Monday, June 10, 2013

ကူတာ..မဟုတ်..ယူတာ..


လူငယ်တွေကို..စာသင်ခန်းထဲမှာ..အမြဲပြောဖြစ်သည့် ..စကားဖြစ်သည်..။
ကူတာ.. မဟုတ်..ယူတာ..။

သဘောင်္ပေါ်တွင်.. ရာထူး..တာဝန်..အဆင့်လိုက်.တာဝန်များခွဲ..ထားသည်..။
Engine Department အနေဖြင့် လည်း .ပြုပြင်မှု..ထိန်းသိမ်းမှု လုပ်ရမည်..စက်ယန္တရားများကို .အသီးသီး..တာဝန်.ခွဲထားသည်..။ ကိုယ့်တာဝန်ကိုယ်ယူရသည်..။

ဥပမာ.. Main Engine Overhaul လုပ်လျှင်.. Second Engineer (2/E) က အဓိက..တာ ၀န်ယူပြီး.. လုပ်ငန်းကို..ဦးစီးရမည်..။ Generator Engine Overhaul လုပ်လျှင်..Third Engineer က တာဝန်အရှိဆုံး..။ Air Compressors , Pumps, တွေ ကိုင်မည်..ဆိုလျှင်တော့.. Fourth Engineer က တာဝန်ယူဆောင်ရွက်ရမည်..။ စသည်..စသည်ဖြင့်..။

ရာထူးကြီးလာသည်နှင့်အမျှ.. တာဝန်ကြီးလာသည်..။ တာဝန်ယူရသည့်..စက်ယန္တရားများက..ပိုအရေးကြီးပြီး..ပိုများလာ..သည်..။ ယနေ့ခေတ်..သဘောင်္များတွင်လည်း..စားရိတ်ချွေတာပြီး..လူလျှော့သည်..။ တစ်ချို့သဘောင်္လေးများတွင်..စက်ခန်းဝန်ထမ်း စုစုပေါင်း (၃) ဥိးသာရှိသည်..။ တစ်ချို့ သဘောင်္ကြီးများမှာတော့ စက်ခန်းမှာ (၁၀) ဦးအထိရှိသည်..။

စာရေးသူတို့ ..ငယ်စဉ်ကလို.. လူ.. ၂၀-၂၅ မဟုတ်တော့..။ လစာများများပေးပေမဲ့..လူလျှော့လိုက်သည့် အတွက်.. လူတိုင်းမှာ..အလုပ်များနေကြသည်..။ နဲနဲ..နဲ့ ကြဲကြဲ. ၀ိုင်းရသည့် အတွက်..လူတိုင်း ..အလုပ်ရှုပ်ပါသည်..။ လူလျော့ သည့်အတွက်..Automation System ကို အစားထိုးသုံးလာရသည်..။ Automation Control မှာ Electrical, Electronic, Pneumatic, Mechnical စသည့်တို့..ပေါင်းစပ်စီစဉ်ထားလေ့ရှိရာ.. မပျက်လျှင်.. အကူအညီရသော်လည်း..၊ ပျက်ပြီဟေ့ဆိုလျှင်.. အင်ဂျင်နီယာများ..လူကော..ခေါင်းကော..စား..သည်..။ အလုပ်ပို..လာသည်..။
အချိန်ပို..လုပ်ရသည်ကလည်း..များလာ..သည်..။

Paper Work တွေကလည်း.. ISO, ISM,အရ..ဖြည့်ရသွင်းရ.. မှတ်ရ..ချွတ်ရ နှင့်..၊ စစ်ဆေးရေးတွေ..(Survey/Inspection) တွေကလည်း..ပိုစိတ်လာပြီး..ချို့ယွင်းချက်နည်းအောင်ပြင်ဆင်ရသည်ကလည်း..အပြောလွယ်ပေမဲ့..အလုပ်ခက်သည်..။

