
ရေကြောင်း ကျောင်းဆရာ.
WISE WISH METC

မိုးခါးရေ ---------





“ ဟွန်း…”

သူနှာခေါင်းရှုံ့ ပြစ်လိုက်သည်။

“ တော်တော်တောင်နံနေပြီပဲ”
လက်ထဲတွင်ကိုင်ထားသော ဘွိုင်လာဆု (Boiler Suite) ကို လော်ကာ (Locker) အတွင်းပြန်ချိတ်ရင်းသူပြောမိခြင်းဖြစ်သည်။ ဟုတ်သည်။ သူဒီဘွိုင်လာဆု ကို ၀တ်လာသည်မှာ ဒီနေ့ပါနှင့် ဆို သုံး လေးရက်ပင်ရှိပြီထင်သည်။ ချွေးထွက်များသော သူ့ အဖို့ ဒီဘွိုင်လာဆု တစ်ထည်ကို သုံးလေးရက်သာ ၀တ်နိုင်သည်။ သုံးလေးရက် ဆက်တိုက်ဝတ်ပြီးသည်နှင့် ဘွိုင်လာဆု တစ်ထည်လုံး ချွေးနံ့စ စွဲလာတော့သည်။ သူအလုပ်လုပ်သည်က နိုင်ငံကူး ကုန်တင်သဘောင်္ပေါ်ရှိ အင်ဂျင်ခန်းတစ်ခုအတွင်းတွင်ဖြစ်သဖြင့် ဘွိုင်လာဆုကို ၀တ်ကြရသည်။ ဘွိုင်လာဆုဆိုသည်ကား အင်္ကျီနှင့် ဘောင်းဘီ တစ်ဆက်တည်း ပုံစံချုပ်ထားသော ပွပွရွရွ ရှိလှသည့် အကြမ်းခံဝတ်စုံတစ်မျိုးဖြစ်သည်။ သဘောင်္သားများ အလုပ်လုပ်သည့်အခါ ၀တ်ဆင်ကြရသည့် ယူနီဖောင်းပင်ဖြစ်သည်။

သူတို့ သဘောင်္လိုင်းတွင်တော့ သဘောင်္သားတစ်ယောက်အတွက် ဘွိုင်လာဆု နှစ်ထည်ဆီထုတ်ပေးသည်။ ခြောက်လခန့်ကြာလျှင်သော်ဖြစ်စေ၊ အလုပ်လုပ်ရင်း ဆီချေးနှင့် အခြား အညစ်အပတ်များ ပေလျှင်သော်ဖြစ်စေ၊ သဘောင်္ပေါ်တွင် ဘွိုင်လာဆု အသစ်များ ထုတ်ပေးတတ်သည်။ သို့သော် အကန့်အသတ်နှင့်ဖြစ်သည်။ လိုသလောက်တော့ မရ။ ထိုကြောင့် ပြန်သွားသော သဘောင်္သား အဟောင်းများ ၀တ်ခဲ့သည့် ဘွိုင်လာဆု အဟောင်းများ ကို ပါ လွှင့်မပစ်ပဲ ၀တ်ကြရသည်။ ဒါမှသာ အလဲအလှယ်ရှိနိုင်မည်ကိုး။ သဘောင်္သားတစ်ယောက်အတွက်ဘွိုင်လာဆု သုံးလေးထည်တော့ ရှိကြသည်ချည်းဖြစ်သည်။ ယခုတော့ သူ့ဘွိုင်လာဆု မှာ ရက်အတော်ကြာဝတ်ထားခဲ့၍ ချွေးနံ့များ နံနေပေပြီ။ အင်ဂျင်ခန်းထဲ အလုပ်လုပ်သူမို့ အင်ဂျင်ခန်းအပူကြောင့် ချွေးပိုထွက်သည်။ ထိုကြောင့် ပင် ဒီဘွိုင်လာဆုက သုံးရက်တည်းနှင့် နံသွားရခြင်းဖြစ်သည်။

နံသွားရင်နောက်တစ်ထည်ထုတ်ဝတ်ပေါ့ဟု ပြောစရာတော့ ရှိသည်။

အမှန်တော့ သူလက်ထဲမှ သူနမ်းကြည့်ခဲ့သည့် ဘွိုင်လာဆုမှာ လျှော်ပြီးသားများထဲမှ နောက်ဆုံး တစ်ထည်ပင်ဖြစ်သည်။ သူ့တွင် ဘွိုင်လာဆု သုံးထည်ရှိသည်။ ကျန်သည့် နှစ်ထည်ကမလျှော်ရသေး။ ဒီတစ်ထည်ပြီးလျှင်သူ့မှာ ၀တ်စရာဘွိုင်လာဆုမရှိတော့။

“ဟူး … ဒုက္ခပါပဲ … မနက်ဖြန် ဘာဝတ်ရမှန်းတောင်မသိတော့ဘူး”

သူအတော်စိတ်ပျက်လက်ပျက်ဖြစ်သွားခြင်းဖြစ်သည်။ ဟုတ်လည်းဟုတ်သည်။ မနက်ဖြန်က အရေးကြီးသောနေ့။ ဒီလိုဘွိုင်လာဆု အစုတ်အပြတ်နှင့် သူ ထွက်လို့ မဖြစ်။ အလုပ်လုပ်လို့ မဖြစ်။
သူတို့ သဘောင်္က အမေရိကား မှ ကနေဒါနိုင်ငံ ဗန်ကူးဗားသို့ ခုတ်မောင်းနေခြင်းဖြစ်သည်။ မနက်ဖြန်ဆိုလျှင်တော့ ကနေဒါကို ရောက်ပြီ။ ကနေဒါတွင်က သူတို့ သဘောင်္အတွက် စစ်ဆေးရေး (Inspection) တစ်ခု ၀င်ကြရမည်။ ဒါက သဘောင်္တွေ နှစ်စဉ်ဝင်နေကြရသည့် စစ်ဆေးရေး ပင်ဖြစ်သည်။ ထို စစ်ဆေးမှုအောင်မှ ကုန်တင်ခွင့်ရှိသည်။ ကမ်းကပ်ပိုင်ခွင့်ရှိသည်။ ထိုစစ်ဆေးရေးကလည်း သဘောင်္နှင့် သဘောင်္သားများ၏ အန္တရာယ် ကင်းရှင်းရေး (Safety) နှင့် လုံခြုံရေး (Security) ကို အဓိက ထား စစ်ဆေးခြင်းဖြစ်သည်။ သဘောင်္ အန္တရာယ် ကင်း ရှင်းမှသာလျှင် ကုန်ပစ္စည်းစိတ်ချရမည်။ လုံခြုံမှုရှိမှသာလျှင် ကုန်ပစ္စည်းများ ဆုံးရှုံးမှု မဖြစ်ပေါ်နိုင်ဟု သတ်မှတ်ထားသည်။ ထိုကြောင့် ဆီချေးများပေကျန်ကာ ညစ်ပေနေသော ဘွိုင်လာဆု နှင့် သူ မနက်ဖြန် ဘယ်လိုမှ စစ်ဆေးရေး ၀င်လို့ မဖြစ်။ ဘွိုင်လာဆုတွင် ဆီချေးပေနေလျှင် အချိန်မရွေးမီးလောင်နိုင်သည်ဟု သတ်မှတ်သည်။ ထိုကြောင့်ပင်သူ့မှာ အတော်စဉ်းစားရကြပ်နေခြင်းဖြစ်သည်။ မနက်ဖြန် အင်စပက်ရှင် အတွက် ဘာ ၀တ်ရမည်နည်း။

အမှန်တော့ ဒီနောက်ဆုံး ဘွိုင်လာဆုကလေးမှာ သူ တမင်တကာ အင်စပက်ရှင်များနှင့် အော့ဒစ် (Audit) စသည့် စစ်ဆေးရေး များလာလျှင် ၀တ်ဆင်ရန်ဖယ်ထားခဲ့သော အသစ်စက်စက်ဘွိုင်လာဆုကလေးဖြစ်သည်။ အမေရိကားတွင် ဆိပ်ကမ်းအာဏာပိုင်များ တက်စစ်တုန်းကလည်း ဒီ ဘွိုင်လာဆုကလေးနှင့် အဆင်ပြေခဲ့သည်။ အခြား စစ်ဆေးရေး များလည်း ဒီဘွိုင်လာဆုကလေးပဲ ထုတ်ဝတ်ခဲ့သည်ချည်း။ အခုတော့ သူ့ ဘွိုင်လာဆု အသစ်စက်စက်ကလေးက ညစ်ပတ်နံဆော်နေပေပြီ။

သူဘွိုင်လာဆုတွေ မလျှော်လို့ လား … အဲဒီလောက်တောင်အပျင်းကြီးသလား ဟု မေးစရာတော့ ရှိပါသည်။ နောက်ဆုံး မလျှော်ထားသည်ထားဦး ဒီညနေလျှော်ပြီး လှမ်းထားလျှင် မနက်ဖြန်မနက်ဆို ခြောက်နေလောက်ပေပြီ။ ဒါဆိုလျှော်လိုက်ပေါ့ဟု တိုက်တွန်းလိုက်ရုံသာ ။

ထိုလောက်တော့ မလွယ်ပါ။သူကပျင်းလည်း မပျင်းပါ……။ သို့သော် သူတို့ သဘောင်္ပေါ်တွင်လျှော်စရာ ရေမရှိသောကြောင့်ဖြစ်သည်။
ဟုတ်သည်။ သူတို့ သဘောင်္ပေါ်တွင် ရေပိတ်ထားသည်မှာ တစ်လနီးပါးခန့်ရှိပေပြီ။ ရေပိတ်ထားသည်ဆိုသည်ကို ဒီနေရာမှာ ရှင်းပြဖို့လိုမည်ထင်သည်။ သူတို့လို ပင်လယ်ကူး သဘောင်္ကြီးများ ပေါ်တွင် သောက်ရေ နှင့် သုံးရေအတွက် ရေချို တင်သော ကန်ကြီးများ ပါရှိသည်။ ရေချိုကိုတော့ ရေချိုချက်စက် ဖြင့် ချက်လုပ်၍ ဖြစ်စေ၊ ဆိပ်ကမ်းများ ၀ယ်ယူ၍ ဖြစ်စေ၊ ဖြည့်တင်းကြရသည်။ အများဆုံးကတော့ ရေချက်စက်မှ ချက်လုပ်ခြင်းဖြင့် ဖြည့်တင်းကြရသည်။ ဆိပ်ကမ်းမှ ရေချိုဝယ်ယူခြင်းက သိပ်အဆင်မပြေ။ ပိုက်ဆံကုန် သဖြင့် ကုမ္ပဏီမှ လူကြီးများ ၏ အမေးအမြန်းကို ခံကြရသည်။

“ ဘာကြောင့်ရေချိုဝယ်ရသလဲ? ရေချက်စက်က အလုပ်မလုပ်ဘူးလား ? မပြင်ဘူးလား။ ရေပိုထွက်အောင်လုပ်။”စသည့် မေးခွန်းများ စေခိုင်းချက်များ လာတတ်ကြသည်။ ထို့ ကြောင့် သဘောင်္သားများက ရေချက်စက်မှ ရေကို သာ အားကိုးကြရသည်။

