Saturday, June 30, 2012

ကျောက်အောင်သူ

တကယ်တော့၊ ကျွန်တော်ဟာ " ကျောက်အောင်သူ " ပါ။ " ကျောက် " ဆိုလို့... ကျောက်စိမ်းတို့၊ နီလာတို့၊ ပတ္တမြားတို့လို ရတနာတန်းဝင်တွင်းထွက်ကျောက်တွေမဟုတ်ပါဘူး။ သဘော်က ကျောက်ဆူး Anchor လို့ခေါါတဲ့ " ကျောက်" ကိုပြောတာဖြစ်ပါတယ်။ သဘော်သားဘဝကတည်းကနေ၊ အခုလို staff ဖြစ်လာတဲ့ အထိ၊ ကျွန်တော်နဲ့ ပက်သက်တဲ့ သဘော်တွေမှာ၊  ကျောက်ပြတ်ကျတာတွေနဲ့ ကျောက်ဖြတ်ချခဲ့ရတာတွေ၊ ခဏခဏဖြစ်တတ်လွန်းလို့ " ကျောက်အောင်သူ " ရယ်လို့၊ လုပ်ဖော်ကိုင်ဖက်အပေါင်းအသင်းတွေက၊ နာမည်ပေးကြပါတယ်။

ကျောက်ပျောက်တာကတော့ ရေထဲကနေ ကျောက်ဆူး Anchor ကိုပြန်မတင်တဲ့အခါ၊ ကျောက် မရှိတော့ ပဲ ကျောက်ကြိုးလို့ခေါါတဲ့ Anchor Chain သာပါလာတာကိုပြောတာဖြစ်ပါတယ်။ ကျောက်ဖြတ်ချခဲ့ ရတာ ကတော့  ရေထဲကနေပြန်မတင်တဲ့အခါ၊ ရေအောက်မှာ တခုခုနဲ့ငြိနေတာမို့၊  ကျောက်ကြိုးဖြတ်ချပြီး သဘော်ကိုထွက်စေခဲ့တာဖြစ်ပါတယ်။

ကျောက်ပျောက်တယ်ဆိုတာက တကယ့်အမှုကြီးပါ။ သဘော်ရဲ့ Class Certificate အောက်က Hull ဆိုတဲ့ ခါင်းစဉ်အောက်မှာ Anchor and Anchor Chain ရဲ့ Specification ကို အတိအကျမှတ်ပုံတင်ထားရ ပါတယ်။ Anchor and anchor Chain ကျောက်ဆူးနဲ့ ကျောက်ကြိုးဟာ၊ Load Line Certificate နဲ့ Safety Construction Certificate တို့နဲ့ပက်သက်ပါတယ်။  International Load Line Certificate ကို၊ IMO ကပြဌာန်းထားတဲ့ International Convention on Load Line, 1966 as modified by the Protocol of 1988 ဆိုတဲ့၊ Regulation အရ၊ သက်ဆိုင်ရာ Classification Society မှသက်သေခံ လက်မှတ်အနေနဲ့၊ ထုတ်ပေးတာဖြစ်ပါတယ်။ Cargo Ship Safety Construction Certificate ကိုတော့ International Convention for The Safety of Life At Sea, 1974 as modified by the protocol of 1988 အရ၊ သက်ဆိုင်ရာ Classification Society မှသက်သေခံလက်မှတ်အနေနဲ့၊ ထုတ်ပေးတာဖြစ်ပါတယ်။

သဘော်ကို IS - Intermediate Survey လုပ်ဖို့ ဖြစ်စေ၊ SS - Special Survey လုပ်ဖို့ ဖြစ်စေ၊ Docking သဘော်ကျင်းကိုဝင်တဲ့အခါ Anchor နဲ့ Anchor Chain တွေကို Dock Floor မှာ ဖြန့်ခင်းပြီး၊ Calibration တိုင်းတာစစ်ဆေးကာ၊ Anchor Chain Link အဆစ်တိုင်းရဲ့ Calibration Report ကို သက်ဆိုင်ရာ Classification Society က Attending Surveyor ကိုပေးရပါတယ်။

