Monday, August 12, 2013
ပညာရေးအပေါ်ထားရှိသော လူငယ်တို့၏အမြင်အချို့
MMU ရောက်ကြယ်စင်လေးများရဲ့ အနာဂတ် ဆောင်းပါး အပေါ် ပြန်လည်ဆွေးနွေး အကြံပြုထားသော ဆောင်းပါးဖြစ်ပါသည် ။
ယနေ့ခေတ်ပညာရေးအပေါ် အမျိုးမျိုးသောကျောင်းသားများ(စာတော်၊ စာညံ့၊ ဥာဏ်ကောင်း၊ ဥာဏ်မကောင်း) က အမျိုးမျိုးသောအမြင်များ၊ အယူအဆများ ထားရှိကြပါသည်။ ယင်းတို့အနက် စိတ်ပျက်စရာအကောင်းဆုံးမှာ (မြန်မာ့ပညာရေးက)အလုပ်အကိုင်အခွင့်အလမ်းမရှာပေးနိုင်ခြင်း ကို လက်ညိုးထိုးစွပ်စွဲစရာ အဖြစ် ပုံဖော်ကြပါသည်။ ပညာရေးသည် အလုပ်အကိုင်ရှာပေးခြင်းမဟုတ်ပါ။ အလုပ်အကိုင်ရှာရာတွင် လွယ်ကူစေသောကိရိယာတစ်ခုသာဖြစ်သည်။ အင်္ဂလိပ် လိုခပ်နက်နက်ဆိုရလျှင် It is just a tool that makes you easy to search for a job.
သို့ဆိုလျှင် “အလုပ်မရမှတော့ ဒီပညာကိုအလကားအချိန်ကုန်ခံ၊ပိုက်ဆံ ကုန်ခံပြီး သင်နေပါ့ဦးမလား” မေးကောင်းမေးနိုင်ပါလိမ့်မည်။ ထိုမေးခွန်းအတွက် အကောင်းဆုံးအဖြေက အင်တာနက်မှတွေ့ရသောစာလေးတစ်ကြောင်းကိုပင် ညွန်းချင်ပါသည်။ “It is not to find a job, but to create one for yourself”. အင်မတန်ရှင်းလင်းသောအဖြေဖြစ်မည်ဟု ကျွန်တော်ထင်ပါသည်။ “အလုပ်ဆိုတာရှာနေဖို့မဟုတ်ပါဘူး။ သင့်ကိုယ်တိုင် သင့်အတွက်ဖန်တီးယူလိုက်ပါ”တဲ့။
မြန်မာ့ပညာရေးသည် လက်တွေ့ဖြင့်မနီးစပ်ဟု အချို့အချို့သော ကျောင်းသားများ(ဆရာ၊ဆရာမများပါ) တွေးမြင်ကြပါသည်။ ထိုအတွေးအမြင်သည် အတိုင်း အတာ တစ်ခုအားဖြင့်မှန်ကန်ပါသည်။ အိုင်းစတိုင်းကြီးသည် E=mc2 ဆိုသော အင်မတန်ကြောက်ခမန်းလိလိနိုင်လှသော အီကွေးရှင်းကို မည်သည့်လက်တွေ့ ပစ္စည်း(ယုတ်စွအဆုံး စမ်းသပ်ဖန်ပြွန်)တစ်ခုမှမပါဘဲ တွက်ထုတ်ပြသခဲ့သည်။ စတီဖင်ဟော့ကင်းဆိုသောပုဂ္ဂိုလ်ကြီးကလည်း အာကာသကြီးထဲသို့ ဥပဒဟိုသွား လာခြင်းမပြုဘဲ မှန်ပြောင်းတစ်လက်ဖြင့် တွင်းနက်ကြီးများ (Black Hole)များကို ကြံကြံဖန်ဖန် တွေးဆဆင်ခြင်ပြခဲ့သည်။ ထိုသာဓကများသည် လက်တွေ့သည် သာ အခရာဆိုသောဝါဒကို အပြည့်အ၀မထောက်ခံပါ။ သို့သော်ငြားလည်း တကယ်လက်တွေ့တွင် လုပ်ကိုင်ရသော အင်ဂျင်နီယာအတတ်ပညာများအတွက်မူ လက်တွေ့ပစ္စည်းများသည် အသက်တမျှအရေးကြီးပါသည်။
သင်ရိုးညွန်းတမ်းများ(အခြေခံ၊ အဆင့်မြင့်) ကိုလည်း ခေတ်မမီဟု ကျောင်းသားအချို့က ဝေဖန်သုံးသပ်ကြပါသည်။ ထိုအရေးကိစ္စသည် ကျောင်းသားများနှင့် မဆိုင်ဟု ဆရာ၊ဆရာမများက ဆူပူကြိမ်းမောင်းနိုင်သော်လည်း ကျောင်းသားများ၏ဝေဖန်မှုကိုမူ လျစ်လျူမရှုထားသင့်ပေ။ ကျွန်တော့်အမြင်ပြောရလျှင် အခြေခံ ပညာသင်ရိုးညွန်းတမ်းများသည် အတိုင်းအတာတစ်ခုအထိသာ ပြင်ဆင်ရေးဆွဲရန်လိုအပ်သည်ဟု ယူဆပြီး အဆင့်မြင့်ပညာရေးသင်ရိုးညွန်းတမ်းသည် လုံးဝ ပြည့်စုံကောင်းမွန်သည်ဟု မဆိုသာသော်လည်း လက်ခံနိုင်လောက်သည့် အတိုင်းအတာရှိပါသည်။
ကျောင်းသားများရေလိုက်လွဲနေသည့် ကိစ္စတစ်ခုကိုတင်ပြချင်ပါသည်။ “ခေတ်မီသင်ရိုးညွန်းတမ်းများကို တတမ်းတမ်းတသသဖြစ်နေခြင်း” ပင်ဖြစ်သည်။ ထိုကိစ္စ ကိုပင်ရေးကြီးခွင်ကျယ်လုပ်ကာ မိုးကိုဒူးနဲ့ ပြေးဆောင့်ချင်နေသည့် ကျောင်းသားများ အများအပြားတွေ့မြင်နေရပါသည်။ နိုင်ငံတကာတက္ကသိုလ်များ၌ပင် အခြေခံ သိသင့်သိထိုက်သည့် သီဝရီများ၊ ပုစ္ဆာများကို တွက်ချက်နေကြရဆဲဖြစ်ပါသည်။ အင်ဂျင်နီယာပုံဆွဲပညာရပ်ကို လွယ်ကူသက်သာစေသည့် ဆော့ဖ်ဝဲများ ဈေးကွက်အတွင်း၌ အလွယ်တကူဝယ်ယူရရှိနိုင်သော်လည်း မီးမလာသောအရပ်ဒေသ၊ ကွန်ပျူတာမရှိသောအရပ်ဒေသ၌ ထိုအင်ဂျင်နီယာသည် အလုပ်မလုပ် တော့ဘဲ နေမည်လားဟုမေးချင်ပါသည်။ အလွယ်ကြိုက်ခြင်းသည် နေရာတိုင်းမကောင်းပါ။
ကျူရှင်အပေါ်ထားရှိသည့်ကျောင်းသားများ၏သဘောထားကလည်း စိတ်ဝင်စားစရာကောင်းလှပါသည်။ အချို့က ကျူရှင်ကို လိုကိုလိုအပ်သည်ဟုဆိုသည်။ အချို့က မလိုအပ်ဟုယူဆသည်။ ဥပမာဆေးတက္ကသိုလ်ကျောင်းသားအားလုံးလိုလိုသည် ကျူရှင်တက်ကြရပါသည်။ ထိုကိစ္စကိုကျွန်တော်အခုထိ နားမလည် နိုင်သေးပါ။ လူဦးရေနှစ်ထောင်ကျော်သာရှိသော တက္ကသိုလ်တစ်ခုတွင် ပညာသင်ယူနေသည့် ကျွန်တော့်အဖို့ ဆေးကျောင်းသားများ ကျူရှင်ယူရသည့်ကိစ္စကို နားမလည်နိုင်သည်မှာလည်း သဘာဝကျလှပါသည်။ နိုင်ငံတကာတွင် ပညာသင်ရန်ရည်ရွယ်ထားသော ကျောင်းသားတစ်ဦးအနေဖြင့် ကျူရှင်ဆိုသောအရာကို လုံးဝမျက်နှာမမူရန် အရေးကြီးသည်ဟုထင်ပါသည်။ ကိုယ့်လက်ကိုယ့်ခြေဖြင့်လုပ်ရကိုင်ရသော နိုင်ငံခြားကဲ့သို့သော အရပ်ဒေသ၌ ကျူရှင်သည် ဆေးမြီးတိုသာ ဖြစ်ပါလိမ့်မည်။
စိတ်ပျက်စရာကောင်းလှသော ကျောင်းသားများ၏ ပညာရေးဆိုင်ရာ အပြုအမူတစ်ခုကိုလည်း တင်ပြချင်ပါသေးသည်။ အတန်းလည်းမှန်မှန်မတက်၊ စာလည်း မှန်မှန်ပြန်မကူး၊ စာမေးပွဲနီးမှ ဖုတ်ပူမီးတိုက်( အချို့ကလည်း လက်ပူတိုက်) ကျောင်းသားပေါင်းစုံ၊ ကျောင်းသူပေါင်းစုံအား စာရှင်းပြခိုင်းသည့် ကျောင်းသားများကို မြင်တွေ့ရသည်မှာ ဒေါ်သထွက်စရာလည်းကောင်း၊ သနားစရာလည်းကောင်း၊ ရယ်စရာလည်းကောင်းပါသည်။ ရယ်စရာကောင်းသည်မှာ မိမိလေ့လာသင်ယူနေ သော ပညာရပ်ဆိုင်ရာ သင်္ကေတများကို ကျောင်းမတက်ခြင်း၏အကျိုးကျေးဇူးအဖြစ် ပေါက်ကရလေးဆယ် ခေါ်ဝေါ်သုံးစွဲ၍ဖြစ်ပါသည်။
ထိုကျောင်းသားများသည် အလုပ်ရှာရတာ သိပ်ခက်ခဲတာပဲဟု လူရှေ့သူရှေ့ငြီးပြတတ်ပါသည်။ ဘာမှမဟုတ်သော ကျောင်းလေးကိုမှ မှန်အောင်မလာနိုင်သူ တစ်ဦးကို အင်မတန်အရေးကြီးသော အလုပ်ခွင်ထဲသို့မှန်အောင်လာမည်ဟုမည်သူမျှ မယုံကြည်ပါ။ ဒါသင်၊ ဒါမေး၊ ဒါကျက်၊ ဒါဖြေ (အချို့လူတတ်ကြီးများ ယင်းကဲ့သို့ မြန်မာ့ပညာရေးကိုစွပ်စွဲတတ်ပါသည်) ၀ဲဂယက်သံသရာကြီးထဲတွင် အများတကာတို့ လွယ်လွယ်ကူကူ ကူးဖြတ်ကျော်လွှားနေချိန်၌ အထက်ဖော်ပြပါ အမောင်သကောင့်လေးများသည် ရုန်းရင်းဆန်ခတ်ဖြစ်ကာ မရှုနိုင်မစိမ့်နိုင်ဖြစ်နေရပါသည်။ ထိုသူများအတွက် အလုပ်ဆိုသည်က လိုက်လေဝေးလေဖြစ်နေရ သည်မှာ အဆန်းတော့မဟုတ်ပါ။
“ပညာကိုဈေးပေါပေါနဲ့ရတာ ဒီမြန်မာနိုင်ငံပဲကျန်တော့တယ်” ကျွန်တော့်ဆရာမတစ်ဦး(ဌာနမှူး)ပြောဖူးပါသည်။ ထိုစကားမှန်ကြောင်း ကျွန်တော်ထောက်ခံပါ သည်။ သို့သော် လက်တွေ့ပစ္စည်းဖြည့်ဆည်းနိုင်မှု လစ်ဟာချက်ကြောင့် နိုင်ငံရပ်ခြားသို့ ငွေကုန်ကြေးကျများစွာဖြင့် ပညာသင်ထွက်သွားသူ များစွာရှိကြောင်းကို လည်း ယနေ့ထုတ်သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများထဲတွင် ဗုံးပေါလအော ပါရှိသည့် အေးဂျင့်ခေါ် ပညာရေးအတိုင်ပင်ခံကြေငြာများက သက်သေထူနေပါသည်။ ထိုလူငယ်များကို မေတ္တာရပ်ခံလိုသည်မှာ (မိမိတို့ကုန်ခဲ့သည်များကို ပြန်ရှာပြီးနောက်) ကျွန်တော်တို့နိုင်ငံတွင် ပြန်လည်အခြေချ ပညာများပြန်လည်ဖြန့်ဝေပေး ရန်ဖြစ်ပါသည်။
ဝမ်းနည်းစရာကောင်းသည်က ဘီစီ၊ အေစီ (BC, AC) အစရှိသော သံရုံးစာကြည့်တိုက်တွင် ၀င်ထွက်သွားလာနေကြသော နိုင်ငံခြားသို့ပညာသင်သွားရန် အားခဲ ထားသူများသည် မြန်မာ့ပညာရေးကို မှိုချိုးမျှစ်ချိုး ပြောတတ်ကြပါသည်။ နိုင်ငံတကာတွင် မြန်မာ့ပညာရေးကို မျက်နှာပန်းပွင့်အောင်လုပ်ဆောင်နေသူများကို လည်း နည်းနည်းပါးပါးလိုက်ရှာဖွေပြီး အားကျအတုယူသင့်ပါသည်ဟုပဲ ယင်းတို့ကိုပြောချင်ပါသည်။
မြန်မာ့ပညာရေးစနစ်ပျက်စီးနေပါပြီဟုလည်း အချို့ကဆိုကြပါသည်။ အမှန်က မြန်မာ့ပညာရေးစနစ်ကမပျက်စီးပါ။ ကျောင်းသား၊ ကျောင်းသူများကသာပျက်စီး နေသည်ဟုဆိုချင်ပါသည်။ ကျွန်တော်တို့၏ ဆရာမတစ်ဦးဖြစ်သူက ”ကျောင်းသားက ကျောင်းသားတာဝန်ကျေအောင်လုပ်ရင်ပြီးပြီ” ဟုပြောပါသည်။ လက်ရှိ တွင် ကျောင်းသားသည် ကျောင်းကိုပင်မလာပါ။ ကျောင်းမလာသော ကျောင်းသားကြောင့် မြန်မာ့ပညာရေးစနစ်ပျက်စီးနေပါပြီဟုပင်ဆိုချင်ပါသည်။