ရေချက်စက်ဆိုသည်ကလည်း ပင်မ အင်ဂျင်ကြီးလည်ပတ်မှ လည်ပတ်နိုင်တာမျိုးဖြစ်သည်။ အကယ်လို့ သဘောင်္က မထွက်ဖြစ်လို့ ရက်ကြာသွားလျှင် ပင်မအင်ဂျင်ကြီးလည်း မလည်ပတ်သဖြင့် ရေချက်စက်လည်း မလည်ပတ်နိုင် မချက်လုပ်နိုင်တော့ ပေ။ ထိုကြောင့် လွန်ခဲ့သည့် တစ်လခန့်က အမေရိကားတွင် အနေကြာသွား ခဲ့သော သူတို့ သဘောင်္ကြီးမှာ ရေမချက်ဖြစ်သည်မှာ အတော်ကြာသွားသည့် အတွက် ရေမလောက်မငဖြစ်ရတော့သည်။
ထိုသို့ ရေမလောက်ငသည့်အခါ ရေချိုကို ဘုန်းဘောလအော အရင်လို မပေးတော့ပဲ။ ပထမအဆင့်အနေဖြင့် အချိန်နှင့် တိုင်း၍ ပေးလာသည်။ မနက်မျက်နှာသစ်ချိန်၊ ထမင်းစားချိန် နှင့် ညနေရေချိုးချိန်တို့လောက်သာ ရေပေးတော့သည်။ ထိုထက်မက မလောက်မင ဖြစ်လာလျှင်တော့ ဒုတိယအဆင့်အနေအ၀တ်လျှော်စက်ရေများ စပိတ်ကြရသည်။ ထိုထက်မှ မလောက်ငလျှင် တတိယအဆင့်အနေဖြင့် အိမ်သာများတွင် အရေချိုအစား ရေငန်ကို ပြောင်းသုံးကြရတော့သည်။ ထိုသို့ ဖြင့် အဆင့်ဆင့် ထိန်းချုပ်ပေးရင်း ရေသုံးရ အဆင်ပြေစေရန် စီမံကြရသည်။

ယခုလည်း သူတို့ သဘောင်္က ဒုတိယအဆင့်ကို ရောက်နေပေပြီ။ အ၀တ်လျှော်စက်များ တွင် ကုန်းဘတ်အရာရှိချုပ် (Chief Officer) မှ သူ့ခွင့်ပြုချက်မရပဲ အ၀တ်လုံးဝ မလျှော်ရန် စာရေးကာ ကပ်ထားလေသည်။ အ၀တ်လျှော်စက်များ ရေပိတ်လိုက်ပေပြီ။
ထိုကြောင့် ပင် သူ့ အကြမ်းခံ အ၀တ် ဘွိုင်လာဆု နှစ်ထည်ရှိရာမှ မလျှော်ဖြစ်သည်မှာ ကြာပြီ ဖြစ်၍ နံဟောင်လာသောကြောင့် အ၀တ်လည်း လျှော်လို့ မရသည်ကို သိသဖြင့် အင်စပက်ရှင်လာလျှင် ထုတ်ဝတ်ရန် ထားသည့် အသစ်ကလေးကို ထုတ်ဝတ်လိုက်ရခြင်းဖြစ်သည်။
သူသက်ပြင်းကို ခပ်လေးလေး ချမိသည်။

“ ဟူး….. တော်တော်ခက်တာ ပဲ … မနက်ဖြန်မနက် ဘာဝတ်ရမှန်းကို မသိတော့ဘူး”

ထိုနောက် အ၀တ်လဲခန်းထဲမှထွက်ပြီး အခန်းတွင်းသို့ ပြန်ရန်လှေကားဘက်သို့ သူလျှောက်လာခဲ့သည်။ လှေခါး အတက်နားတွင် ရှိသော အ၀တ်လျှော်ခန်းအတွင်းသို့ သူ လှမ်းကြည့်မိသည်။ အ၀တ်လျှော်စက်နှစ်လုံးက ခန့်ခန့် ကြီး သူ့ကို ပြန်ကြည့်နေသည်။ သို့သော် အ၀တ်မလျှော်ရဆိုသည့် စာတန်းကတော့ အနည်းငယ် ဆူပုပ်ပုပ်နိုင်သည်ဟု သူထင်မိသည်။

အမှန်တော့ အ၀တ်လျှော်စက်မှာ စာမျှသာကပ်ထားခြင်းဖြစ်ပြီး အရာရှိချုပ်မသိအောင် ခိုးလျှော်လျှင်တော့ ရနိုင်သည်။ သိုသော်ဒါမျိုးတော့လည်းသူမလုပ်ချင်။ ခိုးလုပ်ရသည် အလုပ်ဆိုလျှင် မည်သည့်အလုပ်မျှ သူမလုပ်ချင်။ ဒါကိုတော့ သူ အတတ်နိုင်ဆုံးစောင့်ထိန်းခဲ့သည်။
ခိုးသည့်အလုပ်ကို သူ အမုန်းဆုံးဖြစ်သည်။

သူငယ်စဉ်က သူ့ အဖေမှ သူ့အားစာမေးပွဲအောင် ၍ ဆုချသည့် အနေဖြင့် ကွန်ပါဘူးလှလှလေးတစ်ခုဝယ်ပေးဖူးသည်။ ထိုအချိန်က သူ့အဖေ၀ယ်ပေးသော နှစ်ထပ်ကွန်ပါဘူးကလေး မှာ သူကျောင်းတွင် ဘယ်သူမှ မကိုင်သေးသော အသစ်အဆန်းပစ္စည်းကလေးဖြစ်နေခဲ့၏။ ထိုကွန်ပါဘူး ကလေးကို သူအတော်သဘောကျရှာသည်။ သူငယ်ချင်းတွေ ကြားထဲတွင် ထိုကွန်ပါဘူးကလေး အတွင်းမှ နှစ်ထပ်အံကလေးကို ဖွင့်ကာ ခဲတံကို ထုတ်ရသည့်အခါတိုင်း သူအလွန်ဂုဏ်ယူမိသည်။ သူငယ်ချင်းတွေ၏ အားကျသည့် အကြည့်များကိုလည်း သူကျေနပ်ခဲ့သည်။ သို့ သော သူ့ကွန်ပါဘူးကလေးက သူ နှင့် ကြာရှည်မနေခဲ့။ တစ်ခုသော မုန့်စားကျောင်းဆင်းချိန်တွင် အခိုးခံခဲ့ရသည်။ သူနှမြောလိုက်သည့်ဖြစ်ချင်း။ သူအတော်ငိုခဲ့ရသည်ပဲ။ ကွန်ပါဘူးကလေး ပျောက်သွားပြီး
သုံလေးလလောက်အထိ သူမှာ ကွန်ပါဘူးကလေးများတွေ့လေမလားဆိုသည့်စိတ်နှင့် အသဲအသန်လိုက်ရှာ နေမိတတ်သေးသည်။ နောက်ဆုံးတော့ သူ့ကွန်ပါဘူးကလေးက သူ့ကို အပြီးတိုင်စွန့်ခွာခဲ့ပြီဖြစ်ကြောင်းသူသိသွားခဲ့လေသည်။

သို့နှင့်ပင် ထိုအချိန်မှစ၍ ခိုးသည့်အလုပ်ကို အလွန်ရွံမုန်းခဲ့သည်။ ခိုးသည့်အလုပ်ကို လုပ်သူကိုလည်း သူမုန်းသည်။ ထိုအတူ သူလည်း ဘယ်တော့ မှ ခိုးဝှက်လုပ်ရသည့် အလုပ်မျိုး မလုပ်ဟု ဆုံးဖြတ်ခဲ့သည်။ သူခံစားရသလို အခြားလူအပေါ် ပြန်မခံစားရစေချင်ပါ။
ထို့ကြောင့်ပင်အထက်တန်းကျောင်းအောင်ပြီး အသက်မွေးဝမ်းကျောင်းလုပ်ငန်းရွေးချယ်ခဲ့စဉ်ကတောင် သူဝါသနာပါသည့် အလုပ်များထဲက ကိုယ်ချွေးနှင့်ရင်းကာ ဖြူဖြူစင်စင် ရသော လစာကို ရနိုင်သည့် သဘောင်္သားအလုပ်ကိုသာရွေးချယ် ပြီး ရေကြောင်း ပညာကောလိပ်ကို သူတက်ရောက်ခဲ့သည်။ သူငွေများများ လိုချင်ပါသည်။ သို့သော် ငွေကြေးကို ဖြူစင်စေချင်သည်။ သူတစ်ပါး ငိုစာ ရယ်စာ ကို သူမစားလို။ ခိုးစာ ၀ှက်စာကိုလည်း မစားလို။ ထိုကြောင့် ၀င်ငွေလည်းကောင်း ထမင်းဖြူဖြူလည်း စားရမည်ဟု သူယုံကြည်သော သဘောင်္သားအလုပ်ကိုသာ သူရွေးချယ်ဖြစ်ခဲ့ခြင်းဖြစ်သည်။ ဒီအလုပ်ကို သူဝါသနာလည်း ပါသည်။

တစ်ခါကတော့ သူရုံးတစ်ခုသို့ ရောက်ပြီး စာရွက်စာတမ်းကိစ္စများ ဆောင်ရွက်ရင်း … စာရေးလေးမှ လဘက်ရည်ဖိုးတောင်းသည်နှင့်ကြုံဖူးသည်။ ဒီတော့ သူစာရေးကလေးကိုခပ်ထန်ထန်ကြည့်ကာ

“ တကယ်တော့ ခင်ဗျား အလုပ်လုပ်ဖို့ နိုင်ငံတော်က လစာပေးပြီးသားမဟုတ်လား …. အဲဒါကို ခင်ဗျား က ကျွန်တော့ဆီကနေ လဘက်ရည်ဖိုး ထပ်တောင်းတယ်ဆိုတော့ …. ဒါ မတရားသက်သက် အချောင်ပိုက်ဆံယူတာပဲပေါ့…… ဒါသူတပါးပစ္စည်းကို မတရားယူတာပဲဗျ… ဒီမှာ ခင်ဗျား ကျုပ်ကိစ္စကို လုပ်ပေးချင်လုပ်ပေး မလုပ်ပေးချင်နေ… ကျုပ်ကတော့ တစ်ပြားမှ မပေးနိုင်ဘူး”

ထိုစဉ်တုန်းကတော့ မျက်နှာခပ်ပျက်ပျက်ဖြစ်နေသော စာရေးကလေးကို သူအတော်ချဉ်ခဲ့မိသည်။ သူစိတ်တွင် ဒီလို အချောင်စိတ်ဓာတ် … သူတပါးပစ္စည်းမတရားယူလိုတဲ့စိတ်ဓာတ်……. ခိုးသည့်စိတ်ဓာတ်ကို သူအားပေးအားမြှောက်မလုပ်လို။ သို့သော် သူ့ကိစ္စ မှာ အလွယ်တကူပင်ပြီး ခဲ့ပါသည်။ သူနှင့် အတူတွဲတင်သော သူငယ်ချင်း ဖြစ်သူ၏ ရာထူးအတော်ကြီးသည့် ဦးလေး မှ တဘက်လူကြီးအား သူ့တူအတွက်ရော သူ့အတွက်ပါ….. မိတ်ဆက်စာရေးပေးခဲ့သဖြင့် ပြီးမြောက်သွားခဲ့သည်။

ဒီလိုပင် သူ က အမြင်မတော်ဘူးထင်တာတွေကို ၀င်ဝင်ပြောခဲ့မိသည်ချည်းဖြစ်သည်။ ခိုးလုပ်ရသည့် အလုပ်တိုင်းကို သူမုန်းသည်။ ခိုးပြီးလျှင် အမှန်မပေါ်အောင်လိမ်ရတော့မည်။ ကံတစ်ပါးကျူးလွန်မိသည်နှင့် အလိုလို နောက်တစ်ပါးက လိုက်ပြီး ကျူးလွန်မိလျက်သား။ ဒီလို အဖြစ်မျိုးကို သူအတော် စိတ်ပျက်သည်။ ခိုးလုပ်ရမည့် အလုပ်မှန်သမျှ သူမလုပ်မိအောင်စောင့်ထိန်းခဲ့သည်ချည်း ဖြစ်သည်။

