Monday, July 9, 2012

ဝေလငါးတစ်ကောင်ရဲ့ နာရေး ။ သုံး

ဝေလငါးတစ်ကောင်ရဲ့ နာရေး ။ သုံး
----------------------------------------

လေး။ Relative Motion
အဲဒီ အသုံးနုံးကြောင့် Eainstein ရဲ့ Relativity Theory ကို ပြောပြမယ်မထင်ပါနဲ့ ကျနော် အဲဒီလောက်တော့ မသိပါဘူး။
ကုန်းပေါ်မှာဆို ကျနော်တို့ အနေနဲ့ Relative motion ကို သိတ်သတိထားစရာမလိုပါဘူး။
ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ နင်းတဲ့ လမ်းလျှောက်နေတဲ့ ကားတွေမောင်းနေတဲ့ မြက်ခင်းတွေ၊ လမ်းတွေ၊ မြေကြီးတွေ ဟာရွေ့လျားမနေကြလို့ပါဘဲ။

မြစ်တွေချောင်းတွေ ခဏထားလို့ ပင်လယ်အကြောင်းဆက်ရရင်၊ ကမ္ဘာက ၀င်ရိုးပေါ် အစဉ်မပြတ်လည်နေသလို ရေတွေ က လဲလိုက်လည်ပါတယ်။
ရေအတိမ်အနက်ကိုလိုက် ပြီး ရေ စီးကြောင်း တွေ ဖြစ်ပေါ်တယ်၊ လ ရဲ့ စွဲငင်အားကြောင့် ဒီရေတွေ အတက်အကျ ဖြစ်ပါတယ်၊
လေ တိုက်လို့ လှိုင်းကြပ်ခွပ်တင်မကဘဲ လေပြင်းရင်ပြင်းသလို လှိုင်းကြီးပါတယ် အဲဒီ ရွေ့ရှားမှု အရှိန်အဟုန် တွေ တိုက်ခိုက်နေတဲ့ အကြောင်းအရာတွေ ဟာ
ကျနော်တို့ လို စက်အားနဲ့ တွန်း၊ တက်အားနဲ့ ပဲ့ကိုင်၊ လိုရာဦးတည်ြကစားသွားနေတဲ့ သင်္ဘော တွေ အတွက် ကြီးမားတဲ့ အနှောက်ယှက်တွေပါဘဲ။
ကျနော့် မိတ်ဆွေ များထင်သလို သင်္ဘောထွက်ရင် အလုပ်မရှိ ငါးထိုင်မျှား နေတာတို့ အရက်သောက် ဖဲ ရိုက် နေတာတို့ဆိုတာက သေးနုတ်တဲ့ အတွေးအခေါ်တွေပါ၊ ပုံမှန် သင်္ဘောတစ်စီးရဲ့ တန်ဘိုးဟာ ဒေါ်လာ သန်း ၅၀ မှ ၁၅၀ ကြား ရှိပါတယ်။ တင်ထားတဲ့ ကုန်ပစ္စည်းတွေဟာလဲ တန်ဘိုး လွန်စွာကြီးပါတယ်။
အလေးချိန် တန် ချိန် သိန်းသောင်းချီလေးပင်တဲ့ သံထည်ကြီး ရေထဲ မှာ တစ်နာရီ မိုင် ၂၀ နုန်း နဲ့ ရွေ့ ရှားနေတဲ့ Impact (ဆောင့်အား) ကို စဉ်းစားကြည့်ပါ။
သာမာန် လှိုင်း လတ် တစ်ခု လာပုတ် ဒဏ် ကိုခံရရင်တောင် နံရိုး သွင်သွင်ကျိုး ပါတယ်။ Containers တွေ လဲ ပျက်စီးပါတယ်။



