Monday, August 12, 2013

AKADEMIK LOMONOSOV

လမ်းပန်းဆက်သွယ်မှုခက်ခဲပြီး ဝေးလံခေါင်ဖြားတဲ့ ရုရှားနိုင်ငံရဲ့ နေရာဒေသများကို စွမ်းအင် အထောက်အပံ့ပေးနိုင်ဖို့အတွက် AKADEMIK LOMONOSOV လို့အမည်ပေးထားတဲ့ နျူကလီးယားဓာတ်အားထောက်ပံ့သင်္ဘောကို သုံးနှစ်အတွင်းအပြီးတည်ဆောက်မယ်လို့ ကြားသိရပါတယ်။

"၂၀၁၆မှာ ဒီလို တုနှိုင်းမဲ့ သင်္ဘောကို အသုံးပြုရန်အတွက် အသင့်ဖြစ်နေရပါမယ်"
ဒါကတော့ မကြာသေးခင်က စိန့်ပီတာစဘတ်မြို့မှာကျင်းပခဲ့တဲ့ (၆)ကြိမ်မြောက် နိုင်ငံတကာ ရေတပ်ဆိုင်ရာပြပွဲအခမ်းအနားမှာ ရုရှားနိုင်ငံရဲ့ အကြီးဆုံးသင်္ဘောတည်ဆောက်ရေး သင်္ဘောကျင်းတစ်ခုဖြစ်တဲ့ ဘောလ်တစ်သင်္ဘောကျင်း၊ အထွေထွေညွှန်ကြားရေးမှူး Aleksandr Voznesensky က ဇွန်လ ၇ရက်နေ့မှာ သတင်းထောက်များကို ပြောကြားခဲ့တာဖြစ်ပါတယ်။

AKADEMIK LOMONOSOV သင်္ဘောဟာ ကမ္ဘာ့ပထမဆုံးသော နျူကလီးယားဓာတ်အားထောက်ပံ့သင်္ဘော ဖြစ်လာမယ်ဆိုတာကိုလဲ ကြားသိရပါတယ်။
ဒီသင်္ဘောဟာ ရုရှားရဲ့ အလှမ်းဝေးသောနေရာဒေသများကို စွမ်းအင် သာမက သောက်သုံးရေကိုပါ ထုတ်လုပ်ထောက်ပံ့နိုင်မှာဖြစ်ပါတယ်။ ထို့အပြင် စက်မှုဇုန်များ၊ ဆိပ်ကမ်းဒေသများ၊ ကမ်းလွန် ရေနံနှင့်ဓာတ်ငွေ့တူးဖော်ရေးစင်များအတွက် ထောက်ပံ့မှုပေးရာတွင် အဆင်ပြေစေရန်အလို့ငှာ ဒီဇိုင်း တီထွင်ဆောက်လုပ်ထားပါသေးတယ်။

ယခုလို ရေပေါ်နျူဓာတ်အားပေးစီမံကိန်းဟာ ရုရှားနိုင်ငံ၏ အရှေ့ဘက်ဒေသများနှင့် လွန်စွာဝေးကွာသော မြောက်ဘက်ကမ်းရိုးတန်းတစ်လျှောက်ရှိ မြို့ဒေသများ ဖွံဖြိုးတိုးတက်ဖို့အတွက်လဲ မျှော်လင့်ရပါတယ်။ ရုရှားအနေနဲ့လဲ ဒီလိုသင်္ဘောအမျိုးအစားများကို တွင်းထွက်သတ္တုသိုက်ရှိတဲ့နေရာတွေနှင့် နိုင်ငံပြင်ပမှမှာရှိတဲ့ အခြေစိုက်စခန်းတွေကိုထောက်ပံ့ဖို့ ရည်ရွယ်မှာပါ။

ဝန်ထမ်းဦးရေ ၆၉ဦးတာဝန်ယူ ထမ်းဆောင်မည့် ၂၁၅၀၀တန်ချိန်ရှိတဲ့ ဒီသင်္ဘောမှာ လူဦးရေ ၂သိန်းခန့်ရှိသောမြို့တစ်မြို့ကို ဓာတ်အား လုံလောက်စွာထောက်ပံ့နိုင်မည့် KLT 40 ဓာတ်ပေါင်းဖို ၂လုံးက လျှပ်စစ်စွမ်းအင် ၇၀မဂ္ဂါဝပ်ခန့် ထုတ်လွှတ်နိုင်မှာဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်ခင်ဗျ။



General characteristics of AKADEMIK LOMONOSOV

Class & type: Nuclear power station barge
Displacement: 21,500 tonnes
Length: 144.4 m (474 ft)
Beam: 30 m (98 ft)
Height: 10 m (33 ft)
Draft: 5.6 m (18 ft)
Crew: 69
Notes: 2 modified KLT-40S Nuclear Reactors (Icebreaker type) producing 70 MW electric or 300 MW heat power
Akademik Lomonosov is a non-self-propelled vessel to be operated as the first Russian floating nuclear power station. The ship was named after Academician Mikhail Lomonosov.

(PLP)

credit to sourses: wikipedia, neurope.eu, shipspotting.com


No comments:

Post a Comment