Monday, October 21, 2013

မြန်မာ့ သင်္ဘောလောက တစ်ခေတ်ဆန်းစေချင် . .

ရေးသူ - Tin Htut Naing

===========================

နယ်မြို့လေးမှာမွေးဖွားခဲ့သော ကျွန်ုပ် . . .
ငယ်စဉ် ကလေးဘ၀တုန်းက ဂွေလှိမ့် ကစားရင်း မိန်းမများကားမောင်းသည်ကို မြင်လျှင် မောရမှန်း မသိ အပြေးအလွှား လိုက်ကြည့်တတ်ခဲ့သည်။ အံ့မခန်း၊ အထင်တကြီး ငေးမောကြည့်တတ်ခဲ့သည်။ ယခုသော်ကား . . . မိန်းမမောင်းတာ ပိုစိတ်ချရ၊ ပို အန္တရာယ်ကင်းသည် ဆိုကာ ဘေးတွင်ထိုင်စီးတတ်လာပြီ။

ဆိုလိုချင်သည်မှာ . . မိန်းမများသည် ယောက်ျားများနှင့် ရင်ဘောင်တန်း၍ နယ်ပယ် အသီးသီးတွင် တန်းတူ ရည်တူ ၀င်ရောက် လုပ်ကိုင်နေကြလေပြီ။
ဗြဟ္မစိုရ်တရား ထွန်းကားရာ၊ ယဉ်ကျေး သိမ်မွှေ့လှသော ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင်လည်း ယခုအခါ အမျိုးသမီး ဗိုလ်လောင်းများ စတင်ခေါ်ယူနေလေပြီ။ ၀မ်းမြောက်ဖွယ် အတိပင်။

ထို့အတူပင် ကျွန်ုပ် ဆန္ဒမှာကား အမျိုးသမီးများ သင်္ဘောသမီးဘ၀ခံယူကာ၊ သင်္ဘောပေါ်ကိုလဲ ရောက်လာစေချင်လှသည်။

ပထမဆုံး ပြေးမြင်မိသည်မှာ “ဇီးရိုး အယ်လ်ကိုဟော ပေါ်လစီ” ။ လိုက်နာပြီးသားမို့ စည်းကမ်း ထုတ်စရာ မလိုလောက်အောင်ပင်။ “အယ်လ်ကိုဟော တက်စ်” ဆိုတာပင် လိုတော့မည်မဟုတ်။ ခေတ်မှီ ကိရိယာများနှင့် “ပေပါ ၀ပ်ခ်” များပြားလှသော ယနေ့ ခေတ်ကာလတွင် သင်္ဘောအလုပ်မှာ မိန်းမများနှင့် လိုက်ဖက်လှသည်။

နောက်တစ်ခုက သွေးထွက်သံယို ခိုက်ရန်ဖြစ်ပွားခြင်း ပပျောက်သွားလိမ့်မည်။ လွန်ရော ကျွံရော ဆံပင်ဆွဲ ပါးရိုက် ကုတ်ခြစ်လောက်ပဲ ရှိမည်။ စိတ်ဆိုး စိတ်ကောက်ကြတာပဲ များမည်။ ဒါသည်ပင် တနည်းအားဖြင့် သင်္ဘောအတွက် ပို အကျိုးဖြစ်ထွန်းစေသည်။ စကားနည်းတော့ အလုပ်ပိုတွင်မည်။ တစ်ဘက်တွင်လည်း အလွမ်းသင့်သူချင်း အတင်းတုတ်ချင်သော ၀ါသနာကြောင့် ဘာသာစကား အရာတွင် ပိုထူးချွန်လေမည်။

ဆေးဖ်တီး ရှုထောင့်မှကြည့်လျှင်လည်း ကြောက်တတ်သူများ ပီပီ “ချက်ခ်လစ်” များကို ၃-ခါပြန်လောက် အဖန်ဖန် ပြန်သုံးသပ်ခြင်းကြောင့် အလုပ်မတွင် စေကာမူ “ဇီးရိုး အက်စီးဒင့် တားဂက်” ဆိုတာကြီး နှင့် နှစ်ပါးဂဟေဆော်နိုင်မည်။

အနားယူ အပန်းဖြေခြင်း (Recreation) အနေဖြင့်လည်း ကိုးရီးယားဇါတ်လမ်းတွဲများတင်ထားပေးရုံနှင့် လုံလောက်လေပြီ။ မီးဖိုချောင်(Galley) တွင် ဇါတ်လမ်းအကြောင်းပြောရင်း ဟင်းကောင်းများ ဖန်တီးနိုင်လာမည်။ သင်္ဘောသားတိုင်း ငြီးငြူလေ့ရှိသော အစားအသောက်ကိစ္စ သင်္ဘောသမီးများခေတ်တွင် ပူပင်စရာမလိုတော့ပေ။ မိန်းမ များသာ သင်္ဘောပေါ် ရောက်လာလျှင်ဖြင့် ချက်ကြီး ရာထူးပင် R/O များ တိမ်မြုပ်သလို ပျောက်ကွယ်သွားနိုင်သည်။ အလှည့်ကျ ချက်နေကြရုံပင်။ လက်ရာလဲပြောင်း၊ တောင့်တ လိုက်ကြသည့် အိမ်ထမင်း အိမ်ဟင်း၊ ဗိုက်ရိုက်စား ဟု ဆိုရမည်ပင်။

ယနေ့ခေတ်ကာလတွင် Seamanship ထက် ပိုအရေးပါနေသော House keeping။ ပင်လယ်ထဲ ဖြစ်ချင်ရာဖြစ်၊ ဆိပ်ကမ်းဝင်လျှင် လာစစ်ကြသူများ သန့်ရှင်းမှုကို အကြိုက်တွေ့လေမည်။ နဂို လှချင် ပချင် ၀ါသနာနှင့်လည်း ကိုက်ညီလှပေသည်။ မိန်းမသားပီပီ အိမ်မှုကိစ္စလုပ်၊ တရားနှင့်မွှေ့လျော်၊ အိုးအိမ်မကွာ သင်္ဘောမောင်းနှင် အင်မတန်မှ လိုက်လျောညီထွေ လှပေသည်။

ဟော၊ ISPS အရရော ကြည့်ဦးမည်လား။ အိမ်မှာ မီးခံ သေတ္တာသော့လေး တကိုင်ကိုင် လုပ်သလိုမျိုး အရာရာကို ဂရုစိုက်တတ်ပုံနှင့် မည်မျှ ကိုက်ညီပါသနည်း။ အမြင်စူးရှမှု၊ ဖျတ်ကနဲ ကြည့်လိုက်ရုံနှင့် ဘယ်လောက်တန် အင်္ကျီဝတ်ထားသည်၊ စီးထားတာက ဘာဖိနပ် ဒက်ကနဲ မြင်တတ်ကြသေးသည်။ လူကဲခတ်တော်ခြင်းသည်ကား Security breach ကို တားဆီးနိုင်မည့် အဖိုးမဖြတ်နိုင်သော အရည်အချင်းပင်။

ယခုတဖန် ခေတ်ထလာသော MLC 2006 ၏ စာရွက်ပေါ် လိမ်လည်မှုများကိုလဲ မိန်းမဥာဏ်ဖြင့် ပိပိရိရိ ဟာကွက်မရှိအောင် ရွက်ဆောင်နိုင်လေမည်။

ကျွန်ုပ်တို့ အဖို့မှာကား ငြင်းနိုင်စရာပင်မရှိလောက်အောင်၊ အထူးပင် လျော်ကန်သင့်မြတ်လှပေသည်။ သင်္ဘောသမီး ခင်ပွန်း အနေဖြင့် ဘ၀ကို လုံခြုံအေးချမ်းစွာဖြတ်သန်းနိုင်မည်။

သင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်နေကြသော မိမိဇနီး မိန်းမသား များ အတွက် အဖွဲ့အစည်းများဖွဲ့၊ လူ့အခွင့်အရေး တောင်းဆိုမှုများ ပိုမို ဆောင်ရွက်ပေးနိုင်မည်။

ကျားသဘာဝ အရ အိမ်မကပ်ပဲ ရောက်လေရာ လ္ဘက်ရည်ဆိုင်၊ ဘိလိယက်ခုံ၊ ကေတီဗွီ၊ မာဆတ် မကျန်၊ အာဘောင်အာရင်း သန်သန် ဆွေးနွေး နိုင်မည်။

မိတ်ဆွေ အပေါင်းအသင်းများနှင့် သောက်စားကြရင်း သင်္ဘောပေါ်ကသူတို့လေးတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းသစ်များ ရစေမည်။ ဒေသခံ ကိုယ်စားလှယ်ထံတွင် ပုံမှန် လစာသွားထုတ်ရာတွင်လည်း လူရှိန်မည်။

တက်ရောက်ရမည့် သင်တန်းများအား စုံစမ်း၊ စာရင်းပေးသွင်းထားနိုင်မည်။ လူကိုယ်တိုင်မလာနိုင်မှီ ကြိုတင်ပြင်ဆင်ခြင်းဖြင့် သင်္ဘောတွင်တာဝန်ထမ်းဆောင်ရန် အချိန်များလေလွှင့်မှု နည်းစေမည်။ မိန်းမသားများဖြစ်ခြင်းကြောင့် ကိုယ်တိုင်မလာနိုင် ရကောင်းလားဟု စိတ် ဖု ခြင်းလည်း ပပျောက်စေမည်။

သူတို့ထားရစ်ခဲ့သော လူမမယ်ကလေးများကို အဖိုးအဖွား၊ နာနီများ အကူဖြင့် လူချွန်လူကောင်းလေးများ ဖြစ်စေရန် သွန်သင်ဆုံးမပေးမည်။ ကိုယ်ဝန်လွယ်သွားလျှင်လည်း မိန်းမတောထဲမှာ ဂရုစိုက်စောင့်ရှောက်မှု ပိုမို ရရှိကာ နွေးထွေးကြင်နာမှုကို ရရှိစေမည်။
မွေးဖွားလွယ်စေရန် လေကောင်းလေသန့်နှင့် ပုံမှန်ကိုယ်လက်လှုပ်ရှားမှုကို ဖြစ်စေမည်။ ကလေး အကြီးများ၏ ဒုက္ခပေးမှုမှ ကင်းဝေးမည်။ မွေးဖွားချိန် နီးလျှင်လည်း Maternal Leave အရ လွယ်လင့်တကူ သင်္ဘောဆင်းခွင့် ရနိုင်မည်။ Paid Leave အတွက်လည်း တောင်းဆိုပိုင်ခွင့် ရှိလာမည်။

သင်္ဘောသမီး ခင်ပွန်းများသည်ကား နှစ်ဘက်သောဆွေမျိုးများ သာရေးနာရေး ကိစ္စများတွင်လည်း အားတက်သရော ရွက်ဆောင်ကြမည်။ သားမက်နှင့်ယောက္ခမ၊ ယောက္ဖချင်း မတည့်စရာ အကြောင်းမမြင်။ ၀ါသနာတူလျှင် ပုလင်းတောင် ထောင်လို့ ရနိုင်သေးသည်။ ခယ်မနှင့် အတည့်လွန်မှာပင် စိုးရိမ်ရသည်။

သင်္ဘောသမီး အသက်နှင့် ရင်းရှာထားသမျှမပျောက်ပျက်ရလေအောင် မော်ဒယ်မြင့် ကားများ ၀ယ်စီးရောင်း လုပ်ခြင်းဖြင့် တတ်စွမ်းသမျှ ပံ့ပိုးမည်။ အလှူအတန်းများလှည့်လည်စားခြင်း၊ ကောင်းစားနေသူ ငယ်ပေါင်းတို့၏ သောက်စားပွဲများ တက်ရောက်ချီးမြှင့်ခြင်းဖြင့် စားစရိတ်ကို ချွေတာမည်။

ဆတိုး တိုးပွားစေရန် ထိရောက်သော ကြိတ်ဝိုင်းလေးများဖွဲ့မည်။ အကောက် ရငွေများကို လူမှုဝန်ထမ်း၊ သာရေးနာရေး အသင်းအဖွဲ့ တို့ထံ လှူဒါန်းခြင်းဖြင့် အများအကျိုးဆောင် အာပတ်ဖြေမည်။
အတ္တ ပရ မျှ၍ နှစ်ဖြာသော အကျိုးကို တစ်ပြိုင်နက်တည်း ထမ်းရွက်မည်။

မြန်မာ့ သင်္ဘောလောက မည်မျှ ငြိမ်းအေးသာယာလေမည်နည်း။

THE PROBLEM WITH OILY WATER SEPARATORS!



The Oily Water Separator (OWS) sits ‘unloved’ in the bottom of the Engine Room. It performs its task well, filtering off the oil so that clean water can be legally discharged overboard in the correct sea areas. But the OWS might have a nasty surprise for unsuspecting Chief Engineers and Masters! Breaches of MARPOL regulations for the correct use and operation of the OWS have recently resulted in prison sentences in the USA for Masters, Chief Engineers and crew members. Fines in excess of many millions of USD levied on the ship owner or management company and so called ‘compliance programmes’ inflict unbearable costs and make it impossible to trade to the United States. Making a false entry in the oil record book resulted in a f ine of US$5.5 million for one ship owner. In Europe, a fine of Euro 600,000 was recently imposed by the Spanish courts on a vessel found guilty of flushing oily sludge directly into the sea. So what can you do to ensure that your vessel is not breaching MARPOL regulations on the OWS?


Here are FIVE golden rules:

1. Check around! When you get on board, have a good check of the OWS and make sure it is working properly. Is it clean? Have the correct routine maintenance procedures such as internal cleaning and regular checks on the parts per million (ppm) alarm been made? Are there any unusual or unauthorized modifications to the OWS equipment or piping that are not in line with the approved drawings? Check underneath the OWS for unauthorized connections or f langes that should not be there. Check that there are no ‘magic pipes’, hoses or other connections in the Engine Room, in the store or in the bilges that could be used for illegal transfer. If found, they should be removed and destroyed and the matter raised immediately with your Technical Superintendent and the DPA. How is the crew training? Can everyone use the OWS and does everyone know how to test it? If it malfunctions, do they know the correct procedure for discharging sludge to barges or for burning in the incinerator? What has to be recorded in the Oil Record Book (ORB)?

2. Make sure the overboard discharge valve is marked and chained/padlocked. The overboard discharge valve should be clearly marked and have the necessary warning notices posted close to it. It should be chained and padlocked so it cannot be opened accidentally.

3. Check the piping and flanges Many Owners and Managers now insist that all the flanges on the OWS pipes are fitted with ’anti-tamper’ numbered seals so that it is immediately clear if a flange has been broken (for example to illegally bypass the OWS). If your company follows this policy, the seals should be installed under the Chief Engineer or Superintendent’s personal supervision and the number of the seal and the corresponding flange carefully recorded. If the flange has to be broken for any reason, then the Technical Superintendent must be informed in advance. Paint and colour code the OWS inlet/ outlet pipes in signal red/yellow bands to highlight that they are special pipes and must not be tampered with. Keep records on board of the flanges and the number of the seals and handover the same record to your relief.

4. OWS Approval Certificate Confirm that the OWS approval certificate is available on board.

5. Oil record book Make sure the Oil Record Book is carefully checked for accuracy of entries and that engine sludge generation matches the quantity of sludge on board in tanks.