ရေခဲသေတ္တာနဲ့ သယ်ရတဲ့ တူနာ Tuna ငါး Container တစ်လုံး ထဲတင် ဒေါ်လာ ၅သန်းကျော် တန်ဘိုးရှိပါတယ်။ ကုန်သေတ္တာတွေ ရာထောင် သောင်းချီတင်ထားတဲ့ တန်ဘိုးငွေရယ်။သင်္ဘောကြီးပေါ်မှာ ခိုလှုံ ၀မ်းစာ ရှာနေကြတဲ့ သင်္ဘော သား ၁၈ မှ ၂၀ဦး တို့ ရဲ့ အသက် တွေရယ် ဆုံးရှုံးမသွားဘို့ တာဝန်ဆိုတာ လွန်စွာ ကြီး မားလေးလံပါတယ်ဗျာ။
ရေပေါ်ရေအောက် တွန်း အားများ သို့ resultant of relative motions တွေ က ရလာတဲ့ နောက်ဆုံး ရလဒ်ဖြစ်သော သင်္ဘော ဦးတည်ရာလမ်းကြောင်း ကို အစဉ်တစ်စိုက် ကြည့်နေရသလို အပြင်က ကိုယ့်လိုသွားနေတဲ့ ဘ၀တူ သင်္ဘော၊ လှေ၊ မော်တော် များရဲ့ relative motion တွေ ကိုလဲ အလွတ်ပေးလို့မရပါ။
စင်္ကာပူ မလက္ကာ ဒိုဗာ ရေလက်ကြား တို့သည် လွန်စွာအန္တရယ် များသော နေရာများပင်ဖြစ်၏။
အဲဒီအတွက် ၂၄ နာရီ Navigation ဂျူတီ ဆိုတာ မရှိမဖြစ်လိုလာပါတော့သည်။ ကျနော်တို့မှာ တစ်ရက်မှာ၂၄နာရီ၊ တစ်ပတ် ၇ရက၊် တစ်နှစ်တွင် ၃၆၅ ရက် အလုပ်များ ရပ်တံ့ မသွားပါ၊
လူတွေ သာ တာဝန် လွဲ ပြောင်း သွားသော်ငြား သင်္ဘောကြီးကတော့ အမြဲ ကမ္ဘာပတ်နေမြဲပေ။ ပွိုင့် A မှ ပွိုင့် B C D ပစ္စည်းများ သယ်ယူ ပို့ဆောင် နေဆဲ ပင်။
နောက်ဆုံး သက်တန်းကုန် Scrap yard ပို့ မှ နားရလေတော့သည်။


ငါး။ ရေကြောင်းသွားလာရွက်န၀ါ


ဦးအံ့ကြီး (မြို့မငြိမ်းရေး)ကဆိုပါတယ် လူချွန်လူကောင်း သီချင်းထဲ မှာ ကမ္ဘာ့ရေကြောင်း သင်္ဘောမောင်း နှင် တွင်တွင်ကျယ်ကျယ် အထက်အောက်မြေတစ်ခွင် ခေတ်မီမီ ကမ္ဘာ ကြည့်ကြည့်မြင်ဆိုတာအားလုံးကို Vision ရှိကြဘို့ ဆိုထားတာပါ။ နေရာတစ်ကာ မှာ သူ့နေရာ နဲ့ သူ့တာဝန်ကို လူချွန် လူကောင်း များတို့ ပေါင်းစုအားအင် တာဝန်တွေကို ကျေပြွန် ထမ်းဆောင်စေချင်လို့ဖြစ်ပါတယ်။
ရေပေါ်မှာသွားလာနိုင်တဲ့ ရေယာဉ်ပေါင်းများစွာရှိနေတဲ့ အထဲက ကျနော်တို့ (သင်္ဘောသား) အများစု နဲ့ သက်ဆိုင်တဲ့ အပိုင်းတွေကို ပြောပြချင်ပါတယ်။
ကမ္ဘာပေါ်မှာသင်္ဘောအမျိုးအစားပေါင်းမြောက်များစွာရှိပါတယ် အဲဒီအထဲကမှ Merchant Shipping ကုန်သွယ်မှု မှာ အသုံးများတဲ့
သင်္ဘော အမျိုးအစားကို မှတ်ရလွယ်ကူစေရန် အောက်ပါအတိုင်း ခွဲခြားပြချင်ပါတယ်။

1.General /Bulk Cargo Carrier
2. Liquid/Bulk Cargo Carrier
3. Car /Tractor and Heavy Vehicle Carrier လို့ ပဲထားပါ ။ တစ်ခြား အမျိုးစားပေါင်းများစွာ ကျန်ပါသေးတယ်။

