Saturday, September 21, 2013

ရေကြောင်းပညာရေးစနစ် (Marine Engineering ) ကို..ဝေဖန်နေသူများ..ဖတ်ကြည့်စေချင်ပါသည်..။


ပြောလေ့ရှိသော..စကားများ..

(၂) ဆရာတွေက..ကြယ်ငါးပွင့်ကလူတွေ..သဘောင်္တွေကလည်း..အဟောင်းအစုတ်တွေ..သူတို့က..သိပ်ခေတ်မမှီတော့ဘူး..။ ကျွန်တော်တို့..က..ကိုယ်စီးလာခဲ့တဲ့.အဆင့်မြင့်သဘောင်္ကြီး..အကြောင်းနဲ့..ဖြေလိုက်တော့..Examiner ရှက်ပြီး..ကျွန်တော်တို့ကို..စာမေးပွဲချလိုက်တာ..။
**********

(၃)
DMA နဲ့ သင်တန်းကျောင်းတွေ..ရိုက်စားလုပ်နေတာ...
။။။။။။။။။။။။။။
အဲဒီစကားက..မကြာခဏ..ကြားရသလို..ကြားရတိုင်းလည်း..ပြောနေသူများ..ကို..သနားပြီး.ကိုယ့်အသက်မွေးဝမ်းကျောင်းအတွက်...၀မ်းနည်းစိတ်ဝင်မိပါတယ်..။ ငါတို့..Professional တော့..သွားတော့မယ်..ဆိုပြီး..။
။။။။။။။။။။။။။။။
3E,CE Exam တွေဟာ..
ဆိုကြပါစို့..3E Oral ဟာ..၊
ဒီစာမေးပွဲဝင်ဖြေတဲ့..Candidate ဟာ..3E တစ်ယောက်မှာ..သိသင့်တဲ့..သိရမဲ့.. နည်းပညာပိုင်းဆိုင်ရာ၊ တာဝန်ပိုင်းဆိုင်ရာ၊ ဥပဒေပိုင်းဆိုင်ရာ..တွေကို..၊ သိလား..မသိဘူးလား..မေးတာပါ..။
သူစီးခဲ့တဲ့..သဘောင်္အကြောင်းမေးတာ..မဟုတ်ပါဘူး..။
လုပ်ငန်းသဘာဝ..အရ..
သူကလည်း..သူစီးခဲ့တဲ့..သဘောင်္ကို..သေတဲ့အထိ..ထပ်ပြန်တလဲလဲ..တက်ရမှာ.
.မဟုတ်ပါဘူး..။ အမြဲတန်း..မတူတဲ့..သဘောင်္တွေကို..ပြောင်းတက်နေရမှာပါ..။
။။။။။။။။။။။။။။
သား.စီးခဲ့တဲ့..သေဘာၤမွာ..အဲဒါမရွိဘူး..၊ သား..ကို..သေဘာၤေပၚမွာ..စီနီယာ..ေတြက..ရွင္းမၿပဘူး..၊
သား..သေဘာၤမွာ..အဲဒါႀကီး..မဖြုတ်ခဲ့ဘူးလို့..သား..မသိဘူး..၊
ဆိုတဲ့..သူက..အများစုပါ..။
သူဖြေနေရတဲ့..စာမေးပွဲ ရဲ့..အနေအထား..၊ သဘောသဘာဝ..ကို..သူ..မသိပါဘူး..။
။။။။။။။။။။။။။။။။။
Professional Certificate ရဘို့..ဖြေနေရတာပါ..။
တစ်ခါမှ..မလုပ်ဘူးတဲ့..သဘောင်္ပေါ်တက်ပြီး...တစ်ခါမှ..မမြင်ဘူးတဲ့..အင်၈ျင်တွေ..အဲယားကွန်ပရက်ဆာတွေကို..Major Overhaul လုပ်ရမှာပါ..။

