Monday, June 10, 2013

လွယ်အိတ်တစ်လုံး(သို့) ဘဝ





သူငယ်ချင်း နှစ်ယောက်နယ်မြို့လေး ကနေ ရန်ကုန်ရွှေမြို့တော်ကြီးဆီကို တက် လာကျတယ်ပေါ့.....ရည်ရွယ်ချက် က နိုင်ငံခြားသင်္ဘော လိုက်ဖို့ သင်္ဘောသား အလုပ် နဲ့ အသက်မွေးမယ် ဆိုကြပါတော့.....

ဒီလို နဲ့ သင်္ဘောသား ဖြစ်ဖို့ သင်တန်းတွေတက်ကျ......သင်တန်း တက်ဖို့ ရုံး တွေကို ပြေးလွှား ကျ နဲ့....စာရေးမအချို့ ရဲ့ အဆူ အဟောက်တွေ လည်း ကြုံခဲ့ ရတယ်။ ဒီစားပွဲခုံ မှာပြီးမည့်ကိစ္စ ကို ဟိုဖက် ရုံး က ဟိုဘက်စားပွဲခုံ ကို သိသိလျှက်နဲ့ မောင်းခြင်း လဲခံခဲ့ရတာပေါ့။......သူတို့နှစ်ဦးအခက်အခဲ တွေ အမျိုးမျိုးတွေ့ကြုံခဲ့ရတယ်.....ထိုအခက်တွေခံယူ ချင်လို့ သိသိလျှက်နဲ့ ..တန်းစီနေတဲ့ လူတွေလည်းဒုနဲ့ ဒေး မိတ်ဆွေတို့ အမြင်ပင်။ နေရာတိုင်းတော့ အခက်အခဲ ဆို တာ ရှိစမြဲ ပါ။ သင်္ဘောသား မှ အခက်အခဲ ကြုံ ရမှာ မဟုတ် ပါဘူး ကမ်းပေါ်မှာ အလုပ်လုပ်နေတဲ့ လူတွေကို လည်း သူ့ အခက်အခဲ နဲ့သူတော့ ရှိတယ်ဆို တာ ကို ကိုယ်ချင်း စာပါတယ်။ Shore job အလုပ်ကို ထဲထဲဝင်ဝင်မသိလို့ ရယ် သင်္ဘောသားတွေ အတွက် လုပ်ထား တဲ့ PAGE မလို့ မြင်တွေ့ဖူး တဲ့ အခက်အခဲ တွေ ကို တင်ပြ ခြင်း ပါ။ သင်္ဘောသားတွေ "ခို" လို့တောင်ထင်ရတယ် ငြီးနေတော့တာပဲ ဟု အမြင်မှားမှာ ဆိုး ၍ ကြိုတင်တောင်း ပန် ပါရစေ။

ကျွန်တော် နှင့် လွန်ခဲ့ တဲ့ လေး.ငါး နှစ် လောက်က သင်္ဘောသား လုပ်မည့် အဆိုပါ သိကျွမ်း ခဲ့ တဲ့ အသိ နှစ်ဦး အကြောင်းလေးပါ.။ တစ်ယောက် က မိသားစုနည်းနည်း အဆင်ပြေတယ်။ နောက်တစ်ယောက် က ဘုရင့်နောင်ဖောင်ဖျက် သင်္ဘောပေါ်ရအောင်တက် မည် ဆို သည့် စိတ်မျိုးဖြင့် မိသားစု လည်း သိပ် အဆင် မပြေ လှ ပေ။ သူတို့ နှစ်ဦး ရဲ့ ရည်ရွယ်ချက် ကတော့ အတူတူ ပင်...သင်္ဘောသား ဖြစ်ရေးပင်။ ဒီလို နဲ့ တစ်နှစ်ကျော်နှစ် နှစ် ကြာလာ သည့် အခါ မျှော်လင့် ချက် လည်း နည်းနည်းတော့ အရောင်ဖျော့ လာကျတယ်။ ယခင် ကလောက်လည်း တက်တက်ကြွကြွမရှိတော့ ပေ။ ကျွန်တော့ ကို ပြောဘူး တဲ့ စကား ကျွန်တော် ခု ချိန်ထိ အတော် မှတ်မိနေတယ်