New MEO Class I+II Combined Exam System



ရေကြောင်းအင်ဂျင်နီယာ စာမေးပွဲဖြေဆိုမဲ့..အင်ဂျင်နီယာများ..အတွက်..ရည်ရွယ်ပြီး..
ဒီစာစု..ကို ရေးပါတယ်..။
။။။။။။။။။။။။။။။။
စနစ်သစ် Exam System ကို..အသေးစိတ်..Notification မှာ..ဖော်ပြ..ထား.. ပေမဲ့.လို့.. သေချာဖတ်သူ..နည်းပါတယ်..။
။။။။။။။။။။။။။။။။
တနေ့က..ကျောင်းသား..(၂) ဦးလာမေးလို့..အဲဒီအချက်ကို..သတိထားမိလိုက်ပါတယ်..။
သူတို့..(၂) ယောက်လို..ဝေေ၀..၀ါးဝါး..ဖြစ်သူတွေ..ရှိနိုင်တယ်လို့လည်း..ထင်ပါတယ်..။
။။။။။။။။။။။။။။။
သူတို့မေးတာက..မေးခွန်း (၂) ခုပါ..။
(၁) အခု..Pretest အောင်ပြီးတာနဲ့..BoE ၀င်သင့်ပါသလားလို့..မေးပါတယ်..။
။။။။။။
စာပိုင်ရင်..၀င်ပါ..။ မပိုင်ရင်..မ၀င်ပါနဲ့..။ အချိန်ကန့်သတ်ချက်.ရှိပါတယ်.. လို့..အကြံပေးခဲ့ပါတယ်..။
။။။။။။။။။။။။။။
(၂) Pretest အောင်ပြီး..နောက်..BoE မ၀င်ဘဲ..နေမယ်..။ Pretest အောင်မြင်ထားတဲ့..
BoE ဖြေခွင့် Eligible Document ရဲ့..သက်တန်းက..ဘယ်လောက်ရှိပါသလဲ..တဲ့..။
။။။။။
Notification ထဲမှာ..မပါပါ..ဘူး..။
ဒါပေမဲ့..သက်တန်း (၂) နှစ်အနည်းဆုံးထားသင့်ကြောင်း အကြံပြုတင်ပြထား ပါတယ်..လို့..ရှင်းပြခဲ့ပါတယ်..။
။။။။။။။။။။။။။။
ထာဝရသက်တန်းတော့..ပေးလို့..မရတော့ပါဘူး..။
BoE စာမေးပွဲဖြေပြီး..အောင်ပြီး..ရထားတဲ့..
CoC တွေရဲ့..သက်တန်းတောင်..(၅) နှစ်ဘဲရှိပါ..တယ်..။ လက်မှတ်လဲရင်တောင်..
Upgrade Course တက်ပြီးမှ..လက်မှတ်သက်တန်းတိုး..ရမယ်လို့..IMO ..က..ပြဌာန်း..ထားပါတယ်..။
အဲဒါကြောင့်..ပါ..။
။။။။။။။။။။။။။။
စနစ်သစ်..စနစ်ဟောင်း..နိုင်းယှဉ်..စဉ်းစားကြည့်..ကြရအောင်ပါ..။
စာမေးပွဲ..ဖြေမယ်ဘဲ..လုပ်နေပြီး..စာမေးပွဲစနစ်ပြောင်းတာကို..လေ့လာသူ..နည်းမယ်ထင်လို့
ကူ..ပြီး..စဉ်းစားပေး..တာလို့..သဘောထား..ပေးပါ..။ ဆရာလုပ်တယ်လို့..မမြင်စေချင်ပါ..။
။။။။။။။။။။။။။။
Approved Training Centre တွေက..
Pretest or Assessment အောင်မြင်ပြီးသူများဟာ..
BoE က ကျင်းပမဲ့.. Written Exam ကို.၀င်ရောက်.ဖြေဆိုခွင့်ရှိပါတယ်..။
။။။။။။။။။။။။။။
စနစ်ဟောင်းမှာ..
General Engineering Knowledge (GEK) ဘာသာရပ် နဲ့
Marine Engineering Knowledge (MEK) ဘာသာရပ်နှစ်ခု...ကို တွဲထားသလို
Naval Architecture & Ship Construction (NA& SC) နဲ့ Electro- technology (E-Tech) ကို..လည်းတွဲထားပါတယ်..။
။။။။။။။။။။။။။။။။
GEK အောင်ပြီး..MEK ကျရင်..အဲဒီအတွဲ..နှစ်ဘာသာစလုံး.ပြန်ဖြေ..ရပါတယ်..။
GEK ရော..MEK ရော..အောင်မှသာ..EK ဘာသာရပ်ကို..အောင်ပါတယ်..။
NA & SC နဲ့ E-Tech မှာလည်း..အလားတူ..ပါဘဲ..။
။။။။။။။။။။။။။။။။
ဖြေဆိုတဲ့..အချိန်..အကြိမ်..ကန့်သတ်မှု..မရှိခဲ့ပါဘူး..
။။။။။။။။။။။။။။။။။
အခု..စနစ်သစ်မှာ..
GEK, MEK, NA&SC, E-Tech ဘာသာရပ်အားလုံးကို..တစ်ခုစီ..ထားလိုက်ပါတယ်..။ နှစ်ဘာသာစီ တွဲထားတာကို..ဖြုတ်လိုက်ပါတယ်..။ တစ်ဘာသာခြင်းစီ..ကို..သာ..အအောင်..အရှုံးဆုံးဖြတ်ပါ့မယ်..။
ဒါကြောင့်..စာမေးပွဲဖြေဆိုရာမှာ..တစ်ဘာသာ..အောင်ရင်..ကျန် (၃) ဘာသာ.ကိုသာ..ဖြေဆိုရပါ့မယ်..။
(၃) ဘာသာ..အောင်ရင်လည်း..ကျန်တဲ့..(၁) ဘာသာ..ကိုသာ..ဖြေဆိုရပါ့မယ်..။
ကျောင်းသားများ..အတွက်.အောင်ဘို့..အခွင့်အရေး..ပို..ကောင်းပါတယ်..။
။။။။။။။။။။။။။။။။။။
ဒါပေမဲ့..ဖြေဆိုတဲ့..အချိန်..ကန့်သတ်မှု..ရှိနေတာကို..သတိမူ…မိသူ..နည်းပါလိမ့်မယ်..။
။။။။။။။။။။။။။။။။။။။
BoE စာမေးပွဲ..စတင်ဝင်ရောက်ဖြေဆိုချိန်မှ..တစ်နှစ်အတွင်းမှာ.. ဘာသာ..အားလုံးကို..ပြီးပြတ်ရပါ့မယ်..။
အောင်မြင်ရပါ့မယ်..။ တနှစ်..ကျော်တဲ့အထိ..စာမေးပွဲမပြီးပြတ်ခဲ့ ရင်..။ ဘာသာအားလုံးကို..ပြန်ဖြေရပါ့မယ်..လို့.Notification မှာ..ဆိုထားပါတယ်..။
။။။။။။။။။။။။။။။။။။။
အဲဒါ..အရေးကြီးပါတယ်..။
Notification အရ..စာမေးပွဲများက..(၄)လ..တစ်ကြိမ်ကျင်းပမယ်လို့..ဆိုထားပါတယ်..။ ဒီတော့..တစ်နှစ် မှာ..စာမေးပွဲ (၃) ကြိမ်ရှိပါ့မယ်..။
မပိုင်ဘဲနဲ့..စာသိပ်မကျက်ဘဲနဲ့..တစ်ဘာသာခြင်း..အေးအေးဆေးဆေး.၀င်စမ်းမယ်..
ဝင်ဖြေမယ်ဆိုသူတွေ..၊ တစ်ပွဲတိုး..သမားတွေ..၊
သတိထားရမဲ့ အချက်ပါ..။
စာမေးပွဲ..(၃) ကြိမ်..အတွင်းမှာ. ဘာသာ..အားလုံးပြီးပြတ်ရမဲ့သဘော.ကို.ဆောင်နေပါတယ်..။
။။။။။။။။။။။။။။။။။။။။
(၃)ကြိမ်ဆိုတာ.က.နည်းနေပါ..တယ်.၊
ခြေချော်လက်ချော်..ဖြစ်တဲ့..အင်ဂျင်နီယာများအတွက်.. နစ်နာနိုင်တယ်..လို့.Working Committee အဟောင်းမှာ.ပါခဲ့သူ.ဆရာများ၊ DMA က.ဆရာများက.. ယူဆပါတယ်..။
အဲဒီအတွက်..တစ်နှစ်ကနေ..(၂) နှစ်တိုးပေးဘို့..Working Committee အဟောင်း..အနေနဲ့..အထက်ကို..တင်ပြထားပါတယ်..။ အထက်အဖွဲ့အစည်းများကလည်း..ခွင့်ပြုမယ်လို့..ထင်ပါတယ်..။
။။။။။။။။။။။။။။။။။။။
တစ်နှစ်..ဘဲ..ဆက်ရှိရှိ..(၂) နှစ်ဘဲ..ပြောင်းပြောင်း..
မိမိစတင် ၀င်ရောက်…ဖြေဆိုသော..BoE Exam မှ..စတင်..ပြီး..အချိန်..ရေတွက်မှာမို့
စဉ်းစားပါ..။ အရင်လို..ထင်ပြီး..၀င်မရမ်းကြပါနဲ့လို့..
စေတနာနဲ့..သတိပေးပါတယ်..။
။။။။။။။။။။။။။။။။။။။။
နောက်တစ်ခု..ဆက်ပြောပါရစေ..
Pretest အောင်မြင်မှုကို..သက်တန်းသတ်မှတ်သင့်တယ်လို့..
ထင်မြင်ရတဲ့..အကြောင်းက..
အင်ဂျင်နီယာများဟာ..စာမေးပွဲဖြေဆိုဘို့..အတွက်..သင်တန်းတက်ရပါတယ်..။ ၈လ.၁၀ လ..ကြာပါတယ်..။
သင်တန်းတက်တာ..Pretest Exam ဖြေတာ..Result စောင့်ရတာ..ရှိပါတယ်.။ သင်တန်းတက်ဘို့ကလည်း..စောင့်ခဲ့ရတာ..၃လ..ကနေ..၆လ..ထိ..ရှိပါတယ်..။ Pretest အောင်ပြီးတဲ့..အချိန်မှာ..သဘောင်္က.ဆင်းတာ...တစ်နှစ်ကျော်.နှစ်နှစ်နီးနီး
.ရှိနေနိုင်ပါတယ်.။
။။။။။။။။။။။။။။။။။။။။။။။
လူတိုင်း..မိဘ..နောက်ခံ..စီးပွားရေးမတောင့်နိုင်ပါဘူး..။
BoE ကိုဝင်လိုက်ရင်..သူ့..အနေနဲ့..အားလုံးပြီးပြတ်တဲ့..အထိ. .ကြိုးစားရမှာမို့..နောက်တစ်နှစ်
လောက်ထပ် ကြာနိုင်ပါသေး တယ်..။
ဒါက..ကျွန်တော်တို့...အတွေးပါ..။
(၂) နှစ်ကျော်..၀င်ငွေမရှိဘဲ..နေရတာ..မလွယ်ပါဘူး..။
(၂) နှစ်ကျော် (၃) နှစ်နီးနီး.. သဘောင်္နဲ့ကင်းပြတ်နေတဲ့..အတွက်..အလုပ်ရှာရာမှာ..စကားပြောတတ်ပါတယ်..။
။။။။။။။။။။။။။။။။။။
ဒါကြောင့်..Pretest အောင်မြင်ပြီး..၊ BoE မ၀င်သေးဘဲ.. သဘောင်္ပြန်တက်လိုသူများရှိလာနိုင်ပါတယ်..။
သူတို့အတွက်..စဉ်းစားပေးသင့်ပါတယ်..။
သင်တန်းတက်စဉ်..Pretest ဖြေစဉ်..ရခဲ့တဲ့..အတွေ့အကြုံအရ..သူ့ရဲ့..အားနည်းချက်ကို..သဘောင်္ပေါ်မှာ ပြန်လည်.လေ့လာခွင့်..ဆည်းပူးခွင့်ရမှာဖြစ်သလို.. သူ့..အတွေးအမြင်ကလည်း.အရင်ထက်စာရင် .ရင့်ကျက်နေမှာမို့..သဘောင်္ကဆင်းပြီး..BoE Exam ၀င်တဲ့အခါ.. သူ့အတွက်လည်း..ပိုကောင်းသလို..၊
Exam အောင်မြင်မှု ရာနှုန်းလည်း..များလာ..ကောင်းလာ..နိုင်ပါတယ်.။
။။။။။။။။။။။။။။။။။
အမြင်မတူ..သူ..ရှိနိုင်ပါတယ်..။ လွတ်လပ်စွာ..အမြင်ကွဲနိုင်ပါတယ်..။
ကျွန်တော်..အင်ဂျင်နီယာကျောင်းသား..များကို..ရည်ရွယ်ပြီး..ရေးပါတယ်..။
ရှေ့နောက်..သေချာ..မတွေးဘဲ..လုပ်တတ်တဲ့..လူငယ်တွေ..များလာလို့..ရေးပါတယ်..။
သူတို့…စဉ်းစား..ချင့်ချိန်နိုင်အောင်..ကူတွေးပြီး..ရေးပါတယ်..။
ကျောင်းဆရာ..တစ်ယောက်အနေနဲ့..ရေးပါတယ်..။
။။။။။။။။။။။။။။။။။။။
Deck Officer များအတွက်..စနစ်ကိုတော့.ကျွန်တော်..ကောင်းကောင်း..မသိပါဘူး..။
ထပ်တူ..မဟုတ်ဘူး ဆိုတာဘဲ..သိပါတယ်..။
။။။။။။။။။။။။။။။။
စာမေးပွဲ..အောင်မြင်ကြပါစေ..။
။။။။။။။။။။။။။။။။
ဝင်းအောင်
ရေကြောင်း..ကျောင်းဆရာ
WISE WISH Marine Engineering Training Centre
အမှတ်(၅)၊ ဆေးဆိုးလမ်း၊ (င/က) ရပ်ကွက်၊ သင်္ကန်းကျွန်း၊ သုဝဏ္ဏ။
09-4924 6117, 09- 7301 2239

ကြိုက်မှာတော့..မဟုတ်ပါဘူး..


ကျွန်တော်တို့..စီနီယာများကော..ကျွန်တော်တို့..၀န်းကျင်..အထိကော..၊ စာမေးပွဲဖြေဘို့ကို..Sea time ပြည့်တာနဲ့..ခုန်ဆင်းလာပြီး..ဖြေသူ..အင်မတန်နည်းပါတယ်..။
Sea time ပြည့်နေ..ကျော်နေတာတောင်..၊ ငါ့မှာ..အတွေ့အကြုံလိုသေးတယ်..။ ဒီလောက်နဲ့ဖြေလို့..မဖြစ်သေးဘူး..ဆိုပြီး..Sea Service ဆက်ယူနေသူတွေ..များပါတယ်..။
။။။။။။။။။။။
စာမေးပွဲ..ခဏခဏ..ကျမှာကို..စိုးရိမ်ကြပါတယ်..။ ကိုယ့်ကိုယ်ကို..လက်တွေ့ကော..စာတွေ့ပါ..အားရမှ..စာမေးပွဲဖြေဘို့..
သင်တန်း..တက်ကြပါတယ်..။ စိတ်ဓါတ်ပိုင်းဆိုင်ရာ..အယူအဆ..Professional ဆန်ပါတယ်..။
။။။။။။။။။။။။
အခုတွေ့..နေရတဲ့..လူငယ်အများစု (အားလုံးမဟုတ်ပါ)..က..Sea time ပြည့်တာနဲ့..ခုန်ဆင်းလာပါတယ်..။ စာမေးပွဲဖြေဘို့..ကြိုးစားပါတယ်..။
သဘောင်္ပေါ်မှာ..လေ့လာမှုနည်းပြီး..ကျူရှင်တက်ရင်..အဲဒီက..အကုန်သင်မှာဘဲ..လို့..ထင်ထား..ပုံရပါတယ်..။
Academic Education နဲ့..သူတို့..ဖြတ်သန်းခဲ့တဲ့..ပညာရေးစနစ်ပုံစံအတိုင်း. .တွေးထား..မှတ်ထား..ပါတယ်..။
။။။။။။။။။။။။
စိတ်ဓါတ်ပိုင်းဆိုင်ရာ..အယူအဆ..Business ဆန်ပါတယ်..။
နားလည်..တတ်သိတာထက်..လက်မှတ်ရဘို့..အရေးကြီးတယ်..။ လက်မှတ်မြင့်ရင်..ပိုက်ဆံပိုရတယ်..ဆိုတဲ့..အတွေးက..အလေးသာပါတယ်..။
။။။။။။။။။။။။။
အဲဒီ..Mindset အမှားတွေ..ကလည်း.. စာမေးပွဲကျသူ..ရာနှုန်းများစေတဲ့..ထဲမှာ..အဓိက..နေရာက..ပါမဲ့..အချက်..
တစ်ချက်..ဖြစ်ပါတယ်..။
။။။။။။။။။။။။။
သဘောင်္ပေါ်မှာ..၀တ်ကျေတန်းကျေလေး..လုပ်ခဲ့..ဘာမှ..မလေ့လာခဲ့သူများဟာ..
သက်ဆိုင်ရာ..Term များကို..မသိခဲ့ပါဘူး..။ အဲဒီလို..လူမျိုးတွေကို..စာသင်ရတာ..
ည..အခါ..လသာသာ..၊ ကောင်းကောင်း မသိတဲ့သူကို.. ဇိနတ္ထပကာသနီ..ဖတ်ပြီး..ရှင်းပြနေရသလိုပါဘဲ..။
။။။။။။။။။။။။။
ကုန်းပတ်ပေါ်မှာ..သံချေးဘဲခေါက်နေပြီး.ငါ့ရတဲ့..လခနဲ့..တန်သလောက်ဘဲ..လုပ်မယ်..ဆိုတဲ့..အတွေးသာ..ရှိသူတွေ..။

.Deck Officer တွေ..ဘာလုပ်နေလဲ..မလေ့လာခဲ့သူတွေ..?

