Pages

Tuesday, May 7, 2013

မင်းအထင်လွဲနိုင်ပါတယ်...



မင်းအထင်လွဲနိုင်ပါတယ်
ငါကရေထဲမှာ ၄နာရီ သာသာ ကို ၂ ခါလောက်ခွဲအိပ်နေရတော့ အိမ်မှာ ၁၂ နာရီလောက်အိပ်တာကို။
မင်းအထင်လွဲနိုင်ပါတယ်
ငါကရေထဲမှာ ရှိတာကိုစားခဲ့ရတော့ အိမ်မှာ အစားကြူးတာကို။
မင်းအထင်လွဲနိုင်ပါတယ်
ငါကရေထဲမှာ ဘယ်မှမသွားခဲ့ရတော့ နေရာအစုံလျှောက်သွားနေတာကို။
မင်းအထင်လွဲနိုင်ပါတယ်
ငါကရေထဲမှာ သူငယ်ချင်းမရှိတော့ အိမ်မှာ အပေါင်းအသင်းမင်တာကို။
မင်းအထင်လွဲနိုင်ပါတယ်
ငါကရေထဲမှာ စိတ်အရမ်းတင်းကျပ်ခဲ့တော့ အိမ်မှာပေါ့ပျက်ပျက်နေတာကို။
မင်းအထင်လွဲနိုင်ပါတယ်
ငါကရေထဲမှာ စက်ရုပ်လိုနေခဲ့တော့ အိမ်မှာ ဗြဲလရမ်းနေတာကို။
မင်းအထင်လွဲနိုင်ပါတယ်
ငါကရေထဲမှာ ပေတေစွာနေခဲ့ရတော့အိမ်မှာ အလှကြိုက်နေထိုင်တာကို။
မင်းအထင်လွဲနိုင်ပါတယ်
ငါကရေထဲမှာ အားငယ်စွာအဖော်မဲ့ခဲ့ရတော့ အိမ်မှာ ရွတ်နောက်နောက်Jokerလိုနေတာကို။
မင်းအထင်လွဲနိုင်ပါတယ်
မင်းအထင်လွဲနိုင်ပါတယ်
မင်းအထင်လွဲနိုင်ပါတယ်
ငါတို့ကအိမ်မှာမြောက်ကြွကြွ လူ့ဘော်ကျော့နေတာကို။
ငါတို့ဘဝငါတို့ဆန်ဒကို အိမ်မှာနေတဲ့တခဏတော့ ပြည့်ခွင့်ပေးပါ။

ရေထဲကမင်း
( Minn Paing Soe )

No comments:

Post a Comment