ဖြုတ်ဘူးတာ..လုပ်ဘူးတာ..ကို..မေးနေတာ..မဟုတ်ပါဘူး..။ ရလာမဲ့လက်မှတ်..ယူရမဲ့တာဝန်ကို..ထမ်းနိုင်ပါ့မလားလို့..စစ်နေတာပါ..။
။။။။။။။။။။။။။။။။
Examiner တွေဟာ.Five Star ထွက်တွေပါ..။ Foreign Going Vessel တွေမှာ..Chief Engineer လုပ်နေကြတဲ့သူတွေပါ..။ On loan ထွက်ထားဘူးသူများ..ဖြစ်လို့..နိုင်ငံခြား..သဘောင်္ကုမ္ပဏီများမှာလည်း..Chief Engineer အဖြစ်တာဝန်ထမ်းဆောင်ခဲ့ဘူး..သူတွေချည်းပါဘဲ..။
အနည်းဆုံးလူက..Sea Service နှစ် (၂၀) ရှိပါတယ်..။
အဲဒီလူက..Sea Service (9)လ ရှိသူကို..စစ်တာပါ..။ တစ်ယောက်ထည်းမဟုတ်ပါဘူး..(၂) ယောက်စစ်တာပါ..။
စစ်ထားတာတွေကို..အခုနောက်ပိုင်း..CCTV ရိုက်ထားပါတယ်..။
တိုင်တာတွေများလွန်းလို့ပါ..။
။။။။။။။။။။။။။။။။
အထဲမှာမေးတော့..ခွေးအ..လှည်းနင်းတာထက်တောင်..ဆိုးပါသေးတယ်..။
အပြင်လည်းရောက်ရော..သူငယ်ချင်းတွေနဲ့..သူ့မိဘတွေ..ဆွေမျိုးတွေကို..ပြောတော့..အပေါ်က..စကားမျိုးပြောပါတယ်..။
ပြောတဲ့..လူကလည်း..မရှက်ဘူး..
နားထောင်တဲ့..လူကလည်း..ယုံတယ်..

အဆိုးဆုံးက..နားထောင်တဲ့လူက..ရာထူးကြီးနေရင်..အဆိုးဆုံးပါဘဲ..
ဟိုး..အပေါ်ကနေ..Pressure ပေးပါတယ်..။ သူတို့..သားများ..တူများကို..နသားပါရ..အအောင်ပေးခိုင်းတတ်..ပါတယ်..။ တစ်ခါတစ်လေ..ရုံးစာရွက်ကြီးပေါ်မှာ..ကွန်ပျူတာ..စာစီ..အောက်မှာလည်း..တံဆိပ်တုံးကြီး..ရိုက်ပြီးတော့..အကူအညီတောင်းခြင်း..မျိုးတွေတောင်..ရှိပါတယ်..။
ကျွန်တော်..၀န်ထမ်းဘ၀..က..ကြုံခဲ့ဘူးပါတယ်..။
အခု..ရှိမရှိတော့..မသိပါ..။
။။။။။။။။။။။။။။။။
ရေးဖြေ..Answer Paper တွေကို..၃နှစ်သိမ်းထားရပါတယ်..။ IMO, EU, IMO Member States အဖွဲ့ဝင်နိုင်ငံတွေက. Audit တွေ..စစ်ချင်ရင်စစ်နိုင်အောင်လို့ပါ..။
