Saturday, June 30, 2012

သင်သည် အမှန်တကယ် ဘွဲရ အလုပ်လက်မဲ့ဖြစ်ပြီလား

သင်သည်... အမှန်တကယ် ၊ဘွဲရ အလုပ်လက်မဲ့ ဖြစ်ပြီလား

လွန်ခဲ့တဲ့ တစ်လလောက်က...facebook ပေါ် က ဓာတ်ပုံတစ်ခု ထဲမှာ.... ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြသူတွေထဲ....(ဘွဲ့ရအလုပ်လက်မဲ့များ) ဆိုတဲ့ ခေါင်းစဉ်နဲ့ လာရောက်ထောက်ခံကြတဲ့လူငယ်တွေကို တွေ့ရပါတယ်.... မှန်ပါတယ်... ကျွန်တော်တို့ နိုင်ငံမှာဘွဲ့ ရပြီး အလုပ်လက်မဲ့နေသူတွေ သိန်းနဲ့ ချီပြီးရှိနေပါတယ်...



ဒီထဲက နေခွဲထုတ်ကြည့်ချင်ပါတယ်.... ဘွဲရပြီး အလုပ်လက်မဲတာလား... ဘွဲရပြီး အလုပ်မလုပ်ချင်တာလား.... ဘွဲ့ရပြီးအလုပ်ရလောက်တဲ့ အရည် အချင်းမပြည့်စုံတာလားဆိုတာကိုပါ.... ဒီတော့ ပထမ အမျိုးအစားဖြစ်တဲ့ ဘွဲ့ရပြီးအရည် အချင်းလည်း ရှိလျက်နဲ့ အလုပ်မရသေးသူတွေ ကတော့ ဘာမှပြောစ၇ာမ၇ှိပါဘူး.... တိုင်းပြည်ထဲကို ၇င်နှီးမြုပ်နှံမှုတွေ များပြားလာတဲ့အခါ....ဒီကိတ်စပြေလည် သွားမှာပါ... ဒါပေမယ့်....နောက်ဒုတိယတစ်မျိုးဖြစ်တဲ့ သူတွေ ဘွဲ့ရပြီး အလုပ်မလုပ်ချင်လို့ အလုပ်လက်မဲ့ယောင်ဆောင်နေသူတွေ ကို လည်း ဘာမှ ပြောစရာမရှိပါဘူး.... ဘာလို့ လဲဆိုတော့ အဲလို လူစားမျိုးတွေက .. တိုင်းပြည်ဘယ်လောက်တိုးတက်တိုးတက်.... လဘက်ရည်ဆိုင်ထိုင်အာတဲ့ အဆင့်က မတက်လို့ပါပဲ..... သူတို့ ကို ဘာလုပ်ပေးရမလဲဆိုတော့... ကျွန်တော့ အမြင်တော့ ဘာမှ လုပ်ပေးလို့မရပါဘူး.... လူဖျင်း အဆင့်မှာပဲ ရှိနေမှာပါ... ဒါက နိုင်ငံတော်တော်များများ မှာရှိနေတတ်တဲ့ လူတန်းစားတစ်မျိုးပေါ့လေ...... ကောင်းပြီ နောက်ဆုံး တစ်မျိုး ကတော့ ဘွဲ့တော့ ရတယ်.. အလုပ်လုပ်ဖို့ အရည်အချင်းမပြည့်မှီတာကြောင့် အလုပ်လက်မဲ့ဖြစ်ကြရတဲ့လူငယ်တွေပါ..... ဒီလူငယ်တွေ အတွက်ကတော့....အားပေးချင်ပါတယ်....