ယခုလည်း သူအ၀တ်ကို ခိုးလျှော်ဖို့ စိတ်မကူးမိတော့ ။ သူ့ကို ခပ်တည်တည် ဆူပုပ်ပုပ်ကြည့်နေသည့် အ၀တ်လျှော်စက် နှစ်လုံးကို ခနဲ့ ပြုံး ပြုံးကာ သူ လှေကားပေါ်သို့ တက်ခဲ့သည်။

“ အင်းလေ…. ရေဖြတ် တာက ငါ့တစ်ယောက်တည်းမှ မဟုတ်ပဲ … အခြားလူတွေလည်း ခံစားကြရတာပဲ … ငါ့လိုပဲ တစ်ခြားလူတွေမှာလည်း ၀တ်စရာရှိမှာ မဟုတ် ဘူး …. အင်စပက်ရှင်ကျ ရင်တော့ …. အားလုံး ညစ်တီးညစ်ပတ်ဖြစ်နေမှာ ပဲ …. ငါတစ်ယောက်တည်းမှ မဟုတ်တာ …. ကိစ္စတော့ သိပ်မရှိပါဘူး လေ”
ဟု သူတွေးပစ်လိုက်သည်။

ထိုနောက် အခန်းထဲသို့ မပြန်ခင် ထမင်းစားခန်းထဲသို့ သူဝင်လာခဲ့လိုက်သည်။ ထမင်းစားခန်းမှာတော့ လူအတော်စုံနေကြပြီ။ ညနေပိုင်း နားချိန်မို့ ထမင်းစားသူစား၊ ရုပ်ရှင်ကြည့်သူကြည့်ဖြင့် အတော်စည်ကားနေသည်။ သူလည်း ထမင်းခူး ၊ ဟင်း များ ထည့်ကာ တီဗွီနားမှခုံတွင် ၀င်ထိုင်ရင် ထမင်းစားနေလိုက်သည်။
သူ့ဘေးတွင်တော့ ပန့်မန်း (Pump Man) က ထိုင်နေသည်။

“ ကိုပန့် စားပြီး ပြီလား”

သဘောင်္ပေါ်တွင်တော့ ဒီလိုပဲ ရာထူးဖြင့်ပင်ခေါ်ဝေါ်တတ်ကြသည်။

“အေး.. ပြီးပြီ”

“ စိတ်တွေလည်း ညစ်ပါတယ်ဗျာ …..ရေမရှိတော့ …. အ၀တ်တွေကလည်း မလျှော်ရဘူး … မနက်ဖြန်ကလည်း အင်စပက်ရှင်နဲ့တော့ …. အားလုံး ညစ်ပတ်နံစော်နေတော့မှာပဲ ……”

“ ဟ…. မင်း အ၀တ် တွေ မလျှော်ဘူးလား …. ဘာလုပ်နေလဲ”

“ မလျှော်ဘူးလေဗျာ … ကုန်းချုပ် က မလျှော်ရဘူးလို့ စာကပ်ထားတယ် မဟုတ်လား …. ရေမရှိလို့လေ”

“ မင်း အရူး ပဲ….. ကုန်းချုပ်မသိအောင် သဘောင်္တစ်စင်းလုံး
ခိုးလျှော်နေတာ …. မင်းတစ်ယောက်တည်းမလျှော်တာ …… အေး မနက်ဖြန် အင်စပက်ရှင် လာလို့ ဘွိုင်လာစု အစုတ်နဲ့ ဆိုရင်တော့ …. မင်းကို သူကြီးက ထောင်းတော့ မှာပဲ”

သူစားနေရင်း ထမင်းပင် နင်သလိုဖြစ်သွား၏။ ထုတ်ထားသည့် စည်းကမ်းကို လိုက်နာ တာ သူ အရူးတဲ့လား။

“ မဟုတ်ဘူးလေ ကိုပန့်ရဲ့ …. ကုန်းချုပ်က ရေပြတ်သွားမှာ ဆိုးလို့ …. လုံးဝမလျှော်ဖို့ ပြောထားတာပဲ …. အဲဒါကို ခိုးလျှော်တယ်ဆိုတာ ……. စည်းကမ်း ဖောက်တာပေါ့ ….. ခိုးလုပ်တဲ့ အလုပ်ကြီးက မကောင်းပါဘူး ……အဓ္ဓိပါယ်မရှိတာဗျာ”

“အေး… အဲဒါကြောင့် မင်းကို အရူးလို့ ပြောတာ …. ဒီမှာ ဟေ့ကောင် အဓိကက ကိုယ်ပြဿနာ မတက်ဖို့ အရေးကြီးတယ်….. အခုမင်း စည်းကမ်းလိုက်နာ ပြီး ဘွိုင်လာစု မလျှော်တော့ ….. မနက်ဖြန် မင်းပဲ အထောင်းခံရမှာပဲ …. မင်းကို သူကြီးက ဆဲမှာပဲ ….. စည်းကမ်းလိုက်နာလို့ ဆိုပြီး ဘာဆုမှ ပေးမှာ မဟုတ်ဘူး … မင်းဟာလေ.. အတော်ကိုကြောင်တောင်တောင်နိုင်တဲ့ ကောင်ပဲ …”

“ဒါဆို အားလုံးလျှော်ကြတာပဲလား”

“ အေး ဟုတ်တယ်…… မယုံရင် မင်း လိုက်မေးသာကြည့်တော့ … ငါက စေတနာ နဲ့ပြောတာ … သွားလျှော်လိုက်… တော်ကြာ အဆဲခံနေရမယ်”

သူ တကယ်ပဲ ရူးနေပြီတဲ့လား။ သူတကယ်ပဲကြောင်တောင်တောင်ဖြစ်နေပြီတဲ့လား။
စားနေကျထမင်းကို သူလက်စသတ်ပစ်လိုက်သည်။ ထိုနောက် အခန်းထဲသို့ ပင်မပြန်တော့ပဲ အောက်ထပ်အ၀တ်လဲခန်းသို့ ပြန်ဆင်းလာခဲ့လိုက်၏။ အ၀တ်လဲခန်းအတွင်းရှိ လော်ကာထဲမှ နံစော်နေသောဘွိုင်လာစုကို သူထုတ်ယူလိုက်ပြီး သူ အ၀တ်လျှော်ခန်းဘက်သို့ တန်းတန်းမတ်မတ်လျှောက်လာခဲ့လိုက်သည်။

သူကြီး (Captain) အဆဲကိုတော့လည်း သူမခံနိုင်။ မနက်ဖြန်အားလုံးထဲမှာ ညစ်ထေးထေး ဘွိုင်လာစုဖြင့် တွေ့သော သူ့ကို သူကြီး က ဆဲမည်သာဖြစ်သည်။ ကုန်းချုပ်ထုတ်ထားသော စည်းကမ်းကိုလိုက်နာပြီး အ၀တ်မလျှော်ခြင်းထက် အင်စပက်ရှင် အောင်ရေးကို သာ သူကြီးက ဦးစားပေးမည်ဖြစ်သည်။ ကံမကောင်းလျှင် သူကြောင့် အင်စပက်ရှင်ကျသွားလျှင်ပင် သူအလုပ်ပြုတ်သွားနိုင်သည်။ သူဘာလုပ်ရမည်နည်း။

အ၀တ်လျှော်ခန်းအ၀တွင် ဘွိုင်လာစု ညစ်ထေးထေးကို ကိုင်ကာ သူငူငူကြီးရပ်နေမိသည်။ ယခုသူ မလုပ်ချင်ဆုံး ခိုးဝှက်လုပ်ရသည့် အလုပ်ကို သူလုပ်ရပေတော့မည်။ သူမလုပ်ချင်ပါ။ သူဒီကိစ္စကို ခိုးလုပ်ပြီးလျှင် ကုန်းချုပ်က သူအား အ၀တ်လျှော်သလား ဟု လာမေးသည့်အခါ သူလိမ်ညာပြီး မလျှော်ပါဘူးဟု ဖြေရတော့မည်။

သူ့စိတ်တွေက လွန်ဆွဲနေလေသည်။ သူဘာလုပ်ရမည်နည်း။

အ၀တ်လျှော်စက်ကြီး နှစ်လုံးမှ သူ့ကို ခပ်တည်တည် ဖြင့်ကြည့်နေပြီး …. အ၀တ်လုံးဝ မလျှော်ရ ဟူသော စာတမ်းကလေးကတော့ သူ့ကို လှောင်နေသလို ရှိ၏။ လက်ထဲတွင်ကိုင်ထားသော ဘွိုင်လာစု ညစ်ထေးထေးကို တစ်လှည့် အ၀တ်လျှော်စက်ကြီးကို တစ်လှည့်ကြည့်နေမိပြန်သည်။ ကဲပြောစမ်းပါဦး။ သူဘာလုပ်သင့်သနည်း။
ကိုပန့်ပြောသလို သူ တကယ် အရူး သာဖြစ်လိုက်ချင်တော့ သည်။

“သူများမိုးခါးရေသောက်ရင်တော့ … တို့လည်းလိုက်သောက်ရမှာပဲ” သူ အတော်မုန်းခဲ့သောစကားဖြစ်သည်….

ခါးမှန်းသိသိနဲ့တော့ ဘယ်တော့မှ ဒီမိုးရေကိုသူမသောက်ဟု ဆုံးဖြတ်ခဲ့ပြီးပြီပဲ….

သို့ပေမယ့်…. သူရေဆာနေပေပြီ…… သူရေဆာနေရှာသည်…

တစ်ခါက သူ ရင့်ရင့်သီးသီးပြောခဲ့ဖူးသော စာရေးကလေး မျက်နှာပျက်ပျက်ကို မြင်ယောင်မိသည်.....

" မင်းလည်းငါ့လိုပဲ ... ရေဆာနေခဲ့တာပဲလား" ဟု သူမေးမိသည်...

သူခေါင်းကိုလေးပင်စွာခါ ရမ်းလိုက်ပါသည်....

လက်တကမ်းက မိုးရေစက်တွေကို သူသောက်ဖို့ ပြင်ဆင်ရတော့မည်...

သူဘာများတတ်နိုင်ဦးမည်နည်း

သူ့အာခေါင်တွေက ခြောက်ကပ်လျက်သား … မိုးခါးရေတွေကလည်း …သည်းလျက်သား…..

