Saturday, July 7, 2012

Properties of Heavy Fuel Oil

လောင်စာဆီ fuel oil ကိုအမျိုးအစားခွဲကြည့်ရင်၊ distillate fuel oil သို့မဟုတ် light fuel oil နဲ့ residual fuel oil သို့မဟုတ် HFO heavy fuel oil ရယ်လို့တွေ့ရမှာဖြစ်ပါတယ်။

သဘော်က Main Engine, Generator Engine တွေနဲ့ Boiler တွေမှာ၊ primary fuel အဖြစ် အသုံးပြုမယ့် HFO ကို၊ density, viscosity, flash point, pour point, carbon residue, water, ash content, CV calorific value , specific gravity နဲ့ sulfur, CCAI calculated carbon aromaticity index အစရှိတဲ့၊ အချက်အလက်တွေပေါါ မူတည် ပြီး၊ ရွေးချယ်အသုံးပြု ရပါတယ်။

Density ဆိုတာကတော့၊ သိပ်သည်းဆဖြစ်ပြီး အပူချိန်တခု stated temperature မှာရှိနေတဲ့၊ mass ဆိုတဲ့ ဒြပ် ရဲ့ အလေးချိန်နဲ့ volume ထုထည်တို့ရဲ့၊ အချိုးအဆပါပဲ။ SI ယူနစ်အနေနဲ့ Kg per Cu. meter သို့မဟုတ် Kg/ m3 ရယ်လို့၊ သက်ေတပြုကာဖော်ပြပါတယ်။ primary fuel အဖြစ်အသုံးပြုမယ့် HFO ရဲ့ density ဟာ၊ 800 Kg/ m3 မှ၊ 1010 kg/m3 အတွင်းရှိသင့်ပါတယ်။ 991 kg/m3 ခန့် density ရှိတဲ့၊ HFO ကို၊ purifier တွေအသုံးပြုပြီး၊ purification လုပ်တဲ့အခါ၊ အကောင်းဆုံးရယ်လို့သတ်မှတ်ကြပါတယ်။ တနည်းအားဖြင့် centrifugal force ကိုအသုံးပြုလည်ပတ်ရတဲ့ purifier တွေဟာ၊ density မြင့်တဲ့ HFO မှာ၊ ရောနှောပါဝင်နေတဲ့ ရေ၊ solid particles တွေနဲ့ sludge တွေကိုပိုမိုခွဲခြားပေးနိုင်တာ တွေ့ရပါတယ်။

Viscosity ဆိုတဲ့ စေးပျစ်မှု ကို ယူနစ်အနေနဲ့ အတိုကောက် cst လို့ ခေါါတဲ့၊ Centistokes ဖြင့် တိုင်းတာ၊ သတ်မှတ်ပါတယ်။ အင်ဂျင်မှာ combustion ဖြစ်ပေါါစေဖို့၊ atomizing pressure လုံလုံလောက်လောက် ရရှိဖို့ဟာ အရေးကြီးတာမို့၊ အသုံးပြုတဲ့ HFO ကို၊ အပူပေးခြင်းဖြင့် Viscosity တန်ဘိုးကို အလွယ်တကူ လျှော့ချနိုင်ဖို့ လိုအပ်ပါတယ်။

Flash Point ဆိုတဲ့၊ မီးလောင်မှတ်ကို အပူချိန် temperature နဲ့ တိုင်းတာဖော်ပြပါတယ်။ ကုန်သွယ်ေ ရကြောင်း သဘော်တွေမှာ၊ အသုံးပြုမယ့် လောင်စာဆီရဲ့ အနိမ့်ဆုံး flash point ဟာ၊ ၆၀ ဒီဂရီ စင်တီ ဂရိတ် ရှိရမယ်လို့၊ IMO မှ သတ်မှတ်ထား ပါတယ်။

Pour pint ဆိုတဲ့ ချွဲပျစ်မှုကို အပူချိန် temperature နဲ့ တိုင်းတာဖော်ပြ ပါတယ်။ အပူချိန်နိမ့်တဲ့အခါ၊ မီးထိုး ဆီ လို့ခေါါတဲ့ HFO ဟာ၊ wax crystal တွေပါဝင်မှုကြောင့် gel တွေလို၊ ချွဲပျစ် နေတတ်ပါတယ်။ ချွဲပျစ် နေတဲ့ HFO ဟာ၊ အလွယ်တကူ မစီးဆင်း နိုင်ပါဘူး။ အသုံးပြုမယ့် လောင်စာဆီရဲ့ အနိမ့်ဆုံး pour point မှာ၊ ချွဲပျစ်မနေဖို့လိုပါတယ်။

Carbon Residue ကို၊ CCR Conradson Carbon Residue သို့မဟုတ် MCR Micro Carbon Residue အနေနဲ့ တိုင်းတာပြီး၊ ယူနစ်အနေနဲ့ percentage (%) ဖြင့်ဖော်ပြပါတယ်။ combustion ကြောင့် HFO မှာပါဝင် နေတဲ့ carbon deposit တွေဟာ၊ carbon residue တွေအဖြစ်၊ မီးခိုးနဲ့အတူအပြင် ဖက်လေထုထဲကို၊ ထွက်လာ ပါတယ်။ အသုံးပြုမယ့် လောင်စာဆီအတွက် maximum limit အများဆုံး carbon residue သတ်မှတ်ချက် ကတော့၊ (၂၂ % ) ဖြစ်ပါတယ်။

