Thursday, June 28, 2012

Hull, Bottom & Tank Corrosion Protection (၁)

marine organisms လို့ခေါါတဲ့၊ အဏ္ဏဝါဇီဝသက်ရှိတွေတွယ်ကပ်တာကို၊ fouling လို့ခေါါပါတယ်။ fouling ကြောင့်၊ သဘော်ကိုယ်ထည်သံပြားတွေမှာ၊ corrosion ဖြစ်သလို၊ သဘော်ရဲ့ rudder, propeller နဲ့ hull မှာ တွယ်ကပ်နေတဲ့၊ fouling တွေကြောင့် သဘော် speed ကျတတ်ပါတယ်။ fouling ဆိုတဲ့ marine organisms တွေမကပ်ငြိစေဖို့၊ ပင်လယ်ရေနဲ့ ထိနေမယ့် သဘော်ရဲ့ hull မှာ၊ coating ဆိုတဲ့ အလွှာတခု အနေနဲ့ဆေးသုတ်ကာ၊ တားဆီးပြီး၊ သုတ်တဲ့ဆေးကို anti-fouling paint လို့ ခေါါပါတယ်။ anti-fouling paint တွေမှာ (၁) နှစ် - (၁၂) လခံ၊ (၂) နှစ် - (၂၄) လခံ နဲ့ (၃) နှစ် (၃၆) လခံ ဆိုပြီး သက်တမ်းရှိသလို သက်တမ်းပေါါ မူတည်ပြီး၊ ဈေးနှုံးကွာခြားပါတယ်။



Fig. Barnacles on hull
Fig. Marine growth in hull
Fig. Corrosion on ship side
ဟိုးအရင်က anti-fouling အတွက်အသုံးပြုခဲ့တဲ့ paint တွေမှာ toxic metallic compounds တွေ ဖြစ်တဲ့ mercury သို့မဟုတ် copper ကိုထည့်သွင်းအသုံးပြုခဲ့ရာမှ၊ အလူမီနီယမ်နဲ့ သံဖြူကို၊ ထည့်သွင်း အသုံးပြုလာကြပါတယ်။ aluminum နဲ့ tin metallic compounds တွေကလည်း၊ သဘဝ ပါတ်ဝန်းကျင်ရဲ့ Ecology လို့ခေါါတဲ့ ဂေဟဗေဒစနစ်ကိုအကြီးအကျယ် ထိခိုက်စေကြောင်း၊ ထပ်မံတွေ့ရှိခဲ့ တဲ့အတွက်၊ IMO က လုံးဝထည့်သွင်းအသုံးမပြုရန်၊ ဥပဒေပြဌာန်းပြီး၊ "Classification Societies" တွေ ကို စစ်ဆေးစေပါတယ်။

Classification Societies တွေမှ၊ "International Anti-fouling Certificate" ကိုထုတ်ပေး၊ပြီး၊ anti-fouling အဖြစ်၊ အသုံးပြုထားတဲ့ paint ဟာ သဘာဝပါတ်ဝန်းကျင်ကို မထိခိုက်နိုင်ကြောင်း၊ စစ်ဆေးပြီး သက်သေခံလက်မှတ်ထုတ်ပေးရပါတယ်။ အကယ်၍ သဘော်ရောက်ရှိ ဆိုက်ကပ်ရာ တိုင်းပြည်မှ  TBT tributylin free မဖြစ်တဲ့၊ anti-fouling paint ကိုအသုံးပြုထားကြောင်း၊  စစ်ဆေးတွေ့ရှိပါက၊ သဘော်ကို ဖမ်းဆီးအရေးယူခြင်းဆိုတဲ့ detaining ကိုဆောင်ရွက်နိုင်ခွင့် ရှိပါတယ်။