ဆက်သွယ်ရေးစနစ်တွေ..ခေတ်မီတိုးတက်လာသည့်အတွက်..ရုံးချုပ်မှ.. ရွှေပေလွှာ.. Email တွေကို..တလစပ် ပြန်ကြား..ရှင်းလင်းနေရသည်ကလည်း.. အလုပ်ချိန်နှင့်..အိပ်ချိန်ကို.. ပွန်းတိုက်..လျော့ပါးစေ..သည်။

သည်တော့.. Senior နဲ့ Junior ကြား မှာ စကားလက်ဆုံကြပြီး.. ဟိုပြော..ဒီပြော..မိသားစုအကြောင်းပြောကြတာတွေ.. အလုပ်အကြောင်း ပြောကြတာတွေ.. အရင်ထက်..ပိုနည်းလာသည်..။ Non- Alcohal Policy ရှိသည့် Dry Ships တွေမှာတော့....ပိုဆိုးဘို့..ရှိသည်..။

Deck Dept ဘက်က အခြေအနေကိုတော့ မိမိ အတွင်းကျကျ မသိ.. ။ Engine Dept ဘက်မှာတော့.. အရင်လို ရင်းနှီးမှုမျိုး..မှ..ပေါ့..လာသလိုလို.. ခံစားရသည်..။

ဒီအခြေအနေကို..မီးလောင်ရာ.. လေပင့်သည်က.. ကိုယ့်အလုပ်ကိုယ်လုပ်.. ကိုယ့်တာဝန်ကိုယ်ယူ..။ လစာများများယူထားတာဘဲ..များများလုပ်ကြပေါ့..ဆိုသည့်.. လူငယ်..အချို၏ အတွေး..ဆိုးများ..ဖြစ်သည်..။

သိပ်မကြာခင် ..ကိုယ်ရှူးကိုယ်ပတ်မည့်.. အတွေးဆိုးဖြစ်ပါသည်..။ ရေရှည်ကို..တွေးပါ.ဟု မေတ္တာရပ် ချင်သည်..။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
3/E - GE overhaul လုပ်နေသည်..။ လူနည်းနည်းနဲ့လုပ်နေရပြီး.. အချိန်ပိုဆင်းလုပ်နေရသည်..။

4/E - က သူတာဝန်ရှိသည့် အပိုင်းမဟုတ်ဆိုပြီး.. ကူရန်မလို..ဟု ခံယူထားသည်..ဆိုပါစို့..။

မေးခွန်းလေး...မေးကြည့်ပါမည်..။
အဲဒီ 4/E ဟာ..တစ်နေ့မှာ..3/E မဖြစ်တော့ဘူးလား..။ မလုပ်တော့ဘူးလား..။
တစ်နေ့.. 3/E ဖြစ်ပြီး.. GE overhauling ကို ကိုယ်တိုင် မလုပ်ခဲ့..မကူခဲ့.. အဝေးကသာ လှမ်းကြည့်ခဲ့တဲ့..အတွက်..Confident ရှိပါ့မလား..

လုပ်ကော..လုပ်နိုင်ပါ့မလား..။ အမှားတွေ.. များမလား..နည်းမလား..။ လုပ်ဖော် ကိုင်ဖက် တွေရဲ့ လေးစားမှုကို ရမလား..။ သူတို့ရှေ့မှောက်မှာ.. အရှက်ကွဲမှာလား..။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကိုယ့်ထက်ရာထူးကြီးသူတွေ.. တာဝန်ယူရတဲ့.. စက်ယန္တရားတွေ..ပြင်ဆင်လုပ်ကိုင်နေတဲ့..အခါမှာ.. ကူပါ.. အပျင်းမဖက်ပါနဲ့..။

