အပိုင်း၆။ ။ “သင်္ဘောသားတွေ ဘာလုပ်?”
အဓိကအလုပ်သည် ထုထည်ကြီးမား များပြားစွာသော ကုန်ပစ္စည်းများကို ပွိုင့် A, B, C, D မှ ပွိုင့် E, F, G အစရှိသည်တို့ထံ အပျက်အဆီး၊ အဆုံးအရှုံး၊ အလေအလွင့် နည်းနိုင်သမျှနည်းအောင် သယ်ယူဝန်ဆောင် ပေးရခြင်းပါ။ 1st May တိုက်ပွဲဝင်သူရဲကောင်းကြီး စပါးတာကဒ် အသက်စွန့် ရယူပေးခဲ့သော “မေဒေး” (May Day) Resolution အရ ကမ္ဘာ့အလုပ်သမား ရပိုင်ခွင
့်မူ
အလုပ်သမားတစ်ယောက်သည် တစ်နေ့လျှင် ၈နာရီ အလုပ်လုပ် ၈နာရီ အိပ်စက်ကာ ၈နာရီ
အပမ်းဖြေ တိုးတက်လေ့လာသမှုပြုရပါသည်။ ထို့ကြောင့် ၂၄ နာရီ လည်ပတ်နေသော
သင်္ဘောပေါ်တွင် ဂျုတီသာချိန်းသည် အလုပ်ကားမရပ် စနေ တနင်္ဂနွေ အားရက်လည်း
မရှိပေ။
တစ်စီးလုံးအုပ်ချုပ်သူ ရေယဉ်မှုး၊ မာလိန်မှုး၊ ကပ္ပတိန်၊ skipper
oldman သူကြီး၊ Ah Lou ခေါ် ခေါင်းဆောင်သည် ခေါင်းထိုးခံရန် အမြဲ
အသင့်ဆောင်ထားရ၏။ ကျန်အရာရှိ ၃ဦး Chief Officer (အရာရှိချုပ်)၊ Second
Officer (ဒုတိယ အရာရှိ)၊ Third Officer (တတိယ အရာရှိ)၊ ကျွမ်းကျင်သင်္ဘောသား
AB able bodied ‘တက်မ’ကိုင် များက တစ်ရက်လျှင် ၄နာရီစီ ည၊ နေ့ ၄နာရီ
ကုန်းပတ် အလုပ်အရာရှိများကား ၈နာရီ (ည ၄၊ နေ့၎) ၂ပိုင်း ခွဲကာ တစ်ဦးလျှင်
၈နာရီ သင်္ဘောဦးခန်းတွင် ဂျူတီကျလေသည်။ ကျန်အချိန်များတွင် အပန်းဖြေ
တီဗွီကြည့်၊ အင်တာနက်သုံး၊ စာရေး၊ စာဖတ်၊ စာသင်ဝိုင်းဖွဲ့
စုစည်းပျော်ရွှင်စွာ နေကြပါသည်။
သင်္ဘောကြီး နှင့်တစ်ကွ ကုန်များ၊
အလုပ်လုပ်နေသူများ အသက်အန္တရာယ်ကင်းစေရန် ၂၄နာရီ အမြင်၊ အကြား၊ အသံ၊ ရေဒါ၊
မှန်ပြောင်း၊ မျက်လုံး တွင်တွင်သုံးကာ စောင့်ရှောက်နေရပါသည်။
ဂျူတီလေးနာရီ အချိန်တွင်း ၃၆၀ဒီဂရီ ကောင်းကင် နှင့် ပင်လယ်
တိုက်ခိုက်နိုင်စွမ်းရှိသော ပစ်မှတ်တို့ကို ရှာဖွေနေရ၏။
ကင်းစောင့်ဆိုသည်မှာ ထိုင်မနေရပါ။ ထိုင်လျှင် အိပ်ချင် ပျင်းရိလာကာ
တာဝန်လစ်ဟင်းသော် ဆုံးရှုံးမှုကြီးမားကာ အသက်များစွာသေကျေနိုင်ပါသည်။
တစ်ရက်ကို ၈နာရီ ဂဏှာမငြိမ်သော အကျင့်သည် နှစ်အလွန်ကြာသော
သင်္ဘောအရာရှိများစွာတို့အတွက် မရှောင်တိမ်းနိုင်သော hard habit to break
ပင် ကျွန်တော်လွန်စွာ ဂဏှာမငြိမ်သည်ကို ကြည့်မရကုန်သော အပေါင်းအသင်း မိတ်ဆွေတို့ နားလည်ပေးကြစေလိုသည်။
Duty Roaster
00-04 Middle watch - 2nd Off and AB
04-08 Morning Watch- Ch Off and AB
08-12 ForeNoon Watch- 3rd Off နေ့အချိန် တွင် တစ်ဦးတည်း
12-16 AfterNoon Watch-2nd Off နေ့အချိန် တွင် တစ်ဦးတည်း
16-18 Dog watch 1 - Ch Off နေ့အချိန် တွင် တစ်ဦးတည်း
18-20 Dog Watch 2-Ch Off and AB နေ၀င်လျှင် ၂ဦး
20-24 First Watch-3nd Off and AB တို့ဖြစ်ကာ
ဆိပ်ကမ်းကပ်လျှင်တော့
အရာရှိ တစ်၊ AB တစ်၊ အကူ တစ် ၃ယောက်တို့သည် ၆နာရီလုပ် ၆နာရီနား ၂၄
နာရီပတ်လည် လုပ်ကြရရှာလေသည်။ လက်ရှိ ကျွန်တော်တို့စီးနေသော သင်္ဘောများသည်
မီတာ ၃၀၀၊ ပေ ၁၀၀၀ ကျော်ကာ
စက်ခန်း ၆ထပ်၊ ကုန်းပတ် ၇ထပ်/၈ထပ်ရှိပြီး အမြင့် ပေ၂၀၀ခန့် မြင့်အောင် ထုတည်ကြီးမားပါသည်။