တက္ကသိုလ်သည် မြို့ထဲတွင်မရှိ၊ ဝေးလံသောအရပ်၌ရှိခြင်းကိုလည်း အချို့ကရမယ်ရှာပုံဖော်ကြပါသေးသည်။ အင်းစိန်အာအိုင်တီသည်လည်း ယခင်က မြို့ပြင်၊ လှည်းတန်းရန်ကုန်ပင်မတက္ကသိုလ်သည်လည်း ယခင်က တောရိုင်းသတ္တ၀ါများပင်ရှိသောအရပ်၊ ယခုမှသာ မြို့ဧရိယာကြီးမားလာခြင်းကြောင့် မြို့ထဲနှင့် နီးသွား သည်ဟုထင်ရခြင်းဖြစ်သည်။ အမှန်စင်စစ် နီးခြင်း၊ဝေးခြင်းသည် ပဓာနမဟုတ်၊ ကျောင်းသွားလိုစိတ်ရှိခြင်း၊ မရှိခြင်းသည်သာ ပဓာနဖြစ်ပါသည်။ တက္ကသိုလ်နှင့် နီးသော အဆောင်တွင်နေပြီး တက္ကသိုလ်မတက်သော ကျောင်းသားများလည်းဒုနဲ့ဒေးရှိပါသည်။ ထောက်ကြန့်မှ သန်လျင်သို့ နေ့စဉ်ကျောင်းတက်သော ကျောင်းသားလည်းရှိပါသည်။ ယုဇနမှ ရွှေပြည်သာ ကျောင်းမှန်မှန်သွားသော ကွန်ပြူတာတက္ကသိုလ်ကျောင်းသားလည်းရှိပါသည်။
မြန်မာ့ပညာရေးစနစ်သည် ခြောက်ပြစ်ကင်းသဲလဲစင်ကြီးမဟုတ်သည့်တိုင် အတိုင်းအတာတစ်ခုအားဖြင့် လက်ခံနိုင်စရာရှိသည်ဟု ကျွန်တော်ထင်ပါသည်။ အဓိကမှာ ကျောင်းသားများ၏ပညာရေးအပေါ်ထားသော သဘောထားအမြင်များပြောင်းလဲရန်သာဖြစ်ပါသည်။ ထိုသို့ ပြောင်းလဲရန်မှာ ကောင်းမွန်သော ပညာရေးစနစ်နှင့် စပ်ဆိုင်သည့် အမူအကျင့်များကိုလေ့လာပြီး လက်တွေ့ကျင့်သုံးသွားရန်သာရှိပါသည်။ —
Henry Thet Naung Cho
MMU ရောက်ကြယ်စင်လေးများရဲ့ အနာဂတ်
စာဖတ်သူတို့လည်း မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်(MMU) ကိုသိကောင်းသိကြပါလိမ့်မယ်။ မြန်မာနိုင်ငံရဲ့ အဆင့်မြင့်တက္ကသိုလ်တွေထဲက လူငယ်တွေစိတ်ဝင်စားတဲ့ တက္ကသိုလ်တစ်ခုပါ။ ဝင်ငွေကောင်းတဲ့ သဘောင်္သားအရာရှိဖြစ်ချင်သူတွေ- အင်ဂျင်နီယာဖြစ်လိုသူတွေ-ဆေးကျောင်းမတက်ချင်သူတွေ အတွက် ရေကြောင်းပညာတက္ကသိုလ်ဟာ ဆယ်တန်းကိုအမှတ်မြင့်မြင့်နဲ့ အောင်တဲ့လူငယ်တွေအတွက် ရွေးချယ်စရာတက္ကသိုလ်ဆိုပါတော့။ စာရေးသူကိုယ်တိုင်လည်းဆယ်တန်းကိုအမှတ်ကောင်းကောင်းနဲ့အောင်ပြီး ဆေးကျောင်းမတက်ချင်လို့ ရေကြောင်းပညာတက္ကသိုလ်ကို ရောက်လာသူတစ်ဦးဆိုတာ ဝန်ခံပါရစေ။ မြန်မာနိုင်ငံရဲ့အစဉ်အလာအရ ဆယ်တန်းကို ၅-၆ ဘာသာနဲ့အောင်မြင်လာတဲ့ကျောင်းသား၊ကျောင်းသူ တစ်ယောက်ဟာ သူဝါသနာပါတဲ့ ပညာရပ်ကို ရွေးချယ်ပိုင်ခွင့်အလွန်နည်းပါတယ်။ ၅-၆ဘာသာနဲ့ဆယ်တန်းကို အောင်တဲ့သူတစ်ယောက်ဟာ မြန်မာစာဘာသာရပ်ကို ရွေးချယ်သင်ယူချင်ပါတယ်ဆိုရင် မိဘတွေအနေနဲ့ဘယ်လိုမှ ခွင့်မပြုနိုင်ပါဘူး။ စာရေးသူလည်း ငယ်ငယ်က ကျောင်းဆရာတစ်ယောက်ဖြစ်ချင်ခဲ့ပေမယ့် ဆယ်တန်းရဲ့ရမှတ်တွေကြောင့် မိဘတွေရဲ့ ခွင့်ပြုချက်ကိုမရခဲ့ပါဘူး။ ဒါကြောင့်ဘဲ ဆေးပညာကိုဝါသနာမပါလို့ ရေကြောင်းပညာတက္ကသိုလ်ကို ရွေးချယ်တက်ရောက်ခဲ့တာပါ။ ကဲထားပါတော့ လိုရင်းကိုသွားကြတာပေါ့။ စာရေးသူပြောချင်တာက ရေကြောင်းပညာတက္ကသိုလ်နဲ့ ကျောင်းသားတွေရဲ့ အနာဂတ်အကြောင်းပါ။ အပြင်လောကမှာတော့ MMU မှကျောင်းပြီးတဲ့ကျောင်းသားတွေဟာ ကျောင်းပြီးတာနဲ့ အလုပ်အကိုင်အနာဂတ်က အလွန်သေချာတယ်ဆိုပြီး သတင်းတွေထွက်နေတာကြားမိသလိုပါဘဲ။ MMU ဟာခုဆိုရင် ဆယ်စုနှစ် ၁ခုကိုကျော်ဖြတ်ခဲ့ပြီးပါပြီ။ ကျောင်းတော်ကြီးမှ မွေးထုတ်ပေးလိုက်တဲ့ကျောင်းသားတွေလည်း မနည်းတော့ပါဘူး။ စာရေးသူကိုယ်တိုင်လည်း မကြာခင် အချိန်ကြာမြင့်စွာ လူအား-ညာဏ်အား-ငွေအား တွေနဲ့ပေးဆပ်ခဲ့တဲ့အတွက် ကျောင်းတော်ကြီးမှပေးအပ်မဲ့ တန်ဖိုးကြီး ဘွဲ့လက်မှတ်တစ်စောင်ကို ပိုင်ဆိုင်ခွင့်ရတော့မှာပါ။ ပုံမှန်အားဖြင့် ကျောင်းတော်ကပေးအပ်တဲ့ဘွဲ့ရတော့မယ်ဆိုရင် မည်သူမဆိုပျော်ရွှင်ရမှာပါ။ ဒါပေမယ့် စာရေးသူ မပျော်နိုင်ပါဘူး…. ဘာကြောင့်လည်း? MMUကဘွဲ့လက်မှတ်တစ်စောင်ဟာ စာရေးသူ(MMUကျောင်းသားအားလုံး) အတွက် အပြင်လက်တွေ့အလုပ်ခွင်အတွက် အထောက်အကူပေးနိုင်ပါ့မလားဆိုတာ စဉ်းစားစရာတစ်ခုပါ။ MMU မှကျောင်းမှာ ဘာသာရပ်မျိုးစုံ၊ အလုပ်အကိုင်အခွင့်အလမ်းမျိုးစုံ အတွက် majorမျိုးစုံရှိပါတယ်။ စာရေးသူကတော့ အလုပ်အကိုင်အခွင့်အလမ်းအပေါများဆုံးလို့ဆိုရမယ့် NS&ME နှစ်ခုထဲက NSကျောင်းသားတစ်ယောက်ပါ။ ကျောင်းပညာသင်နှစ် ၄နှစ်- သဘောင်္ပေါ်မှာ ပင်လယ်ပြင်လုပ်သက် ၁ နှစ်ပြီးလို့ မကြာခင်ဘွဲ့ရတော့မယ့်ကျောင်းသားတစ်ယောက်။ ပုံမှန်အားဖြင့်(အရင်က) ဘွဲ့ရပြီးတာနဲ့ THIRD CLASS (2ND MATE) စာမေးပွဲဖြေ၊ အောင်ရင် သဘောင်္ကို အရာရှိတစ်ယောက်အဖြစ်တက်၊ လစာတွေသိန်းနဲ့ရနိုင်တဲ့ အခွင့်အရေးကိုပိုင်ဆိုင်ထားသူပါ။ ဒါပေမယ့် ကောင်းဘက်ကိုဦးတည်ပြောင်းလဲနေတဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ရေးအချိန်ကာလမှာ စာရေးသူနဲ့ MMUကျောင်းသားအားလုံးအတွက်တော့ အနာဂတ်က ပိုပြီးဝေဝါးလာခဲ့ရပါပြီ။ ကျောင်းသားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေဟာ ခက်ခဲပြီးရင်း ခက်ခဲလာပါပြီ။ MMUမှ ကျောင်းပြီးသွားတဲ့ကျောင်းသားတွေမနည်းတော့ပါဘူး…။ ကျောင်းပြီးသွားတဲ့သူတွေထဲမှာ သဘောင်္လိုက်တဲ့ကျောင်းသား senior တစ်ချို့သာ အလုပ်အကိုင် အဆင်ပြေပြီး သဘောင်္မတက်ချင်တဲ့ သူအများစုကတော့ အလုပ်အကိုင်ရှာဆဲ-တစ်ချို့က သင်ထားတဲ့ပညာရပ်နဲ့မဆိုင်တဲ့ ကြုံရာအလုပ်ကို မလုပ်ချင်ဘဲလုပ်နေကြတာတွေ့ရမှာပါ။ ကျောင်းပြီးသွားတဲ့ကျောင်းသားဟောင်းအများစု အပြင်လောကမှာ အလုပ်အကိုင်အခွင့်အလမ်းရှာနေဆဲမှာ ကျောင်းတော်ကြီးကတော့ ကျောင်းသားသစ်တွေ မူလထက်ပိုခေါ်-ပညာသင်နှစ်ကို တောင် ၁နှစ်တိုးပြီးဆက်လက် ချီတက်နေပါတယ်။ MMU မှကျောင်းဆင်း ENGINEEER တွေကို ဘယ်COMPANYကများ ယုံကြည်ပြီးအလုပ်ပေးပါသလဲ? BE ဘွဲ့လက်မှတ်တစ်စောင်ကိုင်ထားပေမယ့် ဘွဲ့လက်မှတ်နဲ့တန်တဲ့အရည်အချင်း မရှိတော့ companyတွေက အလုပ်မပေးတာ ဆန်းတော့မဆန်းပါဘူး။ ဘာကြောင့် စာရေးသူတို့ကျောင်းဆင်းတွေ အရည်အချင်းမပြည့်တာလဲ? ကျောင်းသားတွေကိုယ်တိုင် ဉာဏ်ရည်မမှီလို့လား- မကြိုးစားလို့လား- လမ်းမှားရောက်သွားလို့လား။ တစ်ချို့သောသူတွေဖြစ်နိုင်ပေမယ့် အများစုကတော့ မဟုတ်ပါဘူး.။ ကျောင်းသားအများစုဟာ ဉာဏ်ရည်ထက်ပြီး ကြိုးစားချင်စိတ်ရှိသူတွေပါ..။ ပြီးတော့ မြန်မာနိုင်ငံရဲ့ ခက်လှပါချည်ရဲ့ဆိုတဲ့ ဆယ်တန်းစာမေးပွဲကို အမှတ်ကောင်းကောင်းနဲ့ အောင်ပြီးရောက်လာသူတွေပါ။ MMUရောက်မှ တိုးတက်အောင်ကြိုးစားချင်လျက် ပုံမှန်အောက် နိမ့်ကျလာတာများပါတယ်။ ဘာကြောင့်လဲ? စာရေးသူအမြင်မှာတော့ MMUရဲ့ ပညာရေးကြောင့်ပါ။ ဘယ်လောက်အရည်အသွေးကောင်းပြီးထက်တဲ့ဓားဖြစ်ပါစေ မကောင်းတဲ့ဓားသွေးကျောက်မှာ အချိန်ကြာမြင့်စွာသွေးခဲ့မယ်ဆိုရင် အဲ့ဒီဓားက အနည်းနဲ့အများ ပျက်စီးသွားမှာအမှန်ပါ။ MMUမှကျောင်းသား အများစုဟာလည်း အထက်ကအတိုင်းပါဘဲ..။ မူလက ကြိုးစားချင်စိတ်ရှိတဲ့ ဉာဏ်ရည်မြင့်ကျောင်းသားတွေဖြစ်ပေမယ့် စနစ်ရဲ့အောက်မှာ ဒူးထောက်ခဲ့ရတာများပါတယ်။ ဒါတွေကို တာဝန်ရှိသူတွေမသိတာလား- သိလျက်နဲ့ မျက်ကွယ်ပြုထားတာလား? အရင်က သဘောင်္သားလုပ်ချင်တဲ့ ကျောင်းသားတစ်ချို့အတွက် အခွင့်အရေးတစ်ချို့ရှိပေမယ့် ခုတော့ စနစ်သစ်ရဲ့အောက်မှာ အဲ့ဒီအခွင့်အရေးဟာလည်း ဝေဝါးလာပါပြီ။ စာရေးသူဟာ DECK အရာရှိတစ်ယောက်အဖြစ် ပင်လယ်ပြင်ကို ပျံသန်းမယ်လို့အရင်က ရည်မှန်းခဲ့ဘူးပေမယ့် ခုတော့အားအင်တွေကုန်ခန်း-ရည်မှန်းချက်တွေပျောက်ဆုံးပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိတော့သလိုဘဲ..။စနစ်ဟောင်းတုန်းက ဘွဲ့ရပြီးတာနဲ့ အရာရှိစာမေးပွဲကို တိုက်ရိုက်ဖြေခွင့်ရှိတယ်.. ကိုယ်ကြိုးစားရင်ကြိုးစားသလို အရာရှိတစ်ယောက်အမြန်ဖြစ်နိုင်တယ်..