Pages

Tuesday, November 13, 2012

ငါတို့ဘာကြောင့် သဘောင်္လိုက်နေရတာလဲ


ကျွန်တော်တို့ဘာလို့ သဘောင်္လိုက်နေရတာလဲ။ ကျွန်တော်နဲ့သဘောင်္တစ်စီးထဲ အတူစီးဖူးတဲ့ တက်မကိုင် (AB) အကိုကြီးတစ်ယောက်ကို အကိုဘာလို့သဘောင်္လိုက်နေတာလဲလို့ မေးဖူးတယ်။ အိမ်ကမိန်းမက လိုက်ခိုင်းနေလို့ပေါ့ င့ါညီရာ ငါ့ဟာငါဆို taxi တစ်စီးလောက်ထောင် ကိုယ်တိုင်မောင်းပြီး ရန်ကုန်မှာ အေးဆေးပဲနေမှာပေါ့ကွာတဲ့။
ကျွန်တော်ငယ်ငယ်က စွ

န်ရာသီဆို စွန်လွှတ်တယ် ဒီလိုပဲ ရာသီအလိုက်ဗျာ ဂျင်ပေါက်တယ်၊ အရုပ်ထောင်ပစ်တယ်၊ ဂေါ်လီရိုက်တယ်။ ဂေါ်လီရိုက်တယ်ဆိုရင် ဂေါ်လီက မြောင်းထဲခဏခဏကျလို့ ရွှံ့တွေကြားထဲ ဆင်းနှိုက်ရတယ်။ ကျောက်ဂေါ်လီတို့ ဖန်ဂေါ်လီတို့က ပေါ့တော့ရွှံ့ထဲသိပ်မနစ်ဘူး။ သံဂေါ်လီကျ လေးတော့ရွှံ့ထဲနစ်နေတာ နှိုက်စမ်းပေတော့ပဲ။ လောကမှာ ရှိရှိသမျှ အရာအားလုံးက မော်လီကျုး (molecules) တွေနဲ့တည်ဆောက်ထားတာလေ။ ပေါ့ခြင်း၊ လေးခြင်း၊ မာခြင်း၊ ပျော့ခြင်းဆိုတာ အဲဒီမော်လီကျုးတွေ တစ်ခုနဲ့တစ်ခုချိတ်ဆက်နေတဲ့အပေါ် မူတည်တယ်။ စိန်မှာရှိတဲ့ မော်လီကျုးတွေက တစ်ခုနဲ့တစ်ခု ပူးကပ်ကြပ်ညပ်ပြီး တင်းတင်းရင်းရင်း ချိတ်ဆက်ထားကြတယ်။ ဘယ်သူခွဲခွဲ တို့မကွဲပေါ့။ ဒီတော့စိန်ကမာတယ်၊ လေးတယ်။ ကျွန်တော်ကြိုက်တဲ့ ဂျယ်လီကျတော့ ဆန့်ကျင်ဘက်ဗျာ။ လျော့တိလျော့ရွဲ မော်လီကျုးတွေက စားလိုက်ရင် ရွှတ်ခနဲပဲ ပါးစပ်ထဲဘယ်လိုပျောက်သွားမှန်းကို မသိတာ။
ဒါဆိုလေးတာခြင်းအတူတူကို သံဂေါ်လီကျရေထဲနစ်ပြီး ရေချိုးကန်က သံရေခွက်က ဘာလို့ရေပေါ်ပေါ်နေတာလဲ။ ကျွန်တော်ကိုးတန်းရောက်တော့ အာခိမီဒီး(archimedes) ဆိုတဲ့အရှက်နည်းတဲ့ လူကြီးတစ်ယောက်အကြောင်းသင်ရတယ်။ အဲဒီမှာတင် ရေချိုးကန်က သံရေခွက်က မနစ်ရတဲ့ နိယာမ (laws of floatation) ကိုနားလည်သွားပါတယ်။ ထိုနိယာမကို အခြေခံပြီး သံထည်နဲ့လုပ်ထားတဲ့ သဘောင်္ကြီးတွေ ရေပေါ်ရောက်လာတော့တာပဲ။