Water ဆိုတဲ့ ရေ ရောနှောပါဝင်မှုကို၊ percentage (%) ဖြင့်ဖော်ပြပါတယ်။ မူလက HFO မှာ ရေပါဝင်မှု ဟာ၊ အနည်းငယ်သာဖြစ်ပြီး 0.1 % ကနေ 0.2 % ခန့်သာရှိပါတယ်။ ဒါပေမယ့် bunker berg - ဆီပေးတဲ့ သဘော်တွေ နဲ့ bunker tank တွေမှာ၊ tank leakage ယိုစိမ့်ခြင်း၊ tank condensation ရေငွေ့ပျံခြင်း နဲ့ tank တွေထဲက heating coil တွေကတဆင့် steam တွေ ယိုစိမ့်ခြင်း စတာတွေကြောင့်၊ ရေပါဝင်မှုမြင့်မား တတ်ပါတယ်။ အသုံးပြုမယ့် လောင်စာဆီ အတွက် အများဆုံး ရေ ရောနှော ပါဝင်မှုကို ၁ % ခန့်သတ်မှတ် ထားပါတယ်။

Ash content ဆိုတာ ပြာ အချိုးအဆဖြစ်ပါတယ်။ မူလကတည်းက HFO မှာ၊ inorganic materials တွေရော ပါဝင်နေပြီး၊ combustion ဖြစ်တဲ့အခါ၊ အချို့ဟာ combustible components တွေ အဖြစ်၊ အပြည့် အဝလောင်ကျွမ်းသွားပေမယ့်၊ vanadium, sulfur, silicon, aluminum, nickel, sodium နဲ့ iron အစရှိတဲ့၊ inorganic materials တွေကတော့ incombustible material တွေအဖြစ်နဲ့ ကျန်ရှိနေတတ် ပြီး၊ ash အနေနဲ့ ပေါါထွက် လာတတ်ပါတယ်။ အသုံးပြုမယ့် လောင်စာ ဆီ မှာ ash ပါဝင်မှုကို အများဆုံး 0.2 % m/m ခန့်သတ်မှတ်ထား ပါတယ်။

CV Calorific Value ဆိုတာကတော့၊ combustion ဖြစ်စဉ်မှာ၊ HFO ကထုတ်ပေးမယ့်၊ heat energy အပူ စွမ်းအင်ဖြစ်ပါတယ်။ အသုံးပြုမယ့် လောင်စာဆီဟာ net CV တန်ဘိုးအနေနဲ့ 38.9 MJ/ Liters နဲ့ gross CV အနေနဲ့က 41.2 MJ/ Liters ခန့်ရှိသင့်ပါတယ်။

Density ဆိုတဲ့ သိပ်သည်းဆအနေနဲ့ HFO ဟာ 0.95 ~ 1.03 ခန့်ရှိသင့်ပါတယ်။ Sulfur ဟာ ရေမှာပျော် ဝင်နိုင်တာမို့၊ purifier တွေကိုအသုံးပြုပြီး၊ ဖယ်ရှားဖို့ မဖြစ်နိုင်တဲ့အခါ၊ organic compound additives တွေကို ထည့်သွင်းရောစပ်ကာ၊ ဖယ်ရှားရပါတယ်။ Sulpher pre-combustion ကြောင့် piston နဲ့ liners တွေမှာ၊ corrosion တွေဖြစ်ပေါါရသလို၊ lubricating oil မှာလည်း contamination တွေ ဖြစ်ပေါါ ရပါတယ်။ ဒါ့အပြင် Sulpher post-combustion ကနေ၊ sulfur oxides SOx ဓါတ်ငွေ့တွေကို၊ exhaust gas နဲ့အတူ၊ ပြင်ပ လေထု အတွင်းသို့ ထုတ်လွှင့်ပါတယ်။

CCAI ဆိုတဲ့ Calculated Carbon Aromaticity Index ဆိုတာကတော့၊ HFO heavy fuel oil ရဲ့ ignition standard reference index ဖြစ်ပါတယ်။ အလွယ်တကူ ဥပမာပေးရရင် light fuel oil အုပ်စုထဲမှ diesel oil ရဲ့ ignition standard reference index ကို၊ cetane number နဲ့ဖော်ပြခြင်းမျိုးဖြစ်ပါတယ်။

HFO combustion ကနေပေါါထွက်လာမယ့်၊ အဓိက combustion products တွေကတော့ ရေ, ကာဘွန်ဒိုင်အောက်ဆိုဒ် နဲ့ ကာဘွန် မိုနောက်ဆိုဒ်တွေ အပါအဝင်၊ sulfur နဲ့ nitrogen တို့ဖြစ်ပါတယ်။ ဒါ့အပြင် sulfur oxides SOx နဲ့ nitrogen oxides NOx တွေအပါအဝင်၊ particulate matters တွေကို လည်းထုတ်လွှင့် ပါသေးတယ်။

particulate matters တွေက တော့ အလွန်သေးငယ်တဲ့ solid particles တွေနဲ့ liquid တွေဖြစ်ပြီး၊ diameter အနေနဲ့ 10 micron ခန့်သာရှိတာမို့၊ PM 10 ရယ်လို့လည်း၊ ခေါါကြပါတယ်။ particulate matters တွေမှာ၊ VOC လို့ ခေါါတဲ့ volatile organic compounds တွေနဲ့၊ soot, fugitive dust အစရှိ တာတွေပါဝင်ပါတယ်။

No comments:

Post a Comment