Tuesday, June 4, 2013

ရေကြောင်းဦးစီးဌာန ရဲ့ e-governmet နဲ့ ပတ်သက်တဲ့ information system တွေကို ရေးဆွဲတင်သွင်းထားတဲ့ Company တစ်ခု...


ဒီတစ်ပတ်ထုတ် ကုမုဒြာ ဂျာနယ်မှာ KIOCA ကိုရီယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီကနေ Company ထူထောင်ပေးမယ့် Techno partnership 2013 Business Plan Contest မှာ အရွေးချယ်ခံရတဲ့ Company ၃ ခုထဲမှာ ရေကြောင်းဦးစီးဌာန ရဲ့ e-governmet နဲ့ ပတ်သက်တဲ့ information system တွေကို ရေးဆွဲတင်သွင်းထားတဲ့ Company တစ်ခု အရွေးချယ်ခံရကြောင်း ဖော်ပြထားပါတယ် ။

ရွေးချယ်ခံရတဲ့ Company အနေနဲ့ အချိန်ပြည့် ၀န်ထမ်း အင်ဂျင်နီယာ ၃ ဦးအတွက် ၆ လစာ ထောက်ပံ့ငွေ ၊ ရွေးချယ်ခံရပြီး ၂ လ အတွင်း company မှတ်ပုံတင်ကြေး ၁၅ သိန်း နဲ့ မှတ်ပုံတင်တဲ့အခါ လိုအပ်မယ့် Advisory Fees ၅ သိန်းကျပ်အပြင် အလုပ်နေရာ နဲ့ ကွန်ပျူတာတွေက အစ စီစဉ်ပေးမယ်လို့ ပါရှိပါတယ် ။

Universe E-government Software ကိုစီစဉ်ရေးသားနေတဲ့ Universe Software Production မှ ဒေါ်ယဉ်နယ်စိုးက ပြောကြားရာမှာ ဒီ Software က ရေကြောင်း ဦးစီးဌာန ရဲ့ information system အတွက် ရေးဆွဲထားတာ ဖြစ်ပါတယ် ။ အခုလက်ရှိတော့ သင်္ဘောသားတွေရဲ့ အချက်အလက်တွေကို entry လုပ်ပြီး သိမ်းထားတယ် သူတို့ လိုအပ်တဲ့အခါ ယူကြည့်လို့ရတယ် ။ နောက်ပိုင်းကျရင်တော့ website ပေါ်အထိ တင်ပြီး အွန်လိုင်းကနေ နိုင်ငံခြားနဲ့ပါ ချိတ်ဆက်လုပ်ဆောင်လို့ ရအောင် လုပ်သွားမယ် လို့ ပြောပါတယ် ။

လောလောဆယ်တော့ entry level ပေါ့ ။ နောက်ပိုင်းကျရင်တော့ verification လုပ်တာတို့ ဟိုဘက်ဒီဘက် ငွေပေးယူတဲ့ transaction ပိုင်းတွေပါ ရအောင် မှန်းထားပါတယ် ။ ၀န်ကြီးဌာနတွေနဲ့လည်း ချိတ်ဆက်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ် ။

Company တည်ထောက်ပြီး ၆ လ အတွင်း ထွက်လာမယ့် product ကို Shipping Agency တွေကို ရောင်းချသွားမှာဖြစ်ပြီး Web Portal ကိုပါ အကောင်အထည်ဖော်မှာဖြစ်ပါတယ် လို့လည်း ထပ်မံပြောကြားပါတယ် ။

အွန်လိုင်းကနေ သင်္ဘောသားတွေ ဖြည့်တဲ့ ဖောင်တွေကို verification လုပ်ပြီး သတ်မှတ်ချက်ပြည့်မှီရင် ဘဏ်ကနေ ငွေသွင်းတဲ့ စနစ် certificate printing level အထိ သွားနိုင်ဖို့လည်း ကြိုးစားသွားမယ်လို့ ဖော်ပြ ပါရှိပါတယ် ခင်ဗျာ ။

ယခုလို သင်္ဘော ရေကြောင်းလောက နဲ့ ပတ်သက်တဲ့ Online Product တစ်ခု မြေတောင်မြောက်ပေးခံရတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရေကြောင်း လောကအတွက် တဖက်တလမ်းမှ အထောက်အကူပေးနိုင်မယ့် Online Product တစ်ခု အဖြစ် ပေါ်ထွက်လာနိုင်ပါစေကြောင်း MSU @ facebook မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ခင်ဗျာ ။

ref : ကုမုဒြာ ဂျာနယ် အတွဲ ၃ အမှတ် ၈ ၊ ၂၈ မေလ ၂၀၁၃ ထုတ် ဂျာနယ်ပါ ဆောင်းပါးကို မှီငြမ်း တင်ပြထားခြင်း ဖြစ်ပါသည် ။

HP @MSU

No comments:

Post a Comment