Saturday, September 21, 2013

Kyaw Thura Aung

ဒေါ်လာ ၃၀၀၀ သာကုန်ကျတဲ့ GPS Fake Location Tool "GPS Spoofer" အသုံးပြု၍ သင်္ဘောများ၊ လေယာဉ်များကို တိုက်ခိုက်ထိန်းချုပ်နိုင်ခြင်း
----- ××××× -----

Texas တက္ကသိုလ်က GPS Expert တစ်ဦးဖြစ်တဲ့ Professor Todd Humphreys က ဈေးပေါပေါပစ္စည်းတွေအသုံးပြုတည်ဆောက်ထားတဲ့ Antenna တစ်ချောင်းရယ်၊ ဒေါ်လာ ၃၀၀၀ တန် GPS Spooferရယ်၊ Laptop တစ်လုံးရယ်အသုံးပြုပြီး GPS အားနည်းချက်များမှတဆင့်ဖောက်ထွင်းကာ Mediterranean sea ထဲက ရွက်သင်္ဘောတစ်စီးရဲ့ ရှုပ်ထွေးခက်ခဲလှတဲ့ Navigation System ကို လက်တွေ့ထိန်းချုပ်ပြခဲ့ပါတယ်။

Capt. Andrew Schofield ဦးစီးနေတဲ့ "White Rose of Drachs" အမည်ရှိ ရွက်သင်္ဘောပေါ်က အရာရှိနဲ့ သင်္ဘောသားများဟာ ယခုလို GPS ဖောက်ထွင်းထိန်းချုပ်ခဲ့လိုက်ရတဲ့အတွက် အံ့အားသင့်နေခဲ့ကြပါတယ်။

GPS Expert Humphreys နဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေဟာ ကမ္ဘာ့စွမ်းအားအပြင်းဆုံး GPS တည်နေရာ လွှဲပြောင်းစက်ကိုတီထွင်ခဲ့ပြီး GPS device တပ်ဆင်ထားတဲ့ Mobile ဖုန်းတွေရဲ့ တည်နေရာတွေကိုပါ အောင်အောင်မြင်မြင်ဖောက်ထွင်းထိန်းချုပ်ပြခဲ့ပါတယ်။

GPS တည်နေရာ ဖောက်ထွင်းခံရခြင်းကြောင်းထိခိုက်ပျက်စီးနိုင်မှုဟာ ရေကြောင်းလောကအတွက် ဆုံးရှုံးမှုတွေ အကန့်အသတ်မရှိ ဖြစ်လာနိုင်ပါတယ်။ ဒါအပြင် ဒီနည်းပညာကိုအသုံးပြုပြီး လေယာဉ်တွေအပါအဝင် GPS သုံးအခြားစနစ်တွေကိုပါ တိုက်ခိုက်နိုင်မှာဖြစ်ပါတယ်။

(Tech Bite မှ post ကို ဆီလျော်အောင် ဘာသာပြန်ပေးထားတာဖြစ်ပါတယ်)

No comments:

Post a Comment