Fig. Anti-fouling painting

(၁၉၈၉) ခုနှစ်ခန့်မှ စပြီး သုသေသနပြုချက်တွေအရ၊ toxic metallic compounds တွေမှ တဆင့် လူတွေကို ထိခိုက်စေတာ တွေ့ရှိရတဲ့အတွက်၊ (၁၉၉၀) ခုနှစ်မှာ IMO ရဲ့ Marine Environment Protection Committee MEPC မှ၊ သက်ဆိုင်ရာနိုင်ငံ တွေကို၊ သတိပေးချက်တွေ ထုတ်ပြန်ပေးပို့ ခဲ့ပါတယ်။ အောက်တိုဘာလ (၅) ရက် (၂၀၀၁) ခုနှစ်မှာ "International Convention on the Control of Harmful Anti-fouling Systems on Ships" ဆိုတဲ့ အပြည်ပြည်ဆိုင်ရာ သဘောတူညီမှုကို၊ စတင် ခဲ့ပြီး၊ စက်တင်ဘာလ (၁၇) ရက် (၂၀၀၈) ခုနှစ်မှစပြီး၊ Anti-fouling Regulation နည်းဥပဒေကို အသက်ဝင်စေပါတယ်။ Anti-fouling ဆိုင်ရာနည်းဥပဒေအရ၊ LOA အလျား (၂၄) မီတာ၊ GRT တန် (၄၀၀) နှင့်အထက်၊ အပြည်ပြည်ဆိုင်ရာ ရေကြောင်းခရီး international voyages မှာ သွားနေတဲ့ သဘော်တွေ အားလုံးလိုက်နာရမှာဖြစ်ပါတယ်။ လောလောဆယ်တော့ fixed or floating ရေနံတွင်းတူး စင်တွေ၊ FSU - floating services unit တွေနဲ့ FPSO - floating production services & operation ဆိုတဲ့ ရေနံထွက်ရာနေရာမှာတင် တစ်ပိုင်းတစ်စ ရေနံချက်ပေးနေတဲ့ သဘော်တွေတော့ ပြဌာန်းချက်မှာ၊ မပါဝင်သေးပါဘူး။

corrosion ကို လျှော့ချဖို့၊ zinc အတုံးလေးတွေ သို့မဟုတ် aluminum အတုံးလေးတွေကို တတ်ဆင် ကြတာကို၊ "Hull Cathodic Protection System" တနည်းအားဖြင့် "Sacrificial Anode Protection System" လို့ခေါါပြီး၊ "ICPP - Impressed Current Cathodic Protection System" လို့ခေါါတဲ့ DC voltage ပေးကာ၊ electrically protect လုပ်တဲ့၊ corrosion protection system မျိုးကိုလည်း အသုံးပြု ပါတယ်။


Fig. corrosion in tank

ပင်လယ်ရေနဲ့ sea moisture လို့ခေါါတဲ့ ဆားဓါတ်ပါတဲ့ရေခိုးရေငွေ့တွေကို၊ အမြဲထိတွေ့နေရတဲ့ သဘော် အတွက်တော့၊ corrosion ကို ဘယ်လို မှရှောင်လို့မရနိုင်တဲ့အတွက်၊ လျှော့ချဖို့ကိုသာ၊ အတတ်နိုင်ဆုံး ကြိုးစားရပါတယ်။ ရေနဲ့ ရေခိုးရေငွေ့တွေ အမြဲထိတွေ့နေရတဲ့ material တွေရဲ့ corrosion process reaction ကို chemical reaction နဲ့ electrochemical reaction process လို့ (၂) မျိုး ခွဲခြားနိုင်ပါတယ်။

Chemical Reactions
သဘော်တွေရဲ့ iron steel surface သံသားမျက်နှာပြင် နဲ့ လေထုထဲမှ atmospheric oxygen တို့ ထိတွေ့တဲ့အခါ၊ iron အိုင်းယွန်းပြိုကွဲမှုကြောင့် iron oxide ဖြစ်ပေါါလာပြီး၊ iron oxide ဟာ ရေ နဲ့ ရေခိုးရေငွေ့တို့နဲ့ ထပ်မံထိတွေ့ခြင်းဖြင့်၊ iron hydroxide သို့မဟုတ် rust လို့ခေါါတဲ့ သံချေးတွေ ဖြစ်ပေါါလာပါတယ်။ သံချေးဟာ oxygen နဲ့ ဆက်တိုက်ထိတွေ့ခြင်းဖြင့် သံချေးတက် ဧရိယာပမာဏ ပွားများလာပါတယ်။ chemical reactions ဟာ ပထမအလွှာမှာ ရှိတဲ့ oxide Layer မှာ oxygen ပါဝင်မှု နည်းတဲ့ stainless steel မှာတော့ မဖြစ်ပေါါပါဘူး။