။ ခုစနစ်သစ်မှာ MMUကျောင်းဆင်းအားလုံး စာမေးပွဲကို တိုက်ရိုက်ဖြေခွင့်မရှိတော့ဘူး..။ ကျောင်းသားတွေအတွက် လက်လှမ်းမမှီနိုင်တဲ့ သင်တန်းကြေး-၂၈သိန်း၊ အချိန်ကာလ ၇လ ကို DECK officer ဖြစ်လိုပါက မဖြစ်မနေတက်ရောက်ရမယ်။ စာရေးသူတို့ DECK officer ဖြစ်လိုသူတွေသာမက သဘောင်္ENGINEER ဖြစ်လိုတဲ့ကျောင်းဆင်း MEကျောင်းသားတွေလည်း စနစ်သစ်ရဲ့လက်အောက်မှာ အနာဂတ်ဝေဝါးလျက်ပါဘဲ။ အခြားသော မေဂျာမှ ကျောင်းပြီးသောသူများ-သဘောင်္မက်လိုသူတွေရဲ့ အနာဂတ်ဝေဝါးယုံမဟုတ်ပါ ဘူး လမ်းစပါပျောက်နေသလိုပါဘဲ.။ ကျောင်းပြီးသွားတာကြာပြီ ဘွဲ့လက်မှတ်တစ်ခု ကိုင်ပြီး နေရာပေါင်းစုံကို အလုပ်များရမလားလို့ တောင်းပန်ခရအလုပ်တောင်းရင်း ရန်ကုန်မြို့ရဲ့လမ်းမတွေပေါ်မှာ မျှော်လင့်ချက်အနည်းငယ်နဲ့အသက်ဆက်နေတဲ့ သူငယ်ချင်း-Senior ကျောင်းသားဟောင်းတွေကို တွေ့တိုင်း စာရေးသူစိတ်မကောင်းဖြစ်နေရတာအမှန်ပါ။ သဘောင်္လိုက်တဲ့ သူတွေကိုကြည့်လိုက်ပြန်တော့လည်း အားရစရာ နတ္ထိပါဘဲ။ ခုချိန်မှာ သဘောင်္သားဖြစ်ချင်လိုသူမှန်သမျှ ဖြစ်ခွင့်ရနေလို့ မြန်မာနိုင်ငံမှာ သဘောင်္သားတွေပိုလျှံနေချိန်- ကမ္ဘာနဲ့တစ်ဝမ်း သဘောင်္လောက ဆုတ်ယုတ်လာချိန်မှာ စာရေးသူတို့ MMUကျောင်းဆင်းတွေအတွက် ပိုပြီးခက်ခဲ့လာခဲ့တာအမှန်ပါ။ ကျောင်းမှပေးအပ်တဲ့ ဘွဲ့လက်မှတ်တစ်ခုကို ပိုင်ဆိုင်ဖို့အတွက် ပင်လယ်ပြင်လုပ်သက်၁နှစ် ရယူဖို့တောင် အင်မတန်ခက်ခဲလာပါပြီ။ စာရေးသူနဲ့ ကျောင်းသားတစ်ချို့က scholarအမည်ခံထားတဲ့ စာချုပ်တွေနဲ့ ပင်လယ်ပြင်လုပ်သက်ရယူပြီးပြန်လာချိန်မှာ တစ်ချို့သောကျောင်းသားတွေက တော့ရန်ကုန်မြို့လမ်းမတွေထက် ထီးဖြူ၊ဖိနပ်ပါးတဲ့အထိ company တစ်ခုပြီးတစ်ခု သဘောင်္များရမလားလို့ ပြေးလွှားနေတုန်းပါဘဲ။ တစ်ချို့သောသူတွေက company တွေကို ရိုက်ကြေး သိန်း၂၀-၃၀ ပေးပြီး ပင်လယ်ပြင်လုပ်သက်ယူဖို့ ထွက်သွားကြလေရဲ့…။ စာရေးသူပြောချင်တာကတော့ စာဖတ်သူတွေထဲမှာ သဘောင်္သားဖြစ်ချင်လို့ ရေကြောင်းတက်မဲ့သူတွေများပါနေရင် သတိနဲ့ဆင်ခြင်ဖို့ပါ။ MMU တက်မယ်ဆိုရင် ၅နှစ်-၆နှစ် အချိန်ကုန်မယ်- ပိုက်ဆံကုန်မယ် …ပိုဆိုးတာက ကျောင်းတက်ရင်း စိတ်ဓာတွေပျက်စီးသွားနိုင်တယ်။ သဘောင်္သားလုပ်ချင်ရင် MMMC(သို့) အပြင်ကနေ ဝင်တာပိုကောင်းမယ်လို့ထင်ပါတယ်။ ပြီးတော့ engineer ဖြစ်ချင်သူတွေလည်း သေချာစဉ်းစားစေချင်ပါတယ်..။စာရေးသူအမြင်ကို ပြောရရင် မြန်မာနိုင်ငံဟာ ခုချိန်မှာ တိုးတက်မှုလမ်းကို လျောက်လမ်းနေတဲ့အချိန်ပါ..။ မြန်မာနိုင်ငံရဲ့ အနာဂတ်မျိုးဆက်သစ်တွေကို ငွေကြေးတစ်ခုထဲကြည့်ပြီး ပင်လယ်ပြင်ထဲကို မထွက်စေချင်ပါဘူး။ တို့နိုင်ငံအတွက် အမှန်တကယ် လိုအပ်နေတဲ့ နေရာတွေမှာ အနာဂတ် လူငယ်တွေကို မြင်တွေ့ချင်ပါတယ်။ တော်တဲ့သူတွေ ခက်ခဲကြမ်းတမ်းလှတဲ့ ပင်လယ်ပြင်ထဲမှာ ဒုက္ခတွေနဲ့ဖြတ်သန်းမဲ့အစား ကုန်းပေါ်မှာဘဲ နိုင်ငံအတွက်-မိမိနဲ့မိသားစုအတွက် ကြိုးစားမယ်ဆိုရင် ပိုပြီးအဓိပ္ပါယ်ရှိမယ်လို့ ယူဆပါတယ်။ မြန်မာနိုင်ငံရဲ့ မိဘများအနေဖြင့်လည်း ဟောင်းနွမ်းတဲ့အယူအဆတွေကို စွန့်လွတ်ပြီး ကိုယ့်သားသမီးတွေရဲ့ အားသန်တဲ့လမ်းကို ရွေးချယ်ခွင့်ပြုစေချင်ကြောင်း …………
မောင်ကချင်(တောင်ပေါ်သား)
7th batch(MMU)
18 JULY 2013
Work smarter mate…not harder…
မြန်မာလိုဆီလျော်အောင်ဘာသာပြန်ရရင်တော့……"ကုန်းပြီးစွတ်လုပ်မနေနဲ့…ခေါင်းလေးဘာလေးသုံးဦး…" လို့ပဲပြန်ရမလား…… ဒီစကားလေးက ကျနော်လှန်လှောကြည့်ဖူးတဲ့ Navigation စာအုပ်တစ်အုပ်မှာ လူမျိုးခြားကပ္ပတိန်တစ်ယောက်ပြောထားတာကို quote လုပ်ထားတာပါ……သဘောကျလွန်းလို့မှတ်မိနေတာပါ……ဒီသင်္ဘောသားလောကမှာ seamanship နဲ့ showmanship ရယ်ဆိုပြီး ၂ မျိုးရှိကြောင်း ကျနော်စီးခဲ့တဲ့ ဂျပန်ပိုင်သင်္ဘောပေါ်က ဖိလစ်ပိနိုး crewတွေရဲ့လက်ချာကိုခံယူဖူးပါတယ်…… seamanship ဆိုတာတော့ အားလုံးသိတဲ့အတိုင်း သင်္ဘောသားကောင်းတစ်ယောက်ရဲ့အလေ့အထနဲ့ကျွမ်းကျင်မှုတွေပေါ့……showmanship ကျတော့ သူလဲကျွမ်းကျင်တာပဲတဲ့…ဘာကွာလဲဆိုတော့…သူကလုပ်နေတာမဟုတ်ဘူး……လှုပ်နေတာတဲ့……ဒါပေမဲ့ ကြည့်လိုက်ရင်တော့ သူ့အလုပ်ကို အတည်ပေါက်ကြီး အားကြိုးမာန်တက်လုပ်နေသယောင်ထင်ရတယ်…တကယ်တမ်းက သက်တောင့်သက်သာအပေါ်ယံလုပ်နေတာပါတဲ့…ဒါလဲ ကျွမ်းကျင်မှုတစ်ခုလိုတယ်ဆိုတာတော့ လက်ခံလိုက်ရပါတယ်…(စကားမစပ် ကျနော်နဲ့တွဲဖူးတဲ့ ဖား crew တွေ အရာရှိတွေကတော့ တစ်ယောက်မှ showmanship သမားပါတာမတွေ့ခဲ့ပါဘူး…တကယ်ကို သူတို့အလုပ်သူတို့ပိုင်တဲ့သူတွေချည်းပါပဲ) ခေါင်းစဉ်ကအစကိုပြန်ကောက်ရရင် ကပ္ပတိန်ကြီးပြောတာကို ကျနော်က ကိုယ့်ဘာသာ ဘာသာပြန်ကြည့်ပြီး သဘောကျနေတာပါ……ဒါပေမဲ့ သူပြောချင်တဲ့ စမတ်ကျကျအလုပ်လုပ်ပါဆိုတာကို ရေသာခိုအချောင်လိုက်တာနဲ့ ရောသွားမှာစိုးလို့ showmanship အကြောင်းကို ကြားဖြတ် ပဏာခံလိုက်ရတာဖြစ်ပါတယ်……ဒီလိုပါ……ဥပမာ ကိုယ်တွေ့နားလည်ခဲ့တာတစ်ခုနဲ့ချိန်ထိုးရရင်……Brazil, victoria ကိုကျနော်တို့ရောက်ခဲ့တုန်းက ကမ်းကပ်ထားတဲ့ သင်္ဘောတွေရဲ့ Rat guard တွေဟာ Mooring ropeတွေပေါ်မှာ ရှိမနေပဲ ဘေးကျနေတာမျိုးကို ဆိပ်ကမ်းရဲကတွေ့ခဲ့ရင် အဲဒီ့သင်္ဘောကို ဒေါ်လာ 4000(အတိအကျမမှတ်မိ) ငွေသားဒဏ်ရိုက်မယ်ဆိုတဲ့Port regulation ကြီး ရှိနေပါတယ်……ဒီတော့……Bosun ကြီးက ကျနော်တို့ကို ဘိလပ်မြေစပ်ခိုင်းပါတယ်……စပ်ဖျော်ထားတဲ့ဘိလပ်မြေတွေကို ပါတီတုန်းက ကျန်နေတဲ့ဘီယာဘူးခွံအဟောင်းတွေအထဲထည့်……ဘိလပ်မြေတွေခြောက်သွားတော့ အတော်အလေးချိန်စီးသွားပြီဖြစ်တဲ့ ဘီယာဘူးတွေကို ဆေးနီလေးတောင်သုတ်ခိုင်းလိုက်သေးဗျ…… ပြီးတော့ Rat guard တွေရဲ့ အလည်ပေါက်ဘေး တစ်ဖက်တစ်ချက်စီမှာ တစ်ဘူးစီ သံနန်းကြိုးနဲ့ တွဲတုပ်ပြီးချည်ထားလိုက်ရော……အဲ့လိုပြုပြင်ဖန်တီးလိုက်တဲ့ Rat guard တွေကို ချထားလိုက်ရင် တော်ရုံလေတိုက်တာလောက်ကတော့ သွားကြည့်စရာမလိုတော့ဘူး………မဟုတ်လို့ကတော့ Aft station တစ်ခုတည်းမှာတင် Gangway duty သမားခမျာ……တဟူးဟူးတိုက်လို့လွင့်ချင်ရာလွင့်နေတဲ့ Rat guard တွေကို သူ့နေရာသူရှိနေဖို့အရေး ပြေးပြေးပြီးနေရာပြန်ပြန်ချနေရတာ တစ်ချိန်လုံး ဆပ်ပြာသည် လင်ပျောက်သလို ဖြစ်နေရှာတာပါ……ဖြစ်ဆို…… မျက်မှန်အနက် ပေါင်မှာသေနတ်နဲ့ ဘရာဇီးဆိပ်ကမ်းရဲတွေကလဲ ကမ်းကပ်ထားသမျှ သင်္ဘောတွေကို ဒဏ်ကြေးရိုက်ဖို့အရေး တစ်ချိန်လုံး ပတ္တရောင်လှည့်နေတာကိုး……ဆိုလိုရင်းကတော့ ဆပ်ပြာသည်လင်ပျောက်နေရှာတဲ့ gangway duty သမားဟာ "Work harder" ပါ……(သူ့မူရင်း duty ဖြစ်တဲ့ ISPS code ကြီးကို အကောင်အထည်ဖော်ပြီး access control မလုပ်နိုင်တော့ပဲ ဒေါ်လာ 4000 တန် Rat guard တွေကိုပဲ အပြေးအလွှား ဗြဟ္မာ့ဦးခေါင်းလိုလိုက်ကိုင်နေရတာ အလကားသက်သက် အင်အားဖြုန်းတီးနေရတာပါ)
လက်လုပ်ဘီယာဘူးတွေချိတ်ထားလို့ လေအတော်ပြင်းမှသာ Rat guard တွေ ကျ/မကျ သွားစစ်ဆေးဖို့လိုတော့တဲ့အခါ "Work smarter" ဖြစ်သွားပါပြီ……
ဒါလေးက ကျနော် ပြောတတ် မပြောတတ်နဲ့ ဥပမာပေးလိုက်တာပါ……တကယ်တေမ်း အတွေ့အကြုံရင့်မာနေတဲ့ သင်္ဘောသားကြီးတွေမှာဆို ဒီထက်ကောင်းတဲ့ဖြတ်လမ်းနည်း ဥပမာတွေရှိမှာပါ………
