Monday, September 2, 2013

သင်္ဘောသား မိသားစုဝင်များ၏ ရင်ဖွင့်သံ ( ၂ ) ...............

သင်္ဘောသား မိသားစုဝင်များ၏ ရင်ဖွင့်သံ ( ၂ ) ...............
ကျွန်မ ဒီတပါတ်လုံးစဉ်းစားခဲ့ပါတယ်။ ကျွန်မရေးထားတာလေးတွေကို MSU ကို ပို့ရင်ကောင်းပါမလားလို့ပါ။

ဘာဖြစ်လို့လဲဆိုတော့ ကျွန်မရဲ့ ရင်ဖွင့်ချက် (၂) မှာ ပါတဲ့ အကြောင်းအရာ ဖြစ်တဲ့ အမျိုးသမီးတွေ ကိုယ့် အမျိုးသားမရှိဘဲ ကလေး မွေးခဲ့ရတဲ့ အကြောင်းလေးနဲ့ ပတ်သက်ပြီး message လေးတခု ရလိုက်ပါတယ်။ အဲဒါကတော့ ကျွန်မတို့ မြန်မာလူမျိုးတွေမှာ ရှိတဲ့ စကားပုံလေးဖြစ်တဲ့ ” ယောင်္ကျားဖောင်စီး မိန်းမမီးနေ” ဆိုတဲ့ စကားလေးနဲ့ သူက ပြောလာတာပါ။ သူတို့ က တသက်လုံး ဖောင်စီးနေခဲ့ရတာ။ ဆက်လည်း ဖောင်စီးနေရအုန်းမှာဘဲ။ ကျွန်မတို့ မိန်းမ တွေ အနေနဲ့ တသက် မှာ အများဆုံး နှစ်ကြိမ် လောက် ကလေးမွေးလိုက်ရတာကို စကားထဲ ထည့် ပြောမနေပါနဲ့ ဆိုတဲ့ message လေးပါဘဲ။
ကျွန်မ MSU ရဲ့ wall ပေါ် တက်ပြီး စကားရေလုနေသလိုဖြစ်မှာစိုးလို့ပါ။

ကျွန်မအနေနဲ့ “ သူတို့ပင်ပန်းသလို ကျွန်မတို့လည်း ပင်ပန်းနေတာဘဲ ” လို့ wall ပေါ် တက်ပြီး ယှဉ်ပြနေတာမဟုတ်ပါဘူး။

အခုခေတ် ရေစီးကြောင်းအရ အမျိုးသားနဲ့ အမျိုးသမီးရင်ပေါင်တန်း နိုင်အောင် ကြိုးစားနေကြတယ်ဆိုပေမယ့် တကယ်တမ်းကျတော့ ကျွန်မ တို့ မြန်မာ လူမျိုး အများစုကတော့ အိမ်ထောင်ရှင်မ လုပ်ပြီး ကိုယ့်အမျိုးသားကို အားကိုးပြီးနေထိုင်နေကြတာများပါတယ်။ ဒါကြောင့် သံသယများစွာနဲ့နေထိုင်နေရတဲ့ သင်္ဘောသားများကို ကျွန်မတို့ အမျိုးသမီးတွေရဲ့ ကိုယ့်အမျိုးသားအပေါ် ဘယ်လိုစိတ်ထားတွေထားကြတယ်၊ ကျွန်မ တို့ အမျိုးသားမရှိရင် ရင်ဆိုင်တတ်ရတဲ့ အခက်အခဲ လေးတွေကို ဝေမျှပေးတာပါ။ ကျွန်မရဲ့ post တွေကို ဖတ်ပြီး အကျိုးသက်ရောက်မှုလေး တစ်ခုခုဖြစ်သွားမယ်ဆိုရင် ကျေနပ်ပါတယ်။

ပါရမီဖြည့် ဖက်

No comments:

Post a Comment