Pages

Tuesday, November 26, 2013

Professional

Professional
။။။။။။။။။။။။။။။။
ဘယ် ပညာရပ်မှာ ဘဲဖြစ်ဖြစ်.. Professional တစ်ယောက် ဖြစ်လာဘို့..အသိပညာရှင်..အတတ်ပညာရှင် တစ်ယောက်..ဖြစ်လာဘို့..
။။။။။။။။။။။။။။။။။
စိတ်ကူးယဉ်ပြီး..ရလာတာ..မဟုတ်ဘူး...
။။။။။
ဆုတောင်းပြီး..ရလာတာ.မဟုတ်ဘူး...
။။။။။
အမေလိုက်..ပြောပေးလို့..ရလာတာ..မဟုတ်ဘူး...
။။။။။
ပိုက်ဆံနဲ့ဝယ်လို့..ရလာတာ..မဟုတ်ဘူး...
။။။။။
ချစ်ချစ်က..ပေးတဲ့..မွေးနေ့လက်ဆောင်..မဟုတ်ဘူး..
။။။။။။
ကျောင်းတက်မှန်လို့..ရလာတာ..မဟုတ်ဘူး..
။။။။။။
လေ့လာချင်စိတ်..ရှိပြီး..
ကိုယ်တိုင်ဖတ်လာတဲ့..လေ့လာထားတဲ့...စာသိ..
။။။။။
လုပ်ချင်..ကိုင်ချင်စိတ်..ရှိပြီး..
လုပ်ငန်းထဲမှာ..လက်တွေ့၊ မျက်မြင်..လေ့လာခဲ့တဲ့အတွေ့အကြုံ ၊
ကိုယ်တိုင်လုပ်ခဲ့ ကိုင်ခဲ့တဲ့...လုပ်ငန်း..အတွေ့အကြုံ
။။။။။
အဲဒီ..စာတွေ့နဲ့လက်တွေ့...နှစ်ခုကို..ပေါင်းစပ်ပြီး..
ကိုယ့်.အလုပ်ထဲမှာ.၊ ကိုယ်ကျင်လည်ရာ.ပညာရပ်အသိုင်းအ၀ိုင်းမှာ..၊
ကျရာတာဝန်ကို..ကျေပြွန်ယုံမက..၊.တိုးတက်အောင်..စေတနာထား..
လုပ်နိုင်၊ လုပ်ပြနိုင်မှ..။
လုပ်ငန်းတူ..အတတ်ပညာရှင်တွေ..အသိပညာရှင်တွေ.၊ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေ..ကလည်းလေးစား..ပြီး..
Professional..ဖြစ်လာမှာ..။
။။။။။
ဘွဲ့ရ..တိုင်း..Professional ..မဟုတ်ဘူး..
ရာထူးကြီးတိုင်း..Professional..မဟုတ်ဘူး..
။။။။။။
စိတ်ဓါတ်..လိုသေးတယ်..
တာဝန်ယူထားရတဲ့..အလုပ်ကို.ပြီးမြောက်အောင်၊ ကောင်းအောင်၊ မရမနေ..လုပ်တဲ့..ကြိုးစားတဲ့စိတ်..။
ကိုယ့်တာဝန်ကို..ကျေပြွန်ယုံ..
ဝတ်ကျေတန်းကျေ.ယုံ..မလုပ်ဘဲ..၊
ကိုယ့်တာဝန်ကို..လေးစားတဲ့...တန်ဘိုးထား.တဲ့.စိတ်ပါရှိ.ဘို့..လိုတယ်..။
။။။။။။။
Professional တစ်ယောက်ဖြစ်လာဘို့က..
သက်ဆိုင်ရာ..အတတ်ပညာချည်းဘဲ..သင်နေလို့မရဘူး..
ခံယူရမဲ့..စိတ်ဓါတ်..၊
မွေးမြူရမဲ့..စိတ်ထား.၊
လိုက်နာသင့်တဲ့..ကျင့်ဝတ်..၊
အဲဒီ..စိတ်ဓါတ်ပိုင်းဆိုင်ရာ
အတွေး..အမြင်..အသိ..တွေကိုပါ..သင်ယူနေရမယ်.။
။။။။။။။။
အဲဒီလို..ဖြစ်ဘို့..
လူငယ်မှာလည်း..တာဝန်ရှိတယ်..
လူကြီးတွေမှာလည်း..တာဝန်ရှိတယ်..
(မိဘ..တွေလည်း..ပါသည်။ စီမံ.အုပ်ချုပ်သူများလည်းပါသည်..။)
သင်တန်းသားမှာလည်း..တာဝန်ရှိတယ်..
သင်တန်းဆရာမှာလည်း..တာဝန်ရှိတယ်..
တာဝန်အရှိဆုံးက..ကာယကံရှင်..
။။။။။။။
နောက်ထပ်..ပြောချင်သေးတာက..
စာသင်ယုံ..သင်နေရင်..
အဲဒီကျောင်းဆရာ.လည်း...Professional ကျောင်းဆရာ..မဟုတ်ဘူး..။
လူငယ်တွေကို..အတွေး..အမြင်..အသိတွေပါ..သင်ပေးရမယ်..။
ကျင့်ဝတ်တွေ..၊ လူ့လောက..စံတွေ..၊ ရှင်းပြရမယ်..။
ဒီခေတ်..ဒီအခြေအနေမှာ..ပိုလို့..သင်ပေးရမယ်လို့.တောင်..မြင်မိပါတယ်..။
။။။။။။
ဘာလို့လဲဆိုတော့..တစ်နိုင်ငံလုံး..စံလွဲ..နေတာကြာပြီ..မို့..။
။။။။။။။
ဝင်းအောင်
ရေကြောင်း..ကျောင်းဆရာ..

No comments:

Post a Comment