By:လင်းလွန်းညို

https://www.facebook.com/LynnLonnNyo

ကိုရွှေသင်္ဘောသီးနဲ့ အ၀တ်လျှော်စက်

ကိုရွှေသင်္ဘောသီးနဲ့ အ၀တ်လျှော်စက်
======================
ကိုယ်ရွှေသင်္ဘောသီး အ ဖြစ် က ဆန်းသဟ

ကိုရွှေသင်္ဘောသီးတို့ နေတဲ့ အရပ်ဒေသလေး အကြောင်းနည်းနည်း

မိတ်ဆက်ပေးမယ်ဗျာ(စာဖတ်သူတွေ ထင်မှာပဲ ပြောတော့ နည်းနည်း နဲ့

ပြီးရင် သူစာတွေက ရှည်လိုက်တာ မျက်စိကိုညောင်းရောလို့ ကျိန်ဆဲနေမှာ

အမှန်ဗျ) ဒါထက်ပြောရအုံးမယ်

ကိုရွှေသင်္ဘောသီးက နည်းနည်းရရတော့ မဟုတ် မျက်နှာကြီး မျိုးဗျ

ဒါတောင် ကိုရွှေသင်္ဘောသီးကတော် ဆို တယ် မျက်နှာ ပွင့်သဗျ

မျက်နှာပွင့်ဆို တရပ်ကွက်လုံး မေးကြည့် မှတ်တိုင်ရောက်လို့

ဆင်း တွေ့ရာ ဆိုက်ကား ဆရာ ကိုသာ မေးလိုက် တန်းနေတာ အိမ်ကို

တကယ်ဗျ ကိုရွှေသင်္ဘောသီးဆို မသိမရှိ ဒီတိုင်းမေးရင်တောင် ဖြေတဲ့

သူက သူတို့ ဆရာကို မလေးစားကောင်းလား ဆိုပြီး

ဘုကြည့်ကြည့်ခံရနိုင်တယ် ဟဲ ဟဲ အဲလို ဘုန်းကြီးတာ (အိမ်က

မိန်းမက ဈေးထဲမှာ နေ့ပြန်တိုးပေး ပြီး ဆိုက်ကားလေး

(၃)စီး လောက်ထောင်၊ အုံနာ ပေးထားတာကို ဒီတော့ တပည့်တပန်းပေါ


တာ ပေါ့) ကဲ ကိုယ်ရွှေသင်္ဘောသီး တို့ အရပ်က ပဲပြုတ်သည်လဲ

အချိန်မှန်လာတယ် မနက် ပိုင်းစောစော ထ လမ်းလျှောက် ပြန်လာရင်

လက်ဖက်ရည် ဆိုင်ထိုင် ကြာနီကန် ဆရာတော်ရဲ့ တရားခွေ နဲ့

အာရုံတက်တာ ဆိုတော့

ဘယ်လောက် ကျက်သရေ ရှိသလဲ (မှတ်ချက်၊၊ ၊၊ မြို့ကြီးပြကြီး မှာ

အခြေကြီး ပြီး ကားသံ၊ဟွန်းသံ တညံညံနဲ့ နေရတဲ့ သူတွေကိုတော့

သနားသဗျ ကျွတ် ကျွတ်….)

ကဲ ထားတော့ လျှပ်စစ်မီးလား ထိန်လို့ ညီးလို့ (ခရမ်းချဉ်သီးမီး ထက်တော့

သာတယ်နော်)

ကိုရွှေသင်္ဘောသီးတို့ အရပ် ဘာမှတ်သလဲ လျှပ်စစ် ၀န်ကြီး က

ကိုယ်ရွှေသင်္ဘောသီးတို့ နယ်က မဲပေးလို့ ၀န်ကြီး ဖြစ်သွားရရှာသူ(ဟင်း

လျှပ်စစ်မီး ရက်ကြာကြာ ပျက်လို့ ကတော့

မဲဆို ဝေးလာဝေး နောက်တခါ ဆောရီး လို့တောင် မပြောဖူးနော်

စိတ်ထဲကနေ ပေးပစ်လိုက်မှာ ဒါပဲ) တနေ့သား မဟေသီကြီးက

ကလေးငယ်တွေရှိတော့ အ၀တ်လျှော်စက် လိုချင် သပ

ထူးထူးဆန်းဆန်း ပူဆာ လေတယ်

ကိုယ်ရွှေသင်္ဘောသီး ခင်မျာ မိန်းမ ပူဆာ

မနေသာတော့ နောက်ဆုံး ပြေးရပြီပေါ့ ပန်းဆိုးတန်းက လျှပ်စစ်

ပစ္စည်းရောင်းတဲ့ ဆိုင်တွေကို

ဒီကြားထဲ တစီးတည်းစီးလာတဲ့ အီးအိုကြီး(E.O)ကို လှမ်းပြီး

အကူအညီတောင်း သူ ညွှန်တဲ့ ဆိုင်က ကောင်းနိုးရာရာ

တရုတ်ပြည်လုပ် ဈေးသင့်တာလေး ၀ယ်ပြီး ပြန်လာတာပေါ့

ဒီလိုပါပဲ

မိန်းမက ပူဆာတာထက် ကိုယ်ရွှေသင်္ဘောသီး ကိုယ်တိုင်ကလဲ နည်းနည်း

ကြီးကျယ်လာတာလဲပါတယ် သင်္ဘောပေါ်မှာ ဒီလို စက်မျိုးသုံးတာ ဆိုတော့

သိတယ်မဟုတ်လား ဒါနဲ့ ပြန်လာလို့ စက်ကိုနေရာ အထိုင်ချ ပြီးတော့

မတောက်တခေါက်တတ်တဲ့ ဘိုစာနဲ့ ရေးထားတဲ့ စက်မောင်းရန် နည်းလမ်း

စာအုပ်ကို မဟေသီကြီးကို ဘာသာပြန်လုပ်ပေး ဘယ်လို စက်ကို

သုံးရမယ်ဆိုပြီးဆရာကြီး လုပ်နေတာ

(တခါတလေလဲ လုပ်အုံးမှ နို့မို့ဆို ကိုယ်ကချည်း သူအအော်ခံ နေရတာ

မနိပ်ဖူးလေ သင်္ဘောသားဆိုတာ ကုန်းပေါ်ရောက်ရင် ဘာမှ သိတာ

မဟုတ်လားဗျာ)ထားတော့

စက်ဖွင့်ပွဲ အနေနဲ့ အ၀တ်အစားတွေထည့်လို့ လျှော်မယ်ဆိုပြီး ထည့်ပြီး

ခလုတ်နိပ်ဘို့ လုပ်ရင်း သတိရလိုက်မိတယ် တခုခုကို လိုနေတယ်လို့

ကိုရွှေသင်္ဘောသီး တယောက် အသိနဲ့ သတိလေးကပ်လိုက်မိမှ

သိလိုက်ရတာက တခု

ရေပိုက်သွယ်ဘို့ မေ့နေတယ်လေ ဘာတတ်နိုင်မလဲ ဗျာ

( မှားတဲ့ အခါလဲ မှားပေ မပေါ့)

ရေဆွဲပုံးလေးနဲ့ ဖြည့်လိုက်တာပေါ့ ဘယ်ရမလဲ အစက တော့

မသိသာပေမဲ့ ကိုယ်ရွှေသင်္ဘောသီးရဲ့ နောင်တတွေက ညဖက်ရောက်မှ

အလုံးအရင်း ကို ၀င်လာတာ တကိုယ်လုံး ကိုက်လို့ ခဲလို့ အ၀တ်လျှော်စက်

အတွက် ရေဆွဲဖြည့် ပေးရတဲ့ ဒုက္ခလေ ကိုယ်ရွှေသင်္ဘောသီး

မစဉ်းစားလိုက်မိတာ အိမ်မှာ ရေစဉ် မရှိတာကိုပဲ ဘာတတ်နိုင်မလဲဗျာ ကိုယ်

စတဲ့ ဇာတ်လမ်း ဆုံးအောင် ကတော့ ပေါ့ မောင်တထမ်း မယ် တရွက်ပေမဲ့

မယ်ကို ညှာတဲ့ ကိုယ်ရွှေသင်္ဘောသီး တယောက် ရေထမ်းပေးရတဲ့ ဒုက္ခ က

လွတ်မြောက်ရကြောင်း ဘုရားမှာ ပဲ ကျိတ် ဆုတောင်းရတာ အကြိမ်ကြိမ်

အခါခါ၊၊ ၊၊

မောင်ဒိုးနတ်(၁.၁၀.၂၀၁၃)

ဆာကူရာ.. နှင့် ပြင်ဦးလွင်..က..ဘုန်းကြီးကျောင်းသား..(၃)

ဆံပင်ဆေးဆိုးချင်ဆိုးပါ..။ နားကပ်လည်း..ပန်ချင်ပန်ပါ..။
ဒါပေမဲ့.. တာဝန်နဲ့ဝတ္တရားကို..သိပါ..။




စာရေး.သည့်..အကျင့်..ရှိသော်လည်း..ရေးရာတွင်..ကြိုတင်..စိတ်ကူးလေ့မရှိ..ရေးရင်းနှင့်..ရောက်ချင်ရာ.. ရောက် အတွေးနောက်..လိုက်..ရေးတတ်သည်..။ ပြီးတာနဲ့..အယ်ဒီတာမရှိသော..မိမိစာမျက်နှာမှာ..တင်လိုက်ယုံပင်..။ တစ်ခါတစ်လေ..ကျောင်းစာဖတ်နေရင်း..ပျင်းလာသည့်အတွက်..ပေါ်လာသည့်အတွေးကို..ချရေးလိုက်သည် လည်းရှိသည်..။ သို့ဖြစ်ရာ..ကျွန်တော့်စာတို့သည်..ဟို..ရောက်..ဒီ..ပေါက်..။

ဟိုရောက်..ဒီရောက်..ရေးတတ်သည့်အကျင့်ကြောင့်.လည်း..ဂျပန်ကနေ. .ပုသိမ်..ကိုရောက်သွား..ခဲ့ ရ.. သည်..။ မိတ်ဆွေများ..ကို..တောင်းပန်ပါသည်..။

ဒီနေ့..ဂျပန်ကို..ပြန်သွားပါမည်..။
။။။။။။။။။။။။။။
KOBE နှင့် Kinki Maritime Bureau မှာ..အလုပ်ဆင်းရစဉ်က..သဘောင်္ကျင်းများကို..သွားပြီး..Survey လုပ်ရသည်..။ Existing Ship များပါသလို..New Build Ship များလည်း..ပါသည်..။ သဘောင်္ဟောင်းများကတော့..Certificate Renew လုပ်သည့်..Survey များဖြစ်သည့်အတွက်..တစ်ကြိမ်သာ သွားရလေ့ရှိသည်..။ တည်ဆောက်ဆဲသဘောင်္သစ်များကတော့..သဘောင်္ဧရာခင်းခြင်း (Keel Laid) မှသည် သဘောင်္ အစမ်းခုတ်မောင်းခြင်း (Trial Run) ကြားမှာ..အကြိမ်ကြိမ်သွားရသည်..
။။။။။။။။။။။။
တစ်ရက်မှာ..KOBE ရှိ Dockyard အသေးလေးတစ်ခုကို..Survey သွားရသည်..။ သဘောင်္က..Sea going Tug အသစ်ဖြစ်ပြီး..ထိုင်ထားသည့်..အင်ဂျင်က..မြင်းကောင်ရေ ၃၀၀၀ ကျော်ရှိသည့်.. သဘောင်္အသေးလေး ဖြစ်သည်..။ ကျွန်တော်တို့..သွားပြီးစစ်ဆေးရသည်က..ME Safety Devices တွေ Testing လုပ်ခြင်း နှင့် Main Switch Board Safety Devices တွေ..Testing လုပ်ခြင်းဖြစ်သည်..။
။။။။။။။။။။။။။
Maritime Bureau မှာ..သဘောင်္စစ်ဆေးသည့်..Procedure ရှိသည်..။
စစ်ဆေးရမည့်..လုပ်ငန်းစဉ်အဆင့်ဆင့်သာမက.. လုပ်ငန်းစဉ်အဆင့်တစ်ခုခြင်းစီမှာ..စစ်ဆေးရမည့်..၊ စမ်းသပ်ရမည့်..အလုပ်များ..လည်း..၊ သဘောင်္အရွယ်အစားနှင့်အမျိုးအစား..အလိုက်ဖော်ပြပြဌာန်းပြီး သား..၊ သဘောင်္ကျင်းမှာလည်း..သဘောင်္အလိုက် Inspection/Survey Record File ရှိသလို..ရုံးမှာလည်း.. ရှိသည်..။ သဘောင်္တည်ဆောက်မှု..ပြီးစီးမှု..အခြေအနေအလိုက်..စစ်ဆေးမှုအဆင့်ဆင့် ကိုဆောင်ရွက် သွားရသည်..။ မှတ်တမ်းတင်ရသည်..။ နှစ်ဦးနှစ်ဘက်..လက်မှတ်ထိုး..ထားရသည်..။ မှတ်ချက်များ..ရေးထားရသည်..။
။။။။။။။။။။။။
ကျွန်တော်..ပြောချင်သည်က..သဘောင်္စစ်ဆေးေ၇းလုပ်ငန်းများအကြောင်းမဟုတ်၊ သဘောင်္တည်ဆောက်ရေးလုပ်ငန်းများအကြောင်း..မဟုတ်..။
သဘောင်္ကျင်းမှာ..တွေ့ခဲ့သည့်..လူငယ်တစ်ယောက်..အကြောင်း..ဖြစ်သည်..။
။။။။။။။။။။။။
သဘောင်္ကျင်းများကို..ရောက်လျှင်..ထုံးစံအတိုင်း..သဘောင်္ကျင်းမှ..တာဝန်ရှိသူနှင့် JG မှ..Inspector တို့..မိတ်ဆက်သည်..။ လုပ်ရမည့်..စစ်ဆေးရေး..လုပ်ငန်းအကြောင်းဆွေးနွေးသည်..ပြီးမှ..လုပ်ငန်းခွင် ထဲ..၊ သဘောင်္ကျင်းထဲကို..သွားသည်..။ Maritime Bureau ကို JG ဟုလည်း..သိကြ..ခေါ်ကြသည်..။