စက်ခန်းထဲမှာ..ကြမ်းဘဲ..တိုက်နေပြီး..Engineer Officer တွေ.. ဘာလုပ်နေလဲ ဆိုတာကို..ကူညီဘို့..မေးဘို့..၀န်လေးသူတွေ..။

ကိုယ်က..တစ်ချိန်မှာ..အင်ဂျင်နီယာစာမေးပွဲ..၀င်ဖြေဘို့..ရည်ရွယ်ချက်ရှိတယ်..ဆိုတာကို..ပျင်းပျင်းနဲ့..မေ့ထားခဲ့သူတွေ..။

အဲဒီ..ပေါက်လွတ်ပဲစား..စိတ်ဓါတ် လို့..ပြောလို့ရမဲ့..Mind Set , Behavior, Practice နဲ့..Professional Exam (CoC) စာမေးပွဲ..ဆင်းဖြေတဲ့..အခါ.. အကြိမ်........များမှာ..သေချာပါတယ်..။
။။။။။။။။။။။။။။
ကုန်းပေါ်မှာ..စာမေးပွဲတွေ..အကြိမ်များများ..ဖြေ.၊ပြီး..နှစ်ပေါက်..
.နေမဲ့..အစား..Sea service ကို..ပိုယူခဲ့တာက.. ၊
။။။။။။။။။။။
သဘောင်္ပေါ်မှာ..လေ့လာခဲ့တာက..၊
။။။။။။။။။။။။။
English စာ လေးကိုလည်း..အားတဲ့အခါ..နည်းနည်း..ဖတ်ပါ..ရေးကြည့်ပါ..။ ၀တ္ထုရေးသလို..အဆင့်မလိုပါ..။ Instruction Manual လေးတွေထဲက..Simple English လောက်ဆို..ရပါပြီ.။ အဆင့်မမြင့်ပါ..။
။။။။။။။။။။။။။။။။။
အဲဒီလို..လုပ်ပြီးမှ..ပိုင်မှ..၀င်ဖြေရင်..၊ ငွေကြေးလေးကလည်း..တောင့်နေ..၊ အသိပညာ ကလည်းမြင့်နေတော့..၊ စာမေးပွဲ..အကြိမ်နဲနဲ နဲ့..အောင်မှာပါ..။
..ရေရှည်တွက်ကြည့်ရင်..
ကာယကံရှင်များအတွက်..ပိုအကျိုးရှိမှာပါ..။
။။။။။။။။။။။။။။။။။
စာမေးပွဲ..ခဏခဏ..ကျနေချိန်မှာ..
စာမေးပွဲ..မအောင်သေးဘူးလား..?
သဘောင်္..ပြန်မတက်သေးဘူးလား..? လို့..အမေးခံရတဲ့..အချိန်မှာ..
လူကလည်း..ဘိုင်ကပြတ်..၊ စာ..က..လည်း..အကြွေးတွေများပြီး..ရူးချင်သလိုလို..ဖြစ်နေ...
အဲဒီအချိန်မှာ..ရှိမဲ့..ရင်ထဲက..
နာကြင်မှုတွေ...ခံရခက်မှု..တွေကို..ရင်ဆိုင်နိုင်ဘို့..အင်အား..ရှိတယ်..
ဆိုရင်တော့..
Sea Time ပြည့်ပြီ..ဒေါင်..ဆိုတာ..နဲ့..ဆင်းလာခဲ့..ပါ..။
။။။။။။။။။။။။။။။။။။။
ပြီးမှ..သမတကြီး..ကယ်ပါ..။ ဟိုလူယုတ်မာတွေ..ကျွန်တော့်ကို..သဘောင်္အကြောင်းတွေ..မေးနေတယ်..။
ကျွန်တော် နံမည်တောင်...မခေါ်တတ်တဲ့..စက်ကြီး.တွေ.. .ပြင်တာကို...မေးနေတယ်..။
မတရားပါဘူး..။
သိပ်ခက်တာဘဲ..။
ဆိုတာမျိုး..မလုပ်ကြစေချင်..မဖြစ်စေချင်ပါ..။
။။။။။။။။။။။။။။။။။။။
ဒေါ်လာ..ထောင်ချီ..စားချင်ရင်..
ဒေါ်လာ..ထောင်ချီတဲ့..အလုပ်နဲ့..တန်တဲ့. Theory & Practical Knowledge ရအောင်..ရှိအောင်..လုပ်ရမှာ..က..Professional တွေရဲ့..အလုပ်..ပါ..။
။။။။။။။။။။။။။။။။။။။
ကြိုက်မှာတော့..မဟုတ်ပါဘူး..
ပြောကြည့်တာပါ..အကြံပေးတာပါ..။
။။။။။။။။။။။။။။။။။။။
ဝင်းအောင်
ရေကြောင်း..ကျောင်းဆရာ..

Saturday, September 21, 2013

Philippines သင်္ဘောသား တို့ အကြောင်း

Philippines သင်္ဘောသား တို့ အကြောင်း Filipino တစ်ယောက် ရေးသားထားသောဆောင်းပါး တစ်ပုဒ်
(စာရေးသူ၏ အာဘော် သာဖြစ်ပါသည်)


False promise of a dream

BIZLINKS By Rey Gamboa

The country is still producing too many maritime graduates who cannot be absorbed by the world market. When maritime schools advertise their services to, “sail around the world and earn in dollars,” parents who spend thousands of pesos for tuition fees and other cost must be warned of such empty promises.
Maritime schools have been in business in the Philippines for the past 40 years mainly because we have been the leading supplier of seafarers to the worldwide shipping industry. Since the 1970s, Filipino seafarers have been the choice of ship owners worldwide because of their mastery of the English language.
Before that, when the walls of Berlin went down, there was an abundance of seafarers from Eastern bloc nations. However, after a couple of years, they questioned their low salaries, and demanded equal pay with their western counterparts.
That scenario was similar to that old joke about East German prostitutes complaining about the lower prices they fetch compared to the West German prostitutes even if they offer the same services. After that brouhaha, ship owners stopped hiring Eastern bloc seafarers as they were no longer competitive.
Next came the Chinese seafarers who could be hired at a very low rate. However, their English skills were lacking. Plus, cultural differences emerged as the seafaring life did not sit well with the Chinese who did not want to be away from their families for prolonged periods of time.
Then there were the Indonesian seafarers. However, just like the Chinese, they too were lacking in English skills. Moreover, since most Indonesians are Muslims, they had a hard time getting visas to Western ports, especially after the 9/11 attacks in the US.
Myanmar, likewise, deployed seafarers, but their numbers were so small they could not even muster 15,000 seafarers to serve overseas. And just like the Chinese and Indonesian seafarers, their English skills are lacking.
A major source of seafarers
Today, there are only two major sources of seafarers for the worldwide shipping industry – India and the Philippines. However, Filipinos are still preferred by ship-owners. Indians are known to be argumentative, while Filipinos are more amiable. Moreover, Filipino seafarers are still cheaper than their Indian counterparts.
This notwithstanding, the compensation package is still attractive. Filipino ship captains still get anywhere from $8,000 to $10,000 a month. The lowest-ranked officers get $2,500 a month, while the ordinary seaman gets $1,500 to $2,000 a month.
These rates are net to the seafarers as they hardly have any expenses onboard. They don’t pay rent, have no expenses for food, transportation, uniforms, and the like. Food onboard the ships are always good, as the ship owners try to compensate their crew with good food to make up for the lonely life at sea.
The estimated contribution of seafarers is about $6 billion a year in inward dollar remittances through the banks and other informal channels. Compared to other overseas Filipino workers, seafarers are the biggest contributors of foreign exchange per capita.
Technological advancements
However, technology has caught up with the shipping industry, and the number of seafarers employed has gone from an average of 25 crewmembers down to 15 crewmembers per vessel.
With satellite navigation, computerized machinery, safety equipment, and many more new gadgets being developed, the need for additional manpower onboard the ships has significantly been reduced.
Plus with the increased demand for goods worldwide, ships are now bigger, faster and more efficient. Advances in technology also have aided shipyards to build more ships at a faster rate. It has also become easier now to replace old vessels for scrap.
With all these developments in the shipping industry, we need to call the government’s attention to the big social problem plaguing the industry. We have 93 maritime schools accredited by the government, churning out 20,000 graduates per year.
In 2010, we deployed 82,000 officers and 125,000 ratings. This does not include the 80,000 to 100,000 Filipinos serving the cruise vessels as they are considered hotel staff.
Manpower oversupply
We only need 5,000 graduates yearly to replace retiring seafarers and to meet the new labor demands of ship owners. The question we ask now is: what do we do with the remaining 15,000 graduates yearly who cannot find employment? The maritime education sector is currently guilty of promising a false dream.
To properly educate a seaman, the maritime schools must follow the system of industrialized nations, that is, the 2-1-1 method: two years in school, one year as a cadet onboard, and one more year back to school before graduation.
The 2-1-1 system is effective as the absorption rate of the students is high, since they have been onboard from their third year. In the Philippines, the condition of the CHED is three years of schooling and one year cadetship onboard.
The problem here is that less than 10 percent of maritime students experience the 2-1-1 system. Most of the maritime schools have a hard time getting cadets onboard ships for cadetship training. Only a few good maritime schools have a tie-up with foreign principals for their cadets to train onboard their ships.
We only have three training ships in the Philippines, two of which are private (NYK and MO of Japan), and the remaining one being public, care of the Japanese Seaman’s Union.
Wake up call
We are calling on government to take a deep look at the oversupply of maritime graduates in our country. Every year, 15,000 maritime students do not get the opportunity to practice what they’ve been studying for.
One way of reducing maritime schools in the country is to require the latter to be equipped with a minimum number of electronic equipment like bridge simulators. The end result will be better quality maritime schools with better quality graduates.
The government must stop issuing new licenses for maritime schools unless they can prove that they can put up a higher standard of maritime education and can manage the 2-1-1 system.
The promise of “sailing around the world and earning dollars” is no longer a dream but a nightmare to victimized parents and students.

  Philstar.com

ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန မှ ညွှန်ကြားချက် ၂/၂၀၁၃

ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန မှ ညွှန်ကြားချက် ၂/၂၀၁၃ထုတ်ပြန် (ပို့ဆောင်ရေးသတင်းဂျာနယ်)

အမြင်မတူခြင်း

အချိန်က ညဖက် ဂျူတီလွှဲချိန်… နေရာက ထိုင်ဝမ် ရေလက်ကြား.. လေပြင်း က ၄၀ နှင့် ၇၀ ကြားတိုက်နေချိန်ဖြစ်သည်..။ အပြင် တောင်တရုတ်ပင်လယ်ထဲမှာ မုန်တိုင်းရှိနေသောကြောင့် မုန်တိုင်းရှောင်မောင်းသော သင်္ဘောများနှင့် ထိုင်ဝမ် STRAIT ကြီးစည်ကားပြည့်ကြပ်နေ၏။

ဂျူတီလွှဲနေချိန်မို့  ကျွန်တော်လဲ ကွန်ထရိုးခန်းထဲတွင် နောက်ဆုံးအနေနှင့်သေချာစစ်ဆေးနေမိသည်..။ ကျွန်တော်နှင့် တွဲသော မြန်မာ OILER က လွှဲပြီးသောကြောင့် တက်တောင်သွားပြီ..။ ကျွန်တော်သာ တရုတ် အင်ဂျင်နီယာနှင့် လေအရမ်းကြမ်းကြောင်း SPEED တော်တော်ကျနေကြောင်း ခနပွားကျန်ခဲ့ချိန်ဖြစ်သည်..။ တရုတ်အင်ဂျင်နီယာက GENERATOR ဒိုင်ခွက်တွေဖက် တစ်ချက်လှည့်ကြည့်ရင်း L.O PRESSURE တွေကျနေတယ်နော်ဟုပြောလိုက်၏။ ကျွန်တော် ဟေ ခနဲဖြစ်သွားသည်။ ခုနကမှ ပုံမှန်ပဲရှိသေးသည်။

“ရှောင်စူး(သူနှင့်တွဲယူသည့်တရုတ်OILER) သွားသွား FILTER သွားကစားလိုက်” ဟုကျွန်တော်လှမ်းပြောလိုက်၏။ သူလဲခပ်သုတ်သုတ်ထွက်သွားကာ သွားလုပ်၏။ DUPLEX FILTER ကို ပြိုင်တူသုံးသော်လည်း HANDLE ကို ဘယ်ညာ လေးငါးချက်လောက် ကစားလိုက်လျင် ဆီက FILTER ကိုဆေးချလိုက်သလိုဖြစ်သွားပြီး တော်ရုံမျက်နှာပြင်မှာ အမှုန်ကပ်ပြီး ပိတ်နေသော FILTER ပြန်ပွင့်သွားသည်။ သူတို့ လုပ်နေကြ သူတို့ ဆီကရသောနည်းဖြစ်သည်.။ ရှောင်စူး အဲ့လို သွားလုပ်လိုက်သောကြောင့် PRESSURE ပြန်တက်လာသည်ကို ကျွန်တော်တွေ့ ရသော်လည်း သူ ပြန်ရောက်လာချိန်တွင် ပြန်ကျသွားသည်..။ မရတော့..။ စဖြစ်ထဲက ကျွန်တော် FREQUENCY ကို သတိထားကြည့်သည်..။ နဲနဲချင်းကျနေသည်..။ GENERATOR ၂ လုံးပဲ ရှိတာမို့ NO.2 မောင်းပြီး NO.1 STAND BY ထားထားခြင်းဖြစ်သည်..။မောင်းထားသော NO.2 ကလဲ O/H ကိုင်ထားပြီး သည်မှာ ၁ ပတ်ကျော်ပဲရှိသေးသည်.။GOVEROR CONTROL ကို တင်ပေးသော်လည်း FREQUENCY ကတက်လာသည်ကနဲပြီး ကျ
သွားသည်ကများနေသည်။
သွားပြီ။ BEARING ဖမ်းပြီ။

“ရှောင်စူး NO.1 GENERATOR နှိုးတော့ သွား” သူလဲထွက်သွားချိန် ကျွန်တော်ပါ လိုက်သွားသည်။ TURNING GEAR လှည့်ဖို့  BLOW KICK ဖို့ သူက စလုပ်၏။ “ရှောင်စူး မလိုဘူး INDICATOR CORD တွေ အကုန်ပိတ်။ နှိုးတော့။ နှိုးပြီးတာနဲ့ ပတ်စစ်”
ပြောပြီး ကျွန်တော်ချက်ချင်း CONTROL ROOM ထဲပြန်ပြေးလာသည်။ တရုတ် အင်ဂျင်နီယာ ကြောင်ပြီးရပ်ကြည့်နေ၏။ GENERATOR က FREQUENCY 55 ထိထိုးကျနေပြီ။

ကျွန်တော် တောက်လျောက်ဆွဲတင်သည်။ တက်မလာတော့။ ကံကောင်းထောက်မစွာ သင်္ဘောအစုတ်ထုံးစံမို့ လားမသိ PREFRIENTIAL TRIP မလာ။ ထိုအချိန်တွင် STAND BY NO.1GENERATOR က နိုးသွားပြီ။ သူက FREQUENCY ၆၀ ပုံမှန်ရှိသော်လည်း ပြဿနာတက်နေသော NO.2GENERATOR က ၅၅ ကဘယ်လိုမှ မတက်တော့.။အဲကွန်းဖြုတ်ချလဲ တက်မလာ။ မတတ်နိုင် တစ်နည်းပဲရှိတော့သည်..။စွန့် စားရတော့မည်။
“ရှောင်စူး ငါ GENERATOR ဖြုတ်ချမယ်..။ မီးပျက်မယ်.။ မီးပြန်လာတာနဲ့ မင်းက M.E L.O P/P, F.O P/P , JKT P/P, G.E S.W P/P , AUX BLOWER ဆက်တိုက်ပြန်မောင်း.။ OK လား”
“ OK,OK” ဟုသူပြန်ပြောပြီး အသင့်ရပ်နေ၏။ကျွန်တော် BEARING ဖမ်းနေသောNO.2 GENERATOR ကို ACB TRIP ဖြုတ်ချလိုက်ပြီး တစ်စက်တည်း အသင့်နှိုးထားသောNO.1 GENERATOR ကို ACB BRAKER ဆွဲတင်လိုက်သည်။ ဖြတ်ခနဲ မီးပျက်သွားပြီ ချက်ချင်းပြန်လာသည်။ ကျွန်တော်က GOVERNOR CONTROL ကို တောက်လျောက်ဆွဲတင် နေချိန် ရှောင်စူးကလဲ ကျွန်တော်ပြောထားသည့်အတိုင်း ပန့် တွေ တစ်လုံးပြီး တစ်လုံးပြန်မောင်းသည်..။ M.E က အဟွတ်အဟွတ် နှင့် SURGING ဖြစ်တော့ တစ်ချိန်လုံးကြောင်ကြည့်နေသည့် တရုတ်အင်ဂျင်နီယာက လန့် ဖျပ်ပြီး AUX BLOWER တွေ ထမောင်းသည်..။ စက္ကန့် ပိုင်းအတွင်း အားလုံးပုံမှန်ပြန်ဖြစ်သွားသည်။ မီးက မျက်တောင် ခတ်လိုက်သလို သာ တစ်ချက် ပျက်သွားတာဖြစ်သည်။ C/E မှအစ CADET အဆုံးအားလုံး ပြေးဆင်းလာချိန်တွင် ပုံမှန်ပြန်မောင်းနေပြီ။
“ရှောင်စူး NO.2 GENERATOR သွားရပ်..။ TURNING GEAR လှည့်..။” လို့ ကျွန်တော် ပြောလိုက်သည်။ သူရော အင်္ကျီမပါ ပုဆိုး ခါးတောင်းကျိုက်ဖြင့် ပြေးဆင်းလာသော ကျွန်တော့ OILER ပါ ပြေးထွက်ပြီး သွားလုပ်ကြ၏။