Attending Surveyor က Anchor Chain ဟာ မူလသတ်မှတ်ထားတဲ့ Diameter ကနေ ဘယ်လောက် Wear Down စားသွားပြီဆိုတာကို စစ်ဆေးပြီး၊ သက်မှတ်ထားတဲ့ Limit ထက်ကျော်သွားရင် အသစ် လဲခိုင်းပါတယ်။ အလားတူ Anchor ရဲ့ကိုစစ်ဆေးပြီး၊ Anchor ဟာ စားပြီးပါးနေပြီလား၊ Anchor hinge-pin အထိုင်နေရာ wastage စားသွား ပြီလား၊ ဒါမှမဟုတ် Anchor Shackle ဟာ စားသွားပြီလား၊ အစရှိတာတွေ ကိုစစ်ဆေးပြီး၊ လိုအပ်ရင် အသစ်လဲခိုင်းပါတယ်။

Anchor Chain ရဲ့ Wear Down Limit ကို၊ Classification Societies တွေဖြစ်တဲ့၊ NK - Nippon Kaiji Kyokai နဲ့ GL - Germanischer Lloyd တို့က၊ မူလ Diameter ထက် (10 %) စားသွားတဲ့အထိ ခွင့်ပြု ပါတယ်။ ABS - American Bureau of Shipping, DNV - Det Norske Veritas နဲ့ LR - Lloyd Registration တို့က မူလ Diameter ထက် (12 %)  စားသွားတဲ့အထိနဲ့ BV - Bureau Veritas က၊ မူလ Diameter ထက် (13.5 %) အထိသုံးဖို့ခွင့်ပြုထားပါတယ်။ ခွင့်ပြုထားတဲ့ Limit ထက်ကျော်ရင်တော့၊ အသစ်လဲလှယ်ရမှာဖြစ်ပါတယ်။


Fig. Stud Link Anchor Chain Cable

အသုံးများတဲ့  Anchor Chain အမျိုးအစားကတော့ Stud Link Cable, Flush Butt Welded အမျိုးအစား ဖြစ်ပြီး အလျားအားဖြင့် တဆစ် (1 Length) မှာ၊ (25 ~ 27.5) Mtr အလျှားရှိပါတယ်။ သဘော် အရွယ် အစားပေါါမူတည်လို့၊ အနည်းဆုံး (၅) ဆစ်/ 5 Length ကနေ (၁၅) ဆစ်/ 15 Length လောက်အထိရှိနိုင် ပါတယ်။ Singapore Water မှာတော့၊ ကျောက်ချရင် (၃) ဆစ်ခွဲ ကနေ၊ (၄) ဆစ် လောက်ဆိုလုံလောက် ပါတယ်။

Anchor Chain ကို အသုံးပြုထားတဲ့ Material ပေါါမူတည်ပြီး Class 1 (ST 1), Class 2 (ST 2) နဲ့ Class 3 (ST 3) ဆိုပြီးခွဲထားပါတယ်။ Class 1 က Mild Steel SBC 31 သို့မဟုတ် SS 41B Material ကိုသုံးပြီး၊ Class 2 မှာ Special Steel SBC 50 ကိုသုံးပါတယ်။ Class 3 အတွက် Extra Special Steel SBC 70 ကို သုံးထားပါတယ်။ Anchor Chain တဆစ်နဲ့ တဆစ်ကို ဆက်ဖို့ Joining Shackle အဖြစ် D Shackle ဒါမှ မဟုတ် Kenter Shackle ကိုသုံးပါတယ်။ Anchor Chain တွေမှာလည်း စထုတ်ကတည်းက Classification Society တခုခုရဲ့ Approved Certificate ပါရှိပါတယ်။