နှုတ်ဖြေ..CCTV ရိုက်ထားပါတယ်..။
Examiner တွေ..မတရားတာ..လုပ်လို့..မရအောင်..စီစဉ်ထားတာပါ..။
DMA မှာ..Internal Audit ရှိပါတယ်..။ DMA မှာ..International ကလာတဲ့ External Audit ရှိပါတယ်..။
။။။။။။။။။။။။။။။။။
လူသားတွေ..စစ်တာမို့...၁၀၀% အမှားကင်းတဲ့..စာမေးပွဲလို့တော့..မပြောရဲပါဘူး..။
တစ်ခြား..Professional Exam တွေထက်..ပိုပြီး..တင်းတင်းကြပ်ကြပ်.. စည်းစနစ်နဲ့..လုပ်ထားပါတယ်..။
။။။။။။။။။။။။။။။။။
လွန်ခဲ့တဲ့..နှစ်တွေက.3E Oral မှာ..ပထမဦးဆုံး..စစ်တာက..Pressure Gauge, Temperature Gauge တွေ..ဖတ်တတ်ခြင်းရှိမရှိ..စစ်ပါတယ်..။ အဲဒီ..Gauge မှ..မှန်အောင်..မဖတ်တတ်ရင်..အကျပေးပါတယ်..။
စက်ယန္တာရားတွေ..ပုံမှန်အလုပ်..လုပ်မလုပ်..က..ဒီဂိတ်တွေဖတ်တတ်ရပါ့မယ်..။ ကိုယ့်စက်ရဲ့ Normal Temperature နဲ့ Pressure တန်ဘိုးတွေ..သိရပါ့မယ်..။
ဒါမှ..စက်..က..ပုံမှန်လား..Abnormal လား..သိနိုင်၊ ဆုံးဖြတ်နိုင်မှာကိုး..။
။။။။။။။။။။။။။။။။။။
အခု..ကျတာ..များလာတော့..ဟိုးအပေါ်က..% တွေနည်းတယ်..တင်ပါဦး..။ %.တင်ပါဦးတွေလုပ်တာများလာပါတယ်...။ အခု..Pressure gauge မဖတ်တတ်..သာမိုမီတာ..မဖတ်တတ်သူများလည်း..အောင်တဲ့..အထဲ..ပါကုန်ပါတယ်..။
။။။။။။။။။။။။။။။။။။
အဆိုးဆုံးက..Unit ကိုမသိတာ..ဂရုမစိုက်တာ..ပါ..။
ဖြေတာညံ့လွန်းလို့..အောင်ပါစေဆိုပြီး..မင်းနောက်ဆုံးစီးခဲ့တဲ့..သဘောင်္ရဲ့ GE ကဘာလဲဆိုတော့..Yanmarတဲ့..။ ကဲ..အဲဒီ Yanmar Engine ရဲ့..LO Pressure ဘယ်လောက်လဲဆိုတော့..၂၀၀၀..တဲ့..၊ မင်းက..အင်ဂျင်နီယာ..လုပ်မဲ့ကောင်..။
ယူနစ်ထည့်မပြောရင်..တန်ဘိုးမရှိဘူးလေ..။ ဘာယူနစ်လည်း..ဆိုတော့..။
ပြူးကြောင်ကြောင်..ပြန်ကြည့်နေပါတယ်..။