Electrochemical Reactions
acid အက်စစ်၊ bases ဗေစ့် အချို့သော metal သတ္တုတွေနဲ့ gas compound ဓါတ်ငွေ့ဖွဲ့စည်းမှုတွေမှာ၊ iron အိုင်းယွန်းတွေပြိုကွဲ မှုကြောင့်၊ electrochemical reaction ကိုဖြစ်ပေါါစေပါတယ်။ compound တွေ ထဲမှ ပြိုကွဲထွက်တဲ့ အိုင်းယွန်းတွေ ရွှေ့လျှားမှုကြောင့်၊ current ဆိုတဲ့ လျှပ်စီးဖြစ်ပေါါလာပါတယ်။ ရေနဲ့ ထိတွေနေတဲ့ သဘော်ကိုယ်ထည်သံပြား တွေမှာ အိုင်းယွန်းပြိုကွဲ တဲ့အခါ၊ negative iron ဖြစ်စေပြီး၊ ရေမှာ positive iron ကိုဖြစ်ပေါါစေပါတယ်။


Fig. galvanic current flow

ရေထဲမှအမျိုးအစားမတူတဲ့သတ္တုအလွှာ (၂) ခုကြားမှာလည်း၊ အိုင်းယွန်းတွေရွှေ့လျှားမှုကြောင့် လျှပ်စီး ဟာ higher potential သတ္တုမှ၊ lower potential သတ္တုသို့စီးဆင်းပါတယ်။ potential မတူတဲ့သတ္တု (၂) မျိုးကြားမှာ electron flow ဖြစ်ပေါါနေတာမို့ lower potential သတ္တုဟာတဖြည်းဖြည်းနဲ့ iron တွေကို ရေထဲ စီးစေပါတယ်။ အချိန်အတိုင်း အတာတစ်ခု ရောက်သွားတဲ့အခါ lower potential သတ္တုမှာ iron လုံးဝမကျန်တော့ပဲ 'anodic reaction' လို့ခေါါပါတယ်။ သဘော်သံပြားတွေမှာ lower potential သတ္တုအမျိုးအစားကို တတ်ဆင်ပြီး၊ anode လို့အမည်ပေးကော higher potential သတ္တုဖြစ်တဲ့ သဘော်သံပြားကိုတော့ cathode လို့အမည်ပေးပါတယ်။ hull plate ဆိုတဲ့၊ သဘော် ကိုယ်ထည် သံပြားတွေတင်မက၊ propeller နဲ့အနီးတစ်ဝိုက်ဧရိယာတွေ၊ pipeline တွေနဲ့ heat exchanger တွေ မှာလည်း၊ zinc နဲ့ aluminum ကို anode အဖြစ်တတ်ဆင်အသုံးပြုပြီး၊ corrosion protection လုပ်ကြပါတယ်။

ရှောင်လွှဲလို့မရတဲ့ corrosion ကိုလျှော့ချနိုင်ဖို့ တစ်နည်းအားဖြင့် electrochemical reactions ကိုအဓိကထား လျှော့ချနိုင်ဖို့ သဘော်တွေမှာ (၁) ။ ဆေးသုတ်ခြင်း - by painting the metal surface that is continuously exposed to water or moisture (၂) ။ zinc anode များတတ်ဆင်ခြင်း - by reversing the current using sacrificial anode နှင့် (၃) ။ impressed current system တတ်ဆင်ခြင်း စတဲ့ နည်းလမ်းတွေကိုအသုံးပြုကြပါတယ်။


Fig. Anodes in rudder blade

anode တွေကို bolt type, welded type နဲ့ clamp type ဆိုပြီး၊ တတ်ဆင်မယ့်နေရာကိုလိုက်လို့ ခွဲခြားထားပါတယ်။ bolt type နဲ့ welded type ကို under water area တွေမှာ တတ်ဆင်ပြီး၊ clamp type တွေ ကို water ballast tank တွေထဲမှာတတ်ဆင်ကြပါတယ်။ iron တွေပြိုကွဲပြီး အချိန်ကာလ ကြာလာတာနဲ့အမျှ တတ်ဆင်လိုက်တဲ့ anode တွေဟာ၊ စားသွားပါတယ်။