ခေတ်ကာလရဲ့တန်ဖိုးကြီးတောင်းဆိုမှုတွေအရ စိန်ခေါ်မှုအသစ်သစ်တွေက ပင်လယ်ကူးသင်္ဘောသားတွေကို စောင့်ကြိုနေပါတယ်……ကိုလံဘတ်စ်ခေတ်ကလို မိုက်ပေ့ဆိုးပေ့ ဆိုတဲ့ အားကောင်းမောင်းသန် အရင်းမစိုက်လှေထိုးလိုက်တွေ ကမ်းကုန်လို့ရေထဲဆင်းလာတဲ့ ဂျစ်ပစီတွေကို အလိုမရှိတော့ပါဘူး……ပင်လယ်ပြင်ထွက်ဖို့အရေး ကျနော်တို့ ဘယ်လောက်အရင်းစိုက်ထားရလဲဆိုတာ အသိဆုံးဖြစ်ကြမှာပါ…… အလုပ်ကို ကြိုးကြိုးစားစားနဲ့ ခိုင်းတာလုပ်တတ်ရုံဆိုရပြီ ဆိုတဲ့အတွေးကိုထားခဲ့ပြီး ဘယ်လိုစမတ်ကျကျနဲ့သူများဆယ်လှမ်းကို ကိုယ်တစ်လှမ်းလှမ်းရင် ကောင်းမလဲဆိုတဲ့စိတ်ကူးလေးတွေစတင်ဖို့အချိန်ကျလာပြီလို့ထင်ပါတယ်………အထက်လူကြီးစိတ်ကျေနပ်ရုံနဲ့လုပ်တဲ့သူနဲ့ အထက်လူကြီးအံ့အားသင့်အောင်လုပ်ပြနိုင်တဲ့သူ ရေရှည်မှာကွာသွားပါလိမ့်မယ်……ဒီနေရာမှာ စမတ်ကျကျလုပ်နိုင်ဖို့ ဘာလိုအပ်လဲလို့ဆိုရင် အခြေခံကျဆုံးနဲ့ အရိုးရှင်းဆုံးအဖြေက "Common sense" ပါပဲ……(ရေးသူ ကျနော်ကိုယ်တိုင် Common sense အလွန်အားနည်းကြောင်း လမ်းကြုံကြေငြာပါရစေ ) ဟုတ်ပါတယ်……တစ်ခါတစ်လေမှာ ကျနော်တို့တွေဟာ အရိုးရှင်းဆုံးသဘောတရားတွေကိုမေ့ထားပြီး နက်နက်နဲနဲနည်းလမ်းတွေလိုက်တွေးမိနေတတ်ပါတယ်……။ ဖတ်ရှုသူအားလုံးကို လေးစားကျေးဇူးတင်လျှက်…………
-Aye Sad
TO OUR SEAFARERS
Indonesia / Padang Berth # Jetty 7B မှာဖြစ်ပျက်သွားတဲ့အဖြစ်အပျက် 1 ခုပါ။
အဲ့ဒီနေရာအနီးတ၀ိုက်မှာသွားလာလှုပ်ရှားနေတဲ့လုပ်ဖော်ကိုင်ဖက်သဘောင်္သားတွေအားလုံးသတိထားရအောင်လို့ပါ။
ဘာလို့လဲဆိုတော့အဲ့ဒီနေရာမှာလုပ်ဖော်ကိုင်ဖက်သဘောင်္သား1ယောက်ဖိတ်စင်ကြွေလွင့်ခဲ့ရပါ တယ်။
ဘာကြောင့်လဲဆိုတော့local Alcoholကြောင့်ပါ။သောက်ပြီး5နာရီ6နာရီခန့်မှာထိုသူသည်နေမထိထိုင်မ
သာဖြစ်လာပါသည်။ပြီးတော့အနီးနားလူကိုသူနေမကောင်းဘူးဟုပြောသည်။သိပ်မကြာပါ,သူ့လုပ်ဖော်ကိုင်ဖက်
သဘောင်္သား1ယောက်အခန်းမှာအမောစဖောက်လာပါသည်။မျက်လုံးများပြာလာသည်ဟုပြောသည်။စကားသိပ်
မပြောနိုင်တော့အဲ့ဒီအချိန်မှာ Vessel ပေါ်မှာရသလောက် precaution များယူပြီး Oxygen ပေး, Blood pressure
များတိုင်းကြည့်သည်။ Very high pressure 175/138. Oxygen ပေးရင်းဖြင့် Ambulance ကားဖြင့်Hospital
သို့ချက်ခြင်းပို့ဆောင်ပါသည်။မမှီတော့ပါ။ဆေးရုံအရောက် မှာဆုံးပါးသွားခဲ့ရပါသည်။ ကျွန်တော်တို့ vessel
မတိုင်ခင်အခြားသဘောင်္သား 2ဦ3းဦးခန့် လည်းအလားတူအဖြစ်အပျက်မျိုးဖြစ်ပျက်ခဲ့ပါတယ်(နောက်မှသိခဲ့ရတာပါ)း
ပြီးတော့လဲအဲ့ဒီဒေသခံတွေကသူတို့ local Alcohol အကြောင်းကိုသိပုံပေါ်ပါတယ် (As Agent’s speech)။
ဖြစ်သွားတဲ့လူတွေအားလုံးဟာရေခြားမြေခြား localအကြောင်းကိုမသိတဲ့သဘောင်္သားတွေပါ။
အဲ့ဒါကြောင့်နောက်နောင်အဲ့ဒီနေရာကိုညီတော်နောင်တော် Seafarers များရောက်ခဲ့လျှင်အထူးသတိ
ထားကြဖို့- အလားတူအဖြစ်အပျက်မျိုးထပ်မံမပေါ်ပေါက်စေရန်ရည်ရွယ်၍ဒီpost ကိုတင်လိုက်ပါသည်။
VON VOYAGE FOR ALL
M3
မြန်မာနိုင်ငံ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သင်္ဘောသားများ၏ သင်္ဘောသားလက်မှတ် (စီဒီစီ)အား စက်တင်ဘာလ ကုန်ပိုင်းထိသာ ထုတ်ပေးတော့မည်
မြန်မာနိုင်ငံ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ
သင်္ဘောသားများအား သင်္ဘောသားလက်မှတ် (စီဒီစီ)စာအုပ်အား ပြန်လည်ထုတ်ယူရန်
ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊
သင်္ဘောသားဌာနခွဲမှ သတင်းရရှိသည်။
ယခင်က ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ သင်္ဘောသား ဌာနခွဲတွင်
သင်္ဘောသားများ၏ လုပ်သက်မှတ်တမ်း စာအုပ်ဖြစ်သော စီဒီစီစာအုပ်အား ယခင်က
သင်္ဘောသားများ ပြည်ပသင်္ဘောများပေါ်တွင် တာဝန်ထမ်းဆောင်ပြီး ရန်ကုန်သို့
ပြန်လည်ရောက်ရှိချိန်တွင် ထိန်းသိမ်းထားရှိပြီး၊ ပြည်ပသို့ ပြန်လည်ထွက်ခွာ
ချိန်မှသာလျှင် စီဒီစီ ထုတ်ပေးခဲ့ကြောင်း သိရသည်။
သို့သော် ၂၀၁၂ ခုနှစ်၊ ဇူလိုင် ၁၂ ရက်မှ စတင်ပြီး စီဒီစီအား
ကာယကံရှင်ကိုယ်တိုင် ထိန်းသိမ်းနိုင်ရန် ပြန်လည်ထုတ်ပေးလျက်ရှိကြောင်း
သိရသည်။ ယင်းသို့ သင်္ဘောသားများအား စီဒီစီစာအုပ်များ
ပြန်လည်ထုတ်ပေးရခြင်းမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ပြည်ဝင်ပြည်ထွက်
ခရီးသည်များ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း သိရသည်။
"စီဒီစီ စာအုပ်တွေကို သင်္ဘောသားတွေ လက်ထဲမှာ ကိုင်ဆောင်ထားနိုင်အောင်
ထုတ်ပေးနေပါတယ်။ ခုလို ထုတ်ပေးမှုတွေကို စက်တင်ဘာလ ၃၀ ရက် နောက်ဆုံးထားပြီး
ထုတ်ပေးသွားမှာပါ" ဟု ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ
တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ၂၀၁၃ ခုနှစ်၊ ဇွန် ၃၀ ရက်အထိ
စီဒီစီစာအုပ် စုစုပေါင်း ၉၀၅၄၀ စာအုပ် ထုတ်ပေးထားပြီးဖြစ်ကြောင်း သိရသည်။
via Eleven Media Group
(PLP)
AKADEMIK LOMONOSOV
လမ်းပန်းဆက်သွယ်မှုခက်ခဲပြီး ဝေးလံခေါင်ဖြားတဲ့ ရုရှားနိုင်ငံရဲ့ နေရာဒေသများကို စွမ်းအင် အထောက်အပံ့ပေးနိုင်ဖို့အတွက် AKADEMIK LOMONOSOV လို့အမည်ပေးထားတဲ့ နျူကလီးယားဓာတ်အားထောက်ပံ့သင်္ဘောကို သုံးနှစ်အတွင်းအပြီးတည်ဆောက်မယ်လို့ ကြားသိရပါတယ်။
"၂၀၁၆မှာ ဒီလို တုနှိုင်းမဲ့ သင်္ဘောကို အသုံးပြုရန်အတွက် အသင့်ဖြစ်နေရပါမယ်"
ဒါကတော့ မကြာသေးခင်က စိန့်ပီတာစဘတ်မြို့မှာကျင်းပခဲ့တဲ့ (၆)ကြိမ်မြောက် နိုင်ငံတကာ ရေတပ်ဆိုင်ရာပြပွဲအခမ်းအနားမှာ ရုရှားနိုင်ငံရဲ့ အကြီးဆုံးသင်္ဘောတည်ဆောက်ရေး သင်္ဘောကျင်းတစ်ခုဖြစ်တဲ့ ဘောလ်တစ်သင်္ဘောကျင်း၊ အထွေထွေညွှန်ကြားရေးမှူး Aleksandr Voznesensky က ဇွန်လ ၇ရက်နေ့မှာ သတင်းထောက်များကို ပြောကြားခဲ့တာဖြစ်ပါတယ်။
AKADEMIK LOMONOSOV သင်္ဘောဟာ ကမ္ဘာ့ပထမဆုံးသော နျူကလီးယားဓာတ်အားထောက်ပံ့သင်္ဘော ဖြစ်လာမယ်ဆိုတာကိုလဲ ကြားသိရပါတယ်။
ဒီသင်္ဘောဟာ ရုရှားရဲ့ အလှမ်းဝေးသောနေရာဒေသများကို စွမ်းအင် သာမက သောက်သုံးရေကိုပါ ထုတ်လုပ်ထောက်ပံ့နိုင်မှာဖြစ်ပါတယ်။ ထို့အပြင် စက်မှုဇုန်များ၊ ဆိပ်ကမ်းဒေသများ၊ ကမ်းလွန် ရေနံနှင့်ဓာတ်ငွေ့တူးဖော်ရေးစင်များအတွက် ထောက်ပံ့မှုပေးရာတွင် အဆင်ပြေစေရန်အလို့ငှာ ဒီဇိုင်း တီထွင်ဆောက်လုပ်ထားပါသေးတယ်။
ယခုလို ရေပေါ်နျူဓာတ်အားပေးစီမံကိန်းဟာ ရုရှားနိုင်ငံ၏ အရှေ့ဘက်ဒေသများနှင့် လွန်စွာဝေးကွာသော မြောက်ဘက်ကမ်းရိုးတန်းတစ်လျှောက်ရှိ မြို့ဒေသများ ဖွံဖြိုးတိုးတက်ဖို့အတွက်လဲ မျှော်လင့်ရပါတယ်။ ရုရှားအနေနဲ့လဲ ဒီလိုသင်္ဘောအမျိုးအစားများကို တွင်းထွက်သတ္တုသိုက်ရှိတဲ့နေရာတွေနှင့် နိုင်ငံပြင်ပမှမှာရှိတဲ့ အခြေစိုက်စခန်းတွေကိုထောက်ပံ့ဖို့ ရည်ရွယ်မှာပါ။
ဝန်ထမ်းဦးရေ ၆၉ဦးတာဝန်ယူ ထမ်းဆောင်မည့် ၂၁၅၀၀တန်ချိန်ရှိတဲ့ ဒီသင်္ဘောမှာ လူဦးရေ ၂သိန်းခန့်ရှိသောမြို့တစ်မြို့ကို ဓာတ်အား လုံလောက်စွာထောက်ပံ့နိုင်မည့် KLT 40 ဓာတ်ပေါင်းဖို ၂လုံးက လျှပ်စစ်စွမ်းအင် ၇၀မဂ္ဂါဝပ်ခန့် ထုတ်လွှတ်နိုင်မှာဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်ခင်ဗျ။
General characteristics of AKADEMIK LOMONOSOV
Class & type: Nuclear power station barge
Displacement: 21,500 tonnes
Length: 144.4 m (474 ft)
Beam: 30 m (98 ft)
Height: 10 m (33 ft)
Draft: 5.6 m (18 ft)
Crew: 69
Notes: 2 modified KLT-40S Nuclear Reactors (Icebreaker type) producing 70 MW electric or 300 MW heat power
Akademik Lomonosov is a non-self-propelled vessel to be operated as the first Russian floating nuclear power station. The ship was named after Academician Mikhail Lomonosov.