ကျွန်တော်တို့ သဘောင်္လိုက်နေရတဲ့အကြောင်းက အာခိမီဒီးကြောင့်ချည်းတော့ မဟုတ်ပါဘူး။ လူတွေရဲ့ အတောမသတ်နိုင်တဲ့ လောဘကြောင့်လဲပါတယ်။ အကောင်းဆုံးဇိမ်ခံပစ္စည်းတွေနဲ့ အဆင့်အတန်းမြင့်မြင့် နေချင်ကြတယ်။ နောက်ဆုံးထွက်တဲ့ iphone ကိုမှကိုင်ချင်တယ်။ ဂျပန်က carမှ၊ ဘရာဇီးက ကော်ဖီမှ၊ နယူးဇီလန်ကနွားနို့မှ ဖြစ်လာကြတယ်။ နည်းပညာတွေမြင့်မားလာတော့ စက်ရုံတွေကလည်း ကုန်ပစ္စည်းတွေ အမြောက်အများ (mass production) လိုသလောက် ထုတ်လုပ်လာနိုင်တယ်။ ဒီလိုနဲ့ ကုန်ပစ္စည်းအမြောက်အများကို တစ်နိုင်ငံနဲ့တစ်နိုင်ငံကုန်သွယ်တဲ့နေရာမှာ ကုန်ကျစရိတ်အသက်သာဆုံးဖြစ်တဲ့ ပင်လယ်ရေကြောင်းက အရေးပါတဲ့ အခန်းကဏ္ဍကို ရောက်လာပါတယ်။
ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့စွမ်းအင်လိုအပ်ချက်အရ သဘာဝအရင်းအမြစ်တွေဖြစ်တဲ့ ရေနံတွေ၊ သဘာဝဓာတ်ငွေ့တွေ၊ ကျောက်မီးသွေးလောင်စာတွေကို အဆမတန်သုံးစွဲကြတယ်။
ဒီလောက်ပမာဏများများ အရင်းအမြစ်တွေ တစ်နိုင်ငံကနေတစ်နိုင်ငံကို ရွေ့လျားဖို့ ပင်လယ်ရေကြောင်းကလွဲရင် တခြားဘယ်လမ်းရှိမလဲဗျာ။ အိမ်နီးချင်းနိုင်ငံတွေဆိုရင်တော့ ပိုက်လိုင်းတွေလောက်နဲ့ အလုပ်ဖြစ်ပါတယ်။ တရုတ်ကြီးကတော့ အဲဒါနဲ့တင် တော်တော်အဆင်ပြေနေတာ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
တချို့လူချမ်းသာတွေများ ကုန်းပေါ်မှာပျော်တာအားမရလို့ ရေထဲဆင်းပျော်ကြသေးတယ်။ အပျော်စီးသဘောင်္ကြီးတွေနဲ့ ခရီးတွေထွက်ကြတယ်။ တိုက်တန်းနစ်ကားလဲ ကြည့်ဖူးနေကြတာပဲ။ သေချာမမြင်မှာစိုးလို့ 3Dနဲ့တောင်ပြန်ရိုက်ပြထားသေးတယ်။ သိပ်မကြာသေးခင်ကပဲ Costa Concordia အပျော်စီးသဘောင်္ကြီးလဲ captain ဖွံကြောင်နေလို့ သောင်တင်ပြီးမှောက်ပြီးပြီ။ ဒါလဲမမှတ်ကြသေးဘူး စီးချင်နေကြတုန်းပဲ။ IMO ရဲ့စေတနာကလည်းကြီးလွန်းပါတယ်။ တစ်ခုခုမဖြစ်လိုက်နဲ့ဟိုဟာဖြည့်မယ်၊ ဒီဟာထပ်တိုးမယ်ဆိုတာကြီးပဲ။ တိုက်တန်းနစ်မြုပ်တော့ SOLAS ကျမ်းကြီးတွေ၊ ပြင်သစ်ကမ်းခြေမှာ Torrey Canyon ကသောင်တင်ပြီးဆီလျှံတော့ MARPOL ဆိုတဲ့ကျမ်းကြီးတွေပေါ်လာတယ်။ ဟိုကုလားကလဲ ဖင်ယားပြီး(ကန်တော့ပါရဲ့) world trade centre ကိုလေယာဉ်နဲ့ဝင်တိုက်တော့ မဆီမဆိုင်သဘောင်္သားတွေလဲ ပဲကြီးလှော်ဆားညပ်ပြီး ISPS အရ ကမ်းတောင် ကောင်းကောင်းမဆင်းရတော့ဘူး။