Kg/cm2 , Bar, Psi, Kpa, Mpa အဲဒီထဲက..တစ်ခုခု..ဖြစ်မှာပေါ့ကွာ..။ ကဲဘာလဲ..ဆိုပြီး..နမိတ်ကော..အကောင်ပါ..ပြရပါတယ်..။
သူကဖြေတော့..bar တဲ့...။
GE LO Pressure inlet က.2000 bar တဲ့..အရပ်ကတို့ရေ...။
။။။။။။။။။။။။။။။။။။။။
အခြေခံပညာရေးနဲ့..အဆင်မြင့်ပညာရေးမှာ..မအောင်မရှိ..ငါ့တပည့်..လုပ်ပြီး..
Quality Filter မခံဘဲ..လွတ်လွတ်လပ်လပ်..စီးဆင်းစေလိုက်တာ..
Marine Professional ထဲရောက်လာသူ..တစ်ချို့ဟာ..
CoC Exam တွေမှာ..
Quality Filter လည်းခံလိုက်ရော..အကုန်ပိတ်ဆို့ကုန်ပြီး..
သမတကြီး..ကယ်ပါ.လွှတ်တော်ကယ်ပါ....။
DMA က..ညစ်နေပါတယ်..ဖြစ်ကုန်ပါတယ်..
တိုင်စာများဟာ..ထောင်နဲ့ချီပြီး.ဟိုး..အမြင့်ဆုံးရုံးကို..ရောက်နေတယ်လို့..ကြားရပါတယ်..။ ဟုတ်မဟုတ်တော့..မသိပါ..။
။။။။။။။။။။။။။။။။။။။
ဒီအတွက်..ဟိုး..အမြင့်ဆုံး..ရုံးကလည်း..စာမေးပွဲ..စနစ်မှာ..ညွှန်ကြားချက်တွေ..ပေးပါတယ်..။
3E Bridge Course နဲ့ပါတ်သက်ပြီး..ပေးတဲ့..လမ်းညွှန်ချက်ဟာ. .မြန်မာနိုင်ငံရေကြောင်းပညာရေးစနစ်ကို..လာမဲ့..IMO Audit မှာ..မကောင်းတဲ့..ရလာဒ်..ကိုဖြစ်စေမှာပါ..။ White List ကိုထိ..ထိခိုက်စေနိုင်တဲ့..အလားအလာရှိပါတယ်..။
။။။။။။။။။။။။။။။။။
ရှင်းပြပါရစေ..။
ကျွန်တော်တို့..ရေကြောင်းပညာရေးစနစ်က..STCW 1978 (1995 ) အရထွက်ထားတဲ့..Model Course 1999 နဲ့သွားခဲ့တာပါ..။
ရေကြောင်းပညာရေးစနစ် STCW နိုင်ငံတစ်ကာကွန်ဗင်းရှင်းကို..၂၀၁၀ မှာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ..ကျင်းပ..ပြင်ဆင်ခဲ့ပါတယ်.. ။ STCW (2010 Manila Amendment) လို့..ခေါ်ပါတယ်..။ အဲဒီအတွက်..Model Course အသစ်တွေ ထွက်ပါတယ်..။
3E အတွက်ဆို..Model Course 7.04 2013 Edition Draft ထွက်ပါတယ်..။ ကျွန်တော်တို့က..၁၉၉၉ နဲ့ ၂၀၁၃ ကြား..ပြဌာန်းစာအုပ်၊ စာသင်ချိန်၊ ဘာသာရပ်အသစ်တိုးမှု၊ စတာတွေကို..Gap Analysis လုပ်ရပါတယ်..။
လိုနေတာတွေကို..ဖြည့်စွက်သင်ကြားဘို့လုပ်ရပါတယ်..။
။။။။။။။။။။။။။။။။
IMO ညွှန်ကြားချက်အရ..စနစ်ဟောင်းနဲ့..3E အောင်မြင်ပြီး.. သဘောင်္လိုက်ပြီး..၅နှစ်ပြည့်လို့..CoC လက်မှတ်လဲ..မည့်..သူများ. .တောင်...လက်ရှိရေကြောင်းလောကရဲ့..နည်းပညာပြောင်းလဲမှုနဲ့..ဥပဒေပြောင်းလဲမှုများကို..သိအောင်..Upgrading Course မတက်မနေရ..တက်ရပါ့မယ်..။
။။။။။။။။။။။။။။။။။။။
IMO အရ..3E စနစ်ဟောင်း..ကျထားသူများဟာ..Bridge Course တက်ပြီးမှ..စနစ်သစ်စာမေးပွဲကို..၀င်ဖြေရပါမယ်..။ စနစ်ဟောင်းသင်ကြားစဉ်က..မပါဝင်တဲ့..Subjects တွေ..ရှိနေပါတယ်..။ အထူးသဖြင့်
Electrical, Electronic, Control Engineering ရယ်..International Maritime Conventions ရယ်ပါ..။ ဒါတွေကို..သင်ရပါ့မယ်..။ ပြီးမှ..ဖြေခွင့်ပြုရပါ့မယ်..။
။။။။။။။။။။။။။။။။။။။။။။။။။။
အခုက..အထက်အဖွဲ့အစည်းများက..တိုင်စာများ..များလွန်းတဲ့အတွက်..ကလေးတွေကို..အလိုလိုက်ပြီး..
သူတို့..ထဲက..တက်ချင်သူတက်ပါစေ..။
မတက်ချင်ရင်လည်း..မတက်ဘဲနဲ့..စနစ်သစ်စာမေးပွဲ..ဖြေပါစေ..။ လို့..ဆိုပါတယ်..။
လူငယ်အချို့....ကြိုက်မှာပါ..။
ဒါပေမဲ..IMO Audit နဲ့ သေချာပေါက်ညိ..မဲ့ကိစ္စပါ..။
။။။။။။။။။။။။။။။။။။။။။။။
ကျွန်တော်..စိတ်မကောင်းပါ..။ သင်တန်းကျောင်းတွေ..ထောအောင်လို့..DMA နဲ့..သင်တန်းကျောင်းတွေ..ပူးပေါင်းပြီး..ရိုက်စားလုပ်နေပါတယ်..ဆိုတဲ့..တိုင်စာများပါ..ရှိနေမယ်လို့..မှန်းလို့ရပါတယ်..။

