Sunday, June 9, 2013

ဘာလဲဟဲ့ သင်္ဘောသား(၁)


ကျနော် သူများအကြောင်းချည်းရေးနေတော့ အချို့ သူ ငယ်ချင်းတွေက သူတို့အကြောင်းတွေ ပေါ်မှာ ဆိုးလို့ နှုတ်ပိတ်ခ အနေနဲ့
“ဟေူ့ကောင် ငါအကြောင်းတော့ မရေးနဲ့နော် .၊မင်း ကြိုက်တဲ့ဆိုင်ပြော “ဆိုပြီး ဖုန်းနဲ့ လှမ်းပြီး လာဘ်ထှိုးကျတယ်…..

ဒါမျိုးက တော့
နွှဲပြီးသားဘဲ Power Light ဆိုင်က လွဲရင် မလိုက်နိုင်ဘူးလို့ ဈေးကိုင်လိုက်တယ်.….ဒီဆိုင်က စင်တင်နဲ့ဆိုတော့ သီချင်းနားထောင်ချင်တာလဲ ပါ ပါတယ်…တလွဲမတွေးကျပါနဲ့ဗျာ ဟဲ ဟဲ.…..ကျနော် တွေ့ကြုံတာလေး တခုပြောပြ ချင်တယ်ဗျာ….သင်္ဘောပေါ်ရောက်လို့ Online တက်ချိန်မှာ တွေ့ရင်မေးကျတဲ့ မေးခွန်းတခု ရှိတယ်…”မင်း ဘယ်တော့ ပြန်လာ မလဲ တဲ့“….အင်း..ဖြေရခက်ပေ့မဲ့ ကျေနပ်အောင်တော့ ဖြေပေးရတာ ဘဲ လေ…ပြန်ရောက်လို့ နည်းနည်းကြာသွားရင်တော့ သူတို့ကပဲ “မင်း ဘယ်တော့ပြန်တက် မလဲတဲ့”…သူတို့ဘဲ မေးကျ ပြန်တယ် တတ်လဲတတ်နိုင်တယ်….တော်တော်မျက်စိနောက်နေပုံဘဲ…

ပြောချင်တာက ရပ်ကွက်ထဲမှာ သင်္ဘောသား ဆိုရင် “ထင်းကနဲ” ဘဲ….ဘာမှန်းတော့ မသိဘူး ..ကျနော်နဲ့ တွဲခဲ့တဲ့ Fitter ကြီး ပြော သလိုပြော ရင်” ခွီးးး မဘဲ သင်္ဘောသားဆို ပိုက်ဆံအလကားရနေတယ် ထင်လား မသိဘူးတဲ့….ရပ်ထဲရွာထဲအလှူခံတာတောင် ရိုးရိုးမခံ ဘူး...အကိုက သင်္ဘောသား မို့လို့ ပိုထည့်ပါတဲ့…”မခက်ပါလား…

လူစောင့်ကြည့်ခံရတဲ့ လူမျိုးဆိုပါတော့ဗျာ…..ဒါလဲ အဆိုတော် ကိုလွှမ်းမိုး ရဲ့ ကျေးဇူးကြောင့်ဘဲ လို့ ထင်ရတာပဲ….
အင်း…..ကျနော်တို့ဘ၀ က သင်္ဘောသား စ လုပ် မယ် စဉ်းစားထဲက
အသည်းရောင် အသားဝါ(B) ကာကွယ်ဆေးကို အသားအနာခံပြီး ထိုးရပြီ…ခံပေရော့ ...ဘ၀အစ..ပေါ့……နောက် (၃)နှစ်လောက် ဒုက္ခခံလို့ စာမေးပွဲအောင် ပြီးပြန်တော့ ကုပ္ပဏီ လိုက်လျှောက်တော့ ထီးဖြူဖိနပ်ပါး ဘ၀ကို ရောက်သွားပြန်ရော…ဒါတောင် ကမ်းရိုးတန်း ဆားဗစ်(L.C.T)ယူ တုံး က ကြုံတွေ့ခဲ့ရတဲ့ အကြောင်းကို နောက်ပိုင်းမှရေးပါအုံးမယ်…

သူငယ်ချင်းတော်တော်များများလဲ ဒီအဆင့် မှာ တင်ဘဲ အိမ်ထောင်ကျ သူက ကျ…လင်ဗန်းဘ၀ နဲ့ Passenger သင်္ဘောလိုက်လို့ ဟိုတယ်ဆိုဒ် ရောက်သူရောက်နဲ့…..ဒီအထဲက
အုံးမှုတ်ခွက် အတီးကောင်းတဲ့ သူတွေနဲ့ ကော်ကောင်းတဲ့ သူတွေက တော့ သင်္ဘောသား ဖြစ်ပေါ့…..(မှတ်ချကိ၊၊ ။ မင်းသိင်္ခ် ယတြာတွေထဲက သင်္ဘောသား အတွက် အထူးယတြာက အုံးမှုတ်ခွက်တီးခြင်း နဲ့ ခုံဖိနပ် စီး၍ ပြေးခိုင်းခြင်းပါ၊၊ ။ဘာကြောင့်မှန်း မသိပါ…သူနောက်ကိုသာ လိုက်မေးကျပါတော :P့)…..

