Saturday, June 9, 2012

မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုး လျောက်ထားမည့်သင်္ဘောသားများအတွက် လမ်းညွှန် ။

မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုး လျောက်ထားမည့်သင်္ဘောသားများအတွက် လမ်းညွှန် ။

သက်တမ်းတိုး လျောက်မယ့်လူတွေက 

၁ ။ ပုံစံ ၁၇ အရင် လုပ်ရပါ့မယ် ၊
၂ ။ ရလာတဲ့ ပုံစံ ၁၇ နှင့် ပုံစံ၁၉ လုပ်ရပါမယ် ။
၃ ။ မနလ ရုံးတွင် ဖောင် နှင့် ဓတ်ပုံ နှင့် ဘဏ်ငွေသွင်းရပါမယ် ။ 
၎ ။ ထို့နောက် ရေကြောင်းတွင် စာရွက်စာတမ်းများ ဆုံလင်အောင် ပြုလုပ်ရပါမယ် ။ 
၅ ။ နောက်ဆုံး မနလတွင် ကျွန်တော်တို့ ၏ စာရွက်စာတမ်းများကို ပြန်လည် အစစ်ဆေးခံပြီး 
သက်တမ်းတိုးလျောက်ပြီးကျောင်းစာရွက် လက်ခံပြီးသည်မှ ၂ ပတ်ပြည့်တဲ့နေ့မှာ
ရေကြောင်းဦးစီးမှာ မနလစာအုပ်ကို ပြန်လည် ထုပ်ယူနိုင်ပါပြီ ။ 


၁.၁ ။ ပုံစံ ၁၇ ထုတ်ယူရန်နေရာတွင် လိုအပ်သော အချက်များ ...။

မိမိ ရပ်ကွက်ရုံးတွင် ပုံစံ ၁၇ နေထိုင်ကြောင်းထောက်ခံစာ အရင်ယူရပါမယ် ။

ထို့နောက် သက်ဆိုင်ရာ မြို့နယ် အခွန် ဦးစားဌာနတွင် ပုံစံ ၁၇ လုပ်ရန်အတွက်

၁ . မနလ စာအုပ်မိတ္တူ အစမှ အဆုံး ၂ စုံ
၂ . နိုင်ငံသားကတ် မိတ္တူ ၂ စုံ
၃ . သန်းခေါင်စာရင်း မိတ္တူ ၂ စုံ
၎ . အခွန်ကြေကြောင်းမိတ္တူ ၂ စုံ( နောက်ဆုံးသင်္ဘောမှ )
၅ . စီဒီစီ မိတ္တူ ၂ စုံ
၆ . ရပ်ကွက်မှ နေထိုင်ကြောင်း ပုံစံ ၁၇ အတွက် မိတ္တူ နှင့် မူရင်း။

တို့နှင့် အတူ ပုံစံ ၁၇ အတွက် လျောက်ထားရမည် ဖြစ်ပါသည် ။

သက်ဆိုင်ရာ ဌာနမှ ပံစံ ၁၇ ကို အထက်ပါ စာရွက် စာတမ်းများနှင့် အတူ စာအိပ်တွင် ချိတ် ပိတ်ကာ ပြန်ပေးလိုက်မည် ဖြစ်ပါသည် ။
သက်ဆိုင်ရာ မြို့နယ် ဌာန အလိုက် ငွေကြေးကုန်ကြမှုခြင်း တူညီမှု မရှိပါ ။
ရက်ချိန်းလည်း မရှိပါ ။ ဒီနေ့လုပ် ဒီနေ့ရပါသည် ။ မိမိဘက်မှ စာရွက် စာတမ်း အပြည့်အဆုံသာ ယူဆောင်သွားကြရန် လိုအပ်ပါသည် ။

