Pages

Friday, December 27, 2013

ငါတို့ သဘော်သားဘဝ

October KO Myo

နှစ်ကူးသင်္ကြန် မရှိသောသူ
သီတင်းကျွတ် မရှိသောသူ
တန်ဆောင်တိုင် မပျော်နိုင်သူ
နေ့ ရယ်ညရယ် မရှိသောသူ
နေပူမိုးရွာ မရှိသောသူ
ဘဝ၏တစ်စိတ်တစ်ပိုင်း
မိမိ ပိုင်ဆိုင်သော အိမ်တွင်မနေရသူ
ချစ်သူခင်သူများနှင့်  အဝေးမှာ
နေရသောသူ
ဒါရိုက်တာ တို အတွက်ဗီလိန်များ
အဖြစ်သတ်မှတ်ခံရသူ
စိတ်မရှည်သောချစ်သူ၏
စွန့် ပစ်ခြင်းခံရသူ
အရက်သမား လူရှုပ်လူပွေများ
ကြာကူလီများ ငတုံးငအ
လှိမ့် တိုင်း ခံရသူများဟု
အထင်ခံရသူ
မိမိ အိမ်သည် အလုပ်စဝင်ချိန်
မှစ၍တည်းခို ခန်းပမာသတ်မှတ်
နေထိုင်ရသူ
ထိုထိုသောသူ တို့ ကား
အသက်ပဓာန မထား
မိသားစု စားဝတ်နေရေးအတွက်
အသက်စွန့် ကာ
သမာအာဇီဝ အလုပ်လုပ်နေကြသူ
အလုပ်တာဝန်များမှ အနားယူ
မိသားစုနှင့် ထာဝရအနားယူချိန်
ဇရာထောင်းလို့ 
သနားစရာကေါင်းလွန်းလေစွ
အို
-
-
-
-
-
-
-
-
-
-
-
-
-
-
-ငါတို့ သဘော်သားဘဝပါလား

No comments:

Post a Comment