Friday, December 27, 2013

ဘာလဲဟဲ့ သင်္ဘောသား စာစုများ(၃၀)


ကျနော် ဒီစာစုကို ဘာလဲဟဲ့ သင်္ဘောသား စာစုများ


ဘဲ ခေါင်းစဉ်ပေးရမလား သင်္ဘောသား ဟာသ အပိုင်းအစများလို့

ဘဲ ရေးမလား နဲ့ စဉ်းစားမရဘူး ဖြစ်နေတယ် နောက်မှ

အလုပ်သဘောလေး ပါ ထည့်ရေးချင်တာနဲ့ ဘာလဲဟဲ့

သင်္ဘောသား ခေါင်းစဉ်ပဲ ယူလိုက်တော့တယ်

ကျနော် စောစောပိုင်း ပြောခဲ့ဖူးတယ် သင်္ဘောက ဂျုတီ အချိန် အကြောင်း

သိပြီးသား ဆိုလဲ ထပ်ရေးလိုက်မယ်နော် ကျန်တဲ့လိုင်းတွေလို မဟုတ်ဖူး

UMS မဟုတ်ပေမဲ့ ဂျူတီကို ၀ိုင်လာ (သို့မဟုတ်) ဂျူနီယာ အင်ဂျင်နီယာက

တယောက်တည်း ယူရတယ် ကျန်တဲ လိုင်းတွေမှာတော့ အင်ဂျင်နီယာနဲ့ တွဲ

ယူရတယ့် ဒီမှာ ကျနော် ရေးချင်တာ သင်္ဘော အလုပ်တွေကတော့

အားလုံးသိပြီး ဖြစ်လို့ မရေးတော့ပါဖူး ဗျာ

ဒီပြင်အလုပ်လေးတွေရှိသေးတယ်

ဘာတွေလဲဆိုတော့ မနက်ပိုင်း(၈-၁၂)က အဖျော်ဆရာ ကော်ဖီဖျော်ပေးရတဲ့

အလုပ်၊(၄-၈)က စက်ခန်းက လိုအပ်တဲ့

ပစ္စည်းလေးတွေ(ဥပမာ-ကော်ဖီမှုန့်၊သကြား စတာလေးတွေပါ)

(၁၂-၀၄)ကတော့ ဇီးကွက် လို့ ကျနော်တို့က နောက် ခေါ်ကျတယ်

သူများအိပ်ချိန်မှာ အလုပ် လုပ်ရတာ ရေထုတ်တာတွေ ဘာတွေလုပ်ရတယ်ဗျ

အချို့ ကုန်းပတ်က သင်္ဘောသားတွေကတော့ ထင်ကျတယ် သူကို

ဆင်းပြီးအိပ်တယ်လို့(အင်ဂျင်ကလူ ညစ်ပတ်မနေရင် သူတို့က

အလုပ်မလုပ်ဖူးပဲ ထင်ကျတာ အမြဲပဲ ) သူခင်မျာ ညကို နေ့ လုပ်ပြီး ရှိသမျှ

အလုပ်ကို သူများတွေ ကောင်းကောင်း အိပ်စက်နိုင်အောင်

တာဝန်ယူရတာ နေ့ထွက်တာ မသိ နေ၀င်တာ မသိတဲ့ သူဘ၀၊ ချက်ကြီးက

စပယ်ရှယ် လုပ်ပေးတဲ့ မနက်စာ Breakfastကို အမြဲ ငတ်တဲ့သူလေ ဒါကို

လူတွေက သိပ်မသိကျဘူးဗျ မနက်ပိုင်း

(၈-၁၂)သမားကတော့ တောက်တိုမယ်ရ နဲ့ ဂျုနီယာ တွေကို ကူ

နောက် စက်ချုပ်တွေ Noon Report အတွက် စက်ခန်းက ရှိသမျှ စက်တွေရဲ့

အခြေအနေကို မှတ်တမ်း စာအုပ်(Log Book)မှာ ရေးသွင်းရတယ်

သူအလုပ်က လဲ တမျိုး ရှုပ်တာပဲလေ သင်္ဘောလိုက်မဲ့သူ လူသစ်တွေ

သက်သက်သာသာနေချင်ရင်တော့ အိမ်မှာနေတာ

အကောင်းဆုံးပါပဲ(အမေအိမ်ရဲ့ အေးချမ်းမှုကို စသိတာပါပဲလေ)