နောက် …ပြောချင်သေးတယ်ဗျာ…သင်္ဘောသား စတိုင် ထုတ်ရတဲ့အကြောင်း ပေါ့…သိချင်ပါ့မလားတော့ မသိဘူး…ဟဲ ဟဲ..
သင်္ဘောသားတွေ ကုန်းပေါ်ရောက်လို့ လန်းကျတဲ့ အချိန် ပေါ့ … ဂျင်းဘောင်းဘီ(501)နဲ့ နေကာ မျက်မှန် ကို နေမပူ လဲ ထုတ်တပ်…
မာပိုလိုစီးကရက်ကို ဇစ်ပို(Zippo)မီးခြစ်နဲ့ ဟန်ပါပါ လူရှေသူရှေ ရောက် ရင် ထုတ်ထုတ်ပြီး မီးညှိရပြန်ပြီ….အော် ဒှက္ခ တမျိုး ပါလားနော်…(မှန်တယ်မလား…ကျနော်ကတော့ ဆေးလိပ်မသောက်လို့ ဒါမျိုးမလုပ်ဘူးပါ….)

ဒါတွေကြောင့်လဲ လူတွေရဲ့ မျက်စိစကားမွေး စူး တာ ထင်ပ….တကယ်တော့ ဒီလိုပါ…ကျနော်တို့ ဘ၀ က တနေ ၀င်သွားလို့ တနေထွက် လာတာမသိနိုင် တဲ့ နေရာ.. ကျနော်တို့ အလုပ်လုပ်တဲ့ အင်ဂျင်ခန်း က အပူချိန် ဒီကရီ(၄၀)လောက် ရှိတဲ့ နေရာ မှာ…မီးချောင်းတွေ၊မီးဆလက်တွေအောက်က ပင်မစက်ကြီး(Main Engine). ခုတ်မောင်းသံတွေ…မီးစက်တွေ ရဲ့ စက်သံတွေ ..၊ မီးခိုးငွေ့ ၊ ဆီငွေ့တွေ နဲ့ ဆူညံ ပွတ်လောရှိက်နေတဲ့ အလုံပိတ် ငရဲခန်း တခုလိုပါဘဲ…ကျနော်တို့အတွက် ဆီချေးတွေ ပေနေတဲ့ ဘွိုင်လာဝတ်စုံ ရယ်.Safety Shoe တရံရယ်. တနေလုံး ပေကျံနေတဲ့ဘ၀ က ကျနော်တို့အတွက်..နိစ္စဓူဝပါ ဘဲ…

ဒီလိုနေရာမှာ နေတိုင်း အလုပ်လုပ်နေကျတဲ့ လူတိုင်းမှာ ၀တ်ကောင်းစားလှ ၀တ်ပြီး ရှိုးထုတ်ရမဲ့ အချိန် ဘယ်မှာရှိမှာ လဲ…..စဉ်းစားကြည့်ပေါ့…..(ချွင်းချက်၊၊ ၊၊ အပြင်ထွက်ခွင့်ရတဲ့ ဆိပ်ကမ်းရောက်ရင်တော့ အပြေးအလွှား ဓါတ်ပုံ ရိုက်ရတယ်လေ…ဖေ့ဘွက်က ကောင်မလေးတွေ အတွက်ပေါ့….နှုတ်ခမ်းနီမလေးများ သိရန်၊၊ ၊၊)

ဒီလောက် ဆိုရင်တော့ သင်္ဘောသား တွေ “ ပဲ “များတာကို ခွင့်လွှတ်နိုင်ကျ မှာပါနော်…မချစ်ဘဲနဲ့ ဒေါ်လာ ဘဲ ကြည့်ပြီး
လှည့်စားချင်ကျတဲ့ မာယာရှင်လေးတွေလဲ မလုပ်ကျပါနဲ့ဗျာ…
လှိုင်းတွေလေတွေ ဘယ်လောက်ကြမ်းကြမ်း ခံနိုင်ပေ့မဲ့ “
အသည်းကွဲတဲ့ ဒဏ်တော့ မခံနိုင်ကျဘူးရယ်….အသည်းနု လို့ပါဗျာ…. တောင်းပန်ပါတယ်….ဟဲ ဟဲ…:D…

မျိုးငယ်(၇.၆.၂၀၁၃)

No comments:

Post a Comment