Friday, December 27, 2013

မြန်မာနိုင်ငံနစ်နာမှု




တရုတ်ပြည်ကို ရေနံစိမ်း တင်ပို့နိုင်ဖို့အတွက် ကျောက်ဖြူဆိပ်ကမ်းကိုဆောက်လုပ်နေတာဟာ ပြီးစီးသလောက်ဖြစ်နေပါပြီ။

ရေနံစိမ်းတန်ချိန် ၃ သိန်း ထိသယ်ဆောင်လာနိုင်မယ့် VLCC/ULCC ကပ်နိုင်အောင် ဆိပ်ခံတံတားတွေ ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်... သင်္ဘောပေါ်ကချတဲ့ ရေနံစိမ်းတွေကို ကျာက်ဖြူဆိပ်ကမ်းကနေ ပိုက်လိုင်းကတစ်ဆင့် တရုတ်နိုင်ငံ ကို တိုက်ရိုက်ပို့ဆောင်ဖို့ဖြစ်ပါတယ်။

ပိုက်လိုင်းနှစ်ခုရှိပြီးတစ်ခုက သဘာဝဓာတ်ငွေ့ နဲ့ အပြိုင်ပိုက်လိုင်းက ရေနံစိမ်းအတွက်ဖြစ်ပါတယ်။ ၂၀၁၄ မှာစတင်တော့မယ်သိရှိရပါတယ်။

နှစ်စဉ်ရေနံစိမ်းတန်ချိန် (၂၂) သန်း ကိုမြန်မာနိုင်ငံပေါ်က ဖြတ်သန်းသယ်ဆောင်သွားနိုင်မယ်လို့ သိရှိရပါတယ်။ ပျမ်းမျှ တစ်လကို ရေနံစိမ်းတန်ချိန် (၂)သန်းခန့် ကျောက်ဖြူဆိပ်ကမ်းမှာ ချရပါလိမ့်မယ်။
နှစ်စဉ် ရေနံစိမ်း တန်ချိန်ပေါင်း သန်း(၂၀)ကျော်ကို မြန်မာနိုင်ငံဆိပ်ကမ်းမှာချပြီး တရုတ်ပြည်တင်ပို့ပေးရပါမယ်။

Amoko Cadiz disaster ကအစပြုလို့ Exxon Valdez (1989) ကနေ deep water horizon(2010) အထိ ဖြစ်ပျက်ခဲ့တဲ့ ရေထုညစ်ညမ်းမှုတွေဟာ ကျောက်ခမန်းလိလိပါ။

မြန်မာနိုင်မှာရေးဆွဲထားတဲ့ သဘာဝပတ်ဝန်းကျင်ဥပဒေကို ဖတ်ကြည့်ကြပါ။

........ဒီအရာတွေကို အကျုံးဝင်ကာကွယ်နိုင်ပြီလား…?
.........ဖြစ်လာရင် လျော်ကြေးပေးနိုင်မယ့် ဥပဒေ အဆင်သင့်ဖြစ်ပြီလား…..?
.........ဘယ်လိုအာမခံ အစီအစဉ်တွေထားရှိပြီးပြီလဲ…?

ဆိုတဲ့မေးခွန်းတွေအတွက် အဖြေကတော့ xxxxx

၂၀၁၂ သဘာဝပတ်ဝန်းကျင်ဥပဒေဟာ သင်္ဘောကြောင့်ဖြစ်တဲ့ ရေထုညစ်ညမ်းမှုကို ခိုင်ခံ့တဲ့ အကျုံးဝင်ခြင်း မရှိတာတွေ့ရပါတယ်။ အဲဒီဥပဒေကိုကိုးကားပြီး နည်းဥပဒေထုတ်မလား.. ဥပဒေတစ်ခုထပ်မံထုတ်ပြန်ရမလားဆိုတာ.. မြန်မြန်စဉ်းစားဆုံးဖြတ်ရမယ့် အနေအထားပါ။

အာမခံအစီအမံတွေ ထားမယ် ဆိုပါစို့…။

ပထဆုံး Civil Liability Convention အဖွဲ့ဝင် ဖြစ်ရင် အမြင့်ဆုံး ဒေါ်လာ ၁၃၅ သန်းထိလျော်ကြေးရနိုင်ခွင့်ရှိမယ်။

နောက်တစ်ဆင့်တက်လို့ 1992 FUND ကွန်ဗင်းရှင်းအဖွဲ့ဝင်ဆိုရင် ဒေါ်လာ ၃၀၆ သန်းထိ လျော်ကြေးရနိုင်မယ်။

ဒီထက်တစ်ဆင့်တက်လို့ တစ်နှစ်ကို ရေနံစိမ်းတန်ချိန် သန်းချီ လက်ခံရမယ်ဖြစ်တဲ့အတွက် SUPPLEMENTARY FUND PROTOCOL ဝင်ပြီးရင် ထိခိုက်မှုပေါ်လိုက်လို့ ဒေါ်လာ (၁) ဘီလီယံထိ လျော်ကြေးရနိုင်မှာပါ။

ဒါတွေဟာ အလကားရမှာမဟုတ်ပါဘူး။ ရေနံတင်ချပြုလုပ်တဲ့ နိုင်ငံတွေက ရံပုံငွေ စုပေါင်းထည့်ဝင်ထားမှ လျော်ကြေးရနိုင်တာမျိုးပါ။
ဒီရေနံတွေဟာ မြန်မာနိုင်ငံအတွက် မဟုတ်ပါဘူး… ဒါပေမယ့် ၂၀၁၄ နောက်ပိုင်းမှာ OIL RECEIVER Country တော့ဖြစ်သွားတော့မှာပါ။

တရုတ်ပြည်အတွက်လက်ခံပေးရတဲ့ရေနံအတွက် ရေထုညစ်ညမ်းမှုဖြစ်ခဲ့ရင် လျော်ကြေးရနိုင်ဘို့ မြန်မာနိုင်ငံက ရံပုံငွေစိုက်ထုတ်ထည့်ဝင်ပေးရမှာလား….။

ဒါမှမဟုတ် တရုတ်နိုင်ငံက မြန်မာနိုင်ငံနစ်နာမှုအတွက် ထည့်ဝင်ပေးမှာလားဆိုတာ …. မေးခွန်းမရှိခဲ့သလို အဖြေလဲ မသိသေးပါဘူး။ ။


Ko Ko Naing : MSCA

No comments:

Post a Comment