မနက်ပိုင်း ဂျုတီ သမားက တီးတိုင်း မှာ အင်ဂျင်ကလူအားလုံး

အတွက် ကော်ဖီ ဖျော်ပေးရတဲ့ အလုပ်ဗျ ဒါက လဲ ဘယ်တုန်းက ဘယ်သူက

စ ခဲ့မှန်းမသိ ပါဖူး ထားလိုက်တော့ ဒါကို မပြောလိုပါဖူး ခင်မင်မှု စေတနာ ၊

ကိုယ့်စီနီယာ တွေနဲ့ ခင်မင်ချင်တဲ့ သဘော နောက် ရိုသေသမှု ပေါ့ဗျာ

ဒီထက် ပိုပြောရင် လဲ ဖားတဲ့ သဘောလဲ ပါသပေါ့ ဒါပေမဲ့

တချို့သောလူဆိုတာလဲ ခက်သား အိမ်မှာ ဘယ်လိုနေတယ် မသိပေမဲ့

သင်္ဘောပေါ်ရောက်ရင် ကြီးကျယ်သွားတာတော့ အမှန်ပဲ အရာရှိကြီး

လာလေလေ မျက်နှာကြောတင်းလာလေလေလား မသိ (ကျနော် မပါဖူးနော်
)
ကိုယ်တိုင် မဖျော်ရတာတောင် မှ ဂျီးက များချင်သေးတယ် ကဂျီကကြောင်

ကျချင်တယ် ကော်ဖီမှုန့်များများ၊ သကြားလျော့ပါ ဆီးချိုရှိလို့၊ နို့ဆီလေး

နဲနဲများပေး စုံလို့ ရယ် အမြဲတမ်း စေတနာပါ ပေမဲ့ တခါတလေ ကိုယ်ကလဲ

ကိုယ် အလုပ်နဲ့ကိုယ်လေ စိတ်က မရှည်ချင်ဖူး တကယ်

သင်္ဘောပေါ်လာပြီး လက်ဖက်ရည်ဆိုင်ဖွင့်နေတာမှ မဟုတ်တာ

နည်းနည်းတော့ အလိုက်သိဘို့ မကောင်းပေဖူးလား စဉ်းစားကြည့်လေ

လွန်သလားလို့ ကျနော်ရဲ့ ကော်ဖီဖျော်တဲ့ စနစ်ကတော့

ရှင်းတယ် ကော်ဖီဖျော်တဲ့ နားက နံရံမှာ ကပ်ထားတယ် (ချို၊ပေါ့၊ကျ၊လေး

)သတိပေးလို့ ကျနော်က မဖျော်ခင်တည်းက မေးတယ် ၀မ်းတူးတူးလား

ဝမ်းတူးဝမ်းလား ဆိုပြီး အဓိပ္ပါယ်က ကော်ဖီ တဇွန်း၊ သကြားနှစ်ဇွန်း၊ နို့မှုန့်

တဇွန်း ပေါ့ ဒါမှ မကြိုက်ရင် ကိုယ်ဘာသာထ ထည့်ပေါ့ ကျနော်လဲ ဒါပဲ

တတ်နိုင်တယ်လေ ဒါနဲ့ တရက်ရောက်တော့ နိုင်ငံခြားသား စက်ချုပ်ကြီး က

သူကို ၀မ်းတူးတူး လို့ ပြောတယ် (အိုကေ Sir) ဆိုပြီးြေ့ပာလိုက်တယ်

ကျနော်လဲ စက်ချုပ် ဆိုတော့ မျက်နှာလို အားရ

ထည့်ဖျော်ပေးလိုက်တာ ပေါ့ သိပ်မကြာပါဖူး (ဘိုလို -Eလို သိပ်မပေါက်တဲ့)