“ မှန်လေး ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ”ဟု C/E ကမေး၏။ ကျွန်တော်က GENERATOR BEARING ဖမ်းသွားကြောင်း၊ နောက်တစ်လုံး နှိုးပြီးတော့ SYNCRONIZE လုပ်လို့ မရတော့ကြောင်း ဖြုတ်ချ၊ ပြန်တင် လုပ်လိုက်ရကြောင်း၊ စုစုပေါင်းမှ မိနစ်ပိုင်းပဲကြာကြောင်း၊ ဒီလောက် သင်္ဘောတွေ ပြည့်ကျပ်နေချိန် မီးပျက်သွား၊ M.E ထိုးရပ်သွားရင် ဘာတွေဆက်ဖြစ်မလဲမသိကြောင်း ဘာညာ ဘာညာ ပြောပြလိုက်ရ၏။
“တော်သေးတာပေါ့။ ဘာမှမဖြစ်လို့ ” ဟုသူပြော၏။ကျန်သူများက စက်ခန်းကို သေချာ ပတ်စစ်နေကြသည်။သူကြီးလည်း ဘာဖြစ်တာလဲ ဟု ဖုန်းဆက်မေး၏။ အကျိုးအကြောင်းရှင်းပြလိုက်ပြီး အောက်မှာ အားလုံး ပုံမှန်ပြန်ဖြစ်သွားပြီ ဖြစ်ကြောင်း ပြောတော့ အပေါ်မှာရော အေးအေးဆေးဆေးပဲဖြစ်ကြောင်းသူကလဲပြန်ပြော၏။
GENERATOR TURNING GEAR က နဲနဲ စီးနေသော်လည်း လှည့်လို့ ရသေးသည်။ ၁၀ မိနစ်လောက်စောင့်ပြီး ကျွန်တော်တို့  CRANCASE ဖွင့်ချလိုက်တော့ NO.4 UNIT BEARING ကပြားနေပေပြီ။ BEARING သားတွေ ဘေးကို အိထွက်နေတာ မြင်နေရသည်..။ အရပ်မြန်သောကြောင့် ပျော်မသွားသေး။

“မှန်လေးရေ မင်းရပ်တာမြန်လို့ ဟေ့။ နဲနဲကြာရင် အဲ့ဒါ BEARING ပျော်ပြီး CONNECTING ROD ပါကျိုးထွက်ပြီး အပြင်ကို ဖောက်ထွက်လာရော။ ငါတစ်ခါကြုံဖူးတယ်။” ဟု C/E ကပြော၏။
ကျွန်တော်လဲ အဲ့လို GENERATOR ခြေတွေ လက်တွေ ထွက်လာသော သတင်းတွေ ကြားဖူးကြောင်းသူ့ ကိုပြောပြလိုက်ပါသည်..။ အရင် CUMMIN GENERATOR ၂လုံးပဲရှိသော သင်္ဘောတုန်းက D.O FILTER တွေ ခနခနပိတ်လို့  ခုလိုပဲ SYNCRONIZE လုပ်လို့ မရသောကြောင့် ဖြုတ်ချ ပြန်တင် လုပ်ရသော အတွေ့ အကြုံက ကျွန်တော့အတွက် အသုံးဝင်သွားခြင်းဖြစ်သည်..။ အခုက M.E မောင်းနေတုန်းဖြစ်တာကတော့ ကျွန်တော်လဲ မကြုံဘူးသေး။ အချိန်ဆွဲလို့ မရသောကြောင့် စွန့် စားပြီး လုပ်လိုက်ခြင်းဖြစ်သည်..။ အားလုံး အဆင်ပြေ ချောမော သွားသော ကြောင့် သက်ပြင်းချနိုင်သည်..။ နို့ မို့ ကျွန်တော်လုပ်လိုက်လို့ ဖြစ်တာဆိုပြီး သေချာပေါက် ပြုတ်ပေမည်.။ C/E လဲ တွေးပြီး ဆွေ့ ဆွေ့ ခုန်နေသည်..။
“တော်သေးတယ် ဟေ့ကောင်ရေ..။ နို့ မို့  ကတော့ အကြီးကြီးတွေဖြစ်မှာ..။ အကုန်ဂိမ်းမှာ..။ ပြန်လဲပြန်ရ နာမည်လဲပျက်မှာ” စသဖြင့် ပြောနေ၏။

ထို့ ကြောင့်သာလျင် အရေးကြီးသောနေရာများ ရောက်ပါက generator ၂ လုံးလုံး နှိုးပြီး အသင့်ထားရန် အစဉ်အဆက် ဆရာများ ပြောနေခြင်း ဖြစ်ပါသည်..။ သိုသော် ကျွန်တော်တို့ လိုက်နေသည်က ကြားလိုင်းများဖြစ်သည်..။ အလျင်းသင့်လျင် သင့်သလို ဆီ ဥ ထားရတာကလဲ ရှိနေသေးသည်လေ..။
ထို ကိစ္စနှင့်ပတ်သတ်၍ လိုင်းကြီးမှ သူငယ်ချင်းတစ်ယောက်နှင့် ကျွန်တော်ပြန်တွေ့ ချိန်တွင် ဆွေးနွေးကြည့်သည်..။ သူကတော့ ကျွန်တော်၏ လုပ်ဆောင်မှုကို လက်မခံ..။ အစီအစဉ်မကျကြောင်း ပြောပါသည်..။ ကျွန်တော်လက်ခံပါသည်..။ သို့ သော် သူလည်း ကြားလိုင်းသင်္ဘော အစုတ် မလိုက်ဖူးသလို ကျွန်တော်လဲ လိုင်းကြီးသင်္ဘော အကောင်း မစီးဖူးပါ..။ ထို့ ကြောင့် အမြင်မတူခြင်း ဖြစ်နိုင်ပါသည်..။

ဟိန်းစိုးအောင်

မန်မာ ၁၈ ယောက်ပါဝင်သော MT Kit 57 သင်္ဘော မလေးရှားနိုင်ငံ Johor ကမ်းခြေအနီးတွင် fuel transfer လုပ်နေစဉ် မီးလောင်ကျွမ်းမှုဖြစ်ပွား

တစ်ခိုင်လုံးရွှေ ... မြန်မာ ၁၈ ယောက်ပါဝင်သော MT Kit 57 သင်္ဘော မလေးရှားနိုင်ငံ Johor ကမ်းခြေအနီးတွင် fuel transfer လုပ်နေစဉ် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး... အခင်းဖြစ်ပြီးနောက် ၇ နာရီ အကြာတွင် နစ်မြုပ်သွားခဲ့ကြောင်းသတင်းရပါသည်။



မြန်မာ သင်္ဘောသား ၁၈ ယောက်လုံး မှာ အတူတွဲရပ်ထားသော MT Sakses Satria 1 သင်္ဘောပေါ်သို့ အချိန်မီကူးပြောင်းလိုက်နိုင်ပြီး ဘေးကင်းကြောင်း သိရပါတယ်။

သင်္ဘော ၂ စီးလုံးမှာ စင်္ကာပူ မှတ်ပုံတင်သင်္ဘောများဖြစ်ကြပြီး... အခင်းဖြစ်ပွားချိန်တွင် Fuel Transfer လုပ်နေခဲ့တယ်လို့ ယူဆရပါတယ်။

၁၈ ယောက်ထဲမှ ၂ ယောက် ဒဏ်ရာရရှိပြီး Kota Tinggi ဆေးရုံတွင် ကုသမှုခံယူလျက်ရှိပါသည်။

NK @MSU

Dated - 3rd Sept. 2013.

သင်္ဘောသီးနဲ့ ဖေ့ဘွက် စတင်မိတ်ဆက်ခြင်း


 



 ကို ရွှေ သင်္ဘောသီးတယောက် ပြန်ရောက်တာ ကြာလို့ င၀က်

ကလဲခန်း(ပိုက်ဆံကုန်နေတာကို ပြောတာ)၊သူငယ်ချင်းတွေကလဲ သင်္ဘောပြန်တက်ကုန်၊အိမ်မှာ

ရှိတဲ့ အိမ်သူသက်ထား ကြီးကလဲ မကြည်ဖြုချင်တော့၊ ချေလိုက်ရတဲ့ယတြာတွေကလဲ

မနည်းမနှော၊ ဒါနဲ့ အိမ်မှာဘဲ နေမယ် ကွန်ပျုတာကလဲ သားတော်မောင် ကလဲ မရှိ ဆိုတော့

အားနေတယ်လေ ဟဲ ဟဲ အခုတလော ခေတ်စားနေတဲ့

ဖေ့ဘွက်က နေ မြန်မာအလှမယ်လေး ခင်ဝင့်ဝါ ကို အားပေးမယ်ပေါ့ မကောင်းဖူးလား

မျိုးချစ်စိတ်ဓါတ်ကြောင့်ပါ အော် မသုံးတာ

ကြာနေတော့

ပတ်စ၀ပ်(Password)ကလဲ မေ့တေ့ တေ့ရယ်၊စဖွင့်လိုက်တော့ တွေ့လိုက်ရတာ ရေကြောင်းနဲ့

ပတ်သတ်တဲ့ MSU Page ကို Like လုပ်ဘို့ Invite လုပ်ထားတာ တွေ့ သဗျာ တော်တော်များများ

သင်္ဘောသားတွေ လဲ စာရေးဆရာတွေပဲ ဖြစ်ကုန်သလော၊နောက်

နိုင်ငံရေးသမား၊ဝေဖန်ရေးသမားများတွေများ ဖြစ်ကုန်သလော စဉ်းစားမိတယ် အင်း

ဘ၀တူတွေကို အားပေးပါတယ်ဗျာ တချို့တွေလဲ အိမ်က မိန်းမတွေကို မကျေနပ်တဲ့

ခံစားချက်တွေကို Facebook Status မှာ တင် ထားလိုက်ကျတာ ဟီးဟီး ကြောက်ခမန်း လိလိ

(ပုဆိုးချုံထဲက လက်သီးပြတဲ့ ခေတ်မဟုတ်တော့ဖူး ဖေ့ဘွတ်တက်ပြီး ဆဲ တဲ့ ခေတ်ကိုဗျ) ဒါနဲ့

ဖြစ်သေးဘာဖူး နိုင်ငံတကာ သတင်းဆိုဒ် သစ်ထူးလွင်တို့ဧရာဝတီ ဆိုဒ်တွေ ဘက်

ကြည့်လိုက်တော့ မလေးမှာ အော်ပရာစီ ၀င်လို့ ဒို့ရွှေတွေ တန်းစီ ဖမ်းခံနေရပါလား

စိတ်မချမ်းသာပါဖူး ထားလိုက်တော့

ရေကူးဝတ်စုံလေးနဲ့ ခင်ဝင့်ဝါလေး ကြည့်ပြီး Vote လိုက်အုံးမှပဲ

(အင်း မြန်မာဘောလုံးအသင်းတုန်းက ဆုမရရင် ဘယ်လိုကန်လို့ ဘာလို့ဆိုပြီး

ဆဲလိုက်ဆိုလိုက်ကျတာ ခင်ဝင့်ဝါ ကျတော့ ညီမလေးရယ် ယှဉ်ပြိုင်ချင်းသာ အဓိကပါ

တတ်လဲတတ်နိုင်တဲ့ ငနဲသားတွေ)တော်ပြီကွာ စိတ်ရှုပ်သွားပြီ

ငါလဲ သူများတွေတင်သလို ဖေ့ဘွက်ကနေ Status တင်မယ်ဆိုပြီး ရေးလိုက်တယ်

“သားကို အခုထိ သင်္ဘောမတင်ပေးသေးတဲ့ လူတွေကို မုန်းတယ် မေမေ” လို့ …သိပ်မကြာပါဖူး၊၊

၊၊ပြန်ရောက်လာတဲ့ သားတော်မောင် ဖွင့်လိုက်တဲ့ သီချင်းက အဆိုတော် ဟန်ထူးလွင်ဆိုတဲ့

လမ်းကြုံရင်ပြောပြပေးပါ

သီချင်း ရဲ့ စာသားက “ဘာလိုလိုနဲ့ တနှစ်ပြည့်ပြီပဲတဲ့” တယ် ငါ

ကလော်တုတ်လိုက်တော့မယ် မျောက်လောင်း သားတော်မောင်ရေ…

မောင်ဒိုးနတ်

Myo Nge

ရေကြောင်းပညာရေးစနစ် (Marine Engineering ) ကို..ဝေဖန်နေသူများ..ဖတ်ကြည့်စေချင်ပါသည်..။


ပြောလေ့ရှိသော..စကားများ..

(၂) ဆရာတွေက..ကြယ်ငါးပွင့်ကလူတွေ..သဘောင်္တွေကလည်း..အဟောင်းအစုတ်တွေ..သူတို့က..သိပ်ခေတ်မမှီတော့ဘူး..။ ကျွန်တော်တို့..က..ကိုယ်စီးလာခဲ့တဲ့.အဆင့်မြင့်သဘောင်္ကြီး..အကြောင်းနဲ့..ဖြေလိုက်တော့..Examiner ရှက်ပြီး..ကျွန်တော်တို့ကို..စာမေးပွဲချလိုက်တာ..။
**********

(၃)
DMA နဲ့ သင်တန်းကျောင်းတွေ..ရိုက်စားလုပ်နေတာ...
။။။။။။။။။။။။။။
အဲဒီစကားက..မကြာခဏ..ကြားရသလို..ကြားရတိုင်းလည်း..ပြောနေသူများ..ကို..သနားပြီး.ကိုယ့်အသက်မွေးဝမ်းကျောင်းအတွက်...၀မ်းနည်းစိတ်ဝင်မိပါတယ်..။ ငါတို့..Professional တော့..သွားတော့မယ်..ဆိုပြီး..။
။။။။။။။။။။။။။။။
3E,CE Exam တွေဟာ..
ဆိုကြပါစို့..3E Oral ဟာ..၊
ဒီစာမေးပွဲဝင်ဖြေတဲ့..Candidate ဟာ..3E တစ်ယောက်မှာ..သိသင့်တဲ့..သိရမဲ့.. နည်းပညာပိုင်းဆိုင်ရာ၊ တာဝန်ပိုင်းဆိုင်ရာ၊ ဥပဒေပိုင်းဆိုင်ရာ..တွေကို..၊ သိလား..မသိဘူးလား..မေးတာပါ..။
သူစီးခဲ့တဲ့..သဘောင်္အကြောင်းမေးတာ..မဟုတ်ပါဘူး..။
လုပ်ငန်းသဘာဝ..အရ..
သူကလည်း..သူစီးခဲ့တဲ့..သဘောင်္ကို..သေတဲ့အထိ..ထပ်ပြန်တလဲလဲ..တက်ရမှာ.
.မဟုတ်ပါဘူး..။ အမြဲတန်း..မတူတဲ့..သဘောင်္တွေကို..ပြောင်းတက်နေရမှာပါ..။
။။။။။။။။။။။။။။
သား.စီးခဲ့တဲ့..သေဘာၤမွာ..အဲဒါမရွိဘူး..၊ သား..ကို..သေဘာၤေပၚမွာ..စီနီယာ..ေတြက..ရွင္းမၿပဘူး..၊
သား..သေဘာၤမွာ..အဲဒါႀကီး..မဖြုတ်ခဲ့ဘူးလို့..သား..မသိဘူး..၊
ဆိုတဲ့..သူက..အများစုပါ..။
သူဖြေနေရတဲ့..စာမေးပွဲ ရဲ့..အနေအထား..၊ သဘောသဘာဝ..ကို..သူ..မသိပါဘူး..။
။။။။။။။။။။။။။။။။။
Professional Certificate ရဘို့..ဖြေနေရတာပါ..။
တစ်ခါမှ..မလုပ်ဘူးတဲ့..သဘောင်္ပေါ်တက်ပြီး...တစ်ခါမှ..မမြင်ဘူးတဲ့..အင်၈ျင်တွေ..အဲယားကွန်ပရက်ဆာတွေကို..Major Overhaul လုပ်ရမှာပါ..။

ဖြုတ်ဘူးတာ..လုပ်ဘူးတာ..ကို..မေးနေတာ..မဟုတ်ပါဘူး..။ ရလာမဲ့လက်မှတ်..ယူရမဲ့တာဝန်ကို..ထမ်းနိုင်ပါ့မလားလို့..စစ်နေတာပါ..။
။။။။။။။။။။။။။။။။
Examiner တွေဟာ.Five Star ထွက်တွေပါ..။ Foreign Going Vessel တွေမှာ..Chief Engineer လုပ်နေကြတဲ့သူတွေပါ..။ On loan ထွက်ထားဘူးသူများ..ဖြစ်လို့..နိုင်ငံခြား..သဘောင်္ကုမ္ပဏီများမှာလည်း..Chief Engineer အဖြစ်တာဝန်ထမ်းဆောင်ခဲ့ဘူး..သူတွေချည်းပါဘဲ..။
အနည်းဆုံးလူက..Sea Service နှစ် (၂၀) ရှိပါတယ်..။
အဲဒီလူက..Sea Service (9)လ ရှိသူကို..စစ်တာပါ..။ တစ်ယောက်ထည်းမဟုတ်ပါဘူး..(၂) ယောက်စစ်တာပါ..။
စစ်ထားတာတွေကို..အခုနောက်ပိုင်း..CCTV ရိုက်ထားပါတယ်..။
တိုင်တာတွေများလွန်းလို့ပါ..။
။။။။။။။။။။။။။။။။
အထဲမှာမေးတော့..ခွေးအ..လှည်းနင်းတာထက်တောင်..ဆိုးပါသေးတယ်..။
အပြင်လည်းရောက်ရော..သူငယ်ချင်းတွေနဲ့..သူ့မိဘတွေ..ဆွေမျိုးတွေကို..ပြောတော့..အပေါ်က..စကားမျိုးပြောပါတယ်..။
ပြောတဲ့..လူကလည်း..မရှက်ဘူး..
နားထောင်တဲ့..လူကလည်း..ယုံတယ်..