Anchor Chain Diameter ဟာ၊ မူထက်ထက်သေးသွားရင် ကျောက်တင်တဲ့အခါ Gypsy ထဲမှာ ခုန်နေ တတ်ပြီး၊ ရစ်တင်နေရင်းနဲ့ ချော်ကျသွားလေ့ရှိပါတယ်။ Grisly က စားနေရင် Ware down ဖြစ်နေရင်
လည်း " ချော်" တတ်ပါတယ်။ ကျောက်တင်တိုင်း Anchor Chain ဟာခုန်လိုက်၊ ချော်ကျလိုက်နဲ့ အကြိမ်ပေါင်း များစွာ ဖြစ်လာတဲ့အခါ၊ Anchor Chain နဲ့ Anchor ကို ဆက်ပေးထားတဲ့ Swivel မှ၊ Swivel neck ဟာ ပွန်းစားလာပြီး၊ တန်နဲ့ချီပြီး လေးတဲ့ Anchor ဟာ Swivel neck ကတဆင့် ဆွဲတင်ရင်းကျွတ်ထွက်သွား တတ်ပါတယ်။

Fig. Anchor Swivel
Fig. Anchor D Shackle

Anchor ပြုတ်ကျရင်၊ ပြတ်ကျရင် Anchor D Shackle Pin ကျွတ် ထွက်သွားလို့ ပြုတ်ကျတာမျိုးဟာ ဖြစ်ခဲ ပါတယ်။ D Shackle ပဲဖြစ်ဖြစ် Kenter Shackle ပဲဖြစ်ဖြစ် ဆက်ပြီး ရင် Locked Pin တွေကို Shackle ရဲ့ Body နဲ့ Welded လုပ်ထားတာမို့၊ အဆက်တွေ၊ Joint တွေက "ပြတ်" ကျတာမျိုးဖြစ်ဖို့မလွယ်ကူပါဘူး။ Swivel neck စားသွားပြီး "ကျွတ်" ထွက်တာတွေသာ၊ တွေ့ရပါတယ်။



Fig. Stockless Type Anchor



Fig. Type of Anchors

Anchor အမျိုးအစားတွေကတော့ အများကြီးပါပဲ။ JIS Stockless Anchor, JIS Stocked Anchor, US Navy Type Stockless Anchor, US Navy Type Light Weight Anchor, KAC 14 Anchor, Danforth Anchor, Mushroom Anchor, Eels Anchor, Baldt Stockless Anchor, Stato Anchor, Snung-Stowing Anchor နဲ့ Moorfast Anchor ဆိုပြီး အကြမ်းအားဖြင့်ရှိတဲ့အထဲက၊ Stockless Type Anchor ကို အသုံးများပါတယ်။

ပထမဆုံးကျောက်ပျောက်တဲ့ အတွေ့အကြုံက သဘော်လိုက်တုန်းကပါ။ Penang Anchorage မှာကျောက် ချ ထားရင်း ပြန်ဆွဲတင်တဲ့အခါ၊ ကျောက်ပါမလာတော့ပါဘူး။ Superintendent ကိုအကြောင်းကြားတဲ့အခါ၊ Diver စီစဉ်ပေးပြီး ငုတ်ရှာ ခိုင်းပါတယ်။ Diver က ရေဆင်းငုတ်ပြီး အောက်မှာ ကျောက်တွေအများကြီး၊ မင်းတို့ကျောက်က ဘယ်ကျောက် လည်း လို့ပြန်မေးပါတယ်။ ဒီတော့လည်း တွေ့တဲ့ ကျောက်သာချိတ်ခဲ့၊ ကြီးရင်ပြီးတာပဲ လို့ဖြေခဲ့တာကြားဖူးပါတယ်။

ကျွန်တော်ကိုယ်တိုင် Superintendent ဖြစ်လာမှ (၂) ခါ ပျောက်ဖူးပါတယ်။ ပထမတခါမှာ၊ သဘော်က Singapore က Western Anchorage မှာ ကျောက်ချ၊ ပြီးမှ ဆက်ထွက်သွားတာပါ။ ရေကြောင်းပြ Pilot ဆင်းသွားပြီးမှ သဘော်ကနေ ကျောက်ပြတ်ကျကျန်ခဲ့ပြီဆိုတာ အကြောင်းကြားလာပါတယ်။ ဘာတတ်နိုင် မှာလည်း။ ဆက်ထွက်ပေါ့။ ဒုတိယတခါကတော့ အောက်မှာတစုံတခုနဲ့၊ ငြိနေတယ်လို့ ယူဆရလို့ ဖြတ်ချပြီး၊ ဆက်ထွက်ခိုင်းခဲ့တာပါ။