General Bulk Cargo
အထွေထွေကုန်တင်သင်္ဘော
General Cargo လို့ အလွယ်ခေါ်တဲ့ ရှေးဦးကုန်သင်္ဘာ တွေ ကို ဒုတိယကမ္ဘာစစ်မတိုင်မီကစ တွင်တွင်ကျယ်ကျယ်သုံးစွဲခဲ့ပါသည်။
နောက်ပိုင်းမှာတော့ လျင်လျင်မြန်မြန်တင်ချနိုင်တဲ့ကွန်တိန်နာသင်္ဘောတွေနဲ့ အစားထိုးလာခဲ့ပါတယ်။
Container
ပုံမှန်မြင်နေကြ သင်္ဘော ၀မ်းဘိုက်ထဲကိုပုံစံ အမျိုးမျိုး အလေးချိန် ထုထည် အမျိုးမျိုးတို့ ကို တစ်ခုဆီတစ်မျိုးဆီ တင်ချရခြင်း၊လှိုင်းလေဒဏ်ကြားမှာ မရွေ့နိုင်အောင်
တစ်ခုချည်း စနစ်တစ်ကျ ချည်နှောင်ဘို့ ခက်ခဲ ခြင်းတွေ များလာတဲ့ အတွက် ၁၉၇၀ ၀န်းကျင်ကစပြီး
American Sea Land Company က ၆ပေ ကွန်တိန်နာ အလုံးတွေတီထွင် သယ်ဆောင်ရာကနေ ယနေ့ ခေတ် ပေ ၂၀၊ပေ ၄၀၊ ၄၅ ပေ ကွန်တိန်နာတွေ ကို
LEGO game ဆော့ သလိုမျိုး ၀မ်းဘိုက်နဲ့ ကုန်းဘတ် ပေါ်မှာ ဆင့် ကာဆင့် ကာတင်တဲ့Container သင်္ဘောများကို အစားထိုး သုံးစွဲခဲ့ပါသည်။

Bulk Carrier
ထုထည် Volume သို့ အလေးချိန် အလိုက်( မီးသွေး ပြောင်းစေ့ သံမှုံ ဘိလပ်မြေ ဓါတ်မြေသြဇာ )
အစရှိသည်တို့ကို ကုန်ပေါက်ကြီးမားအတွင်းထည့် ကာ သယ်ယူသော Bulk Carrier သင်္ဘောများ။

Liquid Bulk Cargo
ရေနံစိမ်း ရေနံထွက်ပစ္စည်းများ Gas များ Chemical များကို Liquified လုပ် ပြီး Tank ကြီးများအတွင်း ပိုက်လိုင်းကြီးများကိုသွယ်
Pump ကြီးများဖြင့် မောင်းနှင်ထည့်ကာ သယ်ယူရသော ရေနံတင် ဂက်စ် ဓါတုဇီဝ ကုန်တင် သင်္ဘောများ လည်းပေါ်ပေါက်လာပါသည်။

Car and Tractor Carrier
Car parking lot များလို အထပ်တွေ များစွာ ထဲမှာ ကားတွေ Buses/Trucks/ Bulldozers/ Tractors ကို တစ်စီးကို လေးလက်မ ခံ့သာ ခွာရပ် တစ်ထပ်ခြင်း
အစီအရီ ထောင်ပေါင်းများစွာ ကို မောင်းတင် စီတန်းရပ်ကာ၍ သယ်ယူသော Car Carrier တို့ ပါဝင်ပါသည်။

၆။သင်္ဘောသားတွေ ဘာလုပ်။
အဓိကအလုပ်သည် ထုထည်ကြီးမားများပြားစွာသော ကုန်ပစ္စည်း များကို ပွိုင့် A B C D မှာ ပွိုင့် E F G အစရှိသည်တို့ ထံ
အပျက်အဆီး အဆုံး အရှုံး အလေအလွင့် နည်းနိုင်သမျှ နည်းအောင် သယ်ယူ ၀န်ဆောင်ပေးရခြင်းပါ။
1st May တိုက်ပွဲဝင်သူရဲကောင်းကြီး စပါးတာကဒ် အသက်စွန့်ရယူပေးခဲ့သော မေ ဒေး Resolution အရ ကမ္ဘာ့ အလုပ်သမားရပိုင်ခွင့်မူ
အလုပ်သမားတစ်ယောက်သည် တစ်နေ့လျင် ၈ နာရီ အလုပ်လုပ် ၈ နာရီ အိပ်စက် ကာ ၈နာရီ အပမ်းဖြေ တိုးတက်လေ့လာသမှုပြုရပါသည်။
ထို့ကြောင့် ၂၄ နာရီ လည်ပတ်နေသော သင်္ဘောပေါ်တွင် ဂျုတီသာချိန်းသည် အလုပ်ကားမရပ် စနေ တနင်္ဂနွေ အားရက်လဲမရှိပေ။