(PLP)
credit to sourses: wikipedia, neurope.eu, shipspotting.com
"၂၀၁၆မှာ ဒီလို တုနှိုင်းမဲ့ သင်္ဘောကို အသုံးပြုရန်အတွက် အသင့်ဖြစ်နေရပါမယ်"
ဒါကတော့ မကြာသေးခင်က စိန့်ပီတာစဘတ်မြို့မှာကျင်းပခဲ့တဲ့ (၆)ကြိမ်မြောက် နိုင်ငံတကာ ရေတပ်ဆိုင်ရာပြပွဲအခမ်းအနားမှာ ရုရှားနိုင်ငံရဲ့ အကြီးဆုံးသင်္ဘောတည်ဆောက်ရေး သင်္ဘောကျင်းတစ်ခုဖြစ်တဲ့ ဘောလ်တစ်သင်္ဘောကျင်း၊ အထွေထွေညွှန်ကြားရေးမှူး Aleksandr Voznesensky က ဇွန်လ ၇ရက်နေ့မှာ သတင်းထောက်များကို ပြောကြားခဲ့တာဖြစ်ပါတယ်။
AKADEMIK LOMONOSOV သင်္ဘောဟာ ကမ္ဘာ့ပထမဆုံးသော နျူကလီးယားဓာတ်အားထောက်ပံ့သင်္ဘော ဖြစ်လာမယ်ဆိုတာကိုလဲ ကြားသိရပါတယ်။
ဒီသင်္ဘောဟာ ရုရှားရဲ့ အလှမ်းဝေးသောနေရာဒေသများကို စွမ်းအင် သာမက သောက်သုံးရေကိုပါ ထုတ်လုပ်ထောက်ပံ့နိုင်မှာဖြစ်ပါတယ်။ ထို့အပြင် စက်မှုဇုန်များ၊ ဆိပ်ကမ်းဒေသများ၊ ကမ်းလွန် ရေနံနှင့်ဓာတ်ငွေ့တူးဖော်ရေးစင်များအတွက် ထောက်ပံ့မှုပေးရာတွင် အဆင်ပြေစေရန်အလို့ငှာ ဒီဇိုင်း တီထွင်ဆောက်လုပ်ထားပါသေးတယ်။
ယခုလို ရေပေါ်နျူဓာတ်အားပေးစီမံကိန်းဟာ ရုရှားနိုင်ငံ၏ အရှေ့ဘက်ဒေသများနှင့် လွန်စွာဝေးကွာသော မြောက်ဘက်ကမ်းရိုးတန်းတစ်လျှောက်ရှိ မြို့ဒေသများ ဖွံဖြိုးတိုးတက်ဖို့အတွက်လဲ မျှော်လင့်ရပါတယ်။ ရုရှားအနေနဲ့လဲ ဒီလိုသင်္ဘောအမျိုးအစားများကို တွင်းထွက်သတ္တုသိုက်ရှိတဲ့နေရာတွေနှင့် နိုင်ငံပြင်ပမှမှာရှိတဲ့ အခြေစိုက်စခန်းတွေကိုထောက်ပံ့ဖို့ ရည်ရွယ်မှာပါ။
ဝန်ထမ်းဦးရေ ၆၉ဦးတာဝန်ယူ ထမ်းဆောင်မည့် ၂၁၅၀၀တန်ချိန်ရှိတဲ့ ဒီသင်္ဘောမှာ လူဦးရေ ၂သိန်းခန့်ရှိသောမြို့တစ်မြို့ကို ဓာတ်အား လုံလောက်စွာထောက်ပံ့နိုင်မည့် KLT 40 ဓာတ်ပေါင်းဖို ၂လုံးက လျှပ်စစ်စွမ်းအင် ၇၀မဂ္ဂါဝပ်ခန့် ထုတ်လွှတ်နိုင်မှာဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်ခင်ဗျ။
General characteristics of AKADEMIK LOMONOSOV
Class & type: Nuclear power station barge
Displacement: 21,500 tonnes
Length: 144.4 m (474 ft)
Beam: 30 m (98 ft)
Height: 10 m (33 ft)
Draft: 5.6 m (18 ft)
Crew: 69
Notes: 2 modified KLT-40S Nuclear Reactors (Icebreaker type) producing 70 MW electric or 300 MW heat power
Akademik Lomonosov is a non-self-propelled vessel to be operated as the first Russian floating nuclear power station. The ship was named after Academician Mikhail Lomonosov.
(PLP)
credit to sourses: wikipedia, neurope.eu, shipspotting.com
oww စနစ်သစ်အတွက်examဖောင်တင်ရန်လိုအပ်ချက်..
.( ရေကြောင်းဆင်းများအတွက် )
1. course of completion certificate (original)
2. accepted for sea service ထောက်ခံစာ (original)
3. ၆လအတွင်းစ်ဆေးထားသောeye test (original)
4. CDC (copy)
5. ရေကြောင်းဆင်းလက်မှတ် (iriginal + copy)
6. COC size ဓါတ်ပုံ ( 4 ပုံ )
7. ကိုယ်ရေးရာဇဝင်အကျဉ်းချုပ်
8. စာမေးပွဲကြေး
1. course of completion certificate (original)
2. accepted for sea service ထောက်ခံစာ (original)
3. ၆လအတွင်းစ်ဆေးထားသောeye test (original)
4. CDC (copy)
5. ရေကြောင်းဆင်းလက်မှတ် (iriginal + copy)
6. COC size ဓါတ်ပုံ ( 4 ပုံ )
7. ကိုယ်ရေးရာဇဝင်အကျဉ်းချုပ်
8. စာမေးပွဲကြေး
သဘောင်္သားနဲ့ ရန်သူမျိုးငါးပါး
Kyi Min Han
သဘောင်္သားနဲ့ ရန်သူမျိုးငါးပါး
ကျွန်တော်တို့ သဘောင်္သားတွေဟာ ရန်သူမျိုးငါးပါးနဲ့အမြဲလိုလိုရင်ဆိုင်နေရတာပါဗျာ။
မယုံမရှိပါနဲ့။ ကျွန်တော်သေချာပြောပြမယ်။နားထောင် ။
ရေ သဘောင်္လိုက်ပါတယ်ဆိုမှ ရေကတော့အမြဲကိုပတ်လည်ဝိုင်းနေတော့တာပါပဲ။ သူတစ်ယောက်ထဲဒုက္ခပေးရတာအားမရလို့ သူ့ အမျိုးတွေဖြစ်တဲ့ မုန်တိုင်းတို့  လှိုင်းတို့ လဲခေါ်လာတတ်သေးတယ်ဗျ။
မီး သူကလဲတော်တော့်ကိုဆိုးတဲ့အထဲမှာပါတယ်ဗျ။ သဘောင်္တွေမှာတစ်ခုခုဖြစ်ပြီဆိုရင် များသောအားဖြင့်
မီးလောင်တာများတယ်။ ပင်လယ်ထဲကရေတွေနဲ့ ပက်ပေါ့ လို့ မပြောနဲ့အုန်းဗျ။ ပက်တာများလို့ စုပ်ထုပ်လို့ မနိုင်ရင် မီးလောင်တာရော သဘောင်္နစ်တာပါ နှစ်မျိုးဖြစ်သွားမယ်။မီးသိပ်ကြီးလာရင် ငြိမ်းလို့ မနိုင်လို့  သဘောင်္
ရှေ့ သွားပြီးထိုင်ကြည့်လို့  အကူအညီကိုစောင့်ရတာတွေတောင်ရှိပါသတဲ့။
မင်း အာဏာပိုင် ဆိပ်ကမ်းကပ်လို့ ကတော့ ကျွန်တော်တို့  ဘဝက ကုန်းပေါ်ကလာတဲ့ ယူနီဖောင်းဝတ်မှန်
သမျှကြောက်နေရတဲ့ဘဝပါဗျာ။ တစ်ကယ့်ကိုယ် အမျိုးကလည်းစုံလှပါတယ်။ Custom,Immigration, port health, police, portstate flagstate, internal affair စသည်စသည်ဖြင့် လာလာပြီးဓားပြတိုက်နေကြတာ
ပြောမယုံ ကြုံဖူးမှသိမှာပါဗျာ။
ခိုးသူ ဓားပြ သူတို့ ကလဲ တစ်မှောက်ဗျို့  သဘောင်္က သံတိုသံစ ကမ်းမှာကပ်ဖို့ ထားတဲ့သဘောင်္ကြိုး ခိုးတာကအစ သဘောင်္တစ်စီးလုံးမှာရှိတဲ့သဘောင်္သားအကုန်သတ်ပြီး သဘောင်္ပါအပျောက်ရှင်းတဲ့ အထိ
အမျိုးအစားကများလှပါတယ်။ somalia ဓားပြတွေဆိုရင် တော်တော်များသိကြမှာပါဗျာ။
မချစ်မနှစ်သက်သောသူ သဘောင်္ပေါ်မှာ ကိုယ့်လူမျိုးကြီးပဲရှိတာမဟုတ်ဘူးဗျ။ တစ်ကယ့်ကို ပါပါ့လူမျိုး ၉၉
ရောနေတာ။လူမျိုးကပေါ်င်းစုံဆိုတော့အကျင့်စရိုက်ကလဲပေါင်းစုံပေါ့ဗျာ။ ကိုယ်နဲ့အကြောမတဲ့ကောင်ပါလာပြီဆိုရင် စိတ်ဆင်းရဲဖို့ သာပြင်တော့ ဗျို့ ။ တစ်နေ့ တစ်နေ့  ကိုယ်မမြင်ချင်တဲ့
မျက်ခွက်ကို ကိုယ့်ကန်ထရိုက် မပြီးခင်အထိ မမြင်ချင်လဲမြင်နေရတဲ့ဘဝကို ကိုယ်ချင်းစာကြည့်ပါဗျာ။
သဘောင်္သားနဲ့ ရန်သူမျိုးငါးပါး
ကျွန်တော်တို့ သဘောင်္သားတွေဟာ ရန်သူမျိုးငါးပါးနဲ့အမြဲလိုလိုရင်ဆိုင်နေရတာပါဗျာ။
မယုံမရှိပါနဲ့။ ကျွန်တော်သေချာပြောပြမယ်။နားထောင် ။
ရေ သဘောင်္လိုက်ပါတယ်ဆိုမှ ရေကတော့အမြဲကိုပတ်လည်ဝိုင်းနေတော့တာပါပဲ။ သူတစ်ယောက်ထဲဒုက္ခပေးရတာအားမရလို့ သူ့ အမျိုးတွေဖြစ်တဲ့ မုန်တိုင်းတို့  လှိုင်းတို့ လဲခေါ်လာတတ်သေးတယ်ဗျ။
မီး သူကလဲတော်တော့်ကိုဆိုးတဲ့အထဲမှာပါတယ်ဗျ။ သဘောင်္တွေမှာတစ်ခုခုဖြစ်ပြီဆိုရင် များသောအားဖြင့်
မီးလောင်တာများတယ်။ ပင်လယ်ထဲကရေတွေနဲ့ ပက်ပေါ့ လို့ မပြောနဲ့အုန်းဗျ။ ပက်တာများလို့ စုပ်ထုပ်လို့ မနိုင်ရင် မီးလောင်တာရော သဘောင်္နစ်တာပါ နှစ်မျိုးဖြစ်သွားမယ်။မီးသိပ်ကြီးလာရင် ငြိမ်းလို့ မနိုင်လို့  သဘောင်္
ရှေ့ သွားပြီးထိုင်ကြည့်လို့  အကူအညီကိုစောင့်ရတာတွေတောင်ရှိပါသတဲ့။
မင်း အာဏာပိုင် ဆိပ်ကမ်းကပ်လို့ ကတော့ ကျွန်တော်တို့  ဘဝက ကုန်းပေါ်ကလာတဲ့ ယူနီဖောင်းဝတ်မှန်
သမျှကြောက်နေရတဲ့ဘဝပါဗျာ။ တစ်ကယ့်ကိုယ် အမျိုးကလည်းစုံလှပါတယ်။ Custom,Immigration, port health, police, portstate flagstate, internal affair စသည်စသည်ဖြင့် လာလာပြီးဓားပြတိုက်နေကြတာ
ပြောမယုံ ကြုံဖူးမှသိမှာပါဗျာ။
ခိုးသူ ဓားပြ သူတို့ ကလဲ တစ်မှောက်ဗျို့  သဘောင်္က သံတိုသံစ ကမ်းမှာကပ်ဖို့ ထားတဲ့သဘောင်္ကြိုး ခိုးတာကအစ သဘောင်္တစ်စီးလုံးမှာရှိတဲ့သဘောင်္သားအကုန်သတ်ပြီး သဘောင်္ပါအပျောက်ရှင်းတဲ့ အထိ
အမျိုးအစားကများလှပါတယ်။ somalia ဓားပြတွေဆိုရင် တော်တော်များသိကြမှာပါဗျာ။
မချစ်မနှစ်သက်သောသူ သဘောင်္ပေါ်မှာ ကိုယ့်လူမျိုးကြီးပဲရှိတာမဟုတ်ဘူးဗျ။ တစ်ကယ့်ကို ပါပါ့လူမျိုး ၉၉
ရောနေတာ။လူမျိုးကပေါ်င်းစုံဆိုတော့အကျင့်စရိုက်ကလဲပေါင်းစုံပေါ့ဗျာ။ ကိုယ်နဲ့အကြောမတဲ့ကောင်ပါလာပြီဆိုရင် စိတ်ဆင်းရဲဖို့ သာပြင်တော့ ဗျို့ ။ တစ်နေ့ တစ်နေ့  ကိုယ်မမြင်ချင်တဲ့
မျက်ခွက်ကို ကိုယ့်ကန်ထရိုက် မပြီးခင်အထိ မမြင်ချင်လဲမြင်နေရတဲ့ဘဝကို ကိုယ်ချင်းစာကြည့်ပါဗျာ။
Monday, July 1, 2013
လူငယ် နဲ့ ရေကြောင်း..(၃)။
ကုန်း ၃ ဘ၀ ။ ၁၉၉၁- ၁၉၉၂
တတိယ အရာရှိ ဘ၀ ကို ကျနော့် အိပ်ကပ် ထဲ မှာ စင်ကာပူ ဒေါ်လာ ၁၀၀ နဲ့ စခဲ့ပါတယ်။
ပထမ ဆုံး အရာ ရှိ အဖြစ် နဲ့ သင်္ဘော ဂျွိုင်း တော့ မိုင်ယာမီ ကိုရောက် ဖို့ အဆင့် ဆင့် လေယဉ်စီး ရတဲ့ အခါ
အမေရိကန် ပြည်တွင်း ဖလိုက် မှာအသားရောင် ခွဲခြား ခံရပါတယ်။
ဘေးက အဖြူ ကောင် အမေရိကန် က ကျနော် နဲ့ မထိုင် ချင် ဘူး လေယဉ်မယ် ကိုတိုင် တယ်
အလည်ခုံ မှာ ကျတဲ့ ကျနော့် ကို အတ္တဘောကြီးက လက် တင် ခုံကို အပြည့် ယူထားပြီး နဲနဲလေး
ထိတာနဲ့ တစ်တောင် နဲ့ တွက် ပါတယ်။ တော်တော် သီးခံခဲ့ရသလို စိတ်အားငယ်နေတဲ့ ကြားထဲ ပိုစိတ်ညစ် ခဲ့ရတယ် ။
ပြော ပြချင်တာ က အမေရိက လိုနိုင် ငံမှာတောင် ဒီမိုကရေစီ တို့ လူ့ အခွင့်ရေးတို့ ဆိုတာမပြတ်သားပါဘူးလို့။
သင်္ဘော က ၃ရက် နောက် ကျ လို့ Miami ကမ်းခြေ ကြီး မှာ နေနေရပေမဲ့ ပိုက် ဆံ မရှိ လို့ ဟော်တယ်မှာ ဘဲ အိပ် နေမိပါတယ်။
သင်္ဘောပေါ် ရောက်တော့လဲ အသက် ငယ်လွန်း တဲ့ အရာရှိကို
ကုလား သူကြီးက သူ့ မျက် မှန်အောက်ကနေ စိုးရိမ်မကင်းတဲ့ မျက် လုံးတွေ နဲ့ ကြည့်ရှာတယ်။
သင်္ဘောက ကွန် တိန်နာ သင်္ဘော အကြီး အဟောင်း ပါ အရင် Steam Ship ကို ပြောင်းထားတဲ့ ခါးဆက် ထားတဲ့ သင်္ဘော
ပေမဲ့ Stabilizer ပါတဲ့ သင်္ဘောကြီး ဖြစ် နေပါတယ်။အတွေ့ အကြုံ သစ်တွေ များစွာ ရခဲ့တယ်။
အရာရှိချုပ် နဲ့ စစဦးမှာရန်စဖြစ်ပါတယ် ကျနော်တို့ က NOL မှာ Cadet ပေမဲ့ Watch ယူရင် စဆုံးဒေါင့်စေ့အောင်လုပ်ပြီး
အရာရှိက ဆိုင်းလာထိုးရုံ သက်သက် ပါ အလုပ် ကျွမ်း ကျင် ပြီးသာ တွေ ပါ။
ရန်ဖြစ်ရတာက Walkie Talkie ကနေ ကျနော် ကို ကွန် တိန်နာအောက် က ကျန်နေတဲ့Lashing Gear တွေ သယ်ခိုင်းလို့ပါ
ဒါ ကျနော့် အလုပ် မဟုတ် တဲ့ အပြင် အသက် အန္တရယ် ရှိ လို့ ဘကုန်း ကုလား ကို ပြန်ပြောမိတော့
ပွဲ ကြီး ပွဲကောင်း ဖြစ် ပြီ ထင်ပေမဲ့ နောက် ၃ ရက် မှာသူဆင်းပြီး စလုံး ကုန်းကြောင်တက် လာတာနဲ့ တစ်ခန်းရပ်သွားတယ်။
ပြသနာကတော့ Crew တွေ အားလုံး ဟာ အင်မတန် ပြောဆို ရခက် တဲ့ စလုံးတွေ ဖြစ်နေတယ် ။
ဂျူတီ စယူတဲ့ Departure station မှာ ရန်စဖြစ်ပါတယ်။ သင်္ဘောသားက မလေးလူမျိုး ပါ ..