၁.၂ ။ ပုံစံ ၁၇ လုပ်သည့်နေရာတွင် တခု ဂရုပြု ရမည့် အချက်မှာ အရင် မနလ စာအုပ် အဟောင်းမှာ ရှိတဲ့ လိပ်စာ အတိုင်း ၊ အဲဒီနေရာက ရပ်ကွက် ရုံးနှင့် မြို့နယ် အခွန်ရုံးတို့တွင် ပြန်လည် လုပ်ဆောင်ပါက မနလ လျောက်ထားသည့်နေရာတွင် ကြန့်ကြာမှု မရှိပါလို့ ကြားရပါတယ် ။

၂.၁ ။ ပုံစံ ၁၇ ရပြီဆိုပါက ရေကြောင်းဦးစီးတွင် မနလ သက်တမ်းတိုးဖိုင် ကိုဝယ်ရမည်

ဖြစ်ပါသည် ။ ငွေကြေးအားဖြင့် ၁၇၀၀ ကျပ် ။

ထိုဖိုင်မှ ပုံစံ ၁၉ ထုပ်ယူရန် စာရွက် ကို အရင်ဆုံးဖြည့် ကာ ညွှန်မှူးလက်မှတ် ထိုးရပါမည် ။

ထို့အပြင် ရန်ကင်းရှိ မနလ ရုံးတွင် သက်တမ်းတိုးဖောင် ၀ယ်ယူနိုင်ရန် စာရွက်ကိုလည်း

ဖြည့်ရပါမည် ။

ထို့နောက် ကိုယ်ရေးမှတ်တမ်း (မနလ )

ဝန်ခံချက် (မနလ )

ကွန်ပျူတာ လျောက်လွာ ( မနလ )

သက်တမ်းတိုးမြင့်ပေးရန် စာရွက်များ ( SD 7 , SD 23 , SD 24 )

တို့ကို ကြိုတင် ဖြည့်စွက်ထားရပါမည် ။

၂.၂ ။ ပုံစံ ၁၉ ထုတ်ယူရန် ညွှန်မှုးလက်မှတ် နှင့် စာရွက် ရပါက ပုံစံ ၁၉ ရုံးသို့ သွားပြီး ပုံစံ ၁၇

စာရွက်စာတမ်းများနှင့်အတူ မှတ်ပုံတင် ၊ သန်းခေါင်းစာရင်း မူရင်းများ ယူကာ ပုံစံ ၁၉

ထုတ်ယူရပါမည် ။

ငွေကြေး တပြားတချပ်မှ မပေးရပါ ။ ရုံးရှေ့မှ ပွဲစားများလည်း မယုံရပါ ။ အချိန်မရှိလျင်

နောက်နေ့မှ ထပ်သွားပါ ။

၃.၁ ။ ပုံစံ ၁၉ ရပြီးပါက ၊ ရေကြောင်းမှ မနလ ဖောင်ဝယ်ရန် စာရွက်နှင့်အတူ

၇န်ကင်း ပြည်ထဲရေး ရုံးတွင်

၁ ။ သက်တမ်းတိုး ဖောင် ၀ယ် ရပါမည် ။

၂ ။ ဓတ်ပုံ ရိုက် ရပါမည် ။

၃ ။ မနလ ရုံးထဲရှိ ဘဏ်တွင် တခါတည်း ဘဏ်ချလံ သွင်းရပါမည် ။ ( ၁၉၀၀၀ ကျပ် )

