Tuesday, April 9, 2013

မြန်မာရေတပ်ရဲ့ ပထမဆုံး Floating Dock “ဆရာရှမ်း” - UMS SAYA SHAN



“ဆရာရှမ်း” ဟု ခေါ်တွင်စေ....

မနက်ဖြန် ဧပြီလ (၉) ရက်နေ့တွင် တပ်တော်ဝင်ပြုလုပ်မည့် တပ်မတော်(ရေ)၏ ပထမဦးဆုံး Floating Dock ဖြစ်ပါသည်။ ယင်းသည် စစ်ရေယာဉ်များ တိုက်ပွဲဝင် အသင့်ဖြစ်စေရေးနှင့် အထူးသဖြင့် မြောက်ပိုင်းရေပြင် ကာကွယ်ရေး စစ်ရေယာဉ်များအတွက် Maintenance နှင့် Repair Role တွင် အဓိက Service Provider အဖြစ် နိဒါန်းသစ်တစ်ရပ် စတင်ပါတော့မည် ။ မင်းတုန်းမင်းခေတ်တွင် ရေယာဉ်ဒီဇိုင်းပုံစံများ ရေးဆွဲတည်ဆောက် ပြုပြင်ရာတွင် အမည်ကျော်ကြား ဂုဏ်သတင်းကြီးခဲ့သည့် ကနောင်မင်းသားကြီး၏ လက်စွဲတော် “ဆရာရှမ်း” အမည်ကို အစွဲပြု၍ UMS- SAYA SHAN ဟု အမည်ပေး ကင်မွန်းတပ်မည်ဟုလည်း ကြားသိရပါသည်။

UMS- SAYA SHAN သည် တပ်မတော်(ရေ)၏ အရွယ်အစား အသင့်အတင့်ရှိ ဗျုဟာမြောက် စစ်ရေယာဉ်များအတွက် နှစ်ပတ်လည်လွန်းတင်ပြင်ဆင်ခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် အရေးပေါ်လွန်းတင်ပြင်ဆင်ခြင်းများအား Operation Area နှင့်အနီးဆုံး Base တွင် ရာသီမရွေး အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရန်ဟု ခန့်မှန်းရသည်။ ယင်းအတွက် UMS- SAYA SHAN ၏ Capacity နှင့် အရွယ်အစားမှာ ကျစ်ကျစ်လစ်လစ်နှင့် သင့်တင့်မျှတရုံ ရှိမည်ဖြစ်ပါသည်။

မည်သို့ဆိုစေ ရှေးခေတ် ဆရာရှမ်း နည်းတူ UMS- SAYA SHAN သည်လည်း မြန်မာ့တပ်မတော်(ရေ)၏ လက်စွဲတော်အဖြစ် ပေါ်ပေါက်လာခဲ့ပြီ ဖြစ်ပါသည်။

မောင်ဝါဆို

( ဓါတ်ပုံများ ပေးပို့ကူညီသော TZO (MWD) အား အထူးကျေးဇူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည် )
Source - Myanmar NAVY FB Page


No comments:

Post a Comment