ဒါကြောင့်လည်း..Professional တစ်ယောက်အနေနဲ့..ပြောရရင်..အဲဒီ..Bridge Course က..ဖွင့်သင့်ပါတယ်လို့..။ မဖွင့်ရင်..နောက်ဆက်တွဲ..ပြဿနာများ..လာပါ့မယ်..။လို့..တင်ပြခဲ့ပါတယ်..။

Training Provider တစ်ယောက်အနေနဲ့ပြောရရင်..၊သင်တန်းဖွင့်ချင်လို့.. ဖွင့်သင့်တယ်.ပြောနေတာလို့..အထင်မခံနိုင်တာကြောင့် လည်း..အစည်းအဝေးမှာ..အားလုံးရဲ့..ရှေ့မှာ..ကျွန်တော်တို့တော့..ဖွင့်နိုင်သောအင်အား..မရှိပါလို့..တင်ပြခဲ့ပါတယ်..။
။။။။။။။။။။။။။။။။။။
တပည့်တွေရဲ့...တိုင်စာများကို..သာ..တစ်ဖက်နား..မထောင်ပါနဲ့..၊ ဆရာတွေ..စကားလည်း..နားထောင်စေချင်ပါတယ်..။
နှစ်ဘက်..နားထောင်ပြီးမှ..ဆုံးဖြတ်စေချင်ပါတယ်..။ လမ်းညွှန်ညွှန်ကြားပေးဘို့..တင်ပြချင်ပါတယ်..။
။။။။။။။။။။။။။။။။။။။။
စာမေးပွဲ..ကျသူတွေကို..ချည်းဘဲ..သနားမနေကြပါနဲ့..
အောင်တဲ့..သူတွေရဲ့..ဘဝ
သဘောင်္ပေါ်မှာ..တာဝန်ထမ်းဆောင်နေသူတွေရဲ့..ဘဝ
သူတို့ကို..မှီခို..နေသူတွေရဲ့..ဘ၀..ကိုလည်း..ကြည့်ကြပါဦး
။။။။။။။။။။။။။။။။။။။
ရေတိုပြဿနာ..ဖြေရှင်းလို့ရရင်..ပြီးရော..လုပ်လို့
ရေရှည်မှာ..ပြဿနာ..တက်မှာကိုလည်း..စဉ်းစားပေးပါလို့..တင်ပြချင်ပါတယ်...။
။။။။။။။။။။။။။။။။။။။။။။
၁၉၈၅ ကျွန်တော်တို့..သဘောင်္တက်တော့..သင်တန်းသိပ်မတက်ရပါ..။ STCW (78)
အရသတ်မှတ်ချက်..နည်းပါတယ်..။
၁၉၉၅ နောက်ပိုင်းမှာ..သင်တန်းတွေ..ပိုများလာပါတယ်..။
အခု..၂၀၁၀ နောက်ပိုင်းမှာ..ပိုများလာပါ့မယ်..။
IMO ရဲ့..သတ်မှတ်ချက်ပါ..။
DMA နဲ့ သင်တန်းကျောင်းတွေရဲ့..ရိုက်စားဇတ်လမ်း..မဟုတ်ပါ..ခင်ဗျာ..။
။။။။။။။။။။။။။။။။။။။
အရဲစွန့်ပြီး.ဟိုး..အပေါ်က..ကြားမလား..လို့..တင်ပြတာပါ..။
ကျွန်တော်..အတွက်..ဆိုးကျိုးတွေ..လာရင်လည်း..ခံပါ့မယ်ဆိုတဲ့..
စိတ်ရင်းနဲ့..တင်ပြတာပါ..။
။။။။။။။။။။။။။။။။။
ဥပဒေ၊စည်းကမ်းနဲ့အညီ..ဆောင်ရွက်တာ အကောင်းဆုံးလို့..မြင်လို့ပါ..။
။။။။။။။။။။။။။။။။။။။
တိုင်စာ ပေးပို့သော တပည့်များကို....

