Monday, June 10, 2013

သင်္ဘောသား သံချပ်...



ကျွန်တော့် ဘော်ဒါတွေ ဘ၀အမောပြေစေဖို့ သံချပ်လေးထိုးပေးလိုက်ပါတယ်
မည်သူ့ ကိုမှစော်ကားလိုစိတ်လည်းမရှိပါ စောင်းမြောင်းပုတ်ခတ်ထားခြင်းလဲမဟုတ်ပါ
အပျော်သက်သက်အတွက်သာ ရေးစပ်ထားခြင်းဖြစ်ပါသည်...။

best best လားမောင်တို့ 
ရေ ရေ ရေကြောင်းမောင်တို့ 

best best လားမောင်တို့ 
ရေ ရေ ရေကြောင်းမောင်တို့ 

best နဲ့ ရေကြောင်း နှစ်ပါးပြိုင် မြိုင်မြိုင်ဆိုင်ဆိုင်ရှိကြ ရှိကြ

၁၀ တန်းအောင်လို့ အမှတ်ကောင်းရင်
အတွေးမမှားနဲ့ ရေကြောင်းလျှောက်ကြ

အတွေးမမှားနဲ့ ရေကြောင်းလျှောက်ကြ
၁၀တန်းအောင်လို့ အမှတ်ကောင်းရင်........။

၁၀တန်းပြီးလို့ အမှတ်မကောင်းရင်
အတွေးမမှားနဲ့ best ကိုလျှောက်ကြ

အတွေးမမှားနဲ့ best ကိုလျှောက်ကြ
၁၀တန်းပြီးလို့ အမှတ်မကောင်းရင်

ရေကြောင်းရောက်ပြီး ၃ နှစ်ကြာ
အမွေဆိုင်အိမ်ကြီးထပ်ခြမ်းခွဲရ

အမွေဆိုင်အိမ်ကြီးထပ်ခြမ်းခွဲရ
ရေကြောင်းရောက်ပြီး ၃နှစ်ကြာ

best အောင်ပြီးလို့ သိပ်မကြာ
အမေ့ဆွဲကြိုး အပေါင်ဆုံးခဲ့

အမေ့ဆွဲကြိုးအပေါင်ဆုံးခဲ့
best အောင်ပြီးလို့ သိပ်မကြာ

best နဲ့ ရေကြောင်း ရှစ်သောင်းကျော်
အလုပ်အကိုင်ရှားတာ ဘာမှမဆန်းဘူး

အလုပ်အကိုင်ရှားတာဘာမှမဆန်းဘူး
best နဲ့ ရေကြောင်း ရှစ်သောင်းကျော်

CDC လေးရလို့ လာ
ဝမ်းသာမနေနဲ့ ရိုက်ကျေးရှာဟဲ့

ဝမ်းသာမနေနဲ့ ရိုက်ကျေးရှာဟဲ့
CDC လေးရလို့ လာ

ရိုက်ကျေးရှာပြီးလိုင်းလျှောက်ရ
တစ်နှစ်ကုန်တောင် အကြောင်းမပြန်ဘူး

တစ်နှစ်ကုန်တောင် အကြောင်းမပြန်ဘူး
ရိုက်ကျေးရှာပြီး လိုင်းလျှောက်ရာ

ကံကောင်းပြီးတော့လိုင်းရလာ
ဆပ်ပြာခွက်တောင် သင်္ဘောထက်ကြီးရဲ့

ဆပ်ပြာခွက်တောင် သင်္ဘောထက်ကြီးရဲ့
ကံကောင်းပြီးတော့လိုင်းရလာ.......

ဘယ်လောက်ကျန်လဲမမေးနဲ့ ဗျာ
အိမ်ပေါင်အတိုးတောင် အကြွေးမကျေဘူး

အိမ်ပေါင်အတိုးတောင် အကြွေးမကျေဘူး
ဘယ်လောက်ကျန်လဲမမေးနဲ့ ဗျာ

ဆီစာအုပ်လေး တုံးလှလား
စာမေးပွဲဖြေ ဖို့ စိတ်ကူးကြဟဲ့

စာမေးပွဲဖြေ ဖို့ စိတ်ကူးကြဟဲ့
ဆီစာအုပ်လေး တုံးလှလား

စာမေးပွဲဖြေဖို့ စိတ်ကူးရာ
သိန်းထီဆုကြီးပေါက်မှဖြစ်ရဲ့

သိန်းထီဆုကြီးပေါက်မှဖြစ်ရဲ့
စာမေးပွဲဖြေဖို့ စိတ်ကူးရာ

ဟေ့ best လား ဟေ့ ရေကြောင်း
ဟေ့ရေကြောင်း ဟေ့ best လား

ဟေး လာ မောင် ရိုး ၀ါး...................။

ဆရာ အကို ညီနောင် သင်္ဘောသား လူသစ် လူဟောင်း မရွေး
အားလုံးကိုချစ်ခင်လေးစားစွာဖြင်

လင်းလက်

No comments:

Post a Comment