Friday, April 19, 2013

ပင်လယ်ပျော် အလွမ်း...


အနားသတ်မရှိတဲ့ မိုးကုတ်စက်ဝိုင်းအောက်..

အချိန်ပင်လယ်ဒီရေတိုက်စားခံရင်း...

လေပြေနုလို မင်းအချစ်ထဲ...

ပျော်ဝင်တတ်ခဲ့ပြီ ချစ်သူ။

ခန့်မှန်းမရတဲ့ ပင်လယ်လို မာယာအောက်..


မုန်တိုင်းဆိုတဲ့ လှည့်ပတ်မှုကြား..


လေနီကြမ်းလို ရက်စက်မှုထဲမှာ....


ပစ်ချထားခဲ့တာ နင်ပါ....ချစ်သူ။


ဒါပေမဲ့..


ပင်လယ်လို မင်းအချစ်တွေလောက်တော့


ငါ့ရင်မှာ မလွမ်းလောက်ပါဘူး....ချစ်သူ။

Kyaw Thu Htun

0 comments:

Post a Comment