dock တင်တိုင်း အစားထိုးအသစ်လဲလှယ်ပေးခြင်းဖြင့် ရေနဲ့ ထိနေတဲ့ သဘော်ရဲ့ hull နဲ့ under water parts တွေ corrosion ဖြစ်ခြင်းကို၊ အထိုက်အလျှောက် လျှော့ချနိုင်ပါတယ်။ anode တွေမှာလည်း (၂) နှစ် ခံ နဲ့ (၃) နှစ်ခံဆိုပြီးသက်တမ်းကွာခြားမှုရှိပါတယ်။ zinc anode ဟာ hull နဲ့ under Water area corrosion protection အတွက်၊ သင့်လျှော်ပြီး၊ pipeline တွေနဲ့ heat exchanger တွေစတဲ့ machinery parts တွေအတွက်ကတော့ aluminum anode တွေကို အသုံးပြုဖို့သင့်လျှော်ပါတယ်။

zinc နဲ့ aluminum ကို hull နဲ့ machinery parts တွေအတွက်အသုံးပြုဖို့ ပုံသေသတ်မှတ် ထားတာတော့ မဟုတ်ပါဘူး။ ISSA - International Ship Store Association Catalog စာအုပ်တို့၊ IMPA - International Marine Purchasing Association Catalog စာအုပ်တို့ မှာ zinc anode ကိုသာဖော်ပြ ထားပါတယ်။ zinc ဟာ aluminum ထက်စာရင်ဈေးကြီးပါတယ်။ machinery parts တွေ ဖြစ်တဲ့ cooler/ heat exchanger တွေ၊ sea chest strainer တွေကို မကြာခဏဖွင့်ကာသန့်ရှင်းရေး လုပ်ရပြီး၊ သန့်ရှင်းရေးလုပ်တိုင်း၊ corrosion protection အတွက်တတ်ဆင်ထားတဲ့ anode တွေကို တစ်လက်စတည်း လဲလှယ်ကြပါတယ်။ သက်တမ်းကုန်တဲ့အထိမသုံးပဲ၊ ကြုံတိုင်း ခဏခဏလဲလှယ်လေ့ ရှိတာမို့ ဈေးပိုသက်သာတဲ့ aluminum ကိုအသုံးပြုကြတာဖြစ်ပါတယ်။

သဘော်တွေအတွက် corrosion protection မှာ paint ဟာ primary protection ဖြစ်ပြီး၊ sacrificial anode တို့၊ impressed current system တို့ကတော့ secondary protection လို့သတ်မှတ်နိုင် ပါတယ်။ paint ရဲ့အရည်အသွေးကလည်းညံ့မယ်၊ coating ကလည်း ပါးမယ်ဆိုရင် anode တွေ မြန်မြန် စားသွားပြီး သက်တမ်းတိုပါတယ်။ anti-corrosive coating တွေ အဖြစ် paint နဲ့ epoxies တွေကို သုံးလေ့ရှိပြီး၊ corrosion protection အတွက် အသုံးပြုတဲ့ နည်းလမ်းတွေဟာ သဘာဝပါတ်ဝန်းကျင်ကို မထိခိုက်စေဖို့လိုပါတယ်။ storage tank တွေ ဖြစ်တဲ့ fresh water tankတွေ၊ သဘော်ရဲ့ stability ကို ထိန်းညှိပေးတဲ့ water ballast tank တွေနဲ့ tanker တွေရဲ့ cargo tank တွေမှာ special anti-corrosive coating တွေသုံးရ ပါတယ်။ အသုံးပြုမယ့် anti-corrosive coating တွေအတွက် IMO မှ Regulations တွေထုတ်ပြန်ထားသလို၊ SOLAS Regulation နဲ့လည်း guide line လမ်းညွှန်ပေးထား ပါတယ်။


နောက်ပိုင်း အသုံးပြုတဲ့ coating တွေဟာ hulls မှာ self polishing type ဆိုတဲ့ anti-friction coating တွေဖြစ်ပြီး၊ TBT free ဖြစ်စေတဲ့ coal-tar epoxy နဲ့ vinyl-tar coating တွေကိုသုံးပါတယ်။ exposed deck တွေမှာတော့ combination of alkyd နဲ့ chlorinated rubber စတဲ့သာမာန် coating တွေကိုပဲ အသုံးပြုကြပါတယ်။