" အကို ရာ နယ် ကို ခဏ ပြန် ရင် ဘော်ဒါ မိတ်ဆွေ တွေ က သင်္ဘော ဘယ်တော့တက်မှာ လည်း...မတက်ရ သေးဘူး လား.....ငါ့ ဘကြီး ပဲ့ထောင်(စက်လှေ) မောင်း မလား ဆို ပြီးတော့ ......စနောက် ကျတယ်....ဆွေမျိုးတွေ က လည်း နင့်သား ရန်ကုန်မှာ ဘာအလုပ်မှ မရှိ ပဲ အေ နယ်ပြန်ခေါ်ထား ပါလား...ဒီမှာ မိဘအလုပ်လေး ဝိုင်း ကူ ခိုင်း လို့ ပြော ကျတော့ အမေလဲ ပြန်ခေါ် နေပြီ ဗျာ..ကျွန်တော် တစ်ခေါက်တော့ ရအောင်တက်ပြီးမှ ပြန်မယ်....ဒီအတိုင်းတော့ မပြန်ဘူး ဗျာ.....သူတို့ ပြောတာ ဆိုတာ နဲ့ နယ်ကလူတွေ အကြည့် တွေ မခံနိုင်ဘူး ဗျာတဲ့"

ဒီလိုနဲ့ မိသားစု နဲနဲ အဆင်ပြေ တဲ့ တစ်ယောက် က ကျွန်တော်တို့ လမ်းထိပ် မှာ ညနေ မှ စဖွင့်တဲ့ လမ်းဘေး လက်ဖက်ရည်ဆိုင် နေရာနဲ့ ဆိုင်ဖွင့်ဖို့ ပစ္စည်း တွေ ကို ယခင်လူက ရောင်းမည်ဆို လို့ သူဆက် ဖွင့်မည် ဆိုပြီး ဝယ်ယူ လိုက်သည်။

လက်ဖက်ရည်ဆိုင် စဖွင့်တော့ ခုံ လေး အနည်းငယ်နှင့် ဆိုင် ကခြောက်ကပ်ကပ် ထိုင်မည့်သူ သိပ်မရှိလှ......သို့ပေမဲ့ ကောင်လေး ရဲ့ "အကို ကြီး ပြန်ပြီနော် " "စားရတာ အဆင်မပြေ ရင် ကျွန်တော့်ကို ပြော နော်" "ငါ့အကို တို့ မလာတာကြာပြီနော်" စသဖြင့် အပြောအဆို ဆက်ဆံရေး ညက် လို့ တဖြေးဖြေးနဲ့ လူ စ ပြီးစည်လာစ ပြု တယ်...
နောက်တစ်ယောက် ကလည်း သူနဲ့ အတူတူ ဝိုင်း ကူညီ ပြီး တူတူနေတူတူစား ပေါ့....ဒီလိုနဲ့ကျွန်တော် လွန်ခဲ့ တဲ့ ၃နှစ် က သင်္ဘော ပြန်ဆင်း လာတော့ သူတို့ ထဲမှ ပိုင်ရှင်ကောင်လေး အိမ်ထောင်ကျသွား တယ် ဆို တာ ထို လက်ဖက်ရည်ဆိုင်မှာ သွားထိုင်း ရင်း ထို ကောင်လေး ပြောပြမှသိရတော့ တယ်...ဆိုင်လေးလည်း တော်တော် နာမည် ရလာ ပြီး ရောင်း ကောင်း လာ သည်။ အိမ်ထောင်ကျသွား တဲ့ တစ်ယောက် က ဇနီး မခွဲနိုင်တာ ရယ် ထို လက်ဖက်ရည်ဆိုင် ရောင်းအား ကောင်းလာတာရယ် ကြောင့် သင်္ဘော လိုက်ဖို့ ဆက်မလုပ်ပဲ..ဒီအတိုင်းလေး ဆက်လျှောက်နေလိုက်တယ်.
ကျန် မိသားစု အဆင်မပြေတဲ့ တစ်ယောက် ကတော့ အတိုချုပ်ပြောရရင် သင်္ဘော တက်သွား တယ် ဆို ပါ စို့....

