ပေါက် ရှိန်းများနဲ့ တွေ့ဆုံခြင်း။ (ပထမ ဆု)

 
 ပေါက်ရှိန်းဆိုနဲ့ ဝေါဟာရ က ဆေးခြောက် သမားတွေဆီက လာတာပါ
 ဆေးခြောက် ရှူ ဘိန်းမူးနေပြီ ဆိုရင် လူတွေ က အလိုလိုနေရင်း ယဉ်ကျေး
 သိတ်မွေ့ပြီး အတွေးနယ် ချဲ့ ဇတ်လမ်းတွေ ဆင် ပြီး ကိုယ့်ဘာကိုယ်သနားနေပါလေရောဗျာ။
 
 ကိုယ်က မြေနိမ့်ပန်းလေး ခရေ ပေါ့ ကောင်မလေးက တော့ အမြင်စံ တော်ဝင် သဇင် နှင်းဆီ
 အဆင့်တန်းမတူလို့ သိမ်ငယ်ရ ...အနစ်နာခံရ တယ် ဆို ပြီး ကိုယ့်ကိုယ်ကိုသနားနေတဲ့
 ကဗျာဆရာလေး  ..အချစ်ဒဏ်တွေ ထွေးပွေ့လို့
 ညနေဆို စားစရာမရှိ လို့ မှောက်မိုက်မှာဆီမီးလေး ထွန်းညှိလို့ 
 ကဗျာလေးကို အရက်ဖြူလေးနဲ့ရေးတယ်ပေါ့
 
 သနားနေတာ ကိုယ့် ဘ၀ ကို သနားစရာပါလို့ လောက ကြီး ကို ကြေငြာနေတာ
 အဲဒါကို ပေါက် ရှိန်း လို့ခေါ်ပါတယ်။
 
 နောက်တစ်ခါ ကိုယ်က ရိုးသားဆင်းရဲလွန်းတော့ ချစ်တဲ့သူကို ဖွင့်မပြောရက်
 ချမ်းသာတဲ့ သဌေးသား ဒါမှမဟုတ် သင်္ဘောသား က ယူသွားတာကို
 မျက်ရည် စက်လက် နဲ့ အဝေးက ကြည့် နေပြီး  ကမ္ဘာမကြေ တေးဆို ပြီး 
 တစ်ကိုယ်တည်း လူပျို ကြီး ဘ၀ အရိုးထုတ် သွားတာ  
 သနားနေတတ်တာ ကိုယ့်ဘာကို ထာဝရ ပရိတ်သတ် အဖြစ် သနားနေတာ
 အဲဒါလဲ ပေါက်ရှိန်းလို့ ခေါ်ပါတယ်။
 
 နောက်တစ်ခါ 
 သူများပစ္စည်းအကောင်းစားတွေ သုံးစွဲတာတွေ့ရင် .. မသိမသာအနားကပ်
 သံချောင်းနဲ့ ခြစ် ၊ဒါးနဲ့ ဖြဲ ၊ဖျက်ဆီး
 ဆိုင်းဘုတ် တွေ နံရံတွေ မှာ အရုပ်တွေ ဆွဲ ၊ ဆေးတွေ ချယ် ၊အောက်ကလိအာတွေ လုပ်ပြီး
 ဂုဏ်ယူနေတတ်တယ် ..ငါကွ...မင်းတို့ ဘာတတ် နိုင်သေးလဲ ပေါ့ ...အဲလို ဂုဏ်ယူနေတတ်တာ 
 အဲဒါကိုလဲ ပေါက် ရှိန်းလို့ ခေါ်တာ ပါဘဲ...
 
 Inferior Complex ဆို တဲ့ မိမိ ကိုယ်ကိုယ် သိမ်ငယ်မှု၊ သိမ်ငယ်တတ်တဲ့စိတ်ဟာ လူ တိုင်းမှာ ရှိပါတယ်....
 အောက် ကျနေတဲ့ စိတ်ဓါတ် ၊ ဘ၀ အခြေ အနေ ၊ နေရာဒေသ ၊အဖြစ် ပျက်တွေ က နေရုန်းထွက် ဖို့ က 
 မိမိတာဝန် ဆိုတာကို မသိဘဲနဲ့..ပတ်ဝန်းကျင် ရှိရှိသမျှ ကို လက် ညိုးထိုး မကောင်းပြောပြီ
 ကိုယ့်ကိုယ်ကို အလွန် သနားတတ်ခြင်း၊ သိမ်ငယ်တတ်ခြင်း ပေါက် ရှိန်း ဖြစ် နေခြင်းတွေ ဟာ
 လူညွန့်တုံးစေပါတယ်ဗျာ..
 
 ကိုယ်တစ်စုံ တစ်ခု ကို  လိုချင်တယ် ပိုင်ဆိုင်ချင်တယ်ဆို ..
 ကြိုးစားဖို့နည်းလမ်းများစွာရှိပါတယ်။ 
 မကြိုးစားဘဲ လွယ်လွယ် အရှုံးပေးတာ  ဘယ်သူ့ အပြစ်လဲ။
 
 ဇွဲ မရှိ ၊ ဥာဏ် နဲ့ ၀ီရိယ မရှိတော့ ကံကပါ မလိုက်တော့ဘူးလေ။
 
 ကျနော် အရွယ် ရောက်လာတော့ ပေါက် ရှိန်း သီချင်း ပေါက်ရှိန်း ဇတ်လမ်း
 ပေါက် ရှိန်း အတွေး အခေါ် တွေ ကို  တတ်နိုင် သမျှ  ...မပြော၊ မရေး၊ မတွေးမိအောင် ဘဲနေပါတယ်။
 
 Underdog ကနေ အောင် မြင် လာတာမျိုး ၊ တက်ကျမ်းမျိုးတွေ ၊ နှလုံးသာ အဟာရ မျိုးတွေ ကိုသာ
 ကျနော် တို့ မှီဝဲ အားပေး သင့်ပါတယ်။
 
 အရင်ကဆို ..." ဟိုးပင်ဖျား မှာ ပွင့်လာတဲ့ ပန်းကလေးရာ ငါလည်း လှမ်းစွတ်လို့ မလိုချင်တော့ပါ"
 ဆိုတာမျိုးတွေ နဲ့  တိတ်တိတ်ကလေး ကြေ ကွဲ ခဲ့ရသူပါ ပေါ့....
 နောက်တော့ "ကောင်း ကင် မှာ ငါ ပျံသန်း ရလည်း သိန်းငှက်တစ်ကောင်လို တောင် ပံ မျိုး နဲ့ "
 ဟေး . ပထမဆု ရယူဘို့ ဘဲ ဆို တာ ...
 ရတာမရတာ အသာထား စိတ်တော့ ရှိ သင့်တယ်။
 
 မိမိကိုယ်ကိုယ် ယုံကြည်ခြင်း သည် အကောင်းဆုံး အင်အား ဖြစ်ပါသည်။
 ပတ်ဝန်းကျင် ကရော အပေါင်းအသင်း ချစ်သူကပါ ..အားကိုးချင်တယ်။
 ထိုသူမျိုး ကို ဘယ်သူကမှ ဒူးထောက် ခိုင်း လို့ မရပေ......
 
 ပေါက်ရှိန်း အတွေးတွေ ကို စွန့် လွှတ် နိုင် ပြီး ပထမဆု ရယူနိုင် ကြပါစေ ဗျာ။
 
 စေတနာ ဗလပွ နဲ့
 ရာစု။
 
 
 
          
      
 
  
 
 
 
 
 
 
 
 
 
 
No comments:
Post a Comment