သူ Heaving Line ပစ် လို့ ကမ်းမရောက်တာ ကို ကျနော့် ကြောင့်လို့ ရမယ်ရှာပြီး ခလေးသာသာ
ကျနော့် ကို ပြသနာ ရှာ လို့ ရန်ဖြစ် ကြတယ် သူက ရင်ဘတ် ကို လက် သီးနဲ့ ထိုးတော့
ကျနော်က သူ့ ကို လက်တုန့် မပြန်ဘူး ကြောက်လဲမကြောက်ဘူး ..ပြန်ထိုးရင် ၂ယောက် လုံး အလုပ် ပြုတ် မှာသိလို့
မင်း ကို တရားဝင် အရေးယူမယ်ဆိုတော့ ...အရပ် ၆ပေလောက် ရှိတဲ့ ကောင်က ကြောက်ပြီး ဘိုဆင် ကို ပြေးတိုင်တယ်။
အရာရှိကို ကိုထိလက် ရောက် ကျူး လွန် တော့ ဘိုဆင် ကလည်း ကျနော့် ကို တောင်းပန်ပေမဲ့ ဦးစီးမှူး ကို အကျိုးကြောင်းပြောတော့
အေဘီ ကောင်က ရှစ် ခိုးမတတ် တောင်းပန်တာနဲ့ ကြေ အေး ပေးလိုက် ပါတယ်..
နောက် ပိုင်း သင်္ဘောသားတွေ တစ်ကောင်မှ ပြသနာ မရှာတော့ ပေ ...
သင်္ဘော က USA Coast မှာ ဆိပ် ကမ်းတွေ ၀င် ထွက် ရင်းနဲ့ အသားကျ လာချိန်မှာဘဲ
သင်္ဘော က ကုန်းနှစ် ရေကျောက် ပေါက် လို့ နောက် ဆုံး ဆိပ် ကမ်းမှာ အရေးပေါ် ဆင်းတာက နေ ရှောင် တစ်ခင် ကုန်း နှစ် နေရာ ယူရပြန်တယ်။
သူကြီးက ၈-၁၂ ကို ယူ လိုက် ရတော့ ညဘက် တွေ Atlantic ဖြတ် တော့ ကျနော့် ကို လွှတ်ပေးထားရင်းနဲ့ ဘဲ ယုံကြည်မှု ရသွားတယ်
ကျနော် ကတော့ ဂျူတီ ယူချိန် တိုင်း ချွေးပျံနေဆဲ ပါဘဲ သင်္ဘောတွေ ဆို ၁၅ မိုင် လောက် ထဲ က ကြောက်ပြီးရှောင် နေမိတယ်...
အဲဒီလိုနဲ့ အန္တလန် တိတ်ကိုဖြတ် မြေထဲ ပင်လယ် ကိုကျော် ဆူးအက်ရောက်မှ ကုန်းနှစ် အသစ်ရောက်လာတယ်။
အဲဒီသင်္ဘောမှာ အရာရှိပါးဝရုံတင်မက ဘူးနာမည်ကောင်းလက် မှတ် ရလာတော့ သူကြီး က မင်းတော် တယ် ကွန်တိန်နာထက် သာတဲ့
ရေနံတင် တင် သင်္ဘော တွေ ပေါ် သွားဘို့ Recommend ပေးမယ် ရုံး မှာသွားတောင်း ဆို တာနဲ့
သင်္ဘောအဆင်းမှာ ၅ စီးထဲ ရှိ တဲ့ ရေနံတင် သင်္ဘောတွေ ကို တက် ရဘို့ တောင်းဆို တာ ကို ရုံး ကလိုက်ရော လိုက် လို့
ကျနော့် ဘ၀ ရဲ့ ပထမ အမှား ဖြစ် သွားပါတော့တယ်။
ကြားထဲ မှာ ကွန်တိန် နာ Feeder တစ်စီးမှာ ၂လ လိုက် ပေးရတယ် ကျနော် တို့ လိုင်း က အဆိုးဆုံး သူကြီး ရဲ့ ချီးမွမ်းခံရလို့
ကျနော် ရဲ့ တက် ကြွမှူတွေ ဟာ အမြင် ကပ် စရာ ကောင်းလောက် အောင် နထင် ကိုသွေးရောက်စေခဲ့တယ်။
ဒါပေမဲ့ ပထမဆုံး ရေနံတင် သင်္ဘောကြီးပေါ် ခြေ ချ မိလိုက် ကတည်းက အမှားကြီးမှားသွားတာကို သိလိုက် ရတော့တယ်။
သူကြီးက အင်္ဂလိပ် ရေနံတင် သင်္ဘော ကို သေချာ မလိုက် ဖူး ဘဲ တက်နေတဲ့ အာဝါးဒါး
ကုန်းကြောင်က မလေး ကုလား ကျနော့် ကို စတက် ကတည်း က ရေနံတင် သင်္ဘောမှာ အလုပ် သင် နဲ့ မလိုက် ဖူး လို့
သူကျနော့် ကို အလိုမရှိ ကြောင်းတွင် တွင် ပြောပြီးဘာမှ မသင်ပေးချင်သူ
ကုန်းနှစ် က စလုံး ဘိုကပြား ကျနော့် ကို အဖက် လုပ် စကားမပြောတော့ အားကိုးမရှိ ဖြစ် ပြီး
သူကြီးက ကျနော့် ကို အမြန်ဆုံး အလုပ် က ဖြုတ် ဘို့ အနည်းဆုံး ကွန် တိန် နာ ကို ပြန် ပြောင်းစေဖို့ ဖိအားစပေးပါတယ်။
ပထမ ၂ လ မှာ အလူးအလဲ အနှိပ်စက် ခံရပြီး မလေးကုလား ကုန်းချုပ် ဆင်းသွားတော့မှ အသစ်ရောက်လာတဲ့ ပြည်ကြီး ကုလား
ကုန်းကြောင် ငယ်ငယ်လေး က ကျနော်နဲ့နောက် ပိုင်း မှာ ညီအစ်ကို လိုခင် မင် သွားရာကနေ သူ့ ဆီ က Tanker ပညာရပ် တွေ များစွာ
သိလာရပါတော့တယ်။
သူကလဲ ပွင့်ပွင့် လင်းလင်းပြောပါတယ် ဆီတင် သင်္ဘော မှာ အလုပ် သင် မလုပ် ဘူးလို့ Tanker မှာ စီနီယာ အရာရှိ ဖြစ် လာရင်
ကျနော့် အတွက် အခက် ခဲတွေ ဖြစ် လာနိုင် တဲ့ အကြောင်းပြောတော့ တော် တော် စိတ်ဓါတ် ကျသွားပါတယ်။
ဒုတိယ ဆီတင် သင်္ဘော အတက် မှာ ရာထူးတိုးပါတယ် ကုန်းနှစ် ဖြစ် လေပြီ။
ကုန်း (၂) ဘ၀ (ဆယ်နှစ်တာ ) ၁၉၉၃-၂၀၀၃
တတိယ ဆီသင်္ဘော ကိုတော့ VLCC လို့ ခေါ်တဲ့ ရေနံစိမ်း တင် သင်္ဘော ကြီး စလုံး Registry ရဲ့ အကြီးဆုံး သင်္ဘော ကိုတက် ရတာပါ။
ကျနော့် အစ်ကို လိုခင် တဲ့ ကုန်းကြောင် က အသက် ၂၉ နှစ် နဲ့ အဲဒီသင်္ဘော မှာ သူကြီး ဖြစ် နေလေ တော့
သူဆီက ကွန်ပြူတာ ပညာတွေပါထပ်ရပြန်တယ်။ Tanker ကို Junior အရာရှိ ကိစ္စ ကျွမ်း ကျင် လာပေမဲ့ အားရစရာတော့ မကောင်းလှပါဘူး။
တတ်နိုင်သလောက် သင်ယူပေမဲ့ Navigation Duties တွေ ယူနေရတာနဲ့ Daily Routine Task တွေ ထဲထဲ နက် နက် မသင်ယူနိုင်ခဲ့ဘူး
သူကြီးက တော့ နောက် ပိုင်း မှာ Computer ပညာ ရပ် ကို အရမ်း စိတ် ၀င်စား သွားပြီး သူကြီးဘ၀ ကိုစွန့် ပြီး IT ပညာရှင်ဖြစ်သွား
ပါတယ်။
၁၉၉၃ မှာ ကျနော် မင်္ဂလာဆောင် ဖြစ် ပါတယ် မင်္ဂဆောင် တဲ့ နေ့မှာ ဘဲ Lazy Club Music Band ကို ဖွဲ့ ခဲ့ ပါတယ်။
ငယ်ငယ် က၀ါသနာ ပါခဲ့ တဲ့ တေးဂီတ လောက ကို မြေ စမ်း ခရမ်း ပျိုး နေပါပြီ။
ရေကြောင်း အလုပ် မှာ လဲ Seatime က လဲ ကုန်းကြောင် စာမေးပွဲဖြေဖို့ အချိန် စေ့ နေပါပြီ
Singapore Poly မှာ အခု ကျောင်းဆရာလုပ် နေတဲ့
ကို အောင်အောင် လွင် က ကျနော့်ထက် စီနီယာ ကျ ပေမဲ့ သူ နဲ့ အတူ Class 2 စာမေးပွဲ အတူတူဖြေ ဖို့၁၉၉၄ မှာ စာရင်းပေးခဲ့ပေမဲ့
Maersk ရုံး က Scholarship မပေး ခဲ့ သလို ကျနော့် ကို မြန်မာတွေ ကို အရာရှိ ချုပ် ရာထူး တိုးပေးဘို့ ကုမဏီ က မစဉ်းစားသေးကြောင်းကို ပါ
အကြောင်းကြားလာခဲ့လေတော့ ကျနော် တော်တော် စိတ်ဓါတ်ကျ သွားပါတော့တယ်။
သူကတော့ Singapore ကို Cancel လုပ် ပြီး Australia မှာ စာမေးပွဲ တစ်နှစ် ကြာ သွားဖြေ ခဲ့ ပါတယ်။
ကျနော် စာမေးပွဲ မဖြေ ဖြစ်တော့ ပါဘဲ ကလေးတစ်ယောက် ရလာတာ ဘဲ အဖတ် တင် ပါတယ်။
စာမေးပွဲ အကြောင်းပြပြီး ရန်ကုန်မှာ ၁၃ လ ထိုင်စားလိုက်တယ်။
နောက် တော့ ဆီ သင်္ဘော ကိုပြန် တက် ပြန်တယ် အခု ရေကြောင်းမှာ စာပြနေတဲ့ Capt သန့်ဇင် က ဒုတိယအရာရှိ ဖြစ် နေပြီ သူ့ ကို
သွားလဲရတယ် ...Singapore OPL မှာ လက် ဆွဲ နုတ်ဆက် ပြီး Hand Over လုပ် ရတာပါ..
၁၉၉၅ မှာ နိုင်ငံတစ်ကာမှာ မြန်မာနိုင် ငံကို ပိတ်ဆို့ မှူတွေ ပြုလုပ် လာနေတဲ့ အပြင် ...
ရေနံ တင် သင်္ဘော တွေ မှာ သင်္ဘော တိုက်တာ ရယ် ...သင်္ဘော ဆီ ကန် ကြီး ရှုံ့ သွားတာရယ် လူ ၃ ယောက် သေတာရယ် ဆက် တိုက် ဖြစ် ပွားခဲတယ်
Accident ၃ ခုလုံး မှာ မြန်မာ အရာရှိ တွေ ပရော ဂ မပါပေမဲ့ ကျနော် တို့ Maersk Tanker ကို Charter ယူတဲ့ ဂျပန် ကုမဏီ က သူတို့ သင်္ဘောမှာ မြန်မာ သင်္ဘော အရာရှိတွေ မထားစေချင်တာရယ်
လူမျိုး စုံ ရင် Accident များ လို့ လူ မျိုး လျှော့ပေးရန် တောင်းဆို လာတာနဲ့
အရာရှိ ကို ပြည်ကြီး ကုလား သင်္ဘောသားကို ဖိလစ် ပီ နို တွေ ကိုဘဲ ထားပြီး
ကျနော် တို့ မြန်မာ အရာ ရှိ အားလုံး ကို သင်္ဘော ပြောင်းစေခဲ့တာ နဲ့ ကျနော် လဲ အလုပ် သင် ဘ၀ က လိုက် ဖူးတဲ့ Bulk Carrier သင်္ဘောတွေ ဘက် ကို ပြန် ရောက်ရှိ သွားပါတော့တယ်။
ရှေ့ တက် ရန် လမ်းမရှိ တဲ့ ဘ၀ မှာ လူတစ်ကာနဲ့ ရန်ဖြစ် လာတယ်။
ကုန်းနှစ် သက်တမ်းကြာလာတာနဲ့ အမျှ ကုန်းချုပ်တွေ ကို ကောင်းကောင်း လိုက်စားပြီး သူကြီးတွေ ကို အိပ် ထဲ ထည့် ထားနိုင်လာတယ်။
၁၉၉၆ မှာ Bulk Carrier သင်္ဘောပေါ် မှာ အမှု ထမ်းနေတုန်း အဖေ ဆုံး တယ် ..