ကျွန်တော်လည်း ၃လ လောက်ကြာတော့ သင်္ဘောပြန်တက်ဖြစ်တယ်....ပြန်လာတော့ လည်း ထိုနေရာ ကနေ အခြား မြို့နယ် ပြောင်း နေတော့ လည်း ၂နှစ်ကျော် ကျော် သူတို့ နဲ့ မတွေ့ ဖြစ်တော့ ဘူး ခင်ဗျာ...
ကျန်ခဲ့တဲ့ရက်ပိုင်း မှကျွန်တော် ထို ဘက်ကို ပြန်ရောက်တော့ လက်ဖက်ရည်ဆိုင် လေး အတော်ကို စည်ကားနေတာ တွေ့ လိုက်ရတယ်...ကဲ လက်ဖက်ရည် သောက်ချင်တာနဲ့ ခဏဝင်တော့ သူတို့ ဆက်ဖွင့်ထား တာ သိလိုက် ရပါတယ်။ ဟိုတစ်ယောက် က တော့ တစ်ခေါက်တက်ပြီး ၁၀ လလောက် ကုန်း ပေါ် မှာ ကြာပြီး မှ လစာ တစ်လ $ ၅၅၀ နဲ့ ပြန်တက်သွားကြောင်း သိလိုက်ရတယ်။ သိပ်ပြီးအဆင်မပြေကြောင်း ပြန်လာတော့ သင်တန်း တွေ တက်....ပထမတစ် ခေါက်က အကြွေးတွေ ဆပ်ရ....လက်မှတ်အချို့ သက်တမ်းတိုးရ....ပြန်တက်ဖို့ လိုင်းလိုက်ရှာ ရနဲ့ ရိုက်ကြေးပေးရနဲ့ ဘာမှမကျန်တဲ့ အပြင် ကျွန်တော်ဆီကတောင် ပိုက်ဆံလိုလို့ ဆွဲသွား ကြောင်း သူပြော ပြ ၍ သိလိုက်ရတယ်။

လက်ဖက်ရည်ဆိုင် ပိုင်ရှင်ကောင်လေး ကို မင်းရော အဆင်ပြေ လား ဆိုတော့ ဟုတ်ကဲ့ တဲ့ ပြုံးရွှင်တဲ့ မျက်နှာနဲ့ ကျွန်တော့ ကို ပြန်ဖြေတယ် သူ့ မိန်းမ လက်ထဲမှာတော့ တစ်နှစ်မပြည့်သေး တဲ့ ကလေး လေး ချီထား ပြီး ပိုက်ဆံ သိမ်းနေတာ တွေ့ လိုက်ရတယ်။ ကျွန်တော် လဲ ကျသင့်ငွေရှင်းပြီး ပြန်လာခဲ့တယ်။ ထုံစံပေါ့ အကို ပြန်ပြီလား ...ကြုံရင် ဝင်ပြီးအားပေး ပါအုန်း ဆိုပြီး လှမ်း နှုတ်ဆက်တယ်။ နောက်တစ်ပတ်အကြာ ထပ်ရောက်ဖြစ်တယ် ထို အခါ ကျွန်တော် သူ အဆင်ပြေ ရဲ့ လား ဆို တာ ကျွန်တော်သူ့ ကို မေးရမည့်မေးခွန်း မဟုတ်ပဲ ကျွန်တော်ကို သူ မေးရမည့် မေးခွန်း ဖြစ် နေတယ်ဆို တာ သိလိုက်ရတယ်။ ဘာကြောင့်လဲ ဆိုတော့ သူ မှာ PRO BOX ကား တစ်စီး ကိုယ်ပိုင်ဖြစ်နေ ပြီလေ။ စာဖတ်သူ ထင်ကောင်းထင်မည် သူ၏ အမျိုးသမီးပိုင်ဆိုင်သောကား ...မိဘဝယ်ပေးသောကား...ဟု ကျွန်တော် လည်းမည်သို့ မျှ ပြန်မဖြေ ရှင်းလိုပါ ။သို့ပေမဲ့ သူ့ ၏ ကိုယ်ပိုင်ဆိုတာတော့ အသေအချာပင် ...

