Monday, August 12, 2013

မြန်မာနိုင်ငံ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သင်္ဘောသားများ၏ သင်္ဘောသားလက်မှတ် (စီဒီစီ)အား စက်တင်ဘာလ ကုန်ပိုင်းထိသာ ထုတ်ပေးတော့မည်

မြန်မာနိုင်ငံ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သင်္ဘောသားများအား သင်္ဘောသားလက်မှတ် (စီဒီစီ)စာအုပ်အား ပြန်လည်ထုတ်ယူရန် ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ သင်္ဘောသားဌာနခွဲမှ သတင်းရရှိသည်။ ယခင်က ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ သင်္ဘောသား ဌာနခွဲတွင် သင်္ဘောသားများ၏ လုပ်သက်မှတ်တမ်း စာအုပ်ဖြစ်သော စီဒီစီစာအုပ်အား ယခင်က သင်္ဘောသားများ ပြည်ပသင်္ဘောများပေါ်တွင် တာဝန်ထမ်းဆောင်ပြီး ရန်ကုန်သို့ ပြန်လည်ရောက်ရှိချိန်တွင် ထိန်းသိမ်းထားရှိပြီး၊ ပြည်ပသို့ ပြန်လည်ထွက်ခွာ ချိန်မှသာလျှင် စီဒီစီ ထုတ်ပေးခဲ့ကြောင်း သိရသည်။ သို့သော် ၂၀၁၂ ခုနှစ်၊ ဇူလိုင် ၁၂ ရက်မှ စတင်ပြီး စီဒီစီအား ကာယကံရှင်ကိုယ်တိုင် ထိန်းသိမ်းနိုင်ရန် ပြန်လည်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ ယင်းသို့ သင်္ဘောသားများအား စီဒီစီစာအုပ်များ ပြန်လည်ထုတ်ပေးရခြင်းမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ပြည်ဝင်ပြည်ထွက် ခရီးသည်များ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း သိရသည်။ "စီဒီစီ စာအုပ်တွေကို သင်္ဘောသားတွေ လက်ထဲမှာ ကိုင်ဆောင်ထားနိုင်အောင် ထုတ်ပေးနေပါတယ်။ ခုလို ထုတ်ပေးမှုတွေကို စက်တင်ဘာလ ၃၀ ရက် နောက်ဆုံးထားပြီး ထုတ်ပေးသွားမှာပါ" ဟု ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ၂၀၁၃ ခုနှစ်၊ ဇွန် ၃၀ ရက်အထိ စီဒီစီစာအုပ် စုစုပေါင်း ၉၀၅၄၀ စာအုပ် ထုတ်ပေးထားပြီးဖြစ်ကြောင်း သိရသည်။ via Eleven Media Group (PLP)









No comments:

Post a Comment