လူတွေကလည်း တခါလာဒီသဘောင်္ပဲ အပြစ်ရှာချင်နေကြတယ်။ MAPOL annex-6 က air pollution ဗျာ။ သဘောင်္မှမဟုတ်ဘူး လေယာဉ်တွေ မော်တော်ကားတွေလည်း မီးခိုးတွေထုတ်နေကြတာဘဲ။ အဲဒါကို သဘောင်္ကိုမှ ရေးကြီးခွင်ကျယ်လုပ်ပြီး ပြောနေကြတယ်။ သဘောင်္ပိုင်ရှင် သူ့ဟာသာသူ ဆီပြောင်းသုံးရလို့ပိုက်ဆံပိုကုန်တာ ကျွန်တော်တို့နဲ့မဆိုင်ပါဘူးဗျာ။ သဘောင်္ပေါ်ကအရာရှိတွေ တနေ့တနေ့ အင်ထုပြီးဖြည့်နေရတဲ့ စာရွက်စာတမ်းနဲ့ပတ်သက်တဲ့အလုပ်တွေများလာတယ်။ သဘောင်္အရာရှိစာမေးပွဲအတွက် ဖတ်ရမဲ့စာတွေကလည်း တိုးတိုးလာတယ်။ အရင်တုန်းကလို သဘောင်္သားတွေ ရွှေခေတ်မဟုတ်တော့ပါဘူး။ ယူရတဲ့တာဝန်၊ လုပ်ရတဲ့အလုပ်ကို ရတဲ့လစာနဲ့တွက်ကြည့်ရင် မတန်ပါဘူး။ မိဝေးဖဝေး၊ ချစ်သူဝေး၊ အကုန်ဝေးနဲ့ ကမ်းမမြင်လမ်းမမြင်လုပ်နေရတဲ့ ရေပေါ်ကလူတွေကို ကုန်းပေါ်မှာ နေ့တိုင်းမိန်းမနဲ့နေနေတဲ့သူတွေက ဘာလို့အတင်းလိုက်ကြပ်နေကြတာလဲမသိဘူးဗျာ။
ဒီကြားထဲ ဆိုမားလီးယားက ရှမ်းတရုတ်တွေက တစ်မှောင့်။ မရှိလို့လုပ်စားပါတယ်ဆိုမှ သူတို့လဲကြောက်နေရတယ်။ ဒုတိယစီးတဲ့သဘောင်္တုန်းက ဆိုမားလီးယားဖြတ်ရတယ်။ သဘောင်္ဘေးနားကနေ အဲဒီကောင်တွေ ကပ်ကပ်ဖြတ်သွားတာ မြင်နေတာပဲ။ မတိုက်ချင်လို့သာ တိုက်ချင်ရင်လွယ်လွယ်လေး။ သေဘာၤေနာက္ဘက္ကေန ကပ္တက္လာတာ။ တကယ်လို့သဘောင်္ကရပ်မပေးဘဲ ထွက်ပြေးလို့ကတော့ RPG နဲ့သဘောင်္ဘေးကိုလှမ်းထုတာ။ ဆိုမားလီယားဖြတ်နေတုန်းတစ်ရက် သဘောင်္မောင်းတဲ့အခန်း (bridge) ပေါ်မှာ ဂျူတီကို ကိုရီးယားchief mate နဲ့အတူတူယူနေတုန်း သူက ကျွန်တော့်ကိုမေးတယ်။ ကဒက်တဲ့ မင်း ဆိုမားလီးယားဖြတ်တော့ ရန်ကုန်က ကုမ္ပဏီက မင်းကိုဖြတ်ခ ဘယ်လောက်ပေးလဲတဲ့။ ကျွန်တော်က တစ်ခါဖြတ် ၁၅ဒေါ်လာရတယ်ပေါ့။ ပြီးတော့ သူကဆက်မေးတယ် မင်းဟိုတစ်ခေါက်က ပောာင်ကောင်မှာ ကမ်းဆင်းတော့ ဘဲကင်ဝယ်စားတာ ဘယ်လောက်ပေးရလဲတဲ့။ ကျွန်တော်က ဒေါ်လာ၂၀ပေးရတယ်ပေါ့။ ဒါဆိုဆိုမားလီးယားဖြတ်တဲ့ မင်းအသက်က ဘဲကင်တစ်ကောင်လောက်တောင် တန်ဖိုးမရှိဘူးတဲ့။ ဟုတ်တယ်ဗျာ…သူပြောမှစဉ်းစားမိတယ် ကျွန်တော်က