သင်္ဘောသားကြီးတွေ ပြောတာ ကြားဖူးပါတယ် (ဒါကြောင့်
သင်္ဘောသားကို
သံပြားနင်းတယ်၊သံချေးရေ သောက်တယ်
လို့ ပြောကျတာပါ )
တကယ်လဲ ကိုယ်ရှေ့မှာ
ကျောက်ကပ်ကျောက်တည်လို့
သင်္ဘောသားတွေ ဆေးရုံပြေးရတာ တွေ့ခဲ့ဖူးတယ်
ကဲထားတော့
စောစောက ဆရာ ဘွန်းစ် ဇီးရိုး အကြောင်းဆက်ပြောမယ်
သူက သင်္ဘောလိုက်လာတာလဲ ဆယ်စုနှစ်တခု ရှိပါပြီ ကျနော်တို့က
သူကို ရေသန့်သောက်ဘို့ စည်းရုံးတယ် ဘယ်လိုမှကို မရဘူး
တင်းခံတယ် နောက် ပြီး ဘာဆိုဘာမှ
သင်္ဘောကနေ
မထုတ်ဖူး(ကပ်စီးနဲတယ် လို့လဲ မခေါ်နိုင်ပြန်ဘူး သူကြိုက်တဲ့
ဂျင်းဘောင်းဘီ(501)ကျတော့
ဘယ်လောက်ဈေးကြီးကြီး ပေးဝယ်တယ်ဗျာ
အံ့သြတယ်) ကျနော်တို့လဲ ပြောပါတယ်
ခင်ဗျား နေမကောင်းလို့
ဆေးကု ရရင် ဒီထက်မက ကုန်မယ် ဆိုပြီး
ဒါကိုလဲ သူက ဇွတ်ခံတွန်းတယ် ကျနော်တို့လဲ လက်လျော့ကာ
သူထိုက်နဲ့
သူကံ လို့ သဘောထားပြီး သူကို ဘွန်းစ် ဇီးရိုး ဆိုပြီး
ဒီနာမည်ပေးလိုက်တာ ပဲ ကျနော်တို့ မလွန်လောက်ဖူးထင်တယ်နော်
မေးစရာ ရှိမယ် သူ ဘယ်ရေသောက် လဲဆို ရေချက်စက်
ပန့်စ်(Pump)အထွက်က(ရေချုတဲ့ ပိုက်လေးကနေ) ရေကို
ရေသန့်ဗူး
အဟောင်းတွေနဲ့ ခံပြီး
သူ့ အခန်းမှာ စုထားတယ် နေ့တိုင်း ရေဗူးလေးတွေ ကို ဂျုတီ
ပြီးရင်
သယ်သယ်သွားတာ ကျနော်တို့လဲ (လုံးဝ) မသောက်တာတော့
မဟုတ်ပါဘူး
အင်ဂျင်ခန်းထဲက ကော်ဖီဖျော်ဘို့ ရေနွေးလိုရင်တော့ ဒီ ခံထားတဲ့ရေကို
သုံးပါတယ် ကြိုပြီးသောက်တော့ နည်းနည်းတော့ မဆိုးဖူးပေါ့
ဒီလိုနဲ့ တနေ့ရောက်တော့ ကိုယ်ဆရာ အူးယားဖားယားပြေး
ချလာတယ်ဗျ
ကျနော်တို့လဲ (Tea Time break) ဆိုတော့ လူစုံတာ ပေါ့ သူက
သူ့ရေဗူးကို လှုပ်ပြရင်း “ဘာမြင်ရလဲ” ဆိုတော့ ကျနော်တို့လဲ
မသိဖူးပေါ့ နောက် သေသေချာချာ
ကြည့်ဆိုမှ ရေထဲမှာ လက်
လက် လေး တွေ တွေ့တယ်လို့ ပြောလိုက်တယ် ကျနော်က ဆက်ပြီး
“အဲဒါဆို သောက်ရေထဲမှာပါနေ တာပေါ့” ဆိုတော့ သူက “ဟုတ်တယ်တဲ့”
သူက နည်းနည်းတော့ စိတ်ညစ်နေပြီ ဘာလို့လဲ ဆိုတော့ သူတဦးတည်း
ဒီရေကို မကြိုချက်ပဲ သောက်တာလေ ဒီရေထဲ ဘယ်နေ့ကတည်းက