ပထမဆုံးကျွန်တော်တို့ ရဲ့ ပညာရေးစနစ်ကြီးကို အပြစ်တင်ကြပါစို့..... မှန်ပါတယ်... ဘွဲ့ရပြီးအလုပ်မရတာဟာ .. ပညာရေးစနစ်မှာ .. အရည်အချင်းပြည့်မှီအောင် မသင်ကြားနိုင်ခဲ့လို့ ဆိုတဲ့ အချက်ကလည်း အဓိကကျပါတယ်....ဒါပေမယ့် ဒီလို အပြစ်တင်နေရုံနဲ့ ဘာမှ မဖြစ်လာပါဘူး.... ပထမဆုံးအမှန်တကယ် လုပ်ရမှာ က ကိုယ်အရည်အချင်းမပြည့်မှီသေးကြောင်းကိုယ့်ကိုယ်ကို ၀န်ခံဖို့ ပါပဲ...... ဒီလို ၀န်ခံမှ.... သင်ယူရေးကိ ဆက်လို့ရမှာပါ.... မတတ် တ တတ်... မသိ တသိ ဟာ အင်မတန်ကြောက်စရာကောင်းပါတယ်.... မိမိကိုယ်ကို ၀န်ခံခြင်းဟာ မိမိ ကိုယ်ကို အမှန်အတိုင်းကြည့်မြင်ခြင်းလည်း ဖြစ်ပါတယ်.. ကိုယ်ဘယ်အခြေအနေရှိနေပြီဆိုတာ သိမှ ဘာဆက်လုပ်ရမယ်ဆိုတာသိလာပါမယ်....



ကဲ ကိုယ့်ကိုယ်ကို ၀န်ခံပြီးပြီ ဆိုရင်တော့.... ဒုတိယအချက်အနေနဲ့ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာ သိရပါမယ်... ကိုယ်ဟာ ကုမ်ပဏီ ၀န်ထမ်းလုပ်မှာလား....ကားမောင်းမှာလား.... စက်ပြင်ဆရာလုပ်မလား.. အရောင်းဝန်ထမ်းလုပ်မလား.. စာရင်းအင်းလုပ်မလား... စသဖြင့်ပေါ့လေ... ကိုယ့်ဘာဖြစ်ချင်တယ်ဆိုတာ ကို အရင်သိအောင်ကြိုးစားပါ....ကိုယ်ဘာနဲ့ အံဝင်ဂွင်ကျ သလဲ ဆိုတာထက်..... ဘယ်အလုပ်က ကိုယ်နဲ့ အံဝင်ခွင်ကျ ဖြစ်မလဲဆိုတာကို တွေးပါ...... ကိုယ့်ကိုယ်ကို လည်း သိပ်အထင်မသေးပါနဲ့ လေ.. ကျွန်တော်တို့ ဟာ ဘာမဆိုဖြစ်နိုင်ပါတယ်.. ကြိုးစားမယ်ဆိုရင်ပေါ့လေ......လူတွေက ဒီနိုင်ငံမှာနေလို့ ကတော့ ... ကိုယ်ဝါသနာပါရာလုပ်လို့ မရဘူးလို့ ပဲလို့ ပြောပြောနေတာ ကြားရပါတယ်... ဒီစကားဟာ မှန်သင့်သလောက်မှန်ပါတယ်.... ဒါပေမယ့် အချိန်ဆိုတာ ရှိပါသေးတယ်.... မကြာခင်ပွင့်လာမယ့် တံခါးတွေရှိပါတယ်..... စောင့် ဆိုင်းနေကြတဲ့ အချိန်အတွင်း မှာ ...ကိုယ်ကထိုင်နေလို့ မရပါဘူး... ကြိုးစားနေဖို့ လိုပါတယ်...