စုစုပေါင်း ရန်ကင်း မနလ ရုံးတွင် ၂၅၀၀၀ ပတ်ဝန်းကျင် ကျသင့်ပါမည် ။

၃.၂ ။ မနလ ရုံးသို့သွားလျင် ဖြစ်နိုင်ပါက စာရွက်စာတမ်း အပြည့်အဆုံ ထည့်ထားသော

ပလပ်စတစ် ဖိုင် တခုတည်းနှင့်သာ သွားရောက်ပါရန် ၊ ကျေားပိုးအိပ်များ ယူဆောင်

သွားပါက ရုံးရှေ့တွင် ဖြစ်သလို အပ်ခဲ့ ရမည် ဖြစ်သောကြောင့် အရေးကြီး ပစ္စည်း များ

ပျောက်ဆုံးခြင်း မရှိစေ၇န် သတိပြုသင့်ပါသည် ။

၎.၁ ။ မနလမှ ဘဏ်ချလံ ၊ ဓတ်ပုံ နှင့် သက်တမ်းတိုး စာရွက်များ ရရှိလာပါက

ရေကြောင်းဦးစီး ရှိ မနလ ဖိုင်ဝယ်သည့်နေရာတွင် လိုအပ်သော အကြောင်းအရာများကို

အပြီးထည့်သွင်းဖြည့်စွက်ရပါမည် ။ လိုအပ်သော စာရွက်စာတမ်းများမှာ

၁ . မနလ စာအုပ်မိတ္တူ
၂ . နိုင်ငံသားကတ် မိတ္တူ
၃ . သန်းခေါင်စာရင်း မိတ္တူ
၎ . အခွန်ကြေကြောင်းမိတ္တူ ( နောက်ဆုံးသင်္ဘောမှ )
၅ . စီဒီစီ မိတ္တူ
၆ . ALLOTMENT ORDER
၇. PASSPORT ORIGINAL
၈ . သက်တမ်းတိုး စာရွက်စာတမ်းများ အားလုံး
၉ . မနလ ဘဏ်ချလံ နှင့် ဓတ်ပုံ

တို့ဖြစ်ပါသည် ။ စာရွက်စာတမ်း တင်ပြီးသည့် အချိန်မှ စပြီး ၃ ရက် နှင့် ၅ ရက် အကြား

ကို ပြန်ချိန်းပါသည် ။

၅.၁ ။ ချိန်းသည့်ရက်တွင် ရေကြောင်းဦးစီးမှ ပေးလိုက်သော စာရွက်စာတမ်းများအား ယူလာပြီး

ရန်ကင်း မနလ ရုံး အတွင်းဌာန ကောင်တာ နံပါတ် ၇ တွင်

သန်ခေါင်းစာရင်း ၊ မှတ်ပုံတင် မူရင်းတို့နှင့် အတူ မိမိ၏ ဖိုင်တွဲကို အစစ်ဆေးခံရပါမည် ။

၅.၂ ။ မနလ မှ စစ်ဆေးပြီးကြောင်းစာရွက် ရရှိပြီးလျင် မနလ စာအုပ် သက်တမ်းတိုး

လျောက်ထားမှု ပြီးဆုံးပြီဖြစ်ပါသည် ။ ထိုစာရွက် ရရှိပြီး ၂ ပတ်အကြာတွင် ၄င်းစာရွက်

နှင့် ရေကြောင်းဦးစီးတွင် မနလ စာအုပ်အသစ် ထုပ်ယူ ရရှိ နိုင်ပြီ ဖြစ်ပါကြောင်း ။

( မှတ်ချက် ။ ယခု ဖော်ပြပါ အချက်များသည် ကျွန်တော် မနလ သက်တမ်းတိုးလျောက်ထား

ရာမှ ရရှိလာသည့် မှတ်တမ်းများကို အခြေပြုပြီး ရေးသားထားတာ ဖြစ်သည့်အတွက် ပြီးပြည့်စုံမှု

ရှိသည် ဟု မမှတ်ယူသင့်ပါ ။ လိုအပ်နေသော အချက်အလက်များ ရှိပါက ကွှန်မင့်တွင်ရေးပြီး

ထပ်မံ ဖြည့်စွက်အကြုံပြု နိုင်ပါကြောင်း နှင့် သူငယ်ချင်းများအားလုံး သက်တမ်းတိုးရာတွင်

အဆင်ပြေ ချောမွေ့ပါစေဟု ဆန္ဒပြုရင်း ၊ )

No comments:

Post a Comment