Monday, June 10, 2013

အမောင် Seafarer...



အမောင် Seafarer
DMA အားကို
ဘာများ မှာကြားလိုသနည်း။
ဒေါ်လာစားကို ငြိုးမာန်ပိုဖွဲ့
နည်းမျိုးစုံနဲ့ ကဲ့သိပ် ဖြတ်ယူ
ဒီလူလစာ မကျန်ပါဘု
တစ်ခုခုတော့ ဖြေလျှော့ပါ။

အမောင် Seafarer
မိခင်အားကို
ဘာများ မှာကြားလိုသနည်း။
မာတာမိခင် ကျေးဇူးရှင်ကို
အသက်အတိုခံ တစ်ပြန်လုပ်ကျွေး
မွေးကျေးဇူးဆပ် သိတတ်ဖို့ရာ
ခန္ဓာအသက် မြဲမြံစပ်ဖို့
ရေချမ်းကပ်ကာ ဆုတောင်းပေးပါ။

အမောင် Searfarer
ဇနီးအားကို
ဘာများ မှာကြားလိုပါသနည်း။
ရှိတဲ့အကြွေးများ
ချန်မထားနဲ့
ပို့သမျှနဲ့ အကုန်ဖဲ့ဆပ်။

အမောင် Seafarer
သမီး၊သားကို
ဘာများ မှာကြားလိုပါသနည်း။
ဖခင် ပါပါး
လှိုင်းကြားမုန်တိုင်း
ကြောက်စိတ်ဝိုင်းလည်း
ချစ်သည်း သမီး၊သား
အများနည်းတူ ဖူဖူလုံလုံ
ပြည့်စုံကြွယ်ဝ စိတ်မငယ်ရဖို့
အန္တရာယ်ကြားမှာ စီးပွားရှာသည်
လိမ္မာဖို့ပဲ ပြောလိုပြီ။

အမောင် Seafarer
ချစ်သူအားကို
ဘာများ မှာကြားလိုသနည်း။
သစ္စာတရား လက်ကိုင်ထားကာ
ပြန်မလာမချင်း
စိတ်တင်း စောင့်မျှော်
ကျွန်တော်သည်သာ ခင့်အတွက်။ ။

Moe Sat Aye Saint

No comments:

Post a Comment