Thursday, October 25, 2012

24th International Maritime English Conference @ Myanmar

Yangon Update Maritime News ;

 မြန်မာနိုင်ငံ ရေကြောင်းဘာသာစကား ဖွံ့ဖြိုးရေးအတွက် နိုင်ငံပေါင်း ၄၀ နီးပါး ပထမအကြိမ် လာရောက်ဆွေးနွေ့း မြန်မာ နိုင်ငံ ရေကြောင်းဘာသာစကား ( Maritime English ) ဖွံ့ဖြိုးရေးအတွက် နိုင်ငံပေါင်း ၄၀ နီးပါး ပထမဆုံးအကြိမ် လာရောက်ဆွေးနွေးကြောင်း ၁-၁၀-၂၀၁၂ ရက်တွင် ရန်ကုန်မြို့ Summit Parkview Hotel တွင် ကျင်းပသည့် 24th International Maritime English Conference တွင် သိရသည် ။

 အဆိုပါ Conference ကို Uniteam Marine Training Centre (UMTC) , Myanmar Maritime University (MMU) ,International Maritime Lecturers’ Association (IMLA) နဲ့ International Maritime English Conference (IMEC) တို့ Organizer များအနေဖြင့် ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ၊ Uniteam Marine Training Centre နှင့် Uniteam Tours & Travel တို့က Sponsor များ အနေနဲ့ ပံ့ပိုးကူညီပေးထားတာလည်း ဖြစ်ပါတယ် ။

အဆိုပါ Conference တွင် သြစတေးလျ ၊ ဘယ်ဂျီယံ ၊ တရုတ် ၊ ပြင်သစ် ၊ ဂျာမနီ ၊ ဖိလစ်ပိုင် ၊ ဆွီဒင် ၊ ယူကရိန်း ၊ အင်္ဂလန် စသည့် နိုင်ငံများ လည်း ပါဝင်ပြီး မြန်မာနိုင်ငံမှလည်း ရေကြောင်းနှင့် ပတ်သက်သည့် စာတမ်းများ ဖတ်ကြားခဲ့သည် ။ နိုင်ငံတကာတွင် ဖြစ်ပွားလျက်ရှိသော သင်္ဘောလုပ်ငန်းများ၏ မတော်တဆ ဖြစ်ပွားနေမှ ၃၅ ရာခိုင်နှုန်းခန့်သည် တစ်ယောက်နှင့်တစ်ယောက် ဘာသာစကား အခက်အခဲများကြောင့် ဖြစ်ပြီး အဆိုပါကိစ္စရပ်များကြောင့် လည်း နိုင်ငံ၏ ခရီးသွားလုပ်ငန်းကို ထိခိုက်လာနိုင်ကြောင်းလည်း အဆိုပါ Conference မှ သိရှိရပါတယ် ။

 ref: ပြည်မြန်မာဂျာနယ် , IMLA conference ebooks :
Imec 24 Flyer Imec 24 First Announcement

No comments:

Post a Comment