ပါနေတာလဲ
ဆိုတာ ဘယ်သူမှ သတိမထားမိဖူးလေ ကျနော်တို့လဲ
ကုန်းချုပ်တို့ ချက်ကြီးတို့ကို
သတိပေးပြီး
ရေကို သေသေချာချာ ရေစစ်နဲ့ စစ်ဘို့၊ပြောပြီး
ကျန်တဲ့ပြင်ဆင် သင့်တာတွေ ပြင်ပေါ့ ဇာတ်လမ်းက
ပြီးသွားပြီ
ဒီနောက် ကိုယ်ဆရာက ဇာတ်လမ်း အသစ် စတော့တာပဲ
ဘယ်သူဘယ်လိုက
ကျပ်လိုက်တယ် မသိပါဘူး ဗိုက်ထဲက
ဟိုနားက အောင့် သလိုလို ဒီနားက အောင့် သလိုလို ဖြစ်တယ်
ဆိုပြီး
သင်္ဘောပေါ်က ဆေးတာဝန်ခံ ကုန်း(၂)ကို
ဆေးတွေ တက်တောင်းပါရော (သင်္ဘောပေါ်မှာက တယောက်က ဒီလို
ခံစားရတယ်ဆို
ကိုယ်လဲ ခံစားရသလိုလို ဖြစ်တတ်တယ် စိတ်ရောဂါ
အနုစားလို့ပဲ ဆိုရမလားပဲ )
ကုန်း(၂)ကလဲ ဘာဆေးပေးလို့ ပေးရမယ်မသိဖူးလေ သူဟာက
ဖြုန်းစားကြီး
ဖြစ်တာ ဆိုတော့ ( ရေသောက်မိတဲ့ အကြောင်းကို
တော့
မပြောဖူးပေါ့ သူရဲ့ သိက္ခာကျမှာ စိုးလို့)
ကျနော်တို့လဲ သူကို ရေသန့်သောက်စေချင်နေတာ ဆိုတော့ အကွက်ဝင်
သွားပြီလေ အသာလေး မပြောဘဲနေကျတယ်(သူငယ်ချင်း
တယောက်ကလဲ ဘယ်လောက်စနောက် သလဲဆို
ခင်ဗျား ကျင်ကြီးစွန့်ရင် အသေအချာ
ကြည့်နော် ရွှေရောင်လက်လက်လေးတွေ
ပါနေရင်တော့
ဗိုက်ထဲမှာ တော်တော်များနေလောက်ပြီ ဆိုပြီးတော့ သူတကယ်
ကြည့်မကြည့်တော့
သူကိုယ်တိုင်မှပဲ သိမယ် )
ဒါနဲ့ မနက်
Bond Store စာအုပ်ချ ထားချိန်မှာတော့ ကိုယ်
ဆရာ
ဘွန်းစ် ဇီးရိုး က ဘဲဥ စ ခွဲ ထားတာ တွေ့လိုက်တယ်
စာအုပ်မှာ ရေသန့်(Drinking Water) ကို သူ့နာမည်နဲ့
(၂)ကဒ်
ဆိုပဲ ရေထဲမှာ ပါလာတဲ့ တလက်လက်ထနေတဲ့ အမှုန့်လေးတွေ က
ကျနော်တို့ထင်တာ ထက်ပိုစွမ်းနေတာကိုဗျ ကျနော်တို့လဲ
သူ့အကြောင်းသိနေတော့ ပြုံးကြတာပေါ့ သူက စပ်ဖြီးဖြီး မျက်နှာပေးနဲ့
ကျနော်တို့ သင်္ဘောသားတွေ
ဆိုတာ ဘယ်လောက်ပဲ စိတ်ထဲ မကျေနပ် ပါစေ တလှေတည်းစီး
တခရီးတည်း
သွားနေကျတဲ့ သူတွေ မလို့ ဘာပဲဖြစ်ဖြစ် တယောက်ရဲ့
ကျန်းမာရေး၊လူမှုရေးက အစ တဦးနဲ့တဦး
အားပေးပြီးနေကျရတာပါ
သင်္ဘောပေါ်က မိသားစု
လေး ဆိုပါတော့ ဗျာ၊၊ ၊၊
မျိုးငယ်(၁၂.၈.၂၀၁၃)
No comments:
Post a Comment