ဘဲကင်လောက်တောင်တန်ဖိုး မရှိဘူးဖြစ်နေတယ်။ သြော်…ဘဲကင်…ဘဲကင်…ဘဲကင်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကျွန်တော်သဘောင်္သားဖြစ်လာရတာ ကျွန်တော့်အဘိုးကြောင့်လို့ပြောလို့ရတယ်။ ကျွန်တော့်အဘိုးက ဟိုးအရင် P.Henderson line ကသဘောင်္သားပောာင်းကြီးဗျ။ CDC မပေါ်ခင် နလီလက်ထက်ကတည်းက သဘောင်္လိုက်နေတာ။ CDC တွေအစိုးရကထုတ်ပေးတော့ အဘိုးနံပါတ်က (၂၀၁၀) …CDC နံပါတ်တွေက (၂၀၀၀) ကစတာလေ။ အခုတော့အဘိုးက အသက်၈၀ကျော် ၉၀နားကပ်နေပါပြီ။ အဘိုးကြီးဆိုတော့ ပြောရရင် စကားများတယ်ဗျာ။ အဲဒီတော့သူ့နား ဘယ်သူမှမကပ်ချင်ကြဘူး။ တစ်ခါတစ်ခါ လေကြောမိရင် ၂နာရီ ၃နာရီလောက် ကြာတတ်တာကိုး။ ကျွန်တော်တစ်ယောက်ပဲ သူပြောတာကောင်းကောင်း နားထောင်ပေးတာ။ ပြီးရင်သူက မုန့်ဖိုးပေးတယ်လေ…ဟီး။ ကျွန်တော်လာပြီဆို သူ့ရဲ့မရိုးအီနိုင်တဲ့ နိုင်ငံတကာအတွေ့အကြုံတွေ၊ ဒီခေတ်နဲ့မလျော်ညီတော့တဲ့ သူ့ရဲ့သဘောင်္သားဘဝ အတွေအကြုံတွေ ပြောတော့တာပဲ။ ကြားပါများတော့ သဘောင်္သားအလုပ်ကို စိတ်ဝင်စားလာပြီး ရေကြောင်းသိပ္ပံ စတက်ဖြစ်တာပဲ။
အဘိုးကတစ်ကယ့်သဘောင်္သားစစ်စစ်ကြီးဗျ။ သဘောင်္သားဘဝကို နှစ်သက်တယ် ဂုဏ်ယူတယ်။ သဘောင်္ကပ်တဲ့ ဆိပ်ကမ်းတိုင်းဆင်းဖြစ်အောင်ဆင်းတယ်။ အင်္ဂလန်မှာ ကမ်းကပ်ရင် ပြင်သစ်ထိပါရောက်တယ် လျှောက်လည်တာ။ အသက်၆ဝကျော်တဲ့အထိ သဘောင်္လိုက်ခဲ့တာ။ ဒါတောင် ၇၀နားနီးမှ ချက်ကြီး (chief cook)နဲ့ပြန်လိုက်ဦးမယ်ဆိုပြီး ဟင်းချက်နည်းစာအုပ် တစ်အုပ်နဲ့မီးဖိုချောင်မှာအလုပ်တွေရှုပ်နေသေးတယ်။ သားသမီးတွေက အဖေရယ် အသက်လည်းကြီးနေပါပြီဆိုပြီး ဝိုင်းတားတော့မှ လက်လျှော့သွားတာ။
ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ကကိုယ်လုပ်တဲ့အလုပ်ကို တကယ်စုံမက်နှစ်သက်ဖို့တော့ လိုတယ်လေ ဒါမှလည်း အလုပ်မှာတိုးတက်မှုရှိမှာ။ ချမ်းသာတဲ့နိုင်ငံတွေကတော့ သဘောင်္မလိုက်ကြတော့ဘူးဗျ။ သဘောင်္သားအလုပ်က မကောင်းဘူးလို့ ဘယ်သူတွေ ဘာပဲပြောပြောဗျာ ကျွန်တော်တို့က ဒီအသက်မွေးဝမ်းကျောင်းကို ရွေးချယ်ပြီးပြီပဲ၊ ကိုယ်လုပ်ရမယ့်အလုပ်ကို အကောင်းဆုံးလုပ်ပြီး ဒီသဘောင်္လောကကြီးတိုးတက်လာအောင် ကိုယ်ဘယ်တစ်ထောင့်တစ်နေရာက ပါဝင်ရမလဲ ဝိုင်းစဉ်းစားကြပါစို့လားဗျာ။