ကူတဲ့အတွက်..ရပါတယ်..။ အဲဒီစက်ကို.. ဘယ်လိုပြင်ရမယ်..။ ဘယ်လိုနေရာတွေကို တိုင်းရထွာရတယ်..။ ဘယ်လိုနိုင်းယှဉ်စစ်ဆေးရမယ်..။ ဘယ်ပစ္စည်းတွေက အလဲရများတယ်..။ Overhaul လုပ်မယ်ဆိုရင် ကြိုပြီး ဘာတွေကို Spare မှာထားရမယ်..။ စ..တာတွေကို.. မြင်ရင်းနဲ့ သိလာ..တတ်လာပါလိမ့်မယ်..။ တစ်ချို့ အကြောင်းအရာတွေဟာ.. သင်တန်းကျောင်းတွေ.. ကျူရှင်တွေမှာ.. မရနိုင်ပါဘူး.. လက်တွေ့က နေ သာရနိုင်တာမျိုးတွေ..ရှိပါတယ်..။ အင်မတန်လည်း..အသုံးဝင်ပါတယ်..။ ကိုယ်တိုင်လုပ်ခဲ့တာ..ဖြစ်တဲ့အတွက်.. မေ့သွားတာမျိုးမရှိပါ.ဘူး.။ ကျက်ထားတဲ့..စာသာ..မေ့ရင်မေ့မယ်..။ လက်တွေ့လုပ်လာသည်က..ဘယ်တော့မှ..မမေ့..Exam Oral အထိ..အသုံးဝင်သည်..။

နောက်ပြီး.အလုပ်ပြီးတဲ့အခါ...ရုံးချုပ်ကို..ဘယ်လို..Report ရေးရတယ်..။ ဆိုတာကိုလည်း.. ကူပေးသူကို.. သူ့ စီနီယာက.. ရှင်းပြ..သင်ပြပေးပါလိမ့်မယ်..။ အရင်..သဘောင်္တွေတုန်းက.. ကြုံတဲ့ ပြသနာလေးတွေ.. ဘယ်လို..ဖြေရှင်းရတယ်..ဆိုတာလေးတွေလည်း.. ကြားရ..နာရ.. ဗဟုသုတ.. ရပါလိမ့်မယ်..။ မကူဘဲ.. အဝေးကလှမ်းကြည့်နေတဲ့.. အတွေးတွေထက်.. ပိုပြီး..အဆများစွာ.. တန်ဘိုးရှိပါတယ်..။
။။။။။။။။။။။။။။။။။။။။။။
ဒီတော့.. ကူ..ပါ..။ ကူ..တာ..ဟာ.. ယူတာပါ..။ ရတာပါ..။
။။။။။။။။။။။။။။။။။။။။။။
နောက်ကိုယ်လုပ်ရမဲ့..Senior Post အတွက်..ပြင်ဆင်နေတာ..လို့ အမှန်အတိုင်း သိနားလည်ကြပါ..။

လက်ငင်းလည်း..အကျိုးပေးပါတယ်..။ သူတို့ကို ကူထားတဲ့.. အတွက်.. ကိုယ်တာဝန်ယူထားတဲ့.. စက်ပျက်လို့.. ခေါင်းကိုက်နေရင်.. သူတို့..ရောက်လာပါလိမ့်မယ်..။ ကိုယ်က မကူခဲ့ရင်တော့.. ကိုယ့်အလှည့်မှာလည်း.. မမျှော်ပါနဲ့..။
။။။။။။။။။။။။။။။။။။။။။။။
အလုပ်ထဲရောက်မှ.. တာဝန်လည်းယူပြီးမှ..
မသိတာလေးတွေကို.. ညနေကျ ..ကျူရှင်သွားတက်ရင်.. ရမှာဘဲလို့..တွေးမိရင်..

ဟုတ်ကဲ့..

ရေထဲ..ကျဘို့ဘဲ..ရှိပါတယ်..။
။။။။။။။။။။။။။။။။။။။။။။။
လက်တွေ့ကျကျ..စဉ်းစား..ဆင်ခြင်ကြစေချင်ပါတယ်..။
။။။။။။။။။။။။။။။။။။။။။။။
ကူ..တာ..ဟာ..၊ ယူ..တာ..ပါ..။
။။။။။။။။။။။။။။။။။။။။။။။

ဝင်းအောင် (၁၅၆၆၈)
ရေကြောင်း ကျောင်းဆရာ
၁၄ သြဂုတ် ၂၀၁၂

No comments:

Post a Comment