Japan Government ၏အတိုကောက်ဖြစ်သည်..။ စစ်ဆေးရေးမှူးများကိုလည်း..Surveyor ဟုမသုံး..၊ Inspector ဟုသုံးလေ့ရှိသည်..။
ဟော..ကြည့်..ဘေးထွက်..သွားပြန်ပြီ..။
။။။။။။။။။။။။။
သဘောင်္ကျင်းမှ..တာဝန်ရှိ..အင်ဂျင်နီယာတစ်ဦးက..သဘောင်္ကျင်းအ၀မှာ..လာကြိုပြီး..ဧည့်ခန်းထဲကိုခေါ်သွား သည်..။ များသောအားဖြင့်..ကော်ဖီမှုန့်.ပါးပါး..ကို..ရေနွေးဖြင့်ဖျော်..၊ ပြီးမှ..ရေခဲသေတ္တာအတွင်းထည့်ထား သည့် ကော်ဖီိအေး ဖြင့်ဧည့်ခံလေ့ရှိသည်..။ သကြားမပါ..၊ နို့မပါ..။ ကော်ဖီအရသာ..ရှိသည့်..အ၀ါရောင်ဖျော့ ဖျော့.. အရောင်ရှိသော.ရေခဲရေဟု..ခေါ်လျှင်လည်း..ရမည်..ထင်သည်..။

ကျွန်တော်တို့..ထိုင်နေစဉ်မှာ..အသက်(၃၀)ခန့်လူငယ်တစ်ဦး..၀င်လာသည်..။အလုပ်ဝတ်စုံ (working clothes) နှင့်ပင်ဖြစ်သည်..။ သက်ဆိုင်ရာ..သဘောင်္၏ File ကိုလည်း..ယူလာသည်..။ ဆံပင်က..ရွှေရောင်
နားတစ်ဘက်မှာ..နားကွင်းပါသည်..။ ပိန်ပိန်ပါးပါး နှင့် ကိုရီးယား F4 မင်းသားများနှင့်ဆင်သည်..ရုပ်ချောသည်။ အရပ်တော့ သိပ်မရှည် ၅ပေ၅ လောက်သာရှိမည်..။

ကြိုဆိုလာသူ..အင်ဂျင်နီယာက..မိတ်ဆက်ပေးသည်..။ သူတို့..သဘောင်္ကျင်း၏ General Manager ဟုပြောပြပါသည်..။

တစ်နေ့တာ..အလုပ်ကို..Discussion လုပ်အပြီး..သဘောင်္ဆီကို..စစ်ဆေးဘို့သွားတော့..သူကျန်နေခဲ့သည်..။ သဘောင်္တာဝန်ခံအင်ဂျင်နီယာနှင့် ကျွန်တော်တို့..အင်စပက်တာ(၂) ဦးသာ သွားကြသည်..။
။။။။။။။။။။။။
သဘောင်္ပေါ်ရောက်တော့..သူ့အပိုင်းနှင့်သူ.ဆိုင်ရာ..အင်ဂျင်နီယာများ..စောင့်နေကြသည်.။ Electrical , Control, Mechanical , Piping စသည့် Section အလိုက်တာဝန်ခံအင်ဂျင်နီယာများက..ဒီနေ့ တစ်နေတာ အတွက်..စစ်ဆေးရမည့်..အပိုင်းများကို..သူ့ဆိုင်ရာဆိုင်ရာ..စမ်းသပ်ပြသည်..။ ကျွန်တော်တို့က..လိုက်စစ်ပြီး၊Inspection Record မှာသွင်းသည်..။
။။။။။။။။။။။။။
Inspection ပြီးတော့..သူတို့သဘောင်္ကျင်းရုံးမှာ..လိုအပ်သည့် စာရွက်စာတန်းများ..လက်မှတ်ထိုးသည်။ လုပ်ငန်းများအပြီးမှာ..

ဘယ်လိုမှ..မအောင်းမေ့ပါနှင့်..ဟု..စကားခံပြီး..ကျွန်တော်က..General Manager အကြောင်းစပ်စု သည်.. သူက..သဘောင်္ကျင်းပိုင်ရှင်ရဲ့..သား..လား..တူလား..ဟု..။

သူတို့က..မဟုတ်ပါ..။
အလုပ်တော်သဖြင့် အခြားသဘောင်္ကျင်းကြီးတစ်ခုက..နေ..ရာထူးတိုးပေးပြီးခေါ်ထားတာပါဟု..ဆိုသည်..။

Naval Architecture နှင့် Master Degree ကိုထူးထူးချွန်ချွန် ရထားခဲ့.သူ..ဟုလည်း..သိခဲ့ရသည်..။ တော်လိုက်တာ..ဟု..ရင်ထဲမှာ. .မှတ်ချက်ပေးမိသည်..။ ငါတို့..ဆီက..ကောင်တွေလည်း..ဖြစ်နိုင်တယ်..ဟု..တွေးမိသည်..။
။။။။။။။။။။။။
သည်..သဘောင်္ကျင်းလေးက..နေရာကျဉ်းကျဉ်းလေးမှာ..တည်ထားခြင်းဖြစ်သည်..။ တစ်နှစ်ကို..Sea Going Tug ..၈စင်းမှ..၁၀စင်းထိ..လောလောဆယ်တည်ဆောက်နေသည်ဟု..ပြောပြပါသည်..။ ကျွန်တော်တို့..ဒေါပုံ သဘောင်္ကျင်း ၏ ၄ပုံတစ်ပုံလောက်သာ.. ကျယ်ဝန်းပြီး..၀န်ထမ်းက..၁၀၀ကျော်ကျော်..သာရှိသည်..။ သဘောင်္တည်ဆောက်ရာတွင်သုံးသည့် သံပြားသံချောင်းများကို..ခေတ်မှီ CNC Machine များ၊ Automatic Control Welding Machine , Cutter များသုံးသည့်အတွက်..၀န်ထမ်းဦးရေ နည်းနည်းသာလိုခြင်းဖြစ်မည် ထင်သည် ။ ရုံးဝန်ထမ်းကလည်း..ဆယ်ဂဏန်းမျှသာ..။

ပုံပြင်ရုံ (သဘောင်္တည်ဆောက်ရာတွင်..သုံးမည့်..သံပြားများကို..ပုံချ.. ပုံဖြတ်သည့်အလုပ်ရုံ) ကလည်း..၊ ဒေါပုံသဘောင်္ကျင်းပုံပြင်ရုံ၏ တစ်ဝက်ခန့် သာ..ရှိသည်..။
ဒေါပုံသဘောင်္ကျင်းမှာရှိသည့်..ပုံပြင်ရုံက..အခုတော့..စာမေးပွဲ ဖြေသည့်.. အခန်းဖြစ်နေပြီ..။ သဘောင်္အသစ်မတည်နိုင်သဖြင့်..ပုံပြင်ရုံလုပ်ငန်းများ..မရှိတော့..သည်မှာ လည်း ကြာခဲ့ပြီ..။

ဒီအလုပ်က..Engineering Drawing ၏ ကဏ္ဍတစ်ခု..ဖြစ်သည့်..development ကို အသုံးပြုရသည်..။ ကျွန်တော်တို့..ဆီက..အင်ဂျင်နီယာကျောင်းတွေ..မှာ..သင်ကော..သင်သေးရဲ့လား..မသိတော့..။
။။။။။။။။။။။။။။။
စာသင်ခန်းထဲမှာ..ကြုံသည့်..အခါတိုင်း..တပည့်များကို..ဒီအကြောင်းလေး..ပြောပြသည်..။ နှိုင်းယှဉ်ပြသည်။

ကိုယ့်ကိုယ်ကို..သုံးသပ်ခိုင်းသည်..။ ဒီအကြောင်းလေးကို..အရင်ကလည်း..ပြောပြခဲ့ဘူး..မည်ထင်..သည်..။
။။။။။။။။။။။။။။။
မြန်မာပြည်မှာ..က..

တစ်ချို့လူငယ်များက..ဘွဲ့ရပြီးသည့်အခါ..အလုပ်လည်းမရှာ..ရှာရလည်း..ဂျီးများ..နေတတ်သည်..။
(အလုပ်အကိုင်..အခွင့်အလမ်း..ပါးရှားတာလည်း..ပါပါသည်..။)
မိဘ..က..ပြောသည့်အခါမှာလည်း..၊ ကျွန်တော်..ကလေးမဟုတ်တော့ဘူး..လူကြီးဖြစ်နေပြီ..။ ဘွဲ့ရပြီးပြီဗျ..၊အဲဒီလောက်..ပြောမနေနဲ့..ဟု ဘုပြန်တောသည်..။

ပြီးတော့..အမေ..ဂိမ်းဆော့ဘို့…မုန့်ဘိုး..ပေး..ဟု..ဆိုတတ်..ပြန်သေး..သည်..။
။။။။။။။။။။။။။။။
ပြေလည် သည့်..မိဘများကလည်း..အိမ်ထောင်မပြုသရွေ့..ငါတို့..တာဝန်ဟု..ယူဆထားတတ်ကြဟန်..သည်..။

သူတို့ကလည်း..သူတို့မှာ..ဘာ..တာဝန်မှ..မရှိသလို..၊ ဘာမှလည်း..ပူစရာ..မလို..သည့်..ပုံမျိုး..။

ခေတ်ကာလအရ..Hiphop ပုံစံလို..၀တ်ချင်ဝတ်မည်..။
ကိုရီးယား..မင်းသားလေး..စတိုင်လ်..ဖမ်းချင်ဖမ်းမည်..။

ရွှေရောင်ဆံပင်လေးနှင့်..ရွှေရောင်..စိတ်ကူးယဉ်..အိမ်မက်တွေထဲမှာ..နစ်မြောနေကြသည်..ဟု..ကျွန်တော်..ကတော့..မြင်သည်..။
။။။။။။။။။။။။။။
သူသဘောကျသည့်..Hiphop အဆိုတော်က..ကမ္ဘာတစ်ဝှမ်းလုံးက..သိလာအောင်..
မည်သို့..ကြိုးစားရုန်းကန်ခဲ့ ရသည်ကိုတော့..သူတို့..လေ့လာမိချင်မှ..လေ့လာမိမည်..။ ဂီတာ..တီးကျင့်ရင်..လက်မှာ..အရေကြည်ဖု..ပေါက် သည်နှင့်.. ဆက်မတီးဘဲ.ဂီတာကို...ဖက်အိပ်နေသူ..လည်း..များနိုင်သည်..။ သူ..အားကျသည့်..အဆိုတော်က..တစ်နေ့မှာ..ဆယ်နာရီအထက် ဂီတာကို..တီးခတ်ရင်း.. လက်ချောင်းလေးတွေ..လက်ဆစ်လေးတွေ..မှာ.အသားမာတက်သည်အထိ..နှစ်နှင့်ချီပြီး.ကိုယ်ပိုင်သံစဉ်များ ကို ရှာဖွေခဲ့ရမည်မှာ.၊ အအိပ်ပျက်..အစားပျက်ကြိုးစားခဲ့ရမှာလည်း..သေချာသည်..။

ရွှေရောင်ဆံပင်နှင့်..ဂျပန်လူငယ်လေးသည်.လည်း..သူ့အလုပ်ကို..သူများထက်သာအောင်..လုပ်ခဲ့ပြီး..နေရာတစ်ခုကိုရယူနိုင်ခဲ့သည်..။

ပြိုင်ဆိုင်မှုပြင်းထန်သည့် ဂျပန်မှာ.. သည်နေရာကို.. သူလွယ်လွယ်နှင့်ရလာမည်..မဟုတ်..
။။။။။။။။။။။။။
အဲ..သလို..ကြိုးစားလို့ကတော့..နားကပ်တစ်ကွင်းသာ..မက..နှစ်ကွင်းဖောက်လဲ..ကြည့်ရသည်..။
ဆံပင်ကို..ဘေးနှစ်ဘက်..အပြောင်ထိုးပြီး..အလည်မှာ..ရောမစစ်သည်.
.ခေါင်းဆောင်းလို..အမောက်ထောင်..ဆေးဆိုးလည်း.. သဘောကျနေဦးမည်..။
။။။။။။။။။။။။။
လူငယ်..တစ်ချို့က..