အဆိုးဆုံးက..နားထောင်တဲ့လူက..ရာထူးကြီးနေရင်..အဆိုးဆုံးပါဘဲ..
ဟိုး..အပေါ်ကနေ..Pressure ပေးပါတယ်..။ သူတို့..သားများ..တူများကို..နသားပါရ..အအောင်ပေးခိုင်းတတ်..ပါတယ်..။ တစ်ခါတစ်လေ..ရုံးစာရွက်ကြီးပေါ်မှာ..ကွန်ပျူတာ..စာစီ..အောက်မှာလည်း..တံဆိပ်တုံးကြီး..ရိုက်ပြီးတော့..အကူအညီတောင်းခြင်း..မျိုးတွေတောင်..ရှိပါတယ်..။
ကျွန်တော်..၀န်ထမ်းဘ၀..က..ကြုံခဲ့ဘူးပါတယ်..။
အခု..ရှိမရှိတော့..မသိပါ..။
။။။။။။။။။။။။။။။။
ရေးဖြေ..Answer Paper တွေကို..၃နှစ်သိမ်းထားရပါတယ်..။ IMO, EU, IMO Member States အဖွဲ့ဝင်နိုင်ငံတွေက. Audit တွေ..စစ်ချင်ရင်စစ်နိုင်အောင်လို့ပါ..။
နှုတ်ဖြေ..CCTV ရိုက်ထားပါတယ်..။
Examiner တွေ..မတရားတာ..လုပ်လို့..မရအောင်..စီစဉ်ထားတာပါ..။
DMA မှာ..Internal Audit ရှိပါတယ်..။ DMA မှာ..International ကလာတဲ့ External Audit ရှိပါတယ်..။
။။။။။။။။။။။။။။။။။
လူသားတွေ..စစ်တာမို့...၁၀၀% အမှားကင်းတဲ့..စာမေးပွဲလို့တော့..မပြောရဲပါဘူး..။
တစ်ခြား..Professional Exam တွေထက်..ပိုပြီး..တင်းတင်းကြပ်ကြပ်.. စည်းစနစ်နဲ့..လုပ်ထားပါတယ်..။
။။။။။။။။။။။။။။။။။
လွန်ခဲ့တဲ့..နှစ်တွေက.3E Oral မှာ..ပထမဦးဆုံး..စစ်တာက..Pressure Gauge, Temperature Gauge တွေ..ဖတ်တတ်ခြင်းရှိမရှိ..စစ်ပါတယ်..။ အဲဒီ..Gauge မှ..မှန်အောင်..မဖတ်တတ်ရင်..အကျပေးပါတယ်..။
စက်ယန္တာရားတွေ..ပုံမှန်အလုပ်..လုပ်မလုပ်..က..ဒီဂိတ်တွေဖတ်တတ်ရပါ့မယ်..။ ကိုယ့်စက်ရဲ့ Normal Temperature နဲ့ Pressure တန်ဘိုးတွေ..သိရပါ့မယ်..။
ဒါမှ..စက်..က..ပုံမှန်လား..Abnormal လား..သိနိုင်၊ ဆုံးဖြတ်နိုင်မှာကိုး..။
။။။။။။။။။။။။။။။။။။
အခု..ကျတာ..များလာတော့..ဟိုးအပေါ်က..% တွေနည်းတယ်..တင်ပါဦး..။ %.တင်ပါဦးတွေလုပ်တာများလာပါတယ်...။ အခု..Pressure gauge မဖတ်တတ်..သာမိုမီတာ..မဖတ်တတ်သူများလည်း..အောင်တဲ့..အထဲ..ပါကုန်ပါတယ်..။
။။။။။။။။။။။။။။။။။။
အဆိုးဆုံးက..Unit ကိုမသိတာ..ဂရုမစိုက်တာ..ပါ..။
ဖြေတာညံ့လွန်းလို့..အောင်ပါစေဆိုပြီး..မင်းနောက်ဆုံးစီးခဲ့တဲ့..သဘောင်္ရဲ့ GE ကဘာလဲဆိုတော့..Yanmarတဲ့..။ ကဲ..အဲဒီ Yanmar Engine ရဲ့..LO Pressure ဘယ်လောက်လဲဆိုတော့..၂၀၀၀..တဲ့..၊ မင်းက..အင်ဂျင်နီယာ..လုပ်မဲ့ကောင်..။
ယူနစ်ထည့်မပြောရင်..တန်ဘိုးမရှိဘူးလေ..။ ဘာယူနစ်လည်း..ဆိုတော့..။
ပြူးကြောင်ကြောင်..ပြန်ကြည့်နေပါတယ်..။

Kg/cm2 , Bar, Psi, Kpa, Mpa အဲဒီထဲက..တစ်ခုခု..ဖြစ်မှာပေါ့ကွာ..။ ကဲဘာလဲ..ဆိုပြီး..နမိတ်ကော..အကောင်ပါ..ပြရပါတယ်..။
သူကဖြေတော့..bar တဲ့...။
GE LO Pressure inlet က.2000 bar တဲ့..အရပ်ကတို့ရေ...။
။။။။။။။။။။။။။။။။။။။။
အခြေခံပညာရေးနဲ့..အဆင်မြင့်ပညာရေးမှာ..မအောင်မရှိ..ငါ့တပည့်..လုပ်ပြီး..
Quality Filter မခံဘဲ..လွတ်လွတ်လပ်လပ်..စီးဆင်းစေလိုက်တာ..
Marine Professional ထဲရောက်လာသူ..တစ်ချို့ဟာ..
CoC Exam တွေမှာ..
Quality Filter လည်းခံလိုက်ရော..အကုန်ပိတ်ဆို့ကုန်ပြီး..
သမတကြီး..ကယ်ပါ.လွှတ်တော်ကယ်ပါ....။
DMA က..ညစ်နေပါတယ်..ဖြစ်ကုန်ပါတယ်..။
တိုင်စာများဟာ..ထောင်နဲ့ချီပြီး.ဟိုး..အမြင့်ဆုံးရုံးကို..ရောက်နေတယ်လို့..ကြားရပါတယ်..။ ဟုတ်မဟုတ်တော့..မသိပါ..။
။။။။။။။။။။။။။။။။။။။
ဒီအတွက်..ဟိုး..အမြင့်ဆုံး..ရုံးကလည်း..စာမေးပွဲ..စနစ်မှာ..ညွှန်ကြားချက်တွေ..ပေးပါတယ်..။
3E Bridge Course နဲ့ပါတ်သက်ပြီး..ပေးတဲ့..လမ်းညွှန်ချက်ဟာ. .မြန်မာနိုင်ငံရေကြောင်းပညာရေးစနစ်ကို..လာမဲ့..IMO Audit မှာ..မကောင်းတဲ့..ရလာဒ်..ကိုဖြစ်စေမှာပါ..။ White List ကိုထိ..ထိခိုက်စေနိုင်တဲ့..အလားအလာရှိပါတယ်..။
။။။။။။။။။။။။။။။။။
ရှင်းပြပါရစေ..။
ကျွန်တော်တို့..ရေကြောင်းပညာရေးစနစ်က..STCW 1978 (1995 ) အရထွက်ထားတဲ့..Model Course 1999 နဲ့သွားခဲ့တာပါ..။
ရေကြောင်းပညာရေးစနစ် STCW နိုင်ငံတစ်ကာကွန်ဗင်းရှင်းကို..၂၀၁၀ မှာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ..ကျင်းပ..ပြင်ဆင်ခဲ့ပါတယ်.. ။ STCW (2010 Manila Amendment) လို့..ခေါ်ပါတယ်..။ အဲဒီအတွက်..Model Course အသစ်တွေ ထွက်ပါတယ်..။
3E အတွက်ဆို..Model Course 7.04 2013 Edition Draft ထွက်ပါတယ်..။ ကျွန်တော်တို့က..၁၉၉၉ နဲ့ ၂၀၁၃ ကြား..ပြဌာန်းစာအုပ်၊ စာသင်ချိန်၊ ဘာသာရပ်အသစ်တိုးမှု၊ စတာတွေကို..Gap Analysis လုပ်ရပါတယ်..။
လိုနေတာတွေကို..ဖြည့်စွက်သင်ကြားဘို့လုပ်ရပါတယ်..။
။။။။။။။။။။။။။။။။
IMO ညွှန်ကြားချက်အရ..စနစ်ဟောင်းနဲ့..3E အောင်မြင်ပြီး.. သဘောင်္လိုက်ပြီး..၅နှစ်ပြည့်လို့..CoC လက်မှတ်လဲ..မည့်..သူများ. .တောင်...လက်ရှိရေကြောင်းလောကရဲ့..နည်းပညာပြောင်းလဲမှုနဲ့..ဥပဒေပြောင်းလဲမှုများကို..သိအောင်..Upgrading Course မတက်မနေရ..တက်ရပါ့မယ်..။
။။။။။။။။။။။။။။။။။။။
IMO အရ..3E စနစ်ဟောင်း..ကျထားသူများဟာ..Bridge Course တက်ပြီးမှ..စနစ်သစ်စာမေးပွဲကို..၀င်ဖြေရပါမယ်..။ စနစ်ဟောင်းသင်ကြားစဉ်က..မပါဝင်တဲ့..Subjects တွေ..ရှိနေပါတယ်..။ အထူးသဖြင့်
Electrical, Electronic, Control Engineering ရယ်..International Maritime Conventions ရယ်ပါ..။ ဒါတွေကို..သင်ရပါ့မယ်..။ ပြီးမှ..ဖြေခွင့်ပြုရပါ့မယ်..။
။။။။။။။။။။။။။။။။။။။။။။။။။။
အခုက..အထက်အဖွဲ့အစည်းများက..တိုင်စာများ..များလွန်းတဲ့အတွက်..ကလေးတွေကို..အလိုလိုက်ပြီး..
သူတို့..ထဲက..တက်ချင်သူတက်ပါစေ..။
မတက်ချင်ရင်လည်း..မတက်ဘဲနဲ့..စနစ်သစ်စာမေးပွဲ..ဖြေပါစေ..။ လို့..ဆိုပါတယ်..။
လူငယ်အချို့....ကြိုက်မှာပါ..။
ဒါပေမဲ..IMO Audit နဲ့ သေချာပေါက်ညိ..မဲ့ကိစ္စပါ..။
။။။။။။။။။။။။။။။။။။။။။။။
ကျွန်တော်..စိတ်မကောင်းပါ..။ သင်တန်းကျောင်းတွေ..ထောအောင်လို့..DMA နဲ့..သင်တန်းကျောင်းတွေ..ပူးပေါင်းပြီး..ရိုက်စားလုပ်နေပါတယ်..ဆိုတဲ့..တိုင်စာများပါ..ရှိနေမယ်လို့..မှန်းလို့ရပါတယ်..။

ဒါကြောင့်လည်း..Professional တစ်ယောက်အနေနဲ့..ပြောရရင်..အဲဒီ..Bridge Course က..ဖွင့်သင့်ပါတယ်လို့..။ မဖွင့်ရင်..နောက်ဆက်တွဲ..ပြဿနာများ..လာပါ့မယ်..။လို့..တင်ပြခဲ့ပါတယ်..။

Training Provider တစ်ယောက်အနေနဲ့ပြောရရင်..၊သင်တန်းဖွင့်ချင်လို့.. ဖွင့်သင့်တယ်.ပြောနေတာလို့..အထင်မခံနိုင်တာကြောင့် လည်း..အစည်းအဝေးမှာ..အားလုံးရဲ့..ရှေ့မှာ..ကျွန်တော်တို့တော့..ဖွင့်နိုင်သောအင်အား..မရှိပါလို့..တင်ပြခဲ့ပါတယ်..။
။။။။။။။။။။။။။။။။။။
တပည့်တွေရဲ့...တိုင်စာများကို..သာ..တစ်ဖက်နား..မထောင်ပါနဲ့..၊ ဆရာတွေ..စကားလည်း..နားထောင်စေချင်ပါတယ်..။
နှစ်ဘက်..နားထောင်ပြီးမှ..ဆုံးဖြတ်စေချင်ပါတယ်..။ လမ်းညွှန်ညွှန်ကြားပေးဘို့..တင်ပြချင်ပါတယ်..။
။။။။။။။။။။။။။။။။။။။။
စာမေးပွဲ..ကျသူတွေကို..ချည်းဘဲ..သနားမနေကြပါနဲ့..
အောင်တဲ့..သူတွေရဲ့..ဘဝ
သဘောင်္ပေါ်မှာ..တာဝန်ထမ်းဆောင်နေသူတွေရဲ့..ဘဝ
သူတို့ကို..မှီခို..နေသူတွေရဲ့..ဘ၀..ကိုလည်း..ကြည့်ကြပါဦး
။။။။။။။။။။။။။။။။။။။
ရေတိုပြဿနာ..ဖြေရှင်းလို့ရရင်..ပြီးရော..လုပ်လို့
ရေရှည်မှာ..ပြဿနာ..တက်မှာကိုလည်း..စဉ်းစားပေးပါလို့..တင်ပြချင်ပါတယ်...။
။။။။။။။။။။။။။။။။။။။။။။
၁၉၈၅ ကျွန်တော်တို့..သဘောင်္တက်တော့..သင်တန်းသိပ်မတက်ရပါ..။ STCW (78)
အရသတ်မှတ်ချက်..နည်းပါတယ်..။
၁၉၉၅ နောက်ပိုင်းမှာ..သင်တန်းတွေ..ပိုများလာပါတယ်..။
အခု..၂၀၁၀ နောက်ပိုင်းမှာ..ပိုများလာပါ့မယ်..။
IMO ရဲ့..သတ်မှတ်ချက်ပါ..။
DMA နဲ့ သင်တန်းကျောင်းတွေရဲ့..ရိုက်စားဇတ်လမ်း..မဟုတ်ပါ..ခင်ဗျာ..။
။။။။။။။။။။။။။။။။။။။
အရဲစွန့်ပြီး.ဟိုး..အပေါ်က..ကြားမလား..လို့..တင်ပြတာပါ..။
ကျွန်တော်..အတွက်..ဆိုးကျိုးတွေ..လာရင်လည်း..ခံပါ့မယ်ဆိုတဲ့..
စိတ်ရင်းနဲ့..တင်ပြတာပါ..။
။။။။။။။။။။။။။။။။။
ဥပဒေ၊စည်းကမ်းနဲ့အညီ..ဆောင်ရွက်တာ အကောင်းဆုံးလို့..မြင်လို့ပါ..။
။။။။။။။။။။။။။။။။။။။
တိုင်စာ ပေးပို့သော တပည့်များကို....