ကဲ ထားပါတော့ လေ.... ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာသိသွားပြီဆိုပါတော့.... ကိုယ်က ကုမ်ပဏီဝန်ထမ်း စာရေးတစ်ယောက်ဖြစ်ချင်တယ်ဆိုပါစို့..... လေ့လာသင့်တာတွေ စလေ့လာရပါမယ်.... ပထမဆုံး ဘာသာစကားကို လေ့လာပါမယ်.... ဘာသာစကားသင်တန်းတွေ တက်ဖို့ ပိုက်ဆံမရှိဘူးလို့ မငြီးပါနဲ့.... ဆရာဦးမြကြိုင် က တစ်လငါးထောင်နဲ့ ဆင်ရေတွင်းမှတ်တိုင်အနီးမှာ...အင်္ဂလိပ်စာသင်တန်းဖွင့်ထားပါတယ်.... ဒီလို ပဲ ဘုန်းကြီးကျောင်းတွေ မှာ ဘာသာစကားတွေ သင်ကြားပေးတာ ရှိပါတယ်.. .လေ့လာပါ.. တတ်နိုင်ရင် ကွန်ပျူတာ သင်တန်းလိုမျိုးတက်ထားသင့်ပါတယ်... မတတ်နိုင်ရင်လည်း အင်တာနက်ဆိုင်မှာ တစ်နာရီလေးရာနဲ့ (သက်သာတဲ့ဆိုင်ဆို သုံးရာ နှစ်ရာ) တတ်ကျွန်းတဲ့ သူငယ်ချင်းတစ်ယောကို ခေါ်ပြီး သွားသုံးနေရုံနဲ့ ကွန်ပျူတာ အခြေခံ တတ်လာနိုင်ပါတယ်.... ဘယ်သူမှ မသင်ပေးဘူးဆို ကျွန်တော့ ဆီဆက်သွယ်ပါ.... ကျွန်တော်အလကားသင်ပေးပါမယ်.... ဒီလိုပဲ တစ်ဆင့်ချင်းလေ့ လာ သွားရပါမယ်... ဒါဟာအကျိုးရှိစွာစောင့်ဆိုင်းခြင်းလို့ ခေါ်ပါတယ်...



တကယ်လို့ များ..... တဘက်နိုင်ငံက အလုပ်အကိုင်တွေ လာပါပြီရဲ့.... ဒီနိုင်ငံက လူငယ်တွေ အရည်အချင်းမပြည့် မှီလို့ အလုပ်ချက်ချင်းမပေးနိုင်တာမျိုးဖြစ်လာတဲ့ အခါ....ကိုယ်ထိုင်စောင့်နေတဲ့အချိန်တွေဟာ အင်မတန်နစ်နာပါတယ်.... ပေါ်မှာ ကျွန်တော်ပြောသွားတာတွေဟာ နည်းနည်းပဲရှီပါသေးတယ်... အခြား ပညာတွေကို လည်း ဒီလိုပဲလွယ်ကူစွာသင်ယူနိုင်ပါတယ်... ပညာဆိုတာ ကျွန်တော်တို့ ရဲ့ လက်တကမ်းမှာပါ..... လှမ်းမယူလို့ သာမရတာဆိုတာ သိပါ....



နိုင်ငံရပ်ခြားတစ်ခုမှာ ... ကျွန်တော် ဖတ်ခဲ့ ဘူးတဲ့ ဆိုင်းဘုတ်လေး တစ်ခု သဘောကျလို့ ပြောပြပါမယ်....



U DO YOUR BEST,

I'LL DO THE REST.

god.



ဘုရားသခင်တောင်မှ အရာရာဖန်ဆင်းနိုင်ပေးမယ့် သူပေးမယ့် အခွင့် အရေးအတွက် ကျွန်တော်တို့ အကောင်းဆုံးကြိုးစားနေဖို့ လိုပါတယ်.... ဒီတော့ ဘွဲ့ ရအလုပ်လက်မဲ့လူငယ်များ..... တာဝန်ရှိလူကြီးတွေကို အပြစ်တင်ပါ.... တင်သင့်သလောက်ပေါ့....

ကိုယ်က ရော တကယ် အရည်အချင်းပြည့်မှီပြီလား ဆိုတာ အရင် ဆန်းစစ်လိုက်ပါဦး....... ထိုင်နေရတဲ့ အချိန်တွေ အလကားမဖြစ်စေချင်လို့ ပါ..... လူတိုင်းအောင်မြင်နိုင်ပါစေ

by: လင်းလွန်းညို (ozzy win)

No comments:

Post a Comment