ထုံးစံအရ၊ သက်ဆိုင်ရာဆိပ်ကမ်းအာဏာပိုင်နဲ့ Classification Society ကိုအကြောင်းကြားရပါတယ်။ ဒီ ကျောက်ဟာ Under Water က Cables တွေ Pipelines တွေမှာ ငြိပြီးကျန်ခဲ့တာလား၊ အဲဒီ Cables တွေ Pipelines တွေ ပျက်စီး ကျန်ခဲ့သလားဆိုတာ Diver က ဆင်းစစ်ဆေးရပါတယ်။ တစုံတရာပျက်စီးခဲ့ရင် ကုန်ကျစားရိတ်အားလုံးကို Owner က အကုန်အကျခံရပါတယ်။ Classification Society က လည်း Class Certificate ကို Suspend လုပ်ပါတယ်။ သဘော်ဟာ One Voyage ပဲသွားခွင့်ရှိပြီး နောက် ဆိပ်ကမ်း Next Call Port မှာ ကျောက်ကို ပြန်တတ်ပြီးမှသာထွက်ခွင့်ရှိပါတယ်။

ဒီဘက်က ဆိပ်ကမ်းအာဏာပိုင်ကလည်း နောက်ဆိပ်ကမ်းမှ၊ ဆိပ်ကမ်းအာဏာပိုင်ကို အကြောင်းကြားထား ပါတယ်။ ဒီတော့ ကျောက် ပြန်မတတ်ရင် Port Clearance လုပ်လို့မရတာမို့ သဘော်လည်း ထွက်လို့ မရတော့ပါဘူး။ ပြန်တတ်ပြီး ရင်လည်း Classification Society ကိုအကြောင်းကြားပြီး အစစ်ဆေးခံရပါ တယ်။ Classification Society က တဆင့်၊ ပြန်လည်တတ်ဆင်ပြီးကြောင်း ဆိပ်ကမ်းအာဏာပိုင် ကို အကြောင်းကြားမှသာ Port Clearance လုပ်လို့ရပါတယ်။

Anchor Lost မဖြစ်အောင် Prevention ကာကွယ်တားဆီးလို့ရပါတယ်။

၁၊ Docking ဝင်တိုင်း Anchor Swivel Neck ကို၊ သေသေခြာခြာစစ်ပါ။ စားနေတယ်လို့သံသယ ဖြစ်ခဲ့ရင်  အသစ်လဲပါ။
၂၊ Docking ဝင်တိုင်း Anchor Chain ရဲ့ အဆက်တွေ၊ Joint တွေကို သေသေခြာခြာစစ်ပါ၊
၃၊ Docking ဝင်တိုင်း Size ကျသွားလို့၊ အသစ်လဲဖို့ လိုအပ်တဲ့ Anchor Chain တွေကိုအသစ်လဲပြစ်ပါ။

၎။ Docking မဝင်ခင် Gypsy ကိုတိုင်းပါ။ Anchor Chain နဲ့ Gypsy ကြား Clearance သိပ်များနေပြီဆို Docking မှာ Gypsy ကို၊ အသစ်လဲဖို့  ကြိုတင်မှာထားပါ။
၅၊ Docking မဝင်ခင် Gypsy စားနေတာတွေ့ခဲ့ရင် ယာယီအသားပြန်ဖို့ ပြီးသုံးထားပါလို့ ကျောက်အောင်သူ တဦးမှ၊ အကြံပေးပါရစေခင်ဗျား။


ပုံတွေကို Google ကနေရှာဖွေကူးယူပါတယ်။ 

Remark : All images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party.



1 comment: