Thursday, June 14, 2012

လွတ်လပ်သော သင်္ဘောသား သမဂ္ဂ ပေါ်ပေါက်သင့်ပြီ



ကျွန်တော်တို့ မြန်မာပြည်မှာ အထူးသဖြင်. ကျွန်တော်တို့သက်တမ်းတွေမှာ သင်္ဘောသားတွေဟာ လူ.အခွင့်အရေး မိမိရပိုင်ခွင့် အဆုံးရှုံးဆုံး အလုပ်သမားလူတန်းစားအနေနဲ့ ရပ်တည်လာကြရတာ ကြာပါပြီ
အသုံးမကျတဲ့ ရုပ်ရှင် ဗီဒီယို နဲ. စာပေတွေကြောင့်လည်း ပြည်သူတွေကလည်း သင်္ဘောသားတွေပေါ် အကောင်းမြင်တာနဲပါတယ်။ဝင်ငွေခွန်ဆိုယင်လည်း အခြားသူတွေထက် မြားပျားလှစွာ ဆောင်ခဲ့ရတာအားလုံးအသိပါပဲ။
ကျွန်တော်တို့အတွက် အဆိုးဆုံးအခြေအနေကတော့ နိုင်ငံရပ်ခြားမှာ ဒုက္ခရောက်တဲ့အချိန် မြန်မာ သံရုံးတွေနဲ့ အစိုးရက ဘာတစ်ခုမှပြန်မကြည့်တဲ့အပြင် နိုင်ငံပြန်ရောက်လာယင် အခွန်ကိုမဖြစ်မနေပေးဆောင်
ကြရတာအားလုံးအသိပါပဲ။အဲဒီ့အဖြစ်အပျက်တွေက တဆင့်စကားကြားတာမဟုတ်ဖူး ကိုယ်တွေ.ဖြစ်ရပ်မှန်တွေပါ သက်သေအထောက်အထားအပြည့် အစုံရှိပါတယ်။

ဒီလိုအခြေအနေတွေမှာ ကျွန်တော်တို.သင်္ဘောသားတွေဖက်က အပြည့်အဝရပ်တည်ကူညီပေးနိုင်တဲ့ အဖွဲ.အစည်းတစ်ခု ပြည်တွင်းမှာ မဖြစ်မနေလိုအပ်နေပါတယ်။MOSA ဆိုတာလဲ တစ်ကယ်တမ်းဖြစ်လာတော့ ဘာတစ်ခုမှအကူအညီ
မပေးနိုင်ပါဖူး။နိုင်ငံတကာမှာ တကယ်တမ်းဒုက္ခရောက်လာပြီ ဆိုယင် အထိရောက်ဆုံးအကူအညီပေးနိုင်တဲ့ အဖွဲ့အစည်းကတော့ International transport workers' federation(ITF) ပါပဲ။ဒါပေမယ့် ဒီနိုင်ငံမှာက ITF မတိုင်ရ တိုင်ယင်
အရေးယူ ခံရမယ်ဆိုတဲ့ခံဝန်ကတိတောင် လက်မှတ်ထိုးရတယ် တကယ်တိုင်လာယင်လဲ အဖမ်းမခံရယင်တောင်မှ စည်းကမ်းထိအပိတ်ခံရတဲ့ အဖြစ်အပျက်တွေ အများကြီးရှိနေတာ။သင်္ဘောသားတွေကလည်း ITF ဆိုတာနဲ့ ပါတ်သက်ရမှာကြောက်
လာကြတယ်။တကယ်တော့ ITF ကကြောက်စရာကောင်းတဲ့ အဖွဲ.အစည်းမဟုတ်ပါဖူး သူကကူညီပေးနေတဲ့ အဖွဲ.အစည်း တစ်ခုပဲဖြစ်တယ်။သူ.ကိုဆက်သွယ်ယင်အရေးယူ အပြစ်ပေးတဲ့သူတွေကိုပဲ ကြောက်ရမှာ။

အခုအချိန်မှာတော့ အယင်လောက်တော့ အခြေအနေမဆိုးတော့ပါဖူး။သင်္ဘောပေါ်မှာ မိမိရပိုင်ခွင့် တစ်ခုခုမရလို.ရှိယင် ITF ကို အချိန်မရွေး တိုင်ကြားနိုင်ပါတယ်။အဲလိုတိုင်ခဲ့လို့ရှိယင် တိုင်တဲ့လူဖက်က အပြည့်အဝရပ်တည်ကူညီပေးတဲ့အပြင်
အပြည့်အဝအကာအကွယ်ပေးနေပါပြီ။ဒီအကြောင်းအရာတွေကိုလူသိနဲနေပါတယ်။လက်ရှိကာလမှာ ITF တိုင်လာလို့ သင်္ဘောလိုက်ခွင့်အပိတ်ခံရတယ် ဆိုတာ မရှိတော့ပါဖူး။ရှိခဲ့ယင်လည်း ကျွန့်တော့်ကို အသိပေးစေချင်ပါတယ်။
သင်္ဘောသားချင်း ကိုယ်ချင်းစာနာစိတ်အပြည့်နဲ့ ကူညီဆောင်ရွက်ပေးမှာပါ။

ဒီနေ့ကာလလို အသင်းအဖွဲ.တွေလွတ်လပ်စွာ ဖွဲ.စည်းခွင့်ရနေချိန်မှာ ကျွန်တော်တို. သင်္ဘောသားတွေလည်း အနှောင်အဖွဲ.ကင်းတဲ့ လွတ်လပ်တဲ့ သင်္ဘောသားသမဂ္ဂ ပေါ်ပေါက်သင့်ပါပြီ။ကျွန်တော်တို.ဖွဲ့စည်းမဲ့ သမဂ္ဂမှာ သင်္ဘောလိုင်းပိုင်ရှင်တွေ
သင်္ဘောသားအေးဂျင့်တွေ အစိုးရဝန်ထမ်းတွေ မပါဝင်ပဲ CDC ရရှိပြီး သင်္ဘောသားများနဲ့သာ မည်သူတစ်ဦးတစ်ယောက် အဖွဲ့အစည်းတစ်ခုရဲ့ စေခိုင်းချက်ကြောင့်မဟုတ်ပဲ မြန်မာနိုင်ငံ အသင်းအဖွဲ့ ဥပဒေတွေနဲ့အညီ တရားဝင်
လွတ်လပ်စွာဖွဲ့စည်းမှာဖြစ်ပါတယ်

သမဂ္ဂပေါ်ပေါက်ရန်ကြီုးစားနေစဉ်ကာလမှာလည်း ကူညီဆောင်ရွက်ပေးနေတဲ့ သင်္ဘောသားတွေ အသင်းဝင်သူတွေကို ITF ရဲ့ အကာအကွယ် အကူအညီတွေပေးသွားမှာဖြစ်တယ်။
by Kyaw Kyaw Latt ( MSU )

No comments:

Post a Comment