တစ်စီးလုံးအုပ်ချုပ်သူ
ရေယဉ်မှုး မာလိန်မှုး ကပတိန် skipper
oldman သူကြီး Ah Lou ခေါ် ခေါင်းဆောင်သည် ခေါင်းထိုးခံ ရန် အမြဲ အသင့်ဆောင်ထားရ၏။
ကျန် အရာရှိ ၃ ဦး Chief Officer အရာရှိချုပ် Second Officer ဒုတိယအရာရှိ Third Officer တတိယ အရာရှိ

ကျွမ်းကျင်သင်္ဘောသား AB able bodied တက်မကိုင် များက တစ်ရက်လျင် ၄နာရီ စီ ည၊ နေ့ ၄နာရီ ကုန်းပတ် အလုပ်
အရာရှိများကာ ၈နာရီ (ည ၄၊ နေ့၎) ၂ပိုင်း ခွဲကာ တစ်ဦးလျင် ၈နာရီ သင်္ဘောဦးခန်းတွင် ဂျူတီကျလေသည်။
ကျန်အချိန်များတွင် အပန်းဖြေ တီဗွီကြည့် အင်တာနက်သုံး စာရေးစာဖတ် စာသင် ၀ိုင်းဖွဲ့ စုစည်းပျော်ရွင်စွာနေ ကြပါသည။်

သင်္ဘောကြီးနှင့် တစ်ကွ ကုန်များ အလုပ်လုပ်နေသူများအသက်အန္တရယ်ကင်းစေရန် ၂၄ နာရီ အမြင်အကြား အသံ ရေဒါ မှန်ပြောင်း မျက်လုံး တွင်တွင်သုံးကာ
စောင့်ရှောက်နေရပါသည်။

ဂျူတီလေးနာရီ အချိန်သည် ၃၆၀ ဒီဂရီ ကောင်းကင် နဲ့ ပင်လယ် တိုက်ခိုက်နိုင်စွမ်းရှိသော ပစ်မှတ်တို့ ကိုရှာဖွေနေရ၏
ကင်းစောင့်ဆိုသည်မှာ ထိုင်မနေရပါ ထိုင်လျင် အိပ်ချင်ပျင်းရိလာကာ တာဝန်လစ်ဟင်းသော် ဆုံးရှုံးမှုကြီးမား ကာ အသက်များစွာသေကျေနိုင်ပါသည်။
တစ်ရက်ကို ၈နာရီ ဂဏာမငြိမ်သော အကျင့်သည် နှစ်အလွန်ကြာသော သင်္ဘောအရာရှိများစွာတို့ အတွက် မရှောင်တိမ်းနိုင်သော hard habit to break ပင်
ကျနော် လွန်စွာ ဂဏာမငြိမ်သည်ကို ကြည့်မရကုန်သော အပေါင်းအသင်း မိတ်ဆွေတို့ နားလည်ပေးကြစေလိုသည်။



Duty Roaster
00-04 Middle watch - 2nd Off and AB
04-08 Morning Watch- Ch Off and AB
08-12 ForeNoon Watch- 3rd Off နေ့အချိန် တွင် တစ်ဦးထည်း
12-16 AfterNoon Watch-2nd Off နေ့အချိန် တွင် တစ်ဦးထည်း
16-18 Dog watch 1 - Ch Off နေ့အချိန် တွင် တစ်ဦးထည်း
18-20 Dog Watch 2-Ch Off and AB နေ၀င်လျင် ၂ဦး
20-24 First Watch-3nd Off and AB တို့ဖြစ်ကာ
ဆိပ်ကမ်းကပ်ရင်တော့