ကျွန်တော် ခုဆို လိုချင်တဲ့ လက်မှတ်တစ်ခု အတွက် အချိန် ၂နှစ်နီးပါး ကုန်းပေါ် မှာကြာခဲ့ ပြီ။ ရလာတော့ ရော နဂိုအတိုင်းပင်.....မည်သည်မှ ပိုထူးမလာ.....လမ်းလျှောက်ပြီးခြေတိုဆဲ....
နေပူ.မိုးရွာထဲ Taxi,Bus နဲ့ ပြေးနေရဆဲ......
ရိုးရိုး ဘွဲ့ ရ ကုမ္မဏီ စာရေးဝန်ထမ်းတစ်ယောက် ရဲ့ အပြောအဆို ခံ ရဆဲ......
rating အနေ နဲ့ လိုက်ခဲ့ သမျှ ကထိုလက်မှတ်တစ်ခု ရဖို့ အကုန်အသုံးချခဲ့ ရတယ်.....
တချို့ ကပြောပါတယ်
ခုချိန် အခြားအလုပ်လေး လုပ်ပေါ့ ကျွန်တော်ကပ်သပ်ပြော တာမဟုတ်ဘူး နော်..သတင်းစာတွေဂျာနယ်တွေ မှာပါတဲ့ အလုပ်ခေါ်စာတွေ ဘွဲ့ရပညာတတ် မှအလုပ် ရမည်။ ဘွဲ့မရလျှင် ကားဒရိုက်ဘာ။ ညစောင့် ။စားပွဲထိုးပင်ရမည်။ မိဘတွေပညာသင်ပေးတာ ထိုကဲ့သို့ ပညာမတတ်သည့် လူတွေ လုပ်တဲ့ အလုပ်လုပ်ဖို့လား။် အလုပ်လုပ်တယ်ပဲ ထားပါတော့ သင်တန်း တက်ရ ဟိုကုမ္မဏီပြေး ရ ဒီကုမ္မဏီ ပြေး ရ ဆိုခဲ့ ရင် အလုပ်လုပ်နေတဲ့ ပိုင်ရှင်သူဌေးကရော ခွင့် ပေးမည် ထင်ပါသလား။
ကျွန်တော်မှာ ရှိတာဆိုလို့ အနီရောင်စာအုပ်တစ်အုပ်... အုန်ခွံရောင်စာအုပ်တစ်အုပ်...
အပြာရောင်စာအုပ်တစ်အုပ်...
A4 စက်ရွက်တစ်ဝက် ဆိုဒ်လက်မှတ် အချို့ ....
A4 မိတ္တူ များ....
ထိုအရာတွေထည့်ထား သည့် လွယ်အိတ်တစ်လုံး ရယ်.....
အိပ်မပျော်နိုင်သည့် ညတစ်ည....ခပ်ဝေးဝေး မှမြင်ရသည့် မှိန်မှိန်လေး မျှော်လင့်ချက် တစ်ခု.....

မိတ်ဆွေတို့ ....
ချမ်းသာချင်လား ရေထဲ မသွားနဲ့ ....

စိတ်ရောလူရော အပင်ပန်းမခံနိုင်ဘူး လား ရေထဲ မသွားနဲ့ ....

စာတွေဖတ် ရတာ ပျင်းလား ရေထဲ မသွားနဲ့....

သည်းမခံနိုင်ဘူး လား ရေထဲမသွားနဲ့...

နိုင်ငံခြားသားတွေ ကို ကြောက်တတ်လား ရေထဲ မသွားနဲ့.....

အင်္ဂလိပ်လို မပြောတတ်ဘူး လား ရေထဲမသွားနဲ့.....

လွှမ်းမိုးပြောတာ ယုံလား ရေထဲမသွားနဲ့ ....

ကျွန်တော်လား? ခုတော့ လုပ်နိုင်တာတွေ အကုန်လုပ်ပြီးပြီ ထိုကြောင့် သင်္ဘောသား ဘဝ မှ နား တော့မည်။ မျှော်လင့်ချက်မှိန်မှိန်ပြန်တောက် လာရင် တော့.အင်ဂျင်ပြန်နှိုးတာပေါ့ .....ဟိုမှာတွေ့လား မင်းကို ကြည့်နေတဲ့ ကံ အဲ့လူ ကို ပုံချလိုက်ပေ တော့.....

ညီအကိုတို့ အားလုံးအဆင်ပြေကျပါစေ....

Credit to Original Writer...

No comments:

Post a Comment