ballast tank တွေမှာ ballasting နဲ့ de-ballasting ဆိုတဲ့၊ ရေအသွင်းအထုတ်လုပ်ခြင်းနဲ့ သဘော်ရဲ့ stability ကိုထိမ်းညှိပေးရတဲ့အတွက်၊ tanks တွေမှာ စိုလိုက်၊ ခြောက်လိုက်ဖြစ်ကာ၊ corrosion ဖြစ်လွယ် သလို၊ သွင်းလိုက်တဲ့ ပင်လယ်ရေနဲ့အတူ non-indigenous seawater borne marine bacteria တွေ၊ organisms တွေ နဲ့ barnacles တွေလည်းပါလာတတ်ပါတယ်။ အဲဒီအတွက် coating တွေကို သုံး ကာ၊ corrosion prevention ကိုဆောင်ရွက်သလို၊ anode တွေတတ်ဆင်ပြီး၊ corrosion prevention ကိုဆောင်ရွက်ရပါတယ်။

ဟိုးအရင်ကတော့ ballast tank တွေမှာ CTE လို့ခေါါတဲ့ coal tar epoxy coating တွေကိုသုံးပါတယ်။ အခုနောက်ပိုင်းမှာတော့ HRC ဆိုတဲ့၊ hydrocarbon refining coating တွေကိုသုံးလာကြပါတယ်။ သဘာဝပါတ်ဝန်းကျင်ကို မထိခိုက်စေဖို့ special area တွေမှာ oil pollution နဲ့ air pollution တို့နဲ့ ပက်သက်ပြီး၊ တင်းကျပ်တဲ့ ဥပဒေတွေပြဌာန်းတားမြစ်ခဲ့ရာက၊ ballast tank တွေကနေ၊ de-ballast လုပ်ကာ စွန့်ထုတ်လိုက် တဲ့ ရေ အတွက်ပါ ဥပဒေတွေပြဌာန်းလာပါတယ်။ အဲဒီအတွက် Special Area တွေထဲမှာ ballast water ကို treatment လုပ် ပြီးမှ၊ စွန့်ပြစ်ဖို့လိုလာပါတယ်။ Mediterranean Sea - မြေထဲပင်လယ်၊ Baltic Sea - ဘောလ်တစ်ပင်လယ်၊ Red Sea - ပင်လယ်နီ၊ Gulf Area - အရှေ့အလယ်ပိုင်းပင်လယ်ကွေ့၊ Black Sea - ပင်လယ်နက်၊ Gulf of Aden - အေဒင်ပင်လယ်ကွေ့ နဲ့ Antarctic Area - အန္တာတိကဒေသတွေကို၊ Special Areas တွေအဖြစ် သတ်မှတ်ထားပါတယ်။

သောက်သုံးရေတွေသိုလှောင်ထားတဲ့၊ သဘော်မှ fresh water tank တွေမှာ၊ E-coli ဗိုင်းရပ်စ်ပိုးတွေနဲ့ Legionnaires ရောဂါပိုးတွေမပေါက်ပွားစေဖို့ cement washed လုပ်ပြီး၊ chlorinated coating တွေကို သုံးပါတယ်။ သဘော်မှ cargo tank တွေမှာတော့၊ cargo မှာပါဝင်တဲ့ Sulfurous ဆိုတဲ့ ဆာလ်ဖာရဲ့ သက်ရောက်မှု၊ ရေငွေ့ ဆိုတဲ့ water vapor ရဲ့ သက်ရောက်မှုတွေကနေ၊ corrosion ဖြစ်တာကို ကာကွယ်ဖို့ coal tar နဲ့ pure epoxy coating တွေကိုအသုံးပြု ပါတယ်။

ICCP ဆိုတာကတော့၊ DC positive current ကိုအသုံးပြုလို့ သဘော်ရဲ့ hull နဲ့ bottom မှာ ဖြစ်ပေါါလာမယ့် corrosion ကိုတားဆီးခြင်း ဖြစ်ပါတယ်။ DC current ထုတ်ပေးမယ့် rectifier ရဲ့ negative terminal ကို၊ သဘော် ရဲ့ hull မှ steel plate နဲ့ ဆက်သွယ်ထားပြီး၊ positive terminal ကို anode နဲ့ဆက်သွယ်ထားပါတယ်။ အသုံးပြုထားတဲ့ anode တွေဟာ၊ inert သို့မဟုတ် non reactive substances တွေဖြစ်ပြီး၊ ရေနဲ့ ထိတွေ့တဲ့အခါ၊ oxidation ထပ်မဖြစ်တော့တဲ့ oxide compound တွေ မို့၊ zinc တို့ aluminum တို့လို စားသွားမယ့် အမျိုး အစားမဟုတ်ပါဘူး။