လေးစားစွာဖြင့်
ဝင်းအောင်
ရေကြောင်းကျောင်းဆရာ

ဘာလဲဟဲ့ သင်္ဘောသား စာစုများ(၂၅)


=====================

ကျနော် ကိုယ်တွေ့ကြုံခဲ့တဲ့ အဖြစ်လေးတွေကိုပဲ ရေးမှာဖြစ်လို့

ဆိုးခ၊ဲ့ပေခဲ့တာလေးတွေလဲ ပါကောင်းပါနိုင်တယ် ကျနော်ကို အပြင်မှာ

လူချင်းရင်းနှီးနေတဲ့ သူတွေ၊သူငယ်ချင်းတွေက ဟုတ်ရဲ့လားလို့ ထင်ချင်

ထင်ကျလိမ့်မယ်( စာရေးဆရာကြီး ဦးမင်းဒင် ပြောသလို

နူိုင်ငံခြားစာရေးဆရာကြီး ဆာအာသာကိုနင်ထရွိင်းက

ရှားလော့ဟုမ်းစုံထောက်ဝတ္တုကို စိတ်ကူးဖန်တီးရေးသလိုပေါ့ လို့ ဖြေရမလို

ဖြစ်နေပြီဗျာ)လောလောဆယ် ၀န်ခံတယ် ကျနော် ကိုယ်တိုင်လဲ

လူကောင်းတယောက်လို့လဲ မသတ်မှတ်ထားပါဖူး (မှတ်ချက်၊၊ ၊၊

ကိုယ်ဂုဏ်ကိုယ်ဖေါ် မသူတော် လို့တော့ မသတ်မှတ်ကျပါနဲ့ဗျာ)

ကျနော် ဆက်ရေးချင်တာတွေကတော့ အစုံပါပဲ ရေးတဲ့ စာကို

အချိန်ပေးဖတ်တဲ့ သူငယ်ချင်းတွေအတွက် အကျိုးရှိမှသာ ကျနော်

စာရေးရကျိုးနပ်မှာပါ ဒါကြောင့် အခြားအခြားသော အကြောင်းအရာ များကို

ဖြုတ်ချပြီး အခုမှ ရေကြောင်းလောကကို ခြေစုံပစ်ဝင်မဲ့ ညီအစ်ကိုများ

အတွက် ကိုယ်ဝါသနာ၊ကိုယ်ရဲ့ အကြိုက်နဲ့ ကိုက်ညီမှု ရှိ၊မရှိ

သိနိုင်အောင်လို့ ရေးခြင်းပါ၊၊ ၊၊

ကျနော် က တော့ မြင်တဲ့ အဖြစ်အပျက်၊ခံစားမှုလေးတွေ၊အမြင်လေးတွေကို

ရှထောင့်ပေါင်းစုံကနေ ရေးတတ်ချင်ပေမဲ့ ကိုယ့် ပင်လယ်ပြင်

အတွေ့အကြုံရယ်၊ ကိုယ်ရဲ့ စာရေးဟန်က သိပ်ပြောင်းလဲလို့ မရနိုင်လို့

ကျနော်ကို နည်းနည်းလေး နားလည်ပေးစေချင်ပါတယ်

(အခုရေးနေတဲ့ပုံစံကို ကျနော်ရေးတတ်သလို ရေးပေမဲ့ ကျနော်ကို အချို့က

မင်းက တော်တော် သိနေလို့လား ၊ဆရာကြီးလား ၊မင်းက

ဘာရာထူးမို့လို့လဲ လို့ အချို့သော စာဖတ်သူ စိတ်ထဲမှာ ဒွိဟ

ဖြစ်ကောင်းဖြစ်နိုင်မယ် ဒါပေမဲ့ ကျနော် အနေနဲ့ ဒါတွေကို ဂရုစိုက်

တုန်ပြန့်ဖြေရှင်းမှာ မဟုတ်ပါ ကျနော် ၀ါသနာ အတိုင်းလေးပဲ

လူတွေကို ပျော်စေလိုတယ်၊မှားခဲ့ ဖူးရင်လဲ နောက်လူ

မမှားစေချင်တဲ့ စေတနာ သက်သက်ရယ်ပါ ကျန်တာတော့

ရသမြောက်အောင် ရေးသားရခြင်းပါ)

ကျနော် ရေး ပြီးခဲ့တဲ့ အပိုင်း(၂၄)ကနေ ပြန်ဆက်မယ်ဗျာ ဒီလိုနဲ့ အေးဂျင့်

ဆိုတဲ့ သူတော်ကောင်းကြီး တဦးနဲ့ ဆုံမိပြီး သင်္ဘောတစီးနဲ့ ပင်လယ်ပြင်

လုပ်သက်(၂)လ ရယူဘို့ အခွင့်အရေးရပါတယ် ဒါနဲ့

စကားဖြတ်ပြောရအုံးမယ် ပင်လယ်ပြင်လုပ်သက်ရယူဘို့ အတွက်

သူတော်ကောင်းကြီးတွေကို ပေးရတဲ့ ပေါက်ဈေးကို ပြန်ပြောမယ်နော်

လူကိုယ်တိုင် လိုက်ရင် (၁)သိန်းခွဲ၊ လူမလိုက်ရင် (၃)သိန်းတဲ့ ပွဲစား စကားနဲ့

ရှင်းအောင်ပြောရရင် မင်းတို့လူလိုက် ပြီးစီးရင် ပင်ပန်းမယ်

စားရေးသောက်ရေး ခက်ခဲမယ်၊မလိုက်ဘဲ စာရွက်ပဲ စီးလိုက် ဒါဆို

မင်းတို့သက်သာမယ်၊အ၀င်အထွက် တုံး ကိစ္စတွေ၊ ကျန်တာတွေက

ငါတာဝန်ထားပါတဲ့ ဒါဆိုရှင်းရောပေါ့ ကျန်တာတော့ မပြောဖူးနော်

ဘယ်မှာလဲ ပင်လယ်ပြင်အတွေ့အကြုံ၊ဘယ်မှာလဲ အသုံးချ အင်ဂျင်နီယာ

ပညာ ထားလိုက်တော့

ဒါနဲ့ ကျနော်ကတော့ ပင်လယ်ဆိုတဲ့ အရသာသစ်ကို ခံစားဘို့

ကြည့်မြင်တိုင် ဆိပ်ကမ်း ကနေ အိပ်ယာလိပ် ထုပ်ကြီးကို မာန်ပါပါ ကိုင်ပြီး

သူတို့ အခေါ် သံခွန်သင်္ဘော(ကျနော် မြင်တာကတော့ စက်လှေ

အကြီးစား)ပေါ်ကို ဗျက် အားဖြင့် လက်တထွာ လောက်ရှိတဲ့

ကုန်းဘောင်ပေါ်ကနေ အထစ်အငေါ့ မရှိ တက်ရလေသတည်း ဟဲ ဟဲ

ဒီမှာ ကျနော် ပြောချင်တာ ကျနော် ပင်လယ်ပြင်လုပ်သက်ရယူခဲ့ရတဲ့

သင်္ဘော အကြောင်းပါ ဘာပဲဖြစ်ဖြစ် ကျနော် သူများတွေ နဲ့ ယှဉ်ရင်

ကံကောင်းတယ်လို့ ပြောရမယ် ကျနော်စီးတဲ့ သင်္ဘောက

ကမ်းရိုးတန်းလောကမှာ အကြီးဆုံးလို့ ပြောလို့ရတဲ့ သင်္ဘောတစီးပါ

တချိန်က ဌာန ဆိုင်ရာပိုင် ရေနံတင် သင်္ဘောကြီးကို

ကုန်တင်သင်္ဘောအဖြစ် ပြောင်းထားတဲ့ သင်္ဘောပါ သင်္ဘော

အင်ဂျင်ကတော့ ကား (၁၂)ဘီး ကားအင်ဂျင်ကို ၀င်ရိုးနဲ့

ချိန်ဆက်ပြီး မောင်းပါတယ် လွယ်လွယ်ပြောရရင်

ကားအင်ဂျင်နှစ်လုံး၊ပန်ကာ နှစ်လက်ပါ၊ မီးစက်ကတော့

တရုတ်နီလက်လှည့်နဲ့ ဒိုင်နမို တွဲထားတယ် ရန်ကုန်-ကော့သောင်း

ခရီးစဉ်မှာ ကျနော် လိုက်ပါ လုပ်သက်ရယူခွင့်ရတာပါ ကျနော် လဲ MSU

ဘလော့ မှာ စာတွေဖတ်နေကျ ဆိုတော့

အခြား စာရေးဖေါ် ညီအကိုတွေရေးတဲ့ ပို့စ်တွေမှာပါပြီးသားတွေမို့

အကျယ်မရေးတော့ပါဖူးနော်(ဖတ်ချင်ရင်တော့ www.myanmar seaman

union blogspot.com မှာ ကမ်းရိုးတန်းသွား တောလား

ဆိုတဲ့ ပို့စ်ကို ရှာ ဖတ်ပါ ရေးသူ နာမည်တော့

မမှတ်မိတော့ပါ)

ဒါနဲ့ပြောအုံးမယ် ကျနော်

သင်္ဘောမှာ သက်ကယ်လှေ(LifeBoat)မပါဘူး၊

ကျနော်တို့ကသက်ကယ်ဖောင်ဆိုတာကလဲ

ဘယ်လို သုံးရမှန်းတာင် မသိသေးတဲ့ တဲ့ လူသစ်တွေပါ ကျနော်က ဘာလို့

သက်ကယ်လှေမပါလဲ လျှာရှည်မိတော့မှ ပိုင်ရှင်က ကုန်ပိုတင်နို်င်လို့တဲ့

မှတ်ကရော(မယုံရင် ကမ်းနားဆင်းပြီး ကြည့်နိုင်ပါတယ်)

အင်း ဒါနဲ့ သောက်ရ တဲ့ရေလား ဘယ်နှစ်ဘယ်ကာလက တည်းက

မဆေးမှန်း မသိတဲ့ ရေတိုင်ကီ(Tank)ထဲက ရေကို သောက်နေရတာ

ဒါနဲ့ ကျနော်နဲ့ သူငယ်ချင်းတယောက်စုပြီး ရေသန့်

လီတာနှစ်ဆယ်ဝင် ရေဗူးကြီးတင်ထားရတယ်

ကျန်တဲ့ သူတွေကတော့ မသိဖူး ဘာလို့လဲ ဆိုတော့ သောက်ရေအိုးကခွက်

ကို လူပေါင်းစုံကနေ သောက်နေတာလေ သင်္ဘောသား ဖြစ်၊မဖြစ်တော့

မသိဖူးဗျာ၊၊ ၊၊ အသည်းရောင် အသားဝါ(ဘီ)ပိုး ကူးစက်ခံရမှာတော့ သေချာ

သလောက်ပဲ နောက်တခုက အရေးရယ် အကြောင်းရယ်ရှိခဲ့ရင်

ဒီရေဗူးကြီးက ကိုယ်ရဲ့ ကယ်တင်ရှင် ဖြစ်မှာလေ

မဟုတ်လားဗျာ(သူကို ဖက်ပြီးရေထဲ ဆင်းရမှာကို ပြောတာနော်)

မျိုးငယ်(၂.၉.၂၀၁၃)

ဒီကောင် ....ဘာလဲ?




-စတက်ကတည်းက ဘာမှန်းမသိတာကြီးကို အားတင်းပြီး သွားခဲ့ရတာလည်း ဒီကောင်

-ဖုန်းဆက်ရင် ရင်ထဲမှာပန်းတွေပွင့်နေတယ် ထင်ရအောင် ဟန်ဆောင်တတ်တာလည်းဒီကောင်

-နေ့ တိုင်း အသက်အန္တရယ်နဲ့ နီးတဲ့  အလုပ်တွေနဲ့ လုံးပန်းနေရတာလည်း ဒီကောင်

-နေထိုင်မကောင်းရင် ကိုယ့်ဟာကိုယ် ပြုစုယုယဆေးသောက်ရတာလည်း ဒီကောင်

-သင်္ဘောံပေါ်ကပုံတွေ အိမ်ကကြည့်ရင် သင်္ဘောံသားတွေ အမြဲပျော်နေတယ်ထင်ရအောင် သရုပ်ဆောင်ကောင်းတာလည်း ဒီကောင်

-နည်းနည်းဖင်ယားရင် များများကုန်လွန်းလို့  Go Shore သွားရင်တောင် လိမ်ကျစ်မြိုသိပ်ပြီး သွားရတာလည်း ဒီကောင်

-"အိမ်က ပိုက်ပိုက်လိုတယ်ဟဲ့" ဆိုပြီးတော့ ကိုယ့်အတွက်အကြွေလေးတွေချန် ဘွတူတွေဆီကပါ လှည့်ပြီးပို့ ရတာလည်း ဒီကောင်

-မခံချိ မခံသာဖြစ်ပြီး တစ်ခုခုလုပ်မယ်ဆိုရင်တောင် အိမ်ကမျက်နှာလေးတွေ ပြေးပြေးမြင်ပြီး အခန်းထဲရောက်မှ ပေါက်ကွဲတတ်တာလည်း ဒီကောင်

-တစ်ခါတစ်လေ ကြေကွဲလို့ မျက်ရည်ဝေ့မိရင်တောင် အမြန်မျက်တောင်ပြန်ခတ်ပြီး အားတင်းထားမှဖြစ်မယ်လို့  ကိုယ့်ကိုယ်ကို အားပေးတတ်တာလည်း ဒီကောင်

-Contractပြည့်လို့ အိမ်ပြန်ရင်လည်း ကိုယ့်ကိုအိမ်က အကောင်းဆုံးပုံစံနဲ့ တွေ့ စေချင်တဲ့ ဒီကောင်

-ဒီကောင်.....ဒီကောင်.....ဒီကောင်..........etc///

ဒီကောင် သင်္ဘောံသား

by kha khawe
Kyaw Thura Aung

ဒေါ်လာ ၃၀၀၀ သာကုန်ကျတဲ့ GPS Fake Location Tool "GPS Spoofer" အသုံးပြု၍ သင်္ဘောများ၊ လေယာဉ်များကို တိုက်ခိုက်ထိန်းချုပ်နိုင်ခြင်း
----- ××××× -----

Texas တက္ကသိုလ်က GPS Expert တစ်ဦးဖြစ်တဲ့ Professor Todd Humphreys က ဈေးပေါပေါပစ္စည်းတွေအသုံးပြုတည်ဆောက်ထားတဲ့ Antenna တစ်ချောင်းရယ်၊ ဒေါ်လာ ၃၀၀၀ တန် GPS Spooferရယ်၊ Laptop တစ်လုံးရယ်အသုံးပြုပြီး GPS အားနည်းချက်များမှတဆင့်ဖောက်ထွင်းကာ Mediterranean sea ထဲက ရွက်သင်္ဘောတစ်စီးရဲ့ ရှုပ်ထွေးခက်ခဲလှတဲ့ Navigation System ကို လက်တွေ့ထိန်းချုပ်ပြခဲ့ပါတယ်။

Capt. Andrew Schofield ဦးစီးနေတဲ့ "White Rose of Drachs" အမည်ရှိ ရွက်သင်္ဘောပေါ်က အရာရှိနဲ့ သင်္ဘောသားများဟာ ယခုလို GPS ဖောက်ထွင်းထိန်းချုပ်ခဲ့လိုက်ရတဲ့အတွက် အံ့အားသင့်နေခဲ့ကြပါတယ်။

GPS Expert Humphreys နဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေဟာ ကမ္ဘာ့စွမ်းအားအပြင်းဆုံး GPS တည်နေရာ လွှဲပြောင်းစက်ကိုတီထွင်ခဲ့ပြီး GPS device တပ်ဆင်ထားတဲ့ Mobile ဖုန်းတွေရဲ့ တည်နေရာတွေကိုပါ အောင်အောင်မြင်မြင်ဖောက်ထွင်းထိန်းချုပ်ပြခဲ့ပါတယ်။

GPS တည်နေရာ ဖောက်ထွင်းခံရခြင်းကြောင်းထိခိုက်ပျက်စီးနိုင်မှုဟာ ရေကြောင်းလောကအတွက် ဆုံးရှုံးမှုတွေ အကန့်အသတ်မရှိ ဖြစ်လာနိုင်ပါတယ်။ ဒါအပြင် ဒီနည်းပညာကိုအသုံးပြုပြီး လေယာဉ်တွေအပါအဝင် GPS သုံးအခြားစနစ်တွေကိုပါ တိုက်ခိုက်နိုင်မှာဖြစ်ပါတယ်။

(Tech Bite မှ post ကို ဆီလျော်အောင် ဘာသာပြန်ပေးထားတာဖြစ်ပါတယ်)
anama Canal Expansion Reaches Important Milestones
July 26, 2013 By MI News Network

The Panama Canal Expansion is moving forward to achieve its goal of enhancing the waterway’s capacity in order to provide a better service to customers. To date, the Program registers a 60.4% progress.
“The Panama Canal Expansion will enhance the value of the Panama route,” Panama Canal Administrator Jorge L. Quijano said. “We are focused con the Third Set of Locks project, which is one of the key projects of the Expansion Program.”
The Expansion Program has achieved many important milestones. Both entrances of the Panama Canal are ready for bigger ships, since the deepening and widening of the Atlantic and Pacific access channels have been completed. The dredging of Gatun Lake is expected to be completed by the end of this year. The Pacific Access Channel has reached the design depth and the dam that will divide the new channel from Miraflores Lake is under construction.

