Tuesday, June 4, 2013

ဆိပ်ကမ်းကပ်လို့ Internet ရရင် Movie တွေကြည့်ကြမယ်...



ရေကြောင်း နဲ့ မပတ်သက်ပေမယ့် သင်္ဘောသားတွေ ဆိပ်ကမ်းရောက်လို့ wifi နဲ့ ပဲဖြစ်ဖြစ် တခြား ဖုန်းလိုင်းတွေနဲ့ပဲဖြစ်ဖြစ် အင်တာနက် သုံးနိုင်ခဲ့မယ်ဆိုရင် နောက်ဆုံးထွက် ဇာတ်ကားတွေကော ၊ တခြား ဇာတ်လမ်းတွေ အားလုံးကို စုစည်းဖော်ပြပေးထားတဲ့ အင်တာနက် စာမျက်နှာလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် ။

viooz.eu မှာ နောက်ဆုံးထွက် ကားတွေ (နည်းနည်းကြာလာရင်တော့ ကြည်ပါတယ် ) အပြင် တခြား နိုင်ငံစုံ ကဏ္ဍစုံက ဇတ်လမ်းတွေပါ စုစည်း တင်ပြပေးထားတာ ဖြစ်ပြီး ဇတ်လမ်းတွေ အားလုံးကို အစအဆုံး အပိုင်းခွဲခြားခြင်း မရှိပဲ အင်တာနက်ပေါ်မှာတင် တပြိုင်တည်းကြည့်ရှုနိုင်အောင် စီစဉ်ပေးထားတာ ဖြစ်ပါတယ် ။

Internet Download Manager ရှိမယ်ဆိုရင်တော့ တစ်ပါတည်း မိမိကွန်ပျူတာပေါ်မှာ ဒေါင်းလုပ်လုပ်ပြီး သိမ်းဆည်းထားနိုင်ပါတယ် ။ ဇာတ်ကားတစ်ကားကို 500 mb နဲ့အထက် ကားကြည်ရင်ကြည်သလို များတာမို့လို့ အချိန်တော့ နည်းနည်းပေးရပေမယ့် ပင်လယ်ထဲ ပြန်ထွက်တဲ့ အချိန်ကျရင် လက်ရှိ ကုန်းပေါ်မှာ ရုံတင်နေတဲ့ ရုပ်ရှင်တွေ နဲ့ သိပ်အလှမ်းမဝေးတော့တဲ့အတွက် ဇတ်ကားကြိုက်နှစ်သက်သူ ညီကိုတွေအတွက် အဆင်ပြေမယ့် full length free online movie streaming website လေးဖြစ်ပါတယ် ။

ကဲကဲ အားလုံးပဲ ဂျူတီ အားလပ်ချိန်လေးမှာ www.viooz.eu က ဇတ်လမ်းလေးတွေနဲ့ အပမ်းဖြေအနားယူ နိုင်ပါစေလို့ အကြံပြု တင်ပြလိုက်ပါတယ် ခင်ဗျာ ။

Website Address : www.viooz.eu

ref : news footage from Internet .

HP @MSU

No comments:

Post a Comment