Fig. Impressed Current Cathodic Protection System

ဒေသတစ်ခုမှ၊ အခြားဒေသတစ်ခုကို သွားရင် ရေရဲ့ specific gravity ကွာသွားတာမို့၊ impressed current system ရဲ့ monitor ကို ကြည့်ပြီး current ကိုလိုအပ်သလို ချိန်ညှိပေးသင့် ပါတယ်။ ရေချိုဒေသတွေ မှာ ဆိုရင် မသုံးပဲပိတ်ထားလေ့ရှိပါတယ်။ သဘော်က docking ဝင်မယ်ဆိုရင်တော့ high pressure wash လုပ်ပြီး၊ blasting မလုပ်ခင်မှာ hull မှာ တတ်ဆင် ထားတဲ့၊ impressed current system မှ၊ reference cell နဲ့ anode တွေကိုမပျက်စီးအောင် အသေအခြာဖုံးအုပ် ကာကွယ်ဖို့၊ လိုအပ်ပါတယ်။


သဘော်ရဲ့ Hull, Bottom နဲ့ Tank တွေမှာဖြစ်ပေါါတဲ့ corrosion ဟာ၊ electrochemical reaction ကြောင့်ပေါါပေါက်လာတာဖြစ်ပြီး၊ Uniform Corrosion လို့ခေါါပါတယ်။ anode နဲ့ cathode တို့ကို၊ common electrolyte အရည်တခု ထဲမှာနှစ်လိုက်တဲ့အခါ၊ electrochemical reaction ဖြစ်ပေါါ လာပါတယ်။ electrochemical reaction ဟာ၊ corrosion process ဖြစ်ပြီး၊ electrolyte ကိုဖြတ်ကာ၊ anode မှ cathode သို့၊ current flow တခု စီးဆင်းသွားခြင်းဖြစ်ပါတယ်။





Fig. Freely flowing corrosion current from anode to cathode

anode မှ cathode သို့၊ current flow စီးဆင်းရာမှ၊ ပေါါပေါက်လာတဲ့ current ရဲ့ magnitude ဟာ၊ metal lost လို့ခေါါတဲ့ corrosion နဲ့ တိုက်ရိုက်အချိုးကျပြီး၊ current အနေနဲ့ 1 ampere flow ဟာ၊ တနှစ်မှာ၊ 9 Kg ခန့်၊ corroding surface အဖြစ်၊ steel မှာဖြစ်ပေါါတာ ကိုတွေ့ရပါတယ်။




Fig. Corrosion reactions

oxidation လို့ခေါါတဲ့ corrosion ဟာ၊ anodic zone မှာသာဖြစ်ပေါါပြီး၊ cathodic zone မှာမဖြစ်ပေါါတဲ့ အတွက်၊ corrosion မဖြစ်စေချင်တဲ့ metal surface ကို၊ cathodic zone အဖြစ်ပြောင်းလဲလိုက်ခြင်း ဖြစ်ပါတယ်။ corrosion protection လို့ခေါါတဲ့ corrosion prevention အတွက်၊ အသုံးပြုတဲ့ cathodic protection system ကို၊ "Hull Cathodic Protection System" တနည်းအားဖြင့် "Sacrificial Anode Protection System" နဲ့ "ICCP - Impressed Current Cathodic Protection System" ဆိုပြီးခွဲခြားနိုင် ပါတယ်။