အရာရှိ တစ် AB တစ် အကူ တစ် ၃ ယောက်တို့ သည် ၆နာရီလုပ်၆နာရီနား ၂၄ နာရီ ပတ်လည်လုပ်ကြရရှာလေသည်။
လက်ရှိကျနော်တို့ စီးနေသော သင်္ဘောများသည် မီတာ ၃၀၀ ၊ပေ ၁၀၀၀ကျော် ကာ စက်ခန်း ၆ထပ် ကုန်းပတ် ၇ ထပ်/၈ထပ် ရှိ အမြင့်ပေ ၂၀၀ ခန့်မြင့်
အောင်ထုတည်ကြီးမားပါသည်။

သင်္ဘောဝမ်းဘိုက်ထဲတွင် ကုန် သေတ္တာ ၃၀၀၀ နှင့် ကုန်းပတ်ပေါ်တွင် ၃၅၀၀ ခန့် တင်ဆောင်ပါသည်။ ၀န်ချီစက်တစ်လုံးလျင် တစ်နာရီ ပျဉ်းမျှ သေတ္တာ ၃၀ နှုံးဖြင့်အလုပ်လုပ်ရသည်။
ဒီရေ အတက်အကျ ကုန်တင်ကုန်ချ လိုက်ကာ ပေါ်နေသည့်သင်္ဘောကြီးပါ လိုက်ပြောင်းပါသဖြင့် မတိမ်းစောင်း ရန် ဟန်ချက်ညီရန် သောင်မတင်ရန်
ချည်ထားသောကြိုးကြီးများ အတင်းအလျှော့ရေလှောင်ကန်ကြီးများကို ရေ သွင်း/ထုတ် ခြင်း၊ ကုန်များ နေရာချကာ မလုပ်ရှားနိုင်ရန် ထိန်းသိမ်းစစ်ဆေးခြင်းများလုပ်နေသည်မှာကအရာရှိချုပ်အပါအ၀င် လူ ၃/၄ ယောက်ထဲ ကမ်းနား မှ အလုပ်သမားတို့နှင့်ပူးပေါင်း လွန်စွာ ခက်ခဲ ပင်ပန်းစွာတာဝန်ယူကြရပါသည်။
စက်ခန်းကြီး တွင်းရှိ Truck ကားတစ်စီးခန့်မျှ ကြီးမားသော Main Engine Cylinder Unit အလုံးမျိုး ၁၀ လုံးခန့် ကိုလည် ပတ် စေရန်၊လိုအပ်သော ပေါက်ကွဲအားရရန်၊ပန့်ပိုးပေးရသော Auxillary Machinery များ Boiler , Lubrication, Cooling ,Fuel Injection , ၂၄ နာရီ မီးအားပေးနေရသော Generator များ လောင်စာဆီများ နှင့်အရည်ဖျော်ပေးရသော Steam / ဆီ သန့်ပေးရသော Purifier များ များစွာများစွာသော ကြီးမားလေးလံ လှသော စက်ကြီးများကိုဝန်ချီ စက် များအား၊ စက်အားလူအားတို့ ကိုအသုံးပြု ပြီး ၂၄ နာရီလည်ပတ်နေနိုင်အောင် စဉ်ဆက်မပြတ် မောင်းနှင်ပေးနေသော
အင်ဂျင်နီယာ လေးများမှာ ပြေးရေကြည့်မှ ၄ ယောက် အလုပ်သင်တစ်ယောက် အကူ၂ယောက်ပေါင်းမှ ၇ ယောက်သာရှိလေသည်။

ကျနော်တို့အားလုံး ရဲ့ ကာယဥာဏ အတွေးအခေါ် အဆုံးဖြတ်တို့သည် သေချာတိကျ ပြတ်သားရပါသည်။ အမှားမခံပေ ။
အလုပ်တာဝန်များစွာကို အပိုအလိုမရှိကွက်တိ စည်းကမ်းတစ်ကျ ချမှတ်ထားကာ Hier-archy အထက်အောက်အမိန့်ပေး နာခံလိုက်နာစနစ် ကျင့်သုံးသဖြင့်
Attitude ခံယူချက် ကောင်းရပါသည်။ အမိန့်နာခံတတ်ရန်လေ့ကျင့်ရသည်။ စိတ်ဓါတ်အင်းအားနည်းသူများ ကျန်းမာရေးချို့တဲ့သူများအတွက် နေရာမရှိပါ။
ကိုယ့်တာဝန်ကိုယ်မယူလျင် တစ်ခြားသူယူပေး၍ မရသော လုပ်ငန်းခွင်ဖြစ်သည်။

