Monday, April 29, 2013

ရန်ကုန်မြစ်အတွင်း ဆီတင်ဘင်္ဘောနှင့် ကားသင်္ဘောတိုက်မိ...




ရန်ကုန်မြစ်အတွင်း ဆီတင်ဘင်္ဘောနှင့် ကားသင်္ဘောတိုက်မိ
Sunday, April 28, 2013


ယနေ့ မွန်းလွဲ၃း၀၀ နာရီခန့်က MITT သီလ၀ါဆိပ်ကမ်းမှ ထွက်ခွါလာသောကားတင်သင်္ဘောနှင့် မြန်မာ့ရေနံဓါတုဗေဒလုပ်ငန်းပိုင်ဆီတင်သင်္ဘောဖြင့်တိုက်မိပြီး ဆီတင်သင်္ဘောနစ်မြုပ်ခဲ့သည်။

M.V. Malacca Highway ကားတင်သင်္ဘောမှာ သီလ၀ါအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းမှ ထွက်ခွါလာချိန်တွင် ရန်ကုန်မြစ်ဝမှ ၀င်လာသော မြန်မာ့ရေနံဓါတုဗေဒလုပ်ငန်းပိုင်မြန်အောင် လောင်စာဆီတင်သင်္ဘောနှင့် တိုက်မိပြီး ရန်ကုန်မြစ်အတွင်း သီလ၀ါဆိပ်ကမ်းတောင်ဘက်တွင်မြန်အောင်သင်္ဘောနစ်မြုပ်ခဲ့သည်။


မြန်အောင်သင်္ဘောပေါ်တွင်ပါရှိသူများကိုမြန်မာ့ရေတပ်မတော်မှ ကယ်တင်ထားခဲ့ပြီး ကားတင်သင်္ဘောမှာ ရန်ကုန်မြစ်အတွင်း ကျောက်ချရပ်နားခဲ့ရသည်ဟုဆိပ်ကမ်းအာဏာပိုင်အဖွဲ့မှ ရေလမ်းကြောင်းစီစဉ်သူတစ်ဦး ကပြောသည်။

Source - Yangon Press International
Myanmar Online News

Friday, April 26, 2013

နေ့အလင်း၌ပင် တွေ့ရသော အမှောင်ထုများ။


ကျွန်တော်၏ အမည်မှာ “မောင်ခံရ” ဖြစ်ပါသည်။
အမည်ရင်း(စံရ)မှာ မြန်မာအမည်များ၏ အစဉ်အလာအတိုင်း မစံရဘဲ အမြဲခံနေရပါသဖြင့်
ကျွန်တော် ကိုယ်တိုင်က ကျေကျေနပ်နပ် ခံယူထားသောအမည် ဖြစ်ပါသည်။
ကျွန်တော့်အမည်အရ ကျွန်တော်သည် အင်္ဂါသားဖြစ်မည်ဟု ပြောသည်။
မွေးနေ့ မွေးရက် အတိအကျမရှိ မသိပါ၊ မွေးစာရင်းမရှိ၊ မှတ်ပုံတင်မရှိ၍ သန်းခေါင်စာရင်းမှာ ဝေးလာဝေးသေးပင် ဖြစ်၏။

ကျွန်တော့် အဖေက “ဦးသက်ရှည်” ကျွန်တော် ငယ်စဉ်ကပင် ကွယ်လွန်ခဲ့သည်ဟု အဘဘုန်းကြီးက မြွက်ကြားတော်မူဖူးသည်။
အမေက “ဒေါ်စိန်သီး” ဖြစ်သော်လည်း ခြူးတစ်ပြားပင် ကောက်စရာမရှိ ကျွန်တော် နှပ်ချေးတွဲလောင်း အရွယ်တွင် ချွဲကြပ်၍ ကွယ်လွန်ခဲ့ပြီး၊
ကျွန်တော့်အတွက် အမေ့အမွေ အသုဘစားရိတ် တစ်သောင်း အကြွေးဆပ်ရန် ရွာခေါင်းထံ ကျန်ရှိခဲ့ပါသည်။ အခုတော့ ကျေသွားပါပြီ။
အတိုးအရင်းဟုဆိုကာ ၃နှစ်ခန့် ကျွန်တော်ဆပ်ရသည်မှာ ၃ သောင်းခန