( ၁၉၉၆ Maersk Serangoon သင်္ဘော အကြောင်း ရေ ပြီး)
ကျနော် သင်္ဘော မလိုက် ချင်တော့ တဲ့ အပြင်
တည်ထောင်ထားတဲ့ တေးသံသွင်း နဲ့ တေးထုတ် လုပ်ရေး ကအောင်မြင်လာတော့ ကုန်းနှစ် လစာ ကို မမက် မောတော့ ဘူး
၁၉၉၇ မှာ စာမေးပွဲ ဖြေ မယ် ဆို ပြီး ကုမဏီ မှာ ခွင့် ရက်ရှည် တင် တယ် ...
၁၉၉၇-၁၉၉၉ ရန်ကုန် မြေ မှာ ထွန်းကြည်..ကျော်ဘ ခေတ် မှာ Lazy Club Band ပဉ္စသိင်္ခ တေးသံသွင်း နဲ့ အတူ ၂နှစ် ကြာ စီးဝင်မျော ခဲ့ပြီး
လှည်းတန်း ပြည်လမ်း မျက် နှာစာ တန်း က အမှတ် ၅၃၅ စီ ပြည်လမ်း မြေညီထပ် ဆိုင်ခန်း ကို ၄၅ သိန်း နဲ့ ၀ယ်ယူ ဖို့ သင်္ဘော ကို ၃ နှစ် ပြန် လိုက် ခဲ့တယ် ။
ပြန်တက် တော့ ကားသင်္ဘောခေါ် PCTC Pure Car and Truck Carrier ၂ စီး လိုက် ဖြစ် တယ်
(ကားသင်္ဘောပေါ် မှ တစ္ဆေသူရဲများ ရေးပြီး )
Contract က ၆ လ ဆိုတော့တစ်နှစ် ခွဲ အကြာ မှာ Container တွေ တိုး ချဲ့ လာတာနဲ့ Container Fleet ဘက် ကို ပြန် ခေါ် ပြန်တယ် ။
Container သင်္ဘော ကြီးတွေ ပေါ် မှာ World Wide သွားနေ ရင်းနဲ့ ၁၉၉၉ ကနေ ၂၀၀၂ မှာ ဆိုင်ခန်း ဘိုးချေ အပြီး စုဆောင်းမိချိန် မှာ ဘဲ
အစိုးရ က လှည်းတန်း စင်တာ တည်ဆောက် ဘို့ ကျနော့် ဆိုင် ခန်း ကို သိမ်း လိုက်တယ်။
ကုမဏီ က လဲ ကွန် တိန် နာ ဘိုးအေ ကြီး AMERICAN SEALAND LINE ကို ၀ယ်ယူ လိုက်တာ နဲ့
အရာရှိ များစွာ လိုအပ် လာလို့ ကျနော်တို့ လို လူဟောင်းတွေ ကို စာမေးပွဲ ဖြေရန် Upgrade လုပ် ရန်
Scholarship US 6000 ပေး ပြီး ၂နှစ် Bond ထိုး ခိုင်း တော့ ကျနော် လဲ ပျော်ပျော် ကြီး ပိုက် ဆံ ယူပြီး SMA လို့ ခေါ် တဲ့
Singapore Maritime Academy ကြီး ကို ၁၁ နှစ် ကြာ မှ ပြန် ခြေ ချ ခဲ့ပါတယ် ....
Class 1& 2 Combine course ကို အဲဒီခေတ် က Singapore $ 2500 ဘဲ ပေးရတဲ့ ခေတ်
နောက် ဆုံး Advance Diploma ထုတ် ပေးတဲ့နှစ် ၂၀၀၂ ကို ကပ် မှီလိုက်တယ် ။
Course Duration က ၉ လ စုစု ပေါင်း တစ်နှစ် ကြာ တဲ့ Master Course တက် ခဲ့ ရတဲ့ ကာလ တစ်ခု ကလည်း
ဘ၀ ရဲ့ အထင် ကရ နေ့စွဲတွေ ဖြစ် လာပြန် ပါတယ်။
အသက် ၃၅ နှစ် မှ ကျောင်းပြန် တက် ရတဲ့ Academic Life ကို ကောင်းကောင်း ကြီး သုံးဖြုန်း ပျော်ပါးခွင့် ရခဲ့တဲ့ Poly Days
တွေ ကိုတော့ ကြုံ ရင် ဆင် ဆာ တင် ပြီး ရေးပြ ချင် ပါသေးတယ်...။
ဒီလောက် နဲ့ လူငယ်နဲ့ ရေကြောင်း ၃ ကို အဆုံး သတ် ချင် ပါတယ်။
ရာစု
Friday, June 28, 2013
င်္framo pump maintenance video
Tanker သမားများအတွက်ပါ။အရင်တစ်ခေါက်က framo operation video ရဲ့နောက်ဆက်တွဲ
maintenance video ပါ။အပိုင်း 2 ပိုင်းခွဲထားပါတယ်။အားလုံးဒေါင်းပြီးမှဖိုင်ဖြည်ပါ။
နော့ စာအုပ်
အရင်တစ်ခေါက်ကနော့ဆိုတဲ့ဆော့ဝဲတင်ဖူးတယ်။အခုနော့ဆိုတဲ့စာအုပ်ထပ်ရလို့တင်ပေးလိုက်ပါတယ်။
EDH စာအုပ်တောင်းထားတဲ့ညီလေးဒီစာအုပ်နဲ့ကျေနပ်လိုက်နော်။scan ဖတ်ထားတဲ့အတွက် sizeနည်းနည်းကြီးပါတယ်။65.4MBလောက်ရှိပါတယ်။mediafire ကဘဲတင်ပေးလိုက်ပါတယ်။
ဒေါင်းရန်
EDH စာအုပ်တောင်းထားတဲ့ညီလေးဒီစာအုပ်နဲ့ကျေနပ်လိုက်နော်။scan ဖတ်ထားတဲ့အတွက် sizeနည်းနည်းကြီးပါတယ်။65.4MBလောက်ရှိပါတယ်။mediafire ကဘဲတင်ပေးလိုက်ပါတယ်။
ဒေါင်းရန်
ဘာလဲဟဲ့ သင်္ဘောသား(၄)
ကျနော် အရွှတ်အနောက်တွေ ချည်း သိပ်ရေးနေတယ်လို့  ခံစားရတယ်ဗျာ…ဒီတခါ သင်္ဘောသားတယောက်ရဲ့ စည်းခြားထားတဲ့ အချစ်ဇာတ်လမ်းလေးတွေ ရေးချင်မိတယ်ဗျာ…ကိုယ်တိုင် ခံစားချက်မဟုတ်တိုင်အောင် အစ်ကိုတယောက်ရဲ့ ခံစားချက်ဆိုတော့ နားထောင်ရင်းနဲ့ ကို မမေ့နိုင်ဘူးပေါ့..ပြန်ရေးရတာ ဆိုတော့ နဲနဲပေါ့ သွားရင် ကျနော်ရဲ့ အမှားသာဖြစ်ပါတယ်..သူပြောတဲ့ ဇာတ်လမ်းတပုဒ် အစက ဒီလိုပါ. ကျနော် အရင်ထဲက ရေးထားဖူးပါတယ်...လောကတိုင်း မှာ လူကောင်းတွေ ချည်းဘဲ . မဟုတ်ပါဘူးလို့။ ။
ဒီလို အဆိုးအကောင်း အကျိုးအကြောင်းတွေကြောင့်ဘဲ လောကဓံ ဆိုတာ ဖြစ်လာရတယ် ဘဲ ထင်တယ်ဗျ…ဟဲ ဟဲ တရားစာတွေရေးတော့ မလားလို့တော့ မထင်ပါနဲ့ဗျာ…တကယ်တော့ အပြင်လက်တွေဘ၀က အဖြစ်တွေဟာ ပုံပြင်ထက်ထူးဆန်းနေတတ်တယ်ဗျာ…လွမ်းစရာလဲကောင်းနေပြန်ရောဗျာ..ဒီဇာတ်လမ်းလေး က တကယ်ဖြစ်ခဲ့တာ ပါ…ခုကစလို့ ကျနော်ဆိုတာ ကို ခဏမေ့ပြီး သူ(အစ်ကို)လို့ဘဲ မှတ်လိုက်ပါနော်.(တော်ကြာ ဖြေရှင်းရမဲ့ ကိစ္စ လေးတွေ ပါလာ နိုင်လိုပါ..) လူတွေက(အထူးသဖြင့် ကောင်မလေးတွေ)ထင်ကျတယ်ဗျာ…သင်္ဘောသားမှာ အသည်းနှလုံးအတု ရှိတယ်..မျက်နှာများတယ်ပေါ့လေ..တကယ်တော့ ရင်ခှန်တတ်စ အရွယ်မှာ စတွေ့တဲ့အချစ်ဦးကိုတော့ ဘယ်လိုမှ မေ့လို့မရနိုင်တာပါ….သူက ဘယ်သူလဲ.?????၁၉၉၆ ခုနှစ်၊ နိုင်ငံခြားဆိပ်ကမ်းမြို့လေးတမြို့…..
ဆရီနာ…သူနာမယ်က…သူက အင်ဒိုနီးရှား မလေး တယောက်ပါ….စတွေ့ကတည်းက စွဲလမ်းမိခဲ့တယ် ဆိုပါတော့ဗျာ…ကျနော်တို့ သင်္ဘောက အိန္ဒိယ နဲ့ စင်ကာပူ၊မလေးရှား၊အင်ဒိုနီးရှား ကို စားအုန်းဆီတင်သင်္ဘော တစီးပါ…သူကို စတွေ့တာ အင်ဒိုက ကပွဲရှံ တခုမှာပါ….ညနေခင်းတခု ဂျူတီပြီးတော့
ဘိုစင်က “မောင်ငယ် မင်း ဒီည ကလပ်လိုက်ခဲ့”…ဆိုတော့ ကျနော်လဲ တက်ကြွနေတာပေါ့…ကိုရှေ့မှာက စီနီယာကြီးတွေ ပြောနေ ကျတဲ့ ကလပ်ကအကြောင်းတွေကိုကြားနေရတာကို…ရောက်လဲ ရောက်ချင်ဖူးချင်တာပေါ့လေ…တကယ်တော့ ကျနော်က သင်္ဘောသားသာဖြစ်လာတယ်…ရန်ကုန်က နာမယ်ကြီးတဲ့ ကလပ်တွေကို ကြားသာကြားဖူးတာ..ရောက်ဖူးခဲ့တာမဟုတ်ဘူး…ဒီလိုသွားရမယ်ဆိုတော့ပျော်နေတာပေါ့…ကလပ်ကိုရောက်တော့ ဘိုစင်က “မောင်ငယ် မင်း ဘီယာသောက်မလား “ဆိုတော့ သောက်မယ်ပေါ့လေ…Seaman Club ဆိုတော့ ကျနော်တို့ရောက်နေချိန်က အချိန်ကောင်းဆိုတော့ လူပြည့်နေတယ်..ကျနော်တို့ သင်္ဘောကလဲ သဘက်ခါ ထွက်ရမယ် ဆိုတော့ ဒီနေ့က နောက်ဆုံး ထွက်လည်ခွင့်ရတဲ့ ရက်ပေါ့….ကလပ်ရဲ့ တီးလုံးတွေ DJ ရဲ့ Remix တွေနဲ့ မြူးကြွနေတဲ့…ညကလပ် မြင်ကွင်းစုံ…ဘော်ဒါတို့လဲ သိပြီးဖြစ်လို့ သိပ်ရေးပြမနေတော့ပါဘူးဗျာ…ကျနော်က ပထမဆုံးစရောက်တာ ဖြစ်လို့ နဲနဲတော့ကြောက်သလိုလိုဗျ…ရီဝေေ၀ ဖြစ်နေတဲ့ကျနော်နားထဲကို အသံစိမ်းစိမ်းကြားလိုက်ရတယ်…”ံHello Frd,Why did you stay only one?”ကျနော် ဘ၀မှာ တုန်တုန်ယင်ယင်နဲ့ ဘာပြောရမှန်းမသိအောင် ကိုဖြစ်ခဲ့ရတယ်ဗျ..မိုင်နိမ်း အစ်စ် ဆရီနာ..လို့နှုတ်ဆက်ရင်းနဲ့ မင်းက ဘာလူမျိုးလဲ မေးတော့ မြန်မာ ပြန်ပြော လိုက်မိတယ်…မိန်းကလေးတယောက်နဲ့ စကားတောင်ကောင်းကောင်းမပြောဘူးတဲ့ ကျနော်က.မေးတာ တခြား ဖြေတာတခြားရယ်..ပြန်တွေးမိမှဘဲ ရှက်နေမိတယ်ဗျာ..