သိပ်မပြောတတ်တဲ့ စက်ချုပ်ခမျာ ဆီဝါးတား ဆီးဝါးတား(Sea

Water=ပင်လယ်ရေ) ဆိုပြီး ကော်ဖီတွေကို ထွေးထုတ်လို့လဲ မဖြစ်

ပလုပ်ပလောင်းသံ ကြီးနဲ့ ဘာဖြစ်မှန်း မသိဖူး ကျနော်တို့ ရွှေတွေလဲ

ဘာလုပ်ပေးရမှန်း မသိ ဖြစ်ကုန်ပါရော ရုတ်တရက် လက်ညိုးတထိုးထိုးနဲ့

သူဘာကို ဆိုလိုမှန်းလဲ ကျနော်တို့က မသိဖူးလေ ကျနော်တို့လဲ ECR

(Engine Control Room)ထဲက Sea Water Pump

Pressure ပြောတယ် အောက်မေ့လို့ Pressure Gauge ကို ၀ိုင်းပြီး

ကြည့်ကျတော့လဲ Pressure ကလဲကောင်းနေတယ် ဒါနဲ့ နောက်မှ သူက

သူဘာကို ဆိုလိုတယ် ဆိုတာ ဘယ်သူမှ

သဘောမပေါက်မှန်းသိမှ ကော်ဖီဘူးကို လက်ညိုးထိုးပြတယ်

ကျနော်ကို စေ့စေ့ကြည့်ရင်း နဲ့ ကျနော်ကိုယ်တိုင်လဲ ငါ လဲ ဘာမှ

မမှားပါဖူးပေါ့ သူမှာ ငန်တာကို ပြောချင်တာ စကားလုံး ရှာ မရလို့

ထအော်ရတာ ဆီးဝါးတား(Sea Water) ပင်လယ်ဆားငန်ရေ ဆိုတဲ့

သဘောနဲ့ နောက်မှ

ကျနော်လဲ သူပြောတဲ့ အဓိပ္ပါယ်ကို ပေါက်ပြီး သကြားဘူး ကို သေသေချာချာ

ကြည့်တော့မှ သကြားတို့၊မုန့်တို့ ယူရတဲ့ အခြား ဆီလောင်း

တယောက်က သကြားနဲ့ ဆားကို မှားထည့်လာတာကိုဗျ (မြန်မာနိုင်ငံက

ဆားလိုမျိုး ဆားပွင့်မကြီးတော့ ခွဲရခက်တယ်လေ)(သင်္ဘောပေါ်တွင်

သကြားမှုန့် ဆားတို့ကို အိတ်နဲ့ ထည့်လေ့ရှိတယ် ဒီတော့လဲ မှားတဲ့

အခါလဲ မှားပေမပေါ့လို့ ပဲ ဦးစံရှား ရဲ့ စကားလုံး

ငှားသုံးပြီး ပြောရတော့မှာ ပေါ့))

ကျနော် လဲ လွဲတဲ့ အခါလဲ လွဲပေမပေါ့ ဗျာ လူပဲ ဟဲ ဟဲ


ကျနော် ကော်ဖီ ဆိုင်လေးလဲ နာမည်ကြီး သွားတယ် စက်ချုပ်ကို

ဆားနဲ့ ကော်ဖီဖျော်ပေးတဲ့ သူ ဆိုပြီးတော့

ဘာလုပ်လုပ် နာမည်ကြီးတယ် ဗျာ တကယ်ကြီး ကို စိတ်မကောင်းပါဖူး

စက်ချုပ်ကြီးရယ်

မျိုးငယ်(၁၁.၁၁.၂၀၁၃)

No comments:

Post a Comment