ခေါက်ဆွဲထုပ်ကို အန္တာရာယ်ကင်းအောင် ချက်ပြုတ်စားသောက်နည်း



လူအများစုဟာ ရေးနွေးထဲ အဆင်သင့် ထည့်စားရုံ လွယ်ကူတဲ့ ခေါက်ဆွဲခြောက် ထုပ်တွေကို စားသုံးမှု များကြပါ တယ်။ ဒါတွေက ကြာရှည်လည်း အ ထားခံတဲ့အတွက် နောက်ပိုင်းမှာ တဖြည်း ဖြည်း ပိုမိုတွင်ကျယ်လာပါတယ်။

အဆင်သင့် ခေါက်ဆွဲခြောက်ထုပ်( Instant Noddle) တွေကို ဂျပန်ကုမ္ပဏီ တစ်ခုက စတင်ထုတ်လုပ်ခဲ့တာဖြစ်ပါ တယ်။ အဆင်သင့် ခေါက်ဆွဲခြောက်ထုပ် တွေကို နေ့စဉ် စားနေတာဟာ ကျန်းမာရေးကို အန္တရာယ်ပေးနိုင်ပါတယ်။ အကြောင်းကတော့ အာဟာရတန်ဖိုး နည်းပါးပြီး ဆား(ဆိုဒီယမ်)၊ အဆီ၊ အချို မှုန့်၊ အရသာ စတဲ့ အရာတွေ ပါဝင်မှု များတာကြောင့်ပါ။

ဆား(ဆိုဒီယမ်) ပါဝင်မှု များတာ ကြောင့် အဆင်သင့် ခေါက်ဆွဲခြောက် ထုပ်တွေကို နေ့တိုင်းစားရင် သွေးတိုးရော ဂါ ဖြစ်စေနိုင်ပါတယ်။ အဲဒီကတစ်ဆင့် နှလုံးရောဂါ၊ လေဖြတ်တာနဲ့ ကျောက် ကပ်ထိခိုက်တာတို့ ဖြစ်တတ်ပါတယ်။ အ ရွယ်ရောက်သူနဲ့ လေးနှစ်ကျော်တဲ့ က လေးတွေရဲ့ တစ်နေ့မှာ ဆိုဒီယမ် စားနိုင် တဲ့ ပမာဏက ၁၅၀ဝ မီလီဂရမ်ဖြစ်ပြီး ပျမ်းမျှအားဖြင့် ခေါက်ဆွဲထုပ်တစ်ထုပ် မှာ ပါဝင်တဲ့ ဆိုဒီယမ်က ၂၇၀ဝ မီလီဂ ရမ်ဖြစ်ပါတယ်။

ခေါက်ဆွဲ ခြောက်ထုပ်မှာ ပါဝင်တဲ့ ဆီဟာ ချက်ပြုတ်စားသောက်နည်း မမှန် ရင် ကင်ဆာဖြစ်စေနိုင်ပါတယ်။

အချိုမှုန့် (Flavour) ပါဝင်တာကြောင့် သွေးတိုးရော ဂါနဲ့ တခြားရောဂါဝေဒနာတွေကို ဖြစ်စေ နိုင်ပါတယ်။

အရသာ (Junk Food ) အဖြစ် အမဲ သားအနံ့၊ ပင်လယ်စာအနံ့ စတာတွေကို ထည့်သွင်းထားကာ ထုတ်လုပ်တဲ့ ကုမ္ပဏီ ပေါ်မူတည်ပြီး အမျိုးအစား မတူပေမယ့် အများအားဖြင့် အန္တရာယ်ရှိပါတယ်။

ခေါက်ဆွဲထုပ်ကို အများကြီး စား ရင် အစာမကြေဖြစ်တတ်ပါတယ်။ ခေါက် ဆွဲထုပ်ကို အဆင်သင့်အစာ (Junk Food) အဖြစ် ကျန်းမာရေးနဲ့ မညီညွတ် တဲ့ အစာလို့ ဝေဖန်ကြပါတယ်။ ခေါက် ဆွဲထုပ်တစ်ထုပ်မှာ ကာဗိုဟိုက်ဒရိတ်နဲ့ အဆီပါဝင်မှု များပေမယ့် အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်မှုက လျော့နည်းပါတယ်။

ခေါက်ဆွဲထုပ်ကို အန္တာရာယ်ကင်းအောင် ချက်ပြုတ်စားသောက်နည်း

ခေါက်ဆွဲထုပ်ကို ဖောက်ပြီး ခေါက် ဆွဲတွေကို အရင်ဆုံး ရေနွေးထဲ ထည့် ပြုတ်ပါ။ ပြီးရင် ရေကို သွန်ပစ်လိုက်ပါ။ ဒါဆိုရင် ခေါက်ဆွဲတွေ မကပ်ငြိအောင် ကာကွယ်ပေးတဲ့ ဖယောင်း (Wax)ကွာ ကျသွားပါ လိမ့်မယ်။ ပြီးမှ ဟင်းအရည်နဲ့ စားချင်ရင် ရေနွေး ထပ်ထည့်ရပါမယ်။ ခေါက်ဆွဲကျက်မှ ဆီ၊ ဆား စတဲ့ ပါဝင်တဲ့ အရသာအမှုန့်တွေကို ထည့်ပေးရမှာ ဖြစ် ပါတယ်။ ဒီနည်းက လုံးဝ အန္တရာယ်ကင်း တာတော့ မဟုတ်ပါဘူး။ အရင်က လူအ များစုဟာ ရေနွေးပြုတ်ထဲ ခေါက်ဆွဲနဲ့ ပါဝင်တဲ့ ပစ္စည်းတွေ အကုန်ထည့်ပြီး ခေါက်ဆွဲကျက်ရင် စားလေ့ရှိကြပါတယ်။ ဒီနည်းနဲ့ စာရင် အခုပြောပြတဲ့ ချက်ပြုတ် နည်းက အန္တရာယ် ပိုလျော့ပါးသွားတာ ဖြစ်ပါတယ်။ နောက်တစ်ချက်က လတ်ဆတ်တဲ့ ဟင်းသီးဟင်း၇ွက်တွေ ထည့်ပြီး ပြုတ်စားရင် ခေါက်ဆွဲထုပ်မှာ ပါဝင်မှု နည်းတဲ့ အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ် တွေကို ရရှိစေနိုင်တာကြောင့် ကျန်းမာ ရေးအတွက် ကောင်းပါတယ်။

အန္တာရယ်ကင်းချင်ရင် ခေါက်ဆွဲ ထုပ်ကို နေ့တိုင်း မစားသင့်ပါဘူး။ တစ်နေ့ သုံး-လေးထုပ်စားတာကို ရှောင်ရပါမယ်။ ကြိုက်လို့ စားချင်ရင် သုံးရက်ကြာမှ တစ် ထုပ်လောက်ပဲ စားပါလို့ ပြောချင်ပါတယ်။

ဒေါက်တာဦးကိုကို
http://www.yoyarlay.com/

Monday, September 2, 2013

သင်္ဘောသား မိသားစုဝင် များ၏ ရင်ဖွင့်သံ အပိုင်း ( ၁ )

သင်္ဘောသား မိသားစုဝင် များ၏ ရင်ဖွင့်သံ အပိုင်း ( ၁ )


သင်္ဘောသားကတော် ဘ၀ကို အမျိုးသမီးတော်တော်များများ အားကျကြလိမ့်မယ်လို့ ထင်ပါတယ်။ တကယ်လည်း အားကျချင်စရာပါ။ တစ်လ USD 3000 ~ 7000 လောက်ရှာနိုင်တဲ့ လူတွေကို ရထားတဲ့ အမျိုးသမီးတွေပဲလေ။
ကိုယ်တွေ့ ခံစားချက်များ ပါသလို သင်္ဘောသားကတော် အန်တီများ၊ မမများ၊ သူငယ်ချင်းများ၊ ညီမလေးများ ရဲ့ ခံစားချက် တွေပါ ထည့်သွင်းဖော်ပြထားပါတယ်။

ရင်ဖွင့်ချက် (၁)

ညီမလေးတစ်ယောက်ကပြောဘူးတယ်။ သူတို့ လက်ထက်ကာစပေါ့ သူက ကွန်ပျူတာနဲ့ နောက်ဆုံးနှစ်မှာ Hons ၀င်တယ်။ သူက ဆက်တက်ပြီး ဆရာမ လုပ်ချင်တယ်။ ဒါပေမယ့် သူ့အမျိုးသားက ပြောတယ် သင်္ဘောသားမိန်းမ က အစိုးရ၀န်ထမ်းလုပ်လို့ မဖြစ်ပါဘူး။ နယ်တွေ ပြောင်းနေရရင် ဘယ်လိုလုပ်မလဲ ဆိုပြီး ကန့် ကွက်တော့ ကျောင်းဆက်မတက်ဖြစ်တော့ဘူး။ အခုတော့ ဘာအလုပ်မှ မလုပ်ဖြစ်တော့ဘဲ ကလေးကျောင်းပို့၊ စာသင်၊ အိမ်မှာ ထမင်းချက် နဲ့ အိမ်ထောင်ရှင်မကြီး လုပ်နေရပြီ။ တသက်လုံးဖြစ်ချင်ခဲ့တဲ့ တကသိုလ် ဆရာမ ဘ၀ကို စွန့်လွှတ်ခဲ့ရပါတယ်။ သူငယ်ချင်းတွေနဲ့ တွေ့ရင် IT ကို နားမလည်တော့တဲ့ ကွန်ပျူတာကျောင်းဆင်းဘ၀ပေါ့တဲ့။
အခုလောက်ဆို သူလည်း သင်ထားတဲ့စာတွေလည်း ကျောင်းပြန်ရောက်နေပြီး သူ့ကလေးတွေနဲ့ အတူတူ မူကြိုစာ ကစပြီး သူပြန်လေ့လာနေပြီထင်ပါတယ်။

ရင်ဖွင့်ချက် (၂)

မမ တစ်ယောက်ကပြောဘူးတယ်။ သူ ကလေးနှစ်ယောက်မွေးတာ သူယောင်္ကျား အနားမှာ တစ်ကြိမ်မှ မရှိခဲ့တဲ့ဘ၀ပါတဲ့။ ဒီအဖြစ်ကတော့ သင်္ဘောသားမိန်းမ တော်တော်များများ ကြုံခဲ့ကြမယ်ထင်ပါတယ်။ ပထမ တစ်ယောက်တုန်းကတော့ အမေတွေ ကမွေးခါနီးကြိုရောက်လို့ အဆင်ပြေတယ်တဲ့။ ဒုတိယ တစ်ယောက်မွေးတဲ့ အချိန်မှာ ကလေးက ထင်ထားတာထက် ကြိုပြီးမွေးတော့ နယ်က အမေတွေ ယောက်ခမ တွေ ချက်ချင်း မလာနိုင်လို့ ကလေးအကြီးပါ ဆေးရုံမှာ ခေါ်ခဲ့ရတယ်။ မိဘတွေရောက်တော့လည်း ကလေးအကြီးက အဖိုးအဖွားတွေနဲ့ စိမ်းနေတော့ သူ့ကိုလည်း ဆေးရုံမှာဘဲ ခေါ်ထားခဲ့ရတယ်။ တခါတလေ အကြီးကလည်း အမေ ကိုကပ်ချင်လို့ ငို၊ အငယ်ကို လည်း ငို၊ ကိုယ်ကိုယ်တိုင်ကလည်း သူ့ အဖေသာရှိရင် ကောင်းမှာ ဆိုပြီး ယောင်္ကျားကိုပါ သတိရ နေလို့ ငိုချင်နေတော့ ကိုယ်ပါရော ငိုခဲ့ရတယ်တဲ့။
ပိုက်ဆံ တွေတော့ ရှိပါရဲ့ဒါပေမယ့် ဒီစိတ်အားငယ်ရတာတွေ ကတော့ ပိုက်ဆံနဲ့ ကုစားလို့ မရခဲ့ပါဘူး။

............................
ဆက်လက်ရင်ဖွင့်ပါအုန်းမည်

မှတ်ချက်... နည်းနည်တော့ကြာမည်ထင်ပါသည်။ မနက်ဖြန်ဆိုလျှင် ရုံးပြန်တက်၊ ကျောင်းပို့၊ သားများကို စာသင်ရမည့် အလုပ်များနှင့် နောက် သောကြာည မှ ဆက်လက် ရင်ဖွင့်နိုင်မည်ထင်ပါသည်။

သို့ပါသောကြောင့် ရင်ဖွင့်ချင်သော ညီအစ်မ များ ကျွန်မ၏
“ ပါရမီဖြည့်ဖက်“ facebook တွင် message အဖြစ်လည်းကောင်း၊
ကျွန်မ၏ gmail account ဖြစ်သော s.b.htun@gmail.com ကိုလည်း ပေးပို့နိုင်ပါသည်။

ပါရမီဖြည့်ဖက် မှ (25 Aug 2013) 06:15 PM တွင် MSU သို့ ရေးသားပေးပို့ပါသည် ။

*************************************

သင်္ဘောသား မိသားစုဝင်များ၏ ခံစားချက်များ ဆောင်းပါးများ ကို MSU ပင်မစာမျက်နှာပေါ်တွင် တင်ပြပေးနေခြင်း နှင့် ပတ်သက်ပြီး သင်္ဘောသားညီကိုများ အနေဖြင့် နားလည်မှု မလွဲမှားစေချင်ပါဘူး ခင်ဗျာ ။ MSU အနေနဲ့ သင်္ဘောသားများ၏ စိတ်ခံစားချက်ကို အဓိက ဦးစားပေး အနေနဲ့ ရည်ရွယ်တာ ဖြစ်လို့ ရေကြောင်းနှင့် ပတ်သက်သော သတင်းများ ၊ စာအုပ်များ ၊ ဆော့ဝဲများ ၊ ဗဟုသုတ ဆောင်းပါးများ အပြင် ၊ အခြား ရသ ဆောင်းပါးများ ၊ သုတ ဆောင်းပါးများ ၊ Troll များ ၊ ဟာသများ ၊ ကဗျာများ စသည်ဖြင့် သုတ ရသ စုံလင်စွာ ပြန်လည် ဖော်ပြပေးနေတာလည်း ဖြစ်ပါတယ် ။ သင်္ဘောသားများနှင့် သင်္ဘောသား မိသားစုများမှာလည်း အမြဲ ဒွန်တွဲတည်ရှိနေတာ ဖြစ်လို့ နှစ်ဦးနှစ်ဘက် အမြင်တွေကို ဆွေးနွေး အဖြေရှာကြရင်းကနေ တစ်ဦးပေါ် တစ်ဦး ပိုမို နားလည်မှုပေးနိုင်သော ၊ သင်္ဘောသားများ ၊ သင်္ဘောသား မိသားစုဝင်များ အဖြစ် ရပ်တည် လုပ်ကိုင်သွားနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် ။ ကျေးဇူးတင်ပါတယ် ။
8P @ MSU

သင်္ဘောသား မိသားစုဝင်များ၏ ရင်ဖွင့်သံ ( ၂ ) ...............

သင်္ဘောသား မိသားစုဝင်များ၏ ရင်ဖွင့်သံ ( ၂ ) ...............
ကျွန်မ ဒီတပါတ်လုံးစဉ်းစားခဲ့ပါတယ်။ ကျွန်မရေးထားတာလေးတွေကို MSU ကို ပို့ရင်ကောင်းပါမလားလို့ပါ။

ဘာဖြစ်လို့လဲဆိုတော့ ကျွန်မရဲ့ ရင်ဖွင့်ချက် (၂) မှာ ပါတဲ့ အကြောင်းအရာ ဖြစ်တဲ့ အမျိုးသမီးတွေ ကိုယ့် အမျိုးသားမရှိဘဲ ကလေး မွေးခဲ့ရတဲ့ အကြောင်းလေးနဲ့ ပတ်သက်ပြီး message လေးတခု ရလိုက်ပါတယ်။ အဲဒါကတော့ ကျွန်မတို့ မြန်မာလူမျိုးတွေမှာ ရှိတဲ့ စကားပုံလေးဖြစ်တဲ့ ” ယောင်္ကျားဖောင်စီး မိန်းမမီးနေ” ဆိုတဲ့ စကားလေးနဲ့ သူက ပြောလာတာပါ။ သူတို့ က တသက်လုံး ဖောင်စီးနေခဲ့ရတာ။ ဆက်လည်း ဖောင်စီးနေရအုန်းမှာဘဲ။ ကျွန်မတို့ မိန်းမ တွေ အနေနဲ့ တသက် မှာ အများဆုံး နှစ်ကြိမ် လောက် ကလေးမွေးလိုက်ရတာကို စကားထဲ ထည့် ပြောမနေပါနဲ့ ဆိုတဲ့ message လေးပါဘဲ။
ကျွန်မ MSU ရဲ့ wall ပေါ် တက်ပြီး စကားရေလုနေသလိုဖြစ်မှာစိုးလို့ပါ။

ကျွန်မအနေနဲ့ “ သူတို့ပင်ပန်းသလို ကျွန်မတို့လည်း ပင်ပန်းနေတာဘဲ ” လို့ wall ပေါ် တက်ပြီး ယှဉ်ပြနေတာမဟုတ်ပါဘူး။

အခုခေတ် ရေစီးကြောင်းအရ အမျိုးသားနဲ့ အမျိုးသမီးရင်ပေါင်တန်း နိုင်အောင် ကြိုးစားနေကြတယ်ဆိုပေမယ့် တကယ်တမ်းကျတော့ ကျွန်မ တို့ မြန်မာ လူမျိုး အများစုကတော့ အိမ်ထောင်ရှင်မ လုပ်ပြီး ကိုယ့်အမျိုးသားကို အားကိုးပြီးနေထိုင်နေကြတာများပါတယ်။ ဒါကြောင့် သံသယများစွာနဲ့နေထိုင်နေရတဲ့ သင်္ဘောသားများကို ကျွန်မတို့ အမျိုးသမီးတွေရဲ့ ကိုယ့်အမျိုးသားအပေါ် ဘယ်လိုစိတ်ထားတွေထားကြတယ်၊ ကျွန်မ တို့ အမျိုးသားမရှိရင် ရင်ဆိုင်တတ်ရတဲ့ အခက်အခဲ လေးတွေကို ဝေမျှပေးတာပါ။ ကျွန်မရဲ့ post တွေကို ဖတ်ပြီး အကျိုးသက်ရောက်မှုလေး တစ်ခုခုဖြစ်သွားမယ်ဆိုရင် ကျေနပ်ပါတယ်။

ပါရမီဖြည့် ဖက်

နိုင်ငံတော်အစိုးရ..နဲ့..သဘောင်္သားအသစ်..များ..စဉ်းစားကြည့်ဘို့..