မင်းနဲ့ငါ ကချင်တယ်ပြောတော့ ကျနော်က ကတာဆိုရင် ငယ်ငယ်က သင်ထားတဲ့ ချိုမိုင်မိုင်လောက်တတ်တာ ကို…အစ်ကိုတယောက်ကတော့ ပြောဖူးပါတယ်..”မင်းကွာ ဘာခက်လို့လဲ…မင်းငယ်ငယ်က စက်ဘီးလေထိုးဖူးသလား၊စွန်ကိုရစ်ဘီး မပါဘဲ လက်နဲ့ရစ်ဖူးသလားတဲ့…”ဒါဆိုရပြီတဲ့…အဲမှာစ ခက် တာ…ခုဟာက နှစ်ယောက်တွဲက ရမှာ…သိတယ်ဟုတ်..ရင်ချင်းအပ်လို့ ခြေထောက်အတိုး အဆုတ် နဲ့ကရမှာလေ…ကဲ..ဘာရမလဲ..ကပြီပေါ့ .မြန်မာပီပီ…
ဒီလိုညလေး ကို ကျနော်မေ့လို့မရဘူးဗျာ..ဆရီနာရဲ့ မျက်ဝန်းနက်နက်တွေက ကျနော်ကို ညှို့နေသလို ခံစားရတယ်..သူနှုတ်ခမ်းထောင့် က မှဲ့ လေးက ကျနော်ကျီစယ်နေသလိုလို..ရယ်လိုက်တဲ့ ရယ်သံလေးက တခုခုကို တောင်းတနေသလိုလိုနဲ့
ဘိုစင် လာခေါ်မှ ကျနော်တို့ပြန်ရမဲ့ အချိန်ဆိုတာ သိလိုက်တယ်…အချိန်က ညနှစ်ချက်တီး….ဒီလိုနဲ့ ဆရီနာ ရှိက ဖုန်းနံပါတ်လေး ယူထားလိုက်တယ်ဗျာ..နောက်တရက် ဆက်မယ်ပေါ့လေ..့homesickဖြစ်နေတဲ့ ကျနော် ပျော်သလိုဖြစ်နေပြီ…. ဒါက သင်္ဘောသားဘ၀ လားပေါ့…ကျနော် ဒီည ဘယ်လိုမှ အိပ်လို့ပျော်မှာ ဟုတ်တော့ဘူးဗျာ..ဘယ်နေရာကြည့်ကြည့်လှနေတာ ကို…. အော် ဆရီနာ ရယ်..မင်းက ငါဘ၀ရဲ့ အရှင်သခင်လား….
ဆရီနာတို့ရွာလေး
ကျွန်းပေါင်း(၂၀၀)ကျော် နဲ့ ဖွဲ့စည်းတဲ့ ကျွန်းနိုင်ငံလေးရဲ့အနောက်ဘက်စွန်းစွန်းက ကမ်းခြေကို မျက်နှာမူထားတဲ့ ရွာငယ်လေး..
ကျနော်တို့ ကမ်းကပ်တဲ့ နေရာက သူတို့ရွာလေးနဲ့ မလှမ်းမကမ်းမှာ ရှိနေတယ်ဗျ..ကျနော် နောက်တခေါက် ပြန်ရောက်တော့ ဆရီနာနဲ့အတူ သူအိမ်ကို လိုက်သွားဖြစ်တယ်…ကျွန်းသားတွေ အများစု ဖြစ်လို့ နိုင်ငံခြားသားဖြစ်တဲ့ ကျနော်ကို စပ်စုလိုတဲ့ အကြည့်တွေနဲ့ပေါ့..ရိုးသားအေးဆေးတဲ့ အပြုံးတွေနဲ့….သူမိသားစုလေးကိုတွေ့လိုက်ရချိန်မှာ
ဖော်ရွေပျူငှာတဲ့ မိသားစု ဘ၀လေးကို ပြန်ရောက်သွားသလို ခံစားရတယ်..ဆရီနာ မှာ အစ်ကို တယောက်၊ လူမမယ် ညီမလေးတယောက်နဲ့ အမေအိုကြီးတယောက် ရှိတယ်ဗျ….တင်းကျပ်တဲ့ ဘာသာရေးလောင်းရိပ်အောက်က ဘ၀ ကို မိန်းကလေးတန်မဲ့ ရုန်းကန်နေရသူ…မိဘကို လုပ်ကျွေးဘို့ အလယ်တန်းပညာရေးအထိသာ သင်ကြားခဲ့ရသူ…မိသားစုဘ၀အတွက် ဘာမဆို ပေးဆပ်မဲ့သူမျိုးလေ…ကျနော်ဘယ်လိုမှ မလေးစားဘဲ မနေနိုင်ဘူးလေ..ကျနော်တို့နိုင်ငံမှာက ပေါ့ပေါ့နေကျလို့ ပျက်စီးတာ များတယ်.လေ..သူ့ အစ်ကိုက ရွာပြင် ကျွန်းအစပ်က ဆီအုန်းအလုပ်သမားလေးပါ..သူလဲ ရိုးသားတဲ့ သူတယောက်ပါ….ဒီလိုနဲ့ သူတို့ရွာလေးနဲ့ အိမ်ကို အင်ဒိုကိုရောက်တိုင်း သွားဖြစ်တယ်..သူမိသားစုလေးကို ကိုယ်မိသားစုလေးလို ခံစားရလာတယ်ဗျာ..စောစောပိုင်းကရေးခဲ့သလို လှိုင်းလေတွေ ဘယ်လောက်ကြမ်းကြမ်းခံနိုင်ပေ့မဲ့ မိန်းမတယောက်ရဲ့ ကြင်နာ ဂရုစိုက်မှုလေးကိုတော့ ယောင်္ကျားတိုင်း လိုချင်ကျတာဘဲ မဟုတ်လားဗျာ…လူတွေပြောတတ်ကျတဲ့ အချစ်က ယောင်္ကျားတယောက်ရဲ့ ဘ၀မှာ တစိတ်တဒေသ သာပါဝင်တယ် ဆိုပေ့မဲ့ အရေးကြီးတဲ့ အပိုင်းဆိုတာတော့ မလွဲဘူး ထင်တယ်နော်…
ကျနော် စာချုပ်က နောက်(၂)လဆိုရင်ပြည့်ပြီလေ..ကျနော် ဆရီနာ နဲ့ ခွဲရမှာလဲ ကြောက်တယ်..ကျနော် “ဘာလုပ်ရမလဲ”
သင်္ဘောက သူတွေက လဲ ပြောကျတယ်..”ဒီကောင်တော့ အရူးအမဲသားကျွေးသလို ပေါ့”နောက်ဆုံး အပြင်ထွက်ခွင့်မပေး ဘို့ အထိတောင် သူကြီးကိုတောင်းဆို လာကျတယ်…ဒါတောင် သူကြီးက သဘောကောင်းသူမလို့ ဘာမုမပြောတာ..
နောက်ဆုံးတခေါက် သင်္ဘော ပြန်မထွက်ခင် ဆရီနာ နဲ့တွေ့ ဘို ချိန်းလိုက်တယ်..
ကမ်းခြေက ညလေးတည…ပင်လယ်ကို ဖြတ်တိုက်တဲ့
လေက ရေမှုန်တိုကို သယ်ဆောင်လာလို့ ရင်ထဲ….တချက်တချက် တစိမ့်စိမ့်နဲ့….လလေးကလဲ ကွေးနေလိုက်တာ သူလဲ
စိတ်မကောင်းလို့ ငိုနေတယ် ထင်တယ်…”အော် ဆရီနာရယ်….မငိုပါနဲ့နော်..ကိုယ် မင်းရှိကိုပြန်လာမှာပါ..တကယ်တော့ ကိုယ်မင်းနဘေးမှာ အမြဲရှိနေချင်တာပါ “လို့ပြောရင်းနဲ့ သူရဲ့လက်ဖ၀ါးနုနုလေးကို ဆုပ်ကိုင်ရင်း အနမ်းတပွင့်ကို
သူနဖူးထက် ပေးလိုက်တယ်..ခဏနေတော့ မှသူကိုယ်တိုင် လုပ်ထားတဲ့ ကရုပုတီးလေးကို ဆွဲပေးရင်း
“မင်း ငါကို မေ့လိုက်ပါတဲ့…မင်းအရမ်းပင်ပန်းလိမ့်မယ်တဲ့”ကျနော် ဘာလုပ်ရမှာလဲဗျာ…ဘ၀မှာ အချစ်ဆိုတာ သိခွင့်ရချိန်မှာဘဲ ဆုံးရှံးရတော့မှာလား..ကံကြမ္မာက ပဲ လှည့်စားတာလားဗျာ….မီးရောင်တချက် အလင်းမှာ..လှမ်းတွေ့လိုက်တယ်.. သင်္ဘောက လူနှစ်ယောက်..ဘိုစင်နဲ့ အခြားတယောက်..ကျနော်ကိုလိုက်ရှာနေကျတာ နေမှာ…”ထွက်ပြေးရအောင်လား ဆရီနာ..ပြီးရင် မင်းနဲ့ငါ
လူမရှိတဲ့ကျွန်းလေးတခုမှာ ဘ၀ကို ဇာတ်မြုပ်လိုက်ကျမယ်ပေါ့’”….ဒါပေ့မဲ့ ဆရီနာက လုံးဝမလိုက်ခဲ့ဘူးဗျာ…” ကျနော်ကိုစောင့်နေမဲ့ အကြောင်း၊ကြာကြာနေရင် အသတ်ခံရနိုင်ကြောင်း ခြေဟန်လက်ဟန်နဲ့ ပြောရှာတယ်…””.ကျနော်ကို တော်တော်ချစ်တယ် ဆိုတာ သိလိုက်ရတယ်..
ဒါနဲ့ ကျနော်ပြန်ခဲ့ရတယ်ဗျာ…သင်္ဘောပြန်ရောက်လို့ ခဏနေတော့ ရေကြောင်းပြရောက်လာလို့ စတေရှင်ခေါ်ပြီး ကမ်းက ခွါပြီ…နှုတ်ဆက်ခဲ့တယ် ဆရီနာရယ်….နောက်တနေ့ သူကြီးခေါ်တယ်ဆိုလို့
သွားတော့ သူကြီးက” မောင်ငယ် မင်းစင်ကာပူမှာ ပြန်ရမယ် ကြေးနန်းဝင်လာပြီကွ”ဘာလဲကွာ..ဒါမရှိးသားဘူး..သက်သက်ချောက်တွန်းတဲ့ သူ ရှိတယ်ပေါ့…ဘာတတ်နိုင်မလဲဗျာ…ကိုနေချင်ဘာတယ်ဆိုလိုတောင် နေလို့မရတာ..သင်္ဘောသား ဘ၀ ပဲပေါ့”…စင်ကာပူကနေ ရန်ကုန်ပြန်ရောက်ပေါ့….ဒါပေ့မဲ့ ကျနော်စိတ်တွေက ဆရီနာ ရှိမှာဘဲ ကျနေခဲ့တာပါ….လူတွေကပြောကျတယ်..အချိန်က ကုစားသွားမယ်ပြောပေ့မဲ့ နေမြင့်လေ အရုးရင့်လေပဲလား..ဆရီနာရယ်….ကျနော်လဲ ရုံးကိစ္စတွေ မြန်မြန်ပြီးအောင် လုပ်ရင်း မိဘတွေရှိတဲ့ နယ်ကို ပြန်လာဖြစ်ခဲ့တယ်..အမေနဲ့အဖေ ကတော့ ပြုံးလို့ပျော်လို့ပေါ့…ကျနော်ကတော့ အမြန်ဆုံး သင်္ဘောပြန်တက်ပြီး ဆရီနာနဲ့ အတူအခြေချ နိုင်ဘို့ကို
ကြိတ်ပြီး စဉ်းစားနေမိတယ်…နယ်မှာတော်တော်ကြာကြာနေပြီးလို့ ရန်ကုန်ကို ပြန်လာခဲ့တယ်…ဆေးစစ်ဘို့ ကုန်ပ္မဏီက ခေါ်လို့ပါ….ရန်ကုန်က နာမည်ကြီးဆေးခန်း မှာ ဆေးစစ်ပြီးလို့ အဖြေထွက်လာချိန်မှာတော့ ကျနော်အရုးမီးဝိုင်းဖြစ်ခဲ့ရတယ်ဗျာ..ကျနော်မှာ အသည်းရောင်အသားဝါ စီ(C)ပိုးတွေ့ လို့တဲ့ ကျနော် သင်္ဘောသား အလုပ်ကိုဆက်လုပ်ခွင့် မရနိုင်တော့ ဘူး။ ဆရီနာ နဲ့လဲ ပြန်မတွေ့နိုင်တော့ဘူး… သူပေးထားတဲ့ ဖုန်းနံပါတ်လေး ခေါ်ပေးမဲ့ မကိုင်ဘူးဗျ..(ခုခေတ်လို ဆက်သွယ်ရေးစနစ်က မကောင်းဘူးလေ)…ကျနော်လဲ သူကို မြန်မာနိုင်ငံခေါ်လို့ရအောင် ကြိုးစားပြန်တယ်…မဖြစ်နိုင်မှန်း သိပေ့မဲ့ အချစ်စိတ်က အရာရာကို ဦးဆောင်နေပြန်ရော…သူငယ်ချင်းတွေ တိုက်တွန်းကျပြန်ရော..အိမ်ထောင်ပြုဘို့…အချစ်မပါဘဲ အိမ်ထောင်ပြုဘို့ဆိုတာကဆားမပါတဲ့ဟင်း လိုပေါ့ရွတ်ရွတ်နဲ့…လို့ ပြောခဲ့တဲ့ အစ်ကိုကို ကြည့်ပြီး ကျနော် စိတ်မကောင်း ဖြစ်ရတယ်..ခှဆို Tanker သင်္ဘောလိုက်ခဲ့တဲ့ ဒဏ်တွေရယ်…အချစ်ဦးနဲ့လွဲ ခဲ့ရတဲ့ စိတ်ရယ် ပေါင်းပြီးတော့ အသည်းကင်ဆာရောဂါနဲ့ အစ်ကို ဆုံးသွားတာ ခုဆို (၇)နှစ်လောက်ရှိရောပေါ့…သူသိပ်ချစ်ရတဲ့ ဆရီနာတို့ရွာလေးလဲ ဆူနာမီ ရေလှိုင်းအောက်ရောက်ခဲ့ရပြီလေ..ဆရီနာလဲ အသက်ချမ်းသာရရဲ့ လား ..ဘယ်သူမှမသိနိုင်တော့ဘူးလေ…ဆရီနာပေးထားတဲ့ ကရုပုတီးလေးကတော့ အစ်ကို အိမ်ကနံရံလေးမှာ ချိတ်ထားဆဲပါ..ပုတီးလေးကိုမြင်တိုင်း အစ်ကိုရယ်.၊ဆရီနာရယ်၊ရွာလေးရယ်..ပျော်ခဲ့ကျဖူးတဲ့ ကမ်းခြေမြို့လေးကို လဲသတိရမိတယ်….ယောင်္ကျားတယောက်ရဲ့ သစ္စာက သူသေတဲ့အထိ ရှိနေခဲ့တယ် ဆိုတာ ကတော့ လေးစားမိတယ်ဗျာ…ကျနော် သူငယ်ချင်းတွေ လဲ ရေခြားမြေခြား ချစ်သူလေးတွှေနဲ့ ပေါင်းစည်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ…(စာကြွင်း၊၊ ၊၊ စာထဲက အချက်အလက်လေးများ လွဲခဲ့ရင် ကျနော် အမှားသာ ဖြစ်ပါတယ်…)
မျိုးငယ်(၁၁.၆.၂၀၁၃)
Subscribe to:
Posts (Atom)