အဆင်းနှင့်အချင်းမှာ…

အားကျရ..သူတို့..၏ အဆင်းကို..အလွယ်လိုက်.အတုခိုးပြီး..ဘောင်းဘီတိုပွပွကို..၀တ်..၊ ဦးထုတ်ကို.ပြောင်းပြန်ဆောင်းထား..သော်လည်း..၊

အချင်း..ရအောင်.လုပ်ရမည်..ဆိုတော့..၊ ဟာဗျာ..ဒါလွယ်တာမှတ်လို့..ပင်ပန်းတယ်ဗျ...ဟု..မေ့ချင်ယောင်..ဆောင် ချင်ဆောင်နေပေ..မည်..။
။။။။။။။။။။။။။။
ဥရောပသားတွေ..ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ..၁၈ နှစ်ကျော်တာနှင့်..မိဘက..ထိန်းချုပ်လို့..သိပ်မရတော့...။

သူတို့..လူငယ်အများစုက.လည်း..မိဘ.ထိန်းချုပ်ခြင်းကိုလက်မခံသလို..၊ မိဘအိမ်မှာ..မနေဘဲ.. ကိုယ်ဒူးကိုယ်ချွန်..ကိုယ့်အခန်းကိုယ်ငှါးနေပြီး..ကိုယ့်ဘ၀.ကိုယ်ရပ်တည်..နေသူတွေရှိသည်.။ စကာင်္ပူလို..နိုင်ငံမှာပင်..အထက်တန်းအောင်ပြီး.ကျောင်းသားတွေက.. ကျောင်းပိတ်ရက်မှာ.. စားပွဲထိုးလုပ်ပြီး.. အလုပ်လုပ်..၀င်ငွေရှာတာမျိုးတွေ..ရှိသည်..။
။။။။။။။။။။။
ဒီတော့..ကိုယ်နှင့်ထိတွေ့..ဆက်စပ်သည့်..တပည့်များကို.ပြောရသည်..။
လအော့..လအယ်တော့..မလုပ်ကြနှင့်

ဥရောပစတိုင်..ဆိုလဲ..ဥရောပစတိုင်..ပြတ်ပြတ်သားသားလုပ်..။
မိဘ..စကားလဲနားမထောင်နှင့်..ကိုယ့်ခြေထောက်ပေါ်ကိုယ်..ရပ်တည်ကြ..။

ဗမာ..စတိုင်..ဆိုလဲ.ဗမာ..စတိုင်မိဘ..ထမင်းစားနေသမျှ..မိဘစကား..နားထောင်ကြ..။
။။။။။။။။။။။။
၁၈ နှစ်ကျော်နေပြီ..မိဘစကား..နားထောင်စရာမလို..ဆိုသည့်အပိုင်း.. ကိုတော့..ဥရောပကယူပြီး..လယ်ရာ..ပြန်စား..ကိုတော့.. ဗမာ..စတိုင်လ်..လုပ်နေ..တာမျိုး.တွေ.။

အ၀တ်အစား..ဒီဇိုင်းကို..အတုခိုးပြီး..
စိတ်ဓါတ်နှင့်..အလုပ်ကြတော့..အပျင်းထူ.ပြီး..လိုက်..မလုပ်တာမျိုး.တွေ..။
ရာထူး.ကို..လိုချင်.၊.မြင့်မား..သည့်..လခကို..မက်ပြီး..၊
တာဝန်နဲ့..၀တ္တရားကျတော့..သားသား..ကြောက်..ကြောက်..လုပ်နေတာမျိုး..တွေ..။
။။။။။။။။။။။။
တွေးကြည့်တော့..

ဒီ..လဒ..တစ်ချို့...လူလည်..ကျလွန်းသည်..။
။။။။။။။။။။။။။
မိဘ..တစ်ချို့အနေနှင့်..ကလည်း..ချစ်တာနှင့်..နှစ်တာကို..ခွဲခြားသိဘို့..လည်း..လိုပါသည်..။
တာဝန်ရှိသူများကလည်း..အလုပ်အကိုင်အခွင့်အလမ်း..ကို..ရှေရှည်..ရှေတို..စဉ်းစားဘို့..စီမံချက်ချဘို့..လိုမည်ဟု..မ၀ံ့မရဲ..တင်ပြလိုပါ..သည်..။ အရည်အချင်းကို..မူတည်ပြီး..ရာထူးတိုးသည့်..စနစ်ကိုလည်း..စတင်စဉ်းစားသင့်ပြီ..။
အရည်အချင်းဆိုတာ..ဘွဲ့..လက်မှတ်..မဟုတ်ဆိုတာ..ကိုလည်း..နားလည်ကြဘို့..လိုသည်..။
အာရှ၏ ထိပ်တန်းနိုင်ငံ ဖြစ်ခဲ့သော..ကျွန်တော်တို့..အခုအချိန်မှာတော့..
မိုက်တွင်းထဲက..ကုတ်ကပ် တက်ဘို့.တော့.. လိုနေ..ပြီ..။
။။။။။။။။။။။။
သြော်..ဒါနဲ့..မေးရဦးမည်..။

ကျွန်တော်.ရေးတာ..အခု..ဂျပန်ရောက်နေတာလား..မြန်မာပြည်.ပြန်. .ရောက်နေတာလား..ခင်ဗျာ..။
။။။။။။။။။။။။

ဝင်းအောင်
ရေကြောင်း..ကျောင်းဆရာ.

ရေ ထဲကလူ(၁)



သမုဒ္ဒရာတစ် ရာ
ဝမ်းတစ်ထွာတဲ့လေ
ဝမ်းတစ်ထွာအတွက်
သမုဒ္ဒရာထဲဖြတ်နေသူပါ
မေခလာကိုအားကီုးပြီး
ဒီအလုပ်ကိုစခဲ့တာမှ မဟုတ်သာ ..

ဘယ်သူကစ တာလဲမသိ
'သ င်္ဘောသီး ' တဲ့
နောက် တောက်တောက်နဲ့လေ
တချို့ကဆိုင်းဘုတ်ကြီးကြီးနဲ့
ဈေးထိပ်မှာရေးထားသာ
'သ င်္ဘောသား' ရောဂါတဲ့
လူငယ်တွေက ဗန်းစကားလား
ရေဘဲကြီး တဲ့ဗျာ ...

မိဝေးဘ ဝေးချစ်သူဝေးတဲ့
ဒီပင် လယ်မှာ ဘယ်သူပျော်မှာလဲ
ရာသီစက်ဝိုင်းတပတ်ကို
အသက်ကလည်း
လောင်းကြေးထပ်ထားရတယ်လေ....

ကမ္ဘာပတ်ပြီး
ညရဲ့ကပွဲရုံအောက်မှာ
မြူးထူးနေရတာမဟုတ်ပါ
နေ့ညအလုပ်ချိန်နဲ့
လှီုင်းဒဏ်ကြားမှာ
သန့်ရှင်းလတ်ဆတ်တဲ့
လေ တွေရှု ရင်းက
စိတ်ဓါတ်တွေက
မကျန်းမမာဖြစ်နေသာ ...

တခါတ လေကျတော့
ပင် လယ်စောင့်နတ်သမီးက
ကျီစယ်တာလားမသိ
ခွန်အားစိတ်နဲ့ခံနိုင် ရည်
အလူးအလဲပါဘဲ
အသက်ကယ်အင်္ကျီဝတ်ပြီး
အိပ်မရတဲ့ည တွေမှာ
ကုတင်ပေါ်ကခဏခဏပြုတ်ကျနေတယ်

တချို့ကသ င်္ဘောတက်ဘို့
ယတြာတွေအခါခါချေ
တချို့ ကသ င်္ဘောပေါ်ကဆင်းဘို့
ပြန်တော်ပြန်ဂါတာတွေအကြိမ်ကြိမ် ရွတ်
သ င်္ဘောဆိုတာ..
တခါတခါတက် ရလွယ်သ လောက်
တခါတခါ ဆင်းရခက်ပြန်ရော

ရေပြင် ထက်က
လှောင် ချိုင့်စံဘဝမှာ
နင်းစရာမြေကမရှိ
သံပြားပေါ်မှာအသက် ရှင်နေ ပေ့မယ့်
တကယ်တိုင်းကျတော့  ..,.ငါ့
ဖြစ်နိုင် ရင်လေ
ကုန်းပေါ်မှာဘဲသေချင် သူပါ။ ။ ။ ။

@M.V Merlin
01.10.2013
23:24pm

မြန်မာ့ရေကြောင်းငွေကြယ်ပွင့်တွေ တကယ်လင်းစေဖို့



ဟိုတစ်လောလောက်က .. သူငယ်ချင်းတစ်ယောက်ကနေ အဆိုတော်ဆောင်းဦးလှိုင်ရဲ့ အင်တာဗျူးလေးကို လာပြပြီး မင်းတစ်ခုခုပြောပါလား ဆိုတော့ …. တွေ့တွေ့ချင်းဒေါသထွက်သွားတာနဲ့ … ဆောင်းပါးတိုတစ်ပုဒ်ရေးလိုက်မိတယ်…. အချိန်နည်းနည်းကြာလာတာနဲ့ အမျှ တကယ်တမ်းပြန်စဉ်းစားကြည့်တော့ သူပြောတာ မမှားဘူးဆိုတာလေးမြင်လာတယ်…. အမှားဘူးဆိုတဲ့နေရာမှာ …. အကုန်မှန်နေတယ်လို့ ကျွန်တော်မဆိုလိုပါဘူး … ကျွန်တော်ပြောချင်တာက .. သူ့အနေနဲ့ သူသိသလောက်… မြင်သလောက်ကိုပဲဝေဖန်တာမို့ ပါ….