ဆေးတက္ကသိုလ်..လာတက်ဘို့..နိုင်ငံတော်က..အိမ်လာ..မခေါ်ပါဘူး..။ ကိုယ်ဝါသနာပါလို့..တက်ချင်လို့..အမှတ်မီလို့..အကုန်ကျခံပြီး..နှစ်များစွာတက်လာခဲ့တာပါ..။ အဲဒီလို..၆နှစ်ကျော်တက်ပြီး..သိန်းပေါင်းရာချီ..ကုန်ခဲ့ပေမဲ့..။ ။။။။။။။။။။ ဆရာဝန်..ဘွဲရတဲ့..လူတိုင်းကို..နိုင်ငံတော်..အစိုးရက..ပြည်တွင်းမှာ..အလုပ်မပေးနိုင်ပါဘူး..။ ။။။။။။။။။ ဒါပေမဲ့..ဆရာဝန်တွေ..၊ သူ့မိသားစုတွေက..ဒီကိစ္စကို..အမြဲအော်ဟစ်မနေပါဘူး.. ။။။။။။။။။။ အင်ဂျင်နီယာတက္ကသိုလ်တွေ..လာတက်ဘို့..နိုင်ငံတော်က..အိမ်လာပြီး..အတင်းအဓမ္မ..မတက်ခိုင်းပါဘူး..။ ကိုယ်ဝါသနာပါလို့..တက်ချင်လို့..အမှတ်မီလို့..အကုန်ကျခံပြီး..နှစ်များစွာတက်လာ ခဲ့ကြတာပါ..။ အဲဒီလို ၆နှစ်တက်ပြီး..သိန်းပေါင်းရာချီ..ကုန်ခဲ့ပေမဲ့ ။။။။။။။။။ အင်ဂျင်နီယာ..ဘွဲ့ရတဲ့..လူတိုင်းကို..နိုင်ငံတော်..အစိုးရက..ပြည်တွင်းမှာ.. အလုပ်မပေးနိုင်ပါဘူး..။ ။။။။။။။။။ အင်ဂျင်နီယာဘွဲ့ရတွေနဲ့..၊ သူ့မိသားစုတွေက..ဒီကိစ္စကို..သြော်ဘွဲ့ရသူတိုင်း..အလုပ်မရနိုင်ဘူးလို့..နှလုံးသွင်းထားပြီး..သား..ဖြစ်လေသလားမသိ..တောင်းဆိုသံ..သိပ်မကြားရပါဘူး..။ ။။။။။။။။။။ စီဒီစီ..လျှောက်ဘို့..နိုင်ငံတော်က..အိမ်ကို...လာ..မခေါ်ပါဘူး..။ မယူမနေရ..လျှောက်ခိုင်းတာ..မဟုတ်ပါဘူး..။ ကိုယ့်ဘ၀..ရှေ့ရေးအတွက်..ကောင်းမယ်ထင်လို့..ကိုယ်ရွေးချယ်ခဲ့တာပါ..။ စီဒီစီ..ရဘို့.က..လပိုင်းဘဲ..ကြာပါတယ်..။ သိန်း..ခုဂဏန်းဘဲ..ကုန်ပါတယ်..။ ။။။။။။။။။ စီဒီစီ..ရှိသူတိုင်းကို..နိုင်ငံတော်က..ပြည်တွင်းမှာ..အလုပ်မပေးနိုင်ပါဘူး..။ ပြည်ပမှာ..ရှိတဲ့..သဘောင်္ပိုင်ရှင်တွေကို..ငါ့တိုင်းပြည်ကလူတွေ..သုံးပါလို့.. အမိန့်သွားပေးလို့..မရပါဘူး..။ ။။။။။။။။။။။။။။ မြန်မာပြည်..SECD က..အရာရှိကြီးတစ်ယောက်က..နော်ဝေနိုင်ငံက..သဘောင်္ပိုင်ရှင်ကို..မင်းတို့..ငါ့လူမျိုးသဘောင်္သားတွေ..ခန့်ပါလို့..အမိန့်ပေးလို့..ရနိုင်..မရနိုင်..စဉ်းစားပါ..။ ဖိလစ်ပိုင်တွေထက်..မြန်မာတွေက..သာရင်..နော်ဝေ..က..ခေါ်မှာပေါ့..။ အရည်အချင်းတူနေရင်တောင်..သုံးလက်စ..လူကို..သုံးမှာပေါ့..။ ညံ့နေလို့ကတော့..လှည့်တောင်..မကြည့်တော့ဘူး..။ ။။။။။။။။။။ ကျွန်တော်ဆိုလိုချင်တာက.. ပညာရေးနဲ့..အလုပ်အကိုင်အခွင့်အလန်းကို..တွဲပြီး..စဉ်းစားရမှာ..မူဝါဒချရမှာ.. နိုင်ငံတော်..အစိုးရတာဝန်ပါ..။ တစ်နှစ်ကို..ဘယ်ဘွဲ့နဲ့..ဘွဲ့ရဘယ်လောက်ထွက်လာမယ်..။ အလုပ်အကိုင်အခွင့်အလန်းက..ဘယ်လို့ဆိုတာကို..နှစ်ရှည်မျှော်တွေးပြီး..စီမံချက်ချ..လုပ်ဆောင်ရမှာ..နိုင်ငံတော်..အစိုးရတာဝန်ပါ..။ နိုင်ငံတော်..အဆင့်က..လုပ်မှလည်း..ရမှာပါ..။ ။။။။။။။။။။။ နောက်တစ်ချက်က..Professional Field တစ်ခုကို..ရွေးချယ်ဘို့..စဉ်းစားတဲ့..အခါတိုင်း.. အဲဒီ..Field မှာ..ဘွဲ့ရဘို့..လက်မှတ် အဆင့်တစ်ခုကို..ရဘို့....ဘယ်လောက်နှစ်ကြာမယ်..။ ငွေဘယ်လောက်..ကုန်နိုင်တယ်..။ အလုပ်အကိုင်..အခွင့်အလန်း..များတယ်..။ သို့မဟုတ်..နည်းတယ်..။ ဆိုတာကို.. တင်ကြိုလေ့လာသင့်တာကလည်း..ကာယကံရှင်များဘက်က..လုပ်ရမဲ့.ဟာပါ..။ ။။။။။။။။။။။ သဘောင်္သား..အလုပ်အကိုင်အခွင့်အလန်းဟာ..လွန်ခဲ့တဲ့..နှစ်(၃၀)လောက်ကလည်း.ဒီလိုပါဘဲ..။ လူတိုင်းအလုပ်မရတာ..။ ရှာရတာ..။ ရိုက်ကြေးပေးရတာ..။ ရှိခဲ့သလို..။ အခုလည်း..ရှိနေ..နောင်လည်းရှိနေမှာပါ..။ ။။။။။။။။။။။ ရိုက်ကြေးဆိုတာက..Supply and Demand ကွာဟ..မှုက..ပေါ်ပေါက်လာတာပါ..။ ။။။။။။။။။။။ နိုင်ငံခြား..ကုမ္ပဏီတွေက..မြန်မာသဘောင်္သားတွေကို..Demand များလာဘို့က..မြန်မာသဘောင်္သားများ..ကိုယ်တိုင်က..လုပ်ရပါ့မယ်..။ English ကောင်းတာ..။ အလုပ်ကြိုးစားတာ..။ အလုပ်ကျွမ်းကျင်တာ..တွေ..က..Demand ကို..များစေမှာပါ..။ ဒါပေမဲ့..ခုရေတွင်းတူး..ခုရေကြည်သောက်ချင်လို့တော့..မရပါဘူး..။ နှစ်နဲ့ချီစောင့်ရပါ့မယ်..။ စီနီယာများရဲ့..ကြိုးစားမှုက..ဂျူနီယာများ..အတွက်..အလုပ်အကိုင်ကို..ပေါစေမှာပါ..။ စီနီယာတွေ..ရဲ့..ပေါ့လျော့မှု..က..ဂျူနီယာများ..အတွက်..အလုပ်အကိုင်..ရှားစေမှာပါ..။ ဒီတော့..Exam:မှာ.Training မှာ..Quality လျော့သင့််မသင့်..စဉ်းစားကြပါ..။ ။။။။။။။။။။။ နိုင်ငံတော်အစိုးရ..အဆင့်.ကလည်း..ရေကြောင်းလောကမှာ..Quality တက်လာအောင်. .စေတနာထား..လုပ်ပေးဘို့..လိုပါတယ်..။ ။။။။။။။။။။။။ နိုင်ငံတော်ပိုင်ကျောင်းတွေမှာ.ဆရာမပြည့်စုံတာကို..ပြည့်စုံအောင်..စီစဉ်ပေးဘို့..လိုအပ်ပါတယ်..။ နိုင်ငံတော်ပိုင်ကျောင်းတွေမှာ..ဆရာစုံတယ်..။ များတယ်..။ ဆိုရင်..တန်းခွဲအများကြီး..ဖွင့်နိုင်ပါတယ်..။ နိုင်ငံတော်က..မြေ..အဆောက်အဦး..သင်ထောက်ကူ..လျှပ်စစ်မီတာခ..၊ အထောက်အကူပြုဝန်ထမ်းလစာ..၊ တွေပါ..ထောက်ပံ့ထားတဲ့..အတွက်.. သင်တန်းကြေးလျှော့ယူနိုင်ပါတယ်..။ ပုဂ္ဂလိက..မှာက..အစောကလို့..ထောက်ပံ့ကူညီမှုတွေမရှိတော့..သင်တန်းကြေးမြင့်နေပါတယ်..။ နိုင်ငံတော်ကသာ..တာဝန်ယူပြီး..စီစဉ်နိုင်ရင်..၊ ရေရှည်မှာ..ပုဂ္ဂလိကသင်တန်းတွေဟာ..နိုင်ငံတော်ကျောင်းများကို..မယှဉ်နိုင်ဘဲ..ပိတ်သွားရမှာပါ..။ အဲဒီလို့..မပိတ်ခင်စပ်ကြားမှာ.. ပုဂ္ဂလိက.သင်တန်းကျောင်းတွေ ရဲ့..Quality ကိုလည်း.ထိန်းချုပ်ထား..ရပါ့မယ်..။ ။။။။။။။။။။။။။ နောက်..အရေးတစ်ကြီး..ကိစ္စ..က ကျောင်းဆရာဘက်မှာကော..စာမေးပွဲစစ်ဆေးရေးမှာကော..နောင်..၅နှစ်နဲ့. .ရနှစ်စ်ကြားမှာ..မျိုးဆက်ပြတ်တော့မှာ..ကို..နိုင်ငံတော်..အစိုးရဘက်က..တစ်ခုခု..စဉ်းစားဘို့..လိုနေယုံမက..အရေးယူဆောင်ရွက်ဘို့ကို..လိုနေပါတယ်..။ Training နဲ့..Exam မှာ..Human Resources ..နည်းနေပါ..။ နည်းလာ..နေပါတယ်..။ ခါးဆက်ပြတ်နေပါတယ်..။ အချိန်မီ..မစီစဉ်ရင်...မျိုးပါ..ပြတ်ပါတော့မယ်..။ ။။။။။။။။။။။။။ွှကျောင်းဘက်မှာကလည်း..နှစ်ယောက်နဲ့တစ်ပိုင်း စာမေးပွဲဘက်မှာ..လည်း..ဖင်မနိုင်ဘဲ..ပဲကြီးဟင်း..သောက်ရသလို..ဖြစ်နေတာ..ကြာပါပြီ..။ ဥပမာပြောရရင်..ပြီးခဲ့တဲ့..3E Exam မှာ..Oral ကို..လူ(၄၀၀) စစ်ရပါတယ်..။ တစ်နေ့ကို..အယောက်(၂၀) စစ်ရင်..ရက်(၂၀)ကြာပါတယ်..။ စနေ၊ တနင်္ဂနွေပါ..ထည့်လိုက်ရင်..တစ်လကြာပါတယ်..။ စာစစ်မဲ့ဆရာတွေက..မနက် ၈း၃၀ ကနေ..တစ်ခါတစ်လေ..ညနေ ၆း၃၀ ထိစစ်ရပါတယ်..။ ကျောင်းသားက..ညံ့လို့..နမိတ်ပြမေးခွန်းတွေနဲ့..ခေါ်မေး..မေးနေရရင်..တရက်ကို..၁၅ ယောက်တောင်..အနိုင်နိုင်..။ ။။။။။။။။။။။။။ သဘောင်္သားတွေဘက်က..စာမေးပွဲတွေ..မှန်မှန်ကျင်းပပေးဘို့..တောင်းဆိုပါတယ်..။ မှန်ပါတယ်..။ DMA ဘက်မှာ..ဘာပြဿနာတွေရှိနေလည်း..လို့တော့..ဘယ်သူမှ..မေးလေ့မရှိပါဘူး..။ ။။။။။။။။။။။။။ ပြောစရာတွေက..အများကြီးပါ..။ ။။။။။။။။။။။။။ မှန်တာပြောတော့..လူမုန်းများမှာသိပါတယ်.။ ဒါပေမဲ့..ကိုယ့်..Professional တိုးတက်လိုတဲ့..စိတ်နဲ့..ပြောတာမို့..အမှားပါရင်..ခွင့်လွှတ်ပေးကြပါ..။ ။။။။။။။။။။။။။ ၀င်းအောင် ရေကြောင်း..ကျောင်းဆရာ..

Container ship " Cosco Asia " was attacked in Suez Canal

Container ship " Cosco Asia " was attacked in Suez Canal +=+=+=+=+=+=+=+=+=+=+=+=+=+=+=+=+=+=+=+=
For all Myanmar seafarers transiting in Red Sea, Suez Canal and the Mediterranean Sea areas. On 31st August 2013, Cosco Asia , a 10,000 TEU container ship , was attacked during her passage in Suez Canal. Suez Canal Authority said the terrorists used automatic weapons and a Rocket-Propelled Grenade ( RPG ) during an unsuccessful attempt to attack Cosco Asia. Authorities assumed that the attack was just an attempt to disrupt the flow of ships passing through Suez Canal through which hundreds of ships are passing daily and making the canal a major income source of Egypt. Within few hours after the event, three suspects were arrested for opening fire on Cosco Asia. Although no damage was repored in the attack, it could lead to a catastrophe if the target was an oil tanker or a gas carrier. Due to the recent unrest in Egypt, some extremists might, in the near future, target on the ships in Suez Canal to attempt disrupting or blocking the canal passage even though it is fully secured by Egyptian military forces. Also, military activities can be expected on the Eastern side of the Mediterranean Sea as a result of instability in Syria. We, MSU, wish all Myanmar seafarers sailing through Suez Canal and Mediterranean Sea to be cautious and to be safe. Have a safe and Bon Voyage to all ! NK @MSU

Other Rank ကနေ...3E ဖြေဘို့အတွက်

Other Rank ကနေ...3E ဖြေဘို့အတွက် ။။။။။။။။။။။။။။။။။။။။။ အရင်က..ဆိုရင် Dock Service ယူပြီး..သဘောင်္တက်မှ..အင်ဂျင်နီယာစာမေးပွဲ..ဖြေလို့ရပါတယ်..။ Dock Service မရှိခဲ့ရင်..Engineer ဖြစ်ခွင့်မရှိတော့..သလောက်ပါ..။ Dock Service သတ်မှတ်ကာလ..ကလည်း..များနေတာကိုး..။ ။။။။။။။။။။။။။ အခုစနစ်သစ်အရ.. ဆယ်တန်းလည်း..အောင်ထားမယ်..။ Sea Service ကလည်း Engine Room Watch Keeping Service သတ်မှတ်ထားချက်ကို ရှိထားမယ်..။ ဆိုရင်.. Workshop Skill (အရင် ၆လခွဲ- အခုထပ်လျော့ထား..) တက်ပြီးရင်..3E ဖြေဆိုခွင့် ရပါ့မယ်..။ ။။။။။။။။။။။ Senior Oiler များအတွက်..ပိတ်နေခဲ့တဲ့..လမ်းကို..ပြန်ဖွင့်ပေး ထားတာပါ..။ စနစ်သစ်ဥပဒေဆွဲကထည်းက..ထည့်ပြီး..စဉ်းစားထားခဲ့ကြတာပါ..။ စေတနာနဲ့ပါ..။ ဒါပေမဲ့..အခုထိ..အဆဲခံရတာ..မလွတ်သေးပါ..။ ။။။။။။။။။။။။။ တစ်ယောက်နဲ့..တစ်ယောက်..နောက်ခံအခြေအနေမတူတာကြောင့်..တစ်ဦးချင်းအဖြေပေးဘို့..ခက်ပါတယ်..။ ။။။။။။။။။။။။ အကြံပြုချင်တာက..၊ အရင်လည်း..၂-၃ ကြိမ်လောက်ပြောပြီးပါပြီ..။ ရေကြောင်းစာကြည့်တိုက်မှာ..Capt : ကျော်မြဦး..တင်ထားပါတယ်..။ DMA Notification 2012 ကို..ဖတ်လိုက်ပါ..။ ရှင်းသွားပါလိမ့်မယ်..။ ။။။။။။။။။။။။။ ၀င်းအောင် ရေကြောင်း ကျောင်းဆရာ