အခုလည်း တက္ကသိုလ်ဝင်ခွင့်အမှတ်စာရင်းတွေ ထွက်လာပါပြီ။ ရေကြောင်းတက္ကသိုလ်၊ ရေကြောင်းကောလိပ်အမှတ်တွေကလည်း မိုးပျံနေပါတယ်။ အခုမှဘယ်တက္ကသိုလ်တက်ရမလဲ စဉ်းစားနေကြတဲ့ သူတွေကိုအကြံပေးချင်တာက ရေကြောင်းတက္ကသိုလ် ရေကြောင်းသိပ္ပံမှမဟုတ်ပါဘူး ကိုယ်နှစ်သက်ရာ အသက်မွေးဝမ်းကျောင်းကို ရွေးချယ်ကြပါ။ ကျွန်တော်တွေ့နေရတာတွေက ပိုက်ဆံကိုငယ်ငယ်ရွယ်ရွယ်နဲ့ မြန်မြန်ရှာနိုင်တယ်ဆိုပြီး ရွေးချယ်လိုက်ပြီးကာမှ ကိုယ့်ရဲ့ဝါသနာနဲ့မကိုက်ညီလို့ သဘောင်္ဆက်မလိုက်တော့တာတွေရှိပါတယ်။ ကျွန်တော်သူငယ်ချင်းအရင်းကြီးတွေကိုပါနေတာပါ။ အချိန်ကုန် ငွေကုန်တာပဲအဖတ်တင်ပါတယ်။
ကမ္ဘာကျော် အက်ပလဲ ကုမ္ပဏီကြီးရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်ခဲ့တဲ့ စတိဗ်ဂျော့ပြောခဲ့တာလေးကိုလဲ ဖတ်ကြည့်ပါဦး “ ကျုပ်သိတာက ကိုယ်စုံမက်တဲ့ အလုပ်ကပဲကျုပ်ကို ဆက်သွားနိုင်အောင် အားရှိစေတာ၊ ခင်ဗျားအနေနဲ့လည်း ခင်ဗျားဘာကိုစုံမက်သလဲ ဒါကိုခင်ဗျားရှာဖွေတွေ့ရှိဖို့လိုတယ်။ အလုပ်ပဲဖြစ်စေ ချစ်သူပဲဖြစ်စေ တကယ်စုံမက်ဖို့လိုသဗျ။ အလုပ်က ခင်ဗျားဘဝရဲ့ အစိတ်အပိုင်းအတော်ကြီးကြီး မဟုတ်လား။ ကျေနပ်ပျော်ရွှင်နေဖို့အတွက် တစ်ခုတည်းသောနည်းလမ်းဟာ ကြီးကျယ်တဲ့အလုပ်လို့ ကိုယ်ယုံကြည်နေတဲ့အလုပ်ကို လုပ်နေဖို့ပဲ။ ကြီးကျယ်တဲ့အလုပ်ကို လုပ်နိုင်ဖို့တစ်ခုတည်းသော နည်းလမ်းကတော့ ကိုယ်လုပ်တဲ့အလုပ်ကိုစုံမက်တာပဲ။ ကိုယ်စုံမက်တဲ့အလုပ်ကို မတွေ့သေးဘူးဆိုရင် ရှာပေရော့။ အသည်းနှလုံးနဲ့သက်ဆိုင်တဲ့အရာဆိုတာကတော့ ခင်ဗျားတွေ့များတွေ့ရင်တန်းသိတာပဲ။ နှစ်ကာလတွေနဲ့အတူပိုပြီးစုံမက်လာလည်း အမှန်ပဲ။ မတွေ့မချင်းတာရှာပေရော့။”
စတိဗ်ဂျော့က ကျွန်တော်လေးစားအားကျရတဲ့ ပုဂ္ဂိုလ်တွေထဲက တစ်ယောက်ပါပဲ။ သူက တက္ကသိုလ်ဘွဲ့မရခဲ့ပါဘူး ဒါပေမယ့် သူဝါသနာပါရာ သူလုပ်ချင်တာကို အကောင်းဆုံးလုပ်သွားနိုင်ခဲ့ပါတယ်။

navoski

No comments:

Post a Comment