ကိုဆောင်းဦးလှိုင်ရဲ့ စကားအရတော့ … ခြောက်ဘာသာဂုဏ်ထူးရှင် တစ်ယောက် သဘောင်္လိုင်းထဲရောက်သွားတာဟာ မြန်မာပြည်ရဲ့ ဆုံးရှုံးမှု တစ်ခုလို့ ဆိုထားပါတယ်…. တကယ်တော့လည်း အခုလက်ရှိအခြေ အနေနဲ့ဆိုရင်တော့ …. သူပြောတာ မှန်နေတာပေါ့လေ…

ဒါဆိုကျွန်တော်တို့ က ဥာဏ်ကြီးရှင်လေးတွေကို ရေကြောင်းလောကထဲမှာ မထားသင့်တော့ဘူးတဲ့လား …. မြန်မာ့ရေကြောင်းလောကမှာ ဥာဏ်ကြီးရှင်တွေ မလိုအပ်ဘူးလား …
ကမ္ဘာရေကြောင်းလောကမှာရောဥာဏ်ကြီးရှင်တွေ မရှိသင့်ဘူးလား …..

ကျွန်တော်အကြိမ်ကြိမ်အခါခါ ပြောတဲ့ စကားကိုပဲပြန်ပြောပါ့မယ်…. ကမ္ဘာကုန်သွယ်ရေးရဲ့ ၇၀ % ခိုင်နှုန်းဟာ .. ရေကြောင်းကိုသာအမှီပြုနေရတာပါ…..နောက်တစ်ချက်ကတော့ .. ရေကြောင်းပညာရပ်ဟာ ဒေါက်တာဘွဲအထိယူနိုင်တဲ့ ပညာဆိုတာ မသိသေးသူများလည်းရှိနေပါသေးတယ်… ကျွန်တော်တို့ မြန်မာနိုင်ငံ လို အချက်အချာ ကျလှတဲ့ ပင်လယ်ထွက်ပေါက်ရှိတဲ့ နိုင်ငံတစ်ခု ရှည်လျားလှတော့ ကမ်းရိုးတမ်းများနဲ့ မြိတ်ကျွန်းစုလို ပင်လယ်သဘာဝ အလှများစွာပိုင်ဆိုင်တဲ့ နိုင်ငံတစ်ခုမှာ … ရေကြောင်းပညာရှင်များစွာလိုအပ်ပါတယ်… ရေကြောင်းလောက ဆိုတာ … ထင်ထားတာထက်အများကြီးကျယ်ပြန်ပါတယ်…

မြန်မာအများစုသိထားတဲ့ ရေကြောင်းလောကဆိုတာ .. သဘောင်္သား အမြင့်ဆုံး ကပ္ပတိန် .. Chief Engineer ဒီအထိပဲ ရှိမယ်လို့ ထင်ထားကြတယ်…. သဘောင်္သားဖြစ်တာနဲ့ ဒီလူတွေဟာ ရေထဲမှာပဲ အချိန်ကုန်သွားရတော့မယ်… နိုင်ငံကို အကျိုးမပြုနိုင်ရှာတော့ဘူးလို့ ထင်ထားကြပါတယ်…… တကယ့် တကယ်တမ်းရေကြောင်းပညာရပ်ဟာ ဒီတင်ပဲဆုံးခန်းတိုင်သွားတာ မဟုတ်ပါဘူး …

အိန္ဒိယ လူမျိုး cadet တွေ အတော်များများ သဘောင်္လိုက်ကြတာဟာ တော်တန်ရုံ သဘောင်္သားတစ်ယောက်ဖြစ်လာဖို့ သက်သက်မဟုတ်ပါဘူး .... သူတို့ တကယ့်ရည်မှန်းချက်ရုံးထိုင်ဖို့..... ကုန်းပေါ်မှာအလုပ်လုပ်ဖို့နဲ့ ... ရေကြောင်းပညာရပ်များကို ဆည်းပူးလေ့လာဖို့ ပါ… ဘယ်လိုရုံးထိုင်တဲ့အလုပ်လဲဆိုတော့ …. သဘောင်္လိုက်ပြီး Sea Service ယူပြီးတဲ့အခါ စာမေးပွဲမှန်မှန်ဖြေ.. Captain.. Chief Engineer ဖြစ်လာပြီးနောက်… သဘောင်္ရုံးတွေမှာ Marine Superintendent တွေ Technical Superintendent တွေဖြစ်ဖို့ ကို ရည်ရွယ်ပါတယ်… နောက်ပြီး Surveyor တွေ အဖြစ်လည်း အသက်မွေးနိုင်ပါသေးတယ်….. ဒါအပြင်ကို … အင်ဂျင်နီယာများဆိုလည်း .. ရေကြောင်း အင်ဂျင် ထုတ်လုပ်တဲ့ ကုမ္ပဏီပေါင်းများစွာရှိပါတယ်…. အလုပ်များစွာ လျှောက်နိုင်ပါသေးတယ်…..ဒီတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး… ရေကြောင်းပညာနဲ့ တကွ ရေကြောင်းဥပဒေတွေကိုသာ တကယ်လေ့လာလိုက်စားမယ်ဆိုရင်.. ကမ္ဘာရေကြောင်း အဖွဲ့ အစည်းကြီးတွေ အထိ အလုပ်ဝင်လုပ်နိုင်ပါတယ်…. တကယ်တန်း သဘောင်္လိုက်နေတဲ့ အိန္ဒိယ အမျိုးသားတွေ အတော်များများကတော့ … ပညာရေးဘက်ကို အားမသန်တဲ့ အလုပ်ကြမ်းလုပ်မယ့် လူတွေ နဲ့ ပညာရေးမှာ သာမန်ကာရှန်ကာဖြစ်ထွန်းသူတွေကတော့ အရာရှိ အဖြစ်နဲ့ သဘောင်္ဆက်လိုက်နေကြတာဖြစ်ပါတယ်….

ကိုရီးယားတွေရော .. ထို့ အတူပါပဲ …နယ်ကလူတွေလောက်က သဘောင်္လိုက်ပြီး .... တကယ့်ပညာရည်ပြည့်ဝသူတွေက .. ပြည်တွင်းရေကြောင်းနဲ့ ပါတ်သက်တာတွေမှာ ရာထူးကြီးကြီးယူထားကြတာပါ..... အခြား သဘောင်္သားမွေးထုတ်တဲ့ နိုင်ငံတွေဖြစ်တဲ့ ရုရှား.. ယူကရိန်း ခရိုအေးရှား ပိုလန်.. နော်ဝေ အစရှိတဲ့ နိုင်ငံက လူတွေကလည်းဒီအတိုင်းပါပဲ … ဒါကြောင့်မြန်မာနိုင်ငံရေကြောင်းလောက တိုးတက်ဖို့ လိုပြီဆိုတာ .... သဘောင်္သားများ အခွင့်အရေးတန်းတူရဖို့ အပြင်..... ရေကြောင်းပညာရပ်ပိုင်းဆိုင်ရာများ တိုးတက်ပြီး ....လူ့အရင်းအမြစ်နဲ့ ကိုက်ညီတဲ့ အလုပ်တွေ ရကြဖို့ လိုအပ်နေတာ ကိုဆိုလိုချင်တာပါ..... ဒါမှလည်း ဥာဏ်ကြီးရှင်လေးတွေက ဥာဏ်ကြီးရှင်များနဲ့ ထိုက်တန်တဲ့ ရေကြောင်းလောက ရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍတွေမှာ ပါဝင်နိုင်မှာပါ.....

နောက်ပြီး အထက်မှာပြောခဲ့သလို.. မြန်မာနိုင်ငံဟာ ဒီအတိုင်းမနေပါဘူး .. လမ်းတွေတစ်ဖြည်းဖြည်းပွင့်လာမှာပါ… မြန်မာပြည်ဟာ ပင်လယ်ထွက်ပေါက်ရှိတဲ့နိုင်ငံ … ကိုယ်ပိုင်ကမ်းရိုးတမ်းပိုင်ဆိုင်တဲ့နိုင်ငံဖြစ်ပါတယ်…. အပျော်စီးသဘောင်္များ သွားလာနိုင်လောက်တဲ့ ... Cruise Ship တွေ ဆိုက်ကပ်နိုင်လောက်တဲ့ ပင်လယ်သဘာဝအလှများစွာလည်းပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်ပါတယ်.... ဒါကြောင့် တောင်… အမေရိကားလို သမုဒ္ဒရာနှစ်ခု ပိုင်ချင်တဲ့ တရုတ်အတွက် မဟာဗျူဟာမြောက်နိုင်ငံဖြစ်နေသေးတာပေါ့ ….. ဒီလို အရေးကြီးတဲ့ ပင်လယ်ထွက်ပေါက်ရှိသော နိုင်ငံ အချက်အခြာကျသော နိုင်ငံ... ကမ်းရိုးတမ်းရှည်လျားတဲ့ နိုင်ငံ တစ်ခုအတွက်… ရေကြောင်းပညာကို ဒေါက်တာဘွဲ့အထိရပြီး နိုင်ငံအတွက်အကျိုးပြုနိုင်သူတွေ.. ဥာဏ်ကြီးရှင်လေးတွေ မလိုအပ်တော့ဘူးတဲ့လား …
ခြောက်ဘာသာဂုဏ်ထူးရှင်လေးတွေ ဟာ ရေကြောင်းပညာ မသင်ကြားသင့်တော့ဘူးတဲ့လား

ယခုအချိန်ကတည်းက မွေးထုတ်ထားမှ....နောင်တစ်ချိန် အဆင်သင့်ဖြစ်တဲ့ အခါ..... ဒီလူငယ်တွေ နေရာရတော့မှာပေါ့ခင်ဗျာ .....

ရေကြောင်းပညာရပ်ကို သဘောင်္သားလောက်မြင်တဲ့ မျက်စိခပ်တုံးတုံးလူတွေအတွက်တော့ … ဒီလောက်ပဲတွေးတတ်မှာပါပဲ …. အဓိကကတော့.. ကိုယ်မပိုင်တဲ့လမ်းကြောင်းတစ်ခုကို မဝေဖန်မိဖို့ လိုပါတယ်….

ကျွန်တော် အဓိက ပြောချင်တာက… ကျွန်တော်တို့ မြန်မာ့ရေကြောင်းကြယ်ပွင့်တွေရဲ့ တက်လမ်းပဲဖြစ်ပါတယ်… ဒီတက်လမ်းကို ကျွန်တော်တို့ ၀ိုင်းဝန်းဖွင့်ပေးကြရမယ်….. မြန်မာပြည်မှာ သဘောင်္သားလောကကြီးပပျောက်သွားဖို့ ထက်.. မြန်မာ့ရေကြောင်းပညာအဆင့်အတန်းနဲ့ ရေကြောင်းလောက အဆင့်အတန်းကို နိုင်ငံတကာတန်းဝင်နိုင်အောင် ကြိုးစားကြရမှာပါ…. သဘောင်္သားအလုပ်သမားတွေ.. တခြားနိုင်ငံကသဘောင်္သားများလို အခွင့်အရေးတန်းတူရရေးဟာ အရေးကြီးသလို …ရေကြောင်းပညာတိုးတက်မြင့်မားရေးဟာလည်း အရေးကြီးပါတယ်…..

ကျွန်တော်တို့ဆီမှာ ရေကြောင်းပညာကို အမြင့်ဆုံးပန်းတိုင် ဘွဲ့ထူးဂုဏ်ထူးတွေရတဲ့အထိ သင်ကြားဖူးသူတွေ အင်မတန်နည်းနေပါသေးတယ်.. လက်တစ်ဘက်တောင်ပြည့်ပါ့မလားမသိပါဘူး … ဒီတော့ ဒီလို လူတော်နည်းနေတဲ့ ရေကြောင်းလောကအတွက်..ရေကြောင်းတက္ကသိုလ်ကြီးဖွင့်ပြီး ဥာဏ်ကြီးရှင်လေးတွေကို အမှတ်မြင့်မြင့်နဲ့ ခေါ်ထားတာဟာ အလကားမဟုတ်ဘူးလို့ ပဲကျွန်တော်မြင်ပါတယ်….