Sacrificial Anode Protection System ဟာ၊ လျှပ်စစ်ကို အသုံးပြုပြီး၊ အလုပ်လုပ်တာမဟုတ်သလို၊ installation လို့ခေါါတဲ့ တတ်ဆင်မှု အပိုင်းမှာလည်း လွယ်ကူတာကို၊ တွေ့ရပါတယ်။ ဒါ့အပြင် တတ်ဆင် ထားတဲ့၊ anode တွေ၊ ကုန်သွားတဲ့အထိ၊ corrosion protection ကို၊ ဆောင်ရွက်ပေးပါတယ်။

anode မှထုတ်ပေးတဲ့ current အနည်းအများပေါါမူတည်ပြီး၊ corrosion protection ကို၊ ဆောင်ရွက်တာ ဖြစ်သလို၊ anode တွေ၊ ကုန်မသွား ပဲရေရှည် ခံစေဖို့ current အနည်းအများ ကို၊ ချိန်ညှိပေးလို့ မရသလို၊ hull မှာတတ်ဆင်ထားတဲ့ anodes တွေဟာရဲ့ပွန်းစားမှုဟာ၊ သဘော်မောင်းနှင် သွားလာရာမှ ပေါါပေါက် လာတဲ့၊ turbulent flow အနည်းအများအပေါါ မူတည်နေပါတယ်။ တတ်ဆင်ထားတဲ့ anodes တွေကြောင့် သဘော်ရဲ့ hull drag နဲ့ fuel consumption တိုးလာနိုင်သလို၊ သက်တမ်းအနေနဲ့ အများဆုံး (၃) နှစ် အထိသာခံပြီး၊ အသစ် လဲလှယ်ပေးဖို့ လိုအပ်တာကို၊ တွေ့ရပါတယ်။

"Hull Cathodic Protection System" ဆိုတဲ့ "Sacrificial Anode Protection System" ကို၊ metal တခုကိုကာကွယ်ဖို့အတွက်၊ အခြား metal တခုကို စတေးခံခြင်းလို့ဆိုနိုင်ပါတယ်။ စတေးခံတဲ့ sacrificial anode ဟာ၊ active metal ဖြစ်ပြီး၊ structure မှာ၊ corrosion ဖြစ်ပေါါမှုကိုတားဆီးဖို့၊ structure နဲ့အတူ coupling အနေနဲ့တတ်ဆင်ထားခြင်းဖြစ်ပါတယ်။ အမျိုးအစားမတူတဲ့ metal သို့မဟုတ် alloy (၂) မျိုးကို၊ တွဲဆက်ပြီး၊ electrolyte form အနေနဲ့ ဖြစ်ပေါါစေခြင်းကို၊ galvanic couple သို့မဟုတ် galvanic cell လို့ခေါါပါတယ်။

aluminum, zinc နဲ့ magnesium anodes တွေကို၊ galvanic anodes တွေ အဖြစ်အသုံးပြုတဲ့အခါ၊ galvanic reaction ပိုမိုကောင်းမွန် တာကိုတွေ့ရပါတယ်။ တနည်းအားဖြင့် current ပိုမိုထုတ်ပေးနိုင်တယ် လို့၊ ဆိုနိုင်ပါတယ်။ သဘော်ရဲ့ hull ကို cathode အနေနဲ့ယူဆတဲ့အခါ cathode မှထွက်လာတဲ့ corrosion current ရဲ့ magnitude ကို၊ galvanic anodes တွေမှထုတ်ပေးတဲ့ protective current နဲ့ ဖိသိပ်ခြေဖျက်ခြင်းဖြစ်ပါတယ်။

မည်သည့် metal သို့မဟုတ် alloy ကိုမဆို၊ conductive electrolyte တခုခုအတွင်းမှာနှစ်လိုက်တဲ့အခါ၊ open circuit potential လို့ခေါါတဲ့ unique corrosion potential တွေဖြစ်ပေါါလာပါတယ်။ 'Galvanic series' အရ၊ မည်သည့် metal သို့မဟုတ် alloy အမျိုးအစားမှာမဆို၊ ပင်လယ်ရေနဲ့ထိတွေ့တဲ့အခါ၊ more active သို့မဟုတ် prone to corrosion လို့ခေါါတဲ့၊ corrosion ဖြစ်လွယ်တဲ့သတ္တိတွေရှိသလို၊ noble သို့မဟုတ် corrosion resistant လို့ခေါါတဲ့၊ corrosion ဖြစ်ပေါါဖို့မလွယ်ကူတဲ့၊ ဂုဏ်သတ္တိတွေရှိပါတယ်။



.


