အဲဒီ့ သတင်းဖတ်မိတဲ့ အချိန်မှာပဲ သင်္ဘောသား အလုပ်ကို နှိမ့်ချပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး ပြောချင်တာလေးတွေ ကို ရေးဖို့ စဖြစ်လာတော့တာပါပဲ... Maritime Industry အကြောင်းကို ကောင်းကောင်းမသိဘဲ... သင်္ဘောသား တွေကို အလကားနေရင်း အထင်သေးသလိုလို... သွားပုပ်လေလွင့်ပြောဆိုမှုတွေကို တော်တော်လေးတွေ့ နေရလို့ ပါ...
Tanker တွေရဲ့ ဆိပ်ကမ်းကပ်ထားတုန်း လုပ်ရတဲ့ ဆီအတင်အချ Cargo Operation တွေဟာ... အမှားမခံပါဘူး... ဆိပ်ကမ်းရောက်တာနဲ့ ကမ်းနားဆင်းပြီး ရွပိုးထိုးနေတဲ့ခေတ်တွေမဟုတ်တော့ပါဘူး... တင်းကျပ်လှတဲ့နိုင်ငံတကာစည်းမျဉ်းတွေအောက်မှာ အန္တရာယ်ကင်းပြီး အဆင်ပြေချောမွေ့ စွာ အလုပ်တွေပြီးအောင်လုပ်နေရတာပါ... တာဝန်ကျအရာရှိတစ်ယောက်ရဲ့ အမှားအသေးလေးတစ်ခုဟာ အခုလို အဖြစ်မျိုးအထိဖြစ်သွားနိုင်ပါတယ်...
ဆီတင်တာ ချတာကို ကားတွေဓာတ်ဆီဖြည့်သလို ရိုးရှင်းလွယ်ကူမယ်လို့ ထင်ရင်တော့ လုံးဝကို မှားသွားပါလိမ့်မယ်...
ဆီအမျိုးအစားပေါင်းစုံရဲ့ဓာတ်ပြုနိုင်စွမ်းတွေ... အပူအအေး အပျစ်အကြဲ မီးလောင်နိုင်စွမ်း အဆိပ်သင့်နိုင်စွမ်း... pump တွေရဲ့ အလုပ်လုပ်ပုံတွေ...စွမ်းရည်ကန့် သတ်ချက်တွေနဲ့ ပတ်သက်တဲ့ ရူပဗေဒ နဲ့ ဓာတုဗေဒ အခြေခံသဘောတရားတွေ... ကိုယ့်သင်္ဘောရဲ့ piping system, valve control system, Inert Gas system စတဲ့ system တွေအကုန်လုံးကိုလည်း လုံးဝပိုင်ပိုင်နိုင်နိုင် တတ်သိနားလည်နေရမှာပါ... နိုင်ငံတကာကစည်းမျဉ်းဥပဒေတွေ... ကိုယ်ရောက်နေတဲ့ တိုင်းပြည်ရဲ့ စည်းမျဉ်းဥပဒေတွေကို လည်းလိုက်နာရပါတယ်...
အိမ်မှာ ရေတင်သလို ခလုပ်တစ်ချက်နှိပ်တာနဲ့  motor လည်သလို pump တွေကို လည်ချင်လို့ မရပါဘူး... Engine Room က Engineer တွေနဲ့ ပူးပေါင်းလုပ်ဆောင်ရတဲ့ Team Work တွေလည်းရှိရမှာပါ...
Practical လုပ်ရတဲ့ အကြောင်းအရာတော်တော်များများ ကို စာအုပ်ဖတ်ပြီးလုပ်လို့ လည်းမရပါဘူး... စာတွေ့ လက်တွေ့ ပေါင်းပြီး လပေါင်းများစွာ လေ့လာသင်ယူ ကိုယ်တိုင်လုပ်ကိုင်ပြီးမှ သိရှိတတ်မြောက်လာရတာပါ...
(အရာရှိတွေ)ရာထူးကြီးလာတာနဲ့ အမျှ စာတွေလည်းပိုဖတ်ရပါတယ်... အားအားယားယား နေပြီးအလကားနေရင်း ရာထူးတက်နေတာမျိုးမဟုတ်ပါ...
အထူးသဖြင့် ဆီတင်သင်္ဘော Gas တင်တဲ့သင်္ဘောတွေက အရာရှိတွေဟာ တစ်ခြားသင်္ဘောတွေကအရာရှိတွေထက် တက်ရတဲ့သင်တန်းတွေ လိုအပ်ချက်တွေပိုများပါတယ်... သူတို့ ရဲ့ ဆုံးဖြတ်ချက်အမှားတစ်ခု... လုပ်လိုက်တဲ့အမှားသေးသေးလေးတစ်ခုကနေ... အသက်ပေါင်းများစွာ ဆုံရှုံးသွားနိုင်သလို... ပြန်မရနိုင်တော့တဲ့ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုတွေ ဆုံးရှုံးမှူတွေ... ဒေါ်လာသန်း ဘီလီယံနဲ့ ချီပြီးဆုံးရှုံးမှုတွေဖြစ်သွားနိုင်ပါတယ်...
မြန်မာ ရုပ်ရှင်တွေထဲကလို
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5NM9Yr3fpoUYE9439AXkdYN7ZpANMP_vHqERXwVlskQyBIMbDBWa_f7-XnDYCE2VJ6tcVFLVXrRLR8H7TsBVReI6Oxy52sLooDCAy3S1ScKf4ldaThJFji_M-80SPcgaIFR5XdiS3x07R/s400/561404_3193805138851_880268166_n.jpg)
သင်္ဘောပေါ်မှာ အားအားယားယားနေပြီး ပိုက်ဆံအလကားရနေတယ်လို့ ထင်သူများလည်း အထင်လွဲမှုတွေကင်းကြပါစေ...
သင်္ဘောသားဆိုရင် အိတ်ထမ်းတဲ့ ကူလီသမားတွေလိုလို အလုပ်ကြမ်းသမားတွေလိုလို မြင်နေသူများလည်း အမြင်ကျယ်ကျယ်နဲ့  Modern Maritime Life ကို လေ့လာနိုင်ကြပါစေ...
သင်္ဘောသားအားလုံး အန္တရာယ်ကင်းကြပါစေ...
(သူများပြောတာကြားဖူးရုံ နဲ့  Maritime Industry တစ်ခုလုံးကို ရှုမြင်သုံးသပ်မယ်ဆိုရင်တော့ သင်ဟာ ရေတွင်းထဲကဖားသူငယ်ပဲဖြစ်နေတော့မှာပါ...ကိုယ်တိုင်လေ့လာပြီးမှ ပြောဆိုတတ်ပါစေ...)Navi Kyaw
No comments:
Post a Comment