ဆယ်တန်းကို ခြောက်ဘာသာဂုဏ်ထူးနဲ့ အောင်တဲ့ လူတစ်ယောက်ကရော သာမန် သဘောင်္သားတစ်ယောက်အဖြစ်နဲ့ ပဲ ဆက်အသက်မွေးလိမ့်မယ်ထင်ပါသလား ….. သူသာ တကယ်ဥာဏ်ကြီးရှင်ဆိုရင်… တက်လမ်းတွေ ဖွင့်ထားပေးတာ နဲ့ အမျှ ဆက်တက်သွားမှာပါပဲ …. သူလှမ်းဖို့ ခြေလှမ်းတိုင်းအတွက်.. လှေကားထစ်တွေကို ထုဆစ်ထားဖို့ တော့လိုပါလိမ့်မယ်…. ဒါမှလည်း မြန်မာဥာဏ်ကြီးရှင်လေးတွေ ကမ္ဘာရေကြောင်းလောကမှာ ထွန်းတောက်နိုင်ပါလိမ့်မယ်……

တကယ်တော့ အလုပ်တစ်ခုရဲ့ ဘယ်နယ်ပယ်မှာ မဆို .. ဒီအတိုင်း ရပ်တန့်မနေပါဘူး … တစ်နည်းမဟုတ် တစ်နည်း ထိုးထွက်ဖို့ ကြံဆကြတာပါပဲ ….. ကျွန်တော်တို့ ရေကြောင်းလောက မှာလည်း တက်စရာလမ်းကြောင်းတွေ အများကြီးရှိပါတယ်…. ဆရာဝန်မှ.. အင်ဂျင်နီယာ မှ ကွန်ပျူတာ ပညာရှင်မှ မဟုတ်ပါဘူး …. ရေကြောင်းပညာရပ်ဟာလည်း တိုင်းပြည်တစ်ပြည် အတွက် တစ်ခန်းတကဏ္ဍအရေးပါတဲ့ ဘာသာရပ်တစ်ခုပါပဲ ….. ဆရာဝန်တွေပေါများနေလို့ လည်း တိုင်းပြည်မတိုးတက်ပါဘူး .. အင်ဂျင်နီယာတွေစုပြုံနေလို့လည်း တိုင်းပြည်တည်ဆောက်လို့ မရပါဘူး .. အဖက်ဖက် က ဘက်ညီမျှမှ တိုင်းပြည်တိုးတက်မှာပါ...

အခုအချိန်မှာ ကုန်ထုတ်စွမ်းအားနည်းနေသေးတဲ့ဖွံ့ဖြိုးစ ကျွန်တော်တို့ နိုင်ငံမှာတော့ ရေကြောင်း နဲ့ ပတ်သက်တဲ့ အလုပ် အခွင့်အလမ်းတွေ နည်းပါးနေပါသေးတယ်…. အဓိကကတော့ နိုင်ငံတိုးတက်မှု… ပညာရေးတိုးတက်မှုနဲ့ … အလုပ်အကိုင်အခွင့်အလမ်း ပေါများမှုတွေ ကသာ အဓိက ဖြစ်ပါတယ်.. သဘောင်္သားဖြစ်သွားတာနဲ့ ဘ၀ဆုံးသွားပြီလို့ မတွက်လိုက်ကြပါနဲ့ ….. ရေထဲမှာပဲ အချိန်ကုန်သွားလိမ့်မယ်လို့ လည်း မတွက်ဆပါနဲ့ ….. ကျွန်တော်တို့ မြန်မာ့ရေကြောင်းကြယ်ပွင့်တွေ အတွက်ထွန်းတောက်စရာလမ်းကြောင်းတွေ အများကြီးရှိပါသေးတယ်…..

တိုင်းပြည်အခြေအနေကြောင့် ပင်လယ်ထဲမှာပဲ အဆုံးသတ်လိုက်ရတဲ့ ဘ၀တွေကို … တိုးတက်ဖွံ့ဖြိုးဖို့ … နိုင်ငံတော် အစိုးရနဲ့ တကွ…ကျွန်တော်တို့ ရေကြောင်းလောကသားအားလုံးမှာ တာဝန်ရှိပါတယ်…..

ဒီတော့ အဆိုတော် ဆောင်းဦးလှိုင်ရဲ့ အမြင်ကိုလည်း ကျွန်တော် မကန့်ကွက်ပါဘူး … အခုလောလော ဆယ်အထိတော့ သူ့အမြင်က မှန်နေသေးတာကိုး .. တကယ်တန်းဖြန့်ကြည့်ဖို့ တော့ လိုတာပေါ့လေ…. ကိုယ်မပိုင်တဲ့ ပညာရပ်တစ်ခုကို အထင်သေးမိတာတော့ သူ့အမှားပေါ့လေ…..

ဒီတော့ .. ရေကြောင်းတက္ကသိုလ်က ဥာဏ်ကြီးရှင်လေးတွေ ရော …. သိပ္ပံ (ကောလိပ်)မှာရှိနေတဲ့ ဥာဏ်ကြီးရှင်တွေရော… ယခုတာဝန်ထမ်းဆောင်ဆဲဖြစ်တဲ့သဘောင်္ပေါ်က ဥာဏ်ကြီးရှင်တွေ ရောကို ပြောပါရစေ… ကျွန်တော်တို့ ဘ၀တွေဟာ ပင်လယ်ထဲမှာတင် ပြီးဆုံးသွားမှာ မဟုတ်ပါဘူး … ဆက်တက်ကြရဦးမှာပါ…. ခရီးကတော့ ဖောက်ရဦးမှာမို့ ပင်ပန်းကောင်းပင်ပန်းပါ့မယ်…. ဒါပေမယ့် နောင်လာနောက်သားပေါင်းများစွာ အတွက်… မြန်မာ့ခေတ်သစ်ရေကြောင်းလောက ဟာ ကမ္ဘာအလယ်မှာ
မျက်နှာပန်းပွင့်ရဦးမှာပါ….. ဒီအတွက် ကိုယ်တွေဘက်က ပြင်ဆင်ထားဖို့ လိုပါမယ်…. ရေကြောင်းပညာရပ်ဆိုင်ရာတွေ… ဘာသာစကားတွေ …. ရေကြောင်းဥပဒေတွေ ကအစ လေ့လာထားကြရမယ်… ဒါမှ လည်း တကယ်တန်းမခွင့် အလမ်း ပေါ်လာတဲ့ အခါ..လက်မလွှတ်စတမ်းဆုပ်ကိုင်ထားနိုင်ပါလိမ့်မယ်….

အနှစ်ချုပ်လိုက်ရင်တော့ .. ကျွန်တော်တို့ ရေကြောင်းလောကအတွက်.. ခြောက်ဘာသာဂုဏ်ထူးရှင် ဥာဏ်ကြီးရှင်ပေါင်းများစွာလိုအပ်ပါတယ်…. ဒါမှလည်း ကိုယ့်ကိုယ်ပိုင်ကမ်းရိုးတန်းနဲ့ ကိုယ့် ရေပိုင်နက်ကို ကိုယ်တိုင်ချယ်လှယ်နိုင်မှာဖြစ်ပါတယ်…. နိုင်ငံစီပွားရေးအတွက်လည်း အရေးပါတာပေါ့လေ…

နောက်တစ်ချက်…. ကိုယ်မပိုင်တဲ့အပိုင်းတွေကို မဝေဖန်မိဖို့ လိုပါတယ်….. ကိုယ်သိသလောက်လေးနဲ့ ပြောတာကတော့ …. ရိုင်းရိုင်းပြောရရင် ကိုဆောင်းဦးလှိုင်ကို ၀ါးလုံးခေါင်းထဲလသာတယ်လို့ ပဲမြင်ပါတယ်..ဆရာဝန်ဖြစ်မှ အဆိုတော်ဖြစ်မှ တိုင်းပြည်အတွက်အမြတ်ဖြစ်တော့မှာတဲ့လား …..

နောက်ဆုံးအနေနဲ့ကတော့ .. ကျွန်တော်တို့ ရေကြောင်းလောကရဲ့ ကျယ်ပြန့်မှုကို ရေကြောင်းလောကသားတွေကိုယ်တိုင်သိနေဖို့လိုပါတယ်… ကိုယ်ဟာဘယ်အထိတက်လမ်းရှိတယ်.. ကိုယ်တွေဘယ်တံခါးကိုခေါက်ပြီး ဘယ်တံခါးကိုဖွင့်မှ ဘယ်ပန်းတိုင်ကိုရောက်မယ်… ဒါတွေသိထားကြရမယ.်…. ကိုယ်ကိုယ်တိုင်က သဘောင်္သားလောက်ပဲသိပြီး ..နောင်လောက်နောက်သားတွေကို သဘောင်္သားအဖြစ်ပဲထားခဲ့ရင်… မြန်မာတွေသဘောင်္သားဘ၀နဲ့ပဲအဆုံးသတ်နေမှာပဲ …… ရေကြောင်းလောက တိုးတက်ရေးဆိုတာ ဒါကိုခေါ်ပါတယ်….

မြန်မာပြည်မှာ တကယ်ရေကြောင်းပညာရေးစနစ်တစ်ခုပေါ်ပေါက်ဖို့လိုအပ်နေပါပြီ……

အဲ မင်းပြောတဲ့ အချိန်က ဘယ်တော့လဲလို့ တော့ ကျွန်တော့ကို မမေးပါနဲ့ … ဒါတွေအားလုံးဟာ ကျွန်တော်တို့ ပေါ်မှာပဲမှုတည်ပါတယ်…. ခရီးကို မြန်မြန်ရောက်ချင်ရင်များများ သွားဖို့တော့လိုပါလိမ့်မယ်….. မြန်မာ့ရေကြောင်းပညာရှင်ကြီးများ ဘက်ကလည်း နောင်လာနောက်သားများအတွက် ထိရောက်မယ့် သင်တန်းတွေ… ပညာရပ်ဆိုင်ရာစာအုပ်တွေ.. ရေးသားထုတ်ဝေ သင်ကြားပေးဖို့ လိုပါလိမ့်မယ်…..

ဒီလိုသာ အဖက်ဖက်က ၀ိုင်းဝန်းကြိုးပန်းမယ်ဆိုရင်… ကျွန်တော်တို့ ရဲ့ အနာဂါတ် ရေကြောင်းအိပ်မက်တွေဟာ .. ပင်လယ်နံ့သက်သက်တင်မဟုတ်ပဲ … ပညာနံ့တွေပါသင်းပျံ့လာမယ်ဆိုတာ ယုံကြည်ပါတယ်…. ဒါဟာ ကျွန်တော့ စိတ်ကူးယဉ်သက်သက်လည်းဖြစ်ပါလိမ့်မယ်..ကျွန်တော်ဟာ လူပြိန်းတစ်ယောက်ဖြစ်တာမို့ .... လူပြိန်းစကားတွေလည်းဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်.... တကယ့်ပညာရှင်တွေက ပြောရင်တော့ ပိုထိရောက်တာပေါ့လေ.....

ဒါပေမယ့် ကြီးမားတဲ့ အရာရာတိုင်းဟာ စိတ်ကူးသေးသေးလေးကပဲစတယ်လို့ မြင်ပါတယ်…ဒါကြောင့်ကျွန်တော်တို့ အားလုံး ၀ိုင်းဝန်းကြရမှာပါပဲ … ဒါမှ လည်း ကျွန်တော်တို့ ရဲ့ မြန်မာ့ရေကြောင်းကြယ်ပွင့်တွေ ကမ္ဘာ့အလယ်မှာ တကယ်လင်းနိုင်မှာ မဟုတ်ပါလားခင်ဗျာ ..

By: လင်းလွန်းညို