လေးစားစွာဖြင့်
ဝင်းအောင်
ရေကြောင်းကျောင်းဆရာ

2 comments:

  1. မှန်ပါတယ်ဆရာဦးဝင်းအောင် ရေ သင်တန်းတက်ရင်းဆရာတွေသြဝါဒခြွေရမှာကနိုင်ငံတကာမှာအသိအမှတ်ပြုထားတာကလက်မှတ်ရရင်ကျွမ်းကျင်တဲ့အဆင့်သတ်မှတ်အသိအမှတ်ပြုတယ်လို့နားလည်ထားတာအဲဒါကိုသင်တန်းသားတွေကကိုယ်လုပ်ရမဲ့ deck/rngine /saloom ပဲဖြစ်ဖြစ်ကျွမ်းကျင်မှနိုင်ငံတကာကိုထိုးဖေါက်တဲ့အခါကိုယ့်အတွက်ထက်နောက်မျိုးဆက်တွေအမြဲလမ်းကြောင်းပွင့်နေဖို့လောလောလတ်လတ်ဝက်ရွှင်ဖို့ထက်အနာဂတ်မှာဆက်လက်ရွှင်နေဖို့လုပ်ငန်းအပေါ်စိတ်ဝင်စားဖို့ကိုမှာကြားပြီးသင်ခန်းစာများကိုသေသေချာချာပြန်လည်စစ်ဆေးပေးခြင်ထြင့်အရည်အခြင်းမြှင့်တင်ပေးဖို့သင်တန်းမှာသင်တဲ့အခါသိပြီးသားဆိုတာထက်ပြန်လည်ျလ့ကျင့်အဆင့်မြှင့်တင်တဲ့အကြောင်းပြောပြ၍လေ့ကျင့်သင်ကြားပေးပါလို့အကြံပြုလိုက်ပါတယ်ဆရာလုပ်ခြင်းမဟုတ်ပါ မှားတာပါခဲ့ရင်လည်းစေတနာကြောင့်သာဖြစ်ပါ၍ခွင့်လွှတ်ပေးစေလိုပါသည် ။ အားလုံးအောင်မြင်ကြပါစေ။

    ReplyDelete
  2. မှန်ပါတယ်ဆရာဦးဝင်းအောင် ရေ သင်တန်းတက်ရင်းဆရာတွေသြဝါဒခြွေရမှာကနိုင်ငံတကာမှာအသိအမှတ်ပြုထားတာကလက်မှတ်ရရင်ကျွမ်းကျင်တဲ့အဆင့်သတ်မှတ်အသိအမှတ်ပြုတယ်လို့နားလည်ထားတာအဲဒါကိုသင်တန်းသားတွေကကိုယ်လုပ်ရမဲ့ deck/rngine /saloom ပဲဖြစ်ဖြစ်ကျွမ်းကျင်မှနိုင်ငံတကာကိုထိုးဖေါက်တဲ့အခါကိုယ့်အတွက်ထက်နောက်မျိုးဆက်တွေအမြဲလမ်းကြောင်းပွင့်နေဖို့လောလောလတ်လတ်ဝက်ရွှင်ဖို့ထက်အနာဂတ်မှာဆက်လက်ရွှင်နေဖို့လုပ်ငန်းအပေါ်စိတ်ဝင်စားဖို့ကိုမှာကြားပြီးသင်ခန်းစာများကိုသေသေချာချာပြန်လည်စစ်ဆေးပေးခြင်ထြင့်အရည်အခြင်းမြှင့်တင်ပေးဖို့သင်တန်းမှာသင်တဲ့အခါသိပြီးသားဆိုတာထက်ပြန်လည်ျလ့ကျင့်အဆင့်မြှင့်တင်တဲ့အကြောင်းပြောပြ၍လေ့ကျင့်သင်ကြားပေးပါလို့အကြံပြုလိုက်ပါတယ်ဆရာလုပ်ခြင်းမဟုတ်ပါ မှားတာပါခဲ့ရင်လည်းစေတနာကြောင့်သာဖြစ်ပါ၍ခွင့်လွှတ်ပေးစေလိုပါသည် ။ အားလုံးအောင်မြင်ကြပါစေ။

    ReplyDelete