ဆိုရိုးစကားတစ်ခုရှိပါသည်။သင်္ဘောပေါ်တွင် လူတော်ထက် လူကောင်းသာအလိုရှိသည်ဟု။
ခိုင်းလျင်ခိုင်းတဲ့အတိုင်းလိုက်နာရသည် ပိုကောင်းသည့်နည်းလမ်းကြိုတင်ဆွေးနွေးနိုင်သည်။
သို့သော် ရေးဆွဲပြီးသော လမ်းကြောင်း၊ ၀တ္တရား၊ တာဝန်၊ အလုပ်ကို ကိုယ်ပိုင်သဘောဖြင့် လုံးဝ ဆုံးဖြတ်ပြောင်းလဲ ခွင့်မရှိ အမြဲ သတင်းပြန်ပို့ရသည်။



ကမ္ဘာ အရပ်ရပ်က Covention ,Organization တို့ ဆုံးဖြတ်ချမှတ်ထားသော Protocol, Regulation, Rules and Guidelines များကို
ဦးလည်မသုန်လိုက်နာကြရလေသည်။ ဥပမာတစ်ခု ကတော့ ပင်လယ်ကြီးဘယ်လောက်ကျယ်ကျယ် အမှိုက်တစ်စတောင် ပစ်ချခွင့် မရှိပါ။
အရက်သေစာ လုံးဝ မသုံးစွဲရပါ တွေ့ရှိလျင် ချက်ခြင်းတာဝန်မှရပ်ဆဲကာမိမိစားရိတ်နှင့် အိမ်ပြန်ရုံသာရှိဘေသည်။

သင်္ဘောကြီးသည် ချိန်ခါမရွေး External forces များ ဖြစ်သော ရာသီဥတု လေပြင်းမုန်တိုင်း ရေ လှိုင်း ရေစီးကြောင်း တစ်ခြားသင်္ဘော
သူခိုး ဓါးပြ များ အန္တရယ်ရှိသလို...
Internal Forces များဖြစ်သော မီး ဆီ ရေ လေ အသုံးမှားခြင်းကြောင့် ၄င်း၊ အရာရှိ အင်ဂျင်နီယာ ဆုံးဖြတ်ချက်မှားခြင်းများကြောင့်သော်၎င်း၊
ဖြစ်လာနိုင်သော အန္တရယ် အပေါင်းကိုကြိုတင်ကာကွယ်မှုအနေနဲ့ နေရာတိုင်းတွင် စနစ်တကျ သိမ်းစည်း လိုက်နာကြရသော
စည်းကမ်းချက်များနှင့် နေထိုင်ကြသူများဖြစ်ပါသည်။

ကာယဥာဏ အားဖြင့် လုံလစိုက် ကာ စည်းကမ်းတစ်ကျ လူ့ဘောင်အဖွဲ့အစည်း စည်းမျဉ်း တို့အတွင်း လိုက်နာ အသက်မွေးဝမ်းစာရှာ နေသဖြင့်
ကျနော်တို့ ကို မလေးစားသော်ရ၏၊ လူအန္ဒ အလေနတော အောက်တန်းစား များအဖြင့်တော့ မမှတ်ယူသင့်ပေ။
(အရက် ဘိန်း လောင်းကစား ပြည့်တန်ဆာဆိုသည်မှာ) လူ့ အသိုင်း အ၀ိုင်း နေရာတိုင်း အချိန်တိုင်း တွင် ပိုက်ဆံရှိ အချိန်ရှိ ဆန္ဒရှိက ရနိုင်ကြ၏၊
သင်္ဘောသား သည် လူသားပင်ဖြစ်လေ ၏ probability အရတွက်သော် တစ်လတစ်ခါခန့်သာ အပြင်သွားနိုင်ရန်အခွင့်သာရှိ၍
ကုန်းပေါ်နေ သူ များလောက် တော့ အခွင့်အလမ်း မရှိပါ။ တကယ်တော့ ဒါတွေက Individualism နှင့်သာဆိုင်လေသည်။


No comments:

Post a Comment