Fig. Galvanic series of metals and alloys in seawater

conductive environment လို့ခေါါတဲ့၊ electrolyte တခုခုအတွင်းမှာ၊ အမျိုးအစားမတူတဲ့သတ္တု (၂) မျိုးကို၊ electrical connection အနေနဲ့ ဆက်သွယ်ပြီး၊ နှစ်လိုက်တဲ့အခါ၊ electrons တွေဟာ active ဖြစ်တဲ့၊ သတ္တုမှ noble ဖြစ်တဲ့ သတ္တုဖက်သို့၊ စီးဆင်းပါတယ်။ active ဖြစ်တဲ့၊ သတ္တုဟာ negative surface ဖြစ်ပြီး၊ noble ဖြစ်တဲ့ သတ္တုဟာ၊ positive surface ဖြစ်တဲ့အတွက်၊ electrons flow ကြောင့် noble metal မှာ၊ negative potentials တွေပိုမိုဖြစ်ပေါါလာပြီး၊ cathodic polarization လို့ခေါါပါတယ်။ electron တွေရွှေ့လျားရာမှပေါါပေါက် လာတဲ့ current flow နဲ့ polarization ဟာ၊ noble metal မှာ corrosion ဖြစ်ပေါါမှုကိုတားဆီးပေးပါတယ်။



Fig. Anodic reaction

zinc နဲ့ steel တို့ကို၊ တွဲမဆက်ပဲ၊ သီးခြားတခုစီ sea water နဲ့ထိတွေ့စေတဲ့အခါ၊ 'Anodic reaction' အရ၊ steel surface မှာ excess flow အနေနဲ့ electrons တွေကို ပိုမိုစီးဆင်းစေနိုင်မယ်ဆိုရင်၊ steel ရဲ့ oxidation ကျဆင်းသွားမှာဖြစ်ပါတယ်။ zinc block တုံးကို၊ steel hull အပေါါမှာ welding ဆော်ပြီး၊ galvanic couple အနေနဲ့တွဲဆက်ကာ ပင်လယ်ရေနဲ့ထိတွေ့စေတဲ့အခါ၊ active metal ဖြစ်တဲ့၊ zinc မှာသာ၊ corrosion ပိုဖြစ်ပြီး၊ noble metal ဖြစ်တဲ့ steel မှာ corrosion ဖြစ်ပေါါမှုနည်းသွားတာ ကိုတွေ့ရပါတယ်။ တနည်းအားဖြင့် negative potentials တွေထုတ်ပေးမယ့် active metal တခုခုနဲ့ တွဲဆက်ပြီး၊ reverse reaction အနေနဲ့ driving force ကို ပိုမိုပေးသွင်းကာ၊ oxidation ကိုလျှော့ချခြင်း ဖြစ်ပါတယ်။

sacrificial anodes အဖြစ်အသုံးပြုမယ့်၊ metal ရဲ့ elector-chemical properties ဟာ၊ အရေးကြီး ပါတယ်။ electrolyte တွေမှာ resistance ရှိတဲ့အတွက်၊ sacrificial anode မှ corrosion potential ဟာ၊ ပင်လယ်ရေလို electrolyte အတွင်းမှ၊ ဖြတ်သန်းသွားရပါတယ်။ sacrificial anode ဟာ၊ လုံလောက်တဲ့ driven current ကိုထုတ်ပေးနိုင်တဲ့ negative သို့မဟုတ် active metal ဖြစ်ဖို့လိုပါတယ်။ sacrificial anode အဖြစ် zinc ကိုအသုံးပြုသလို၊ aluminum ကိုလည်းအသုံးပြုနိုင်ပါတယ်။ zinc ကို aluminum နဲ့နှိုင်းယှဉ်အသုံးပြုကြည့်တဲ့အခါ၊ သက်တမ်း တိုတာကိုတွေ့ရပါတယ်။ တနည်းအားဖြင့် zinc ရဲ့ corrosion protection rate ဟာ၊ aluminum ထက်နည်းတယ်လို့ဆိုနိုင်ပါတယ်။ ဈေးနှုံးအရလည်း aluminum ဟာသက်သာပေမယ့်၊ သဘော်တွေမှာအစဉ်အလာတခုလို၊ အခုထိ zinc ကိုသာအသုံးပြုနေဆဲဖြစ် ပါတယ်။

Reference : D. Jones, Principles and Prevention of Corrosion, Prentice Hall, New Jersey (1996)

Image credit to : http://www.nstcenter.com/, http://www.incorr.com.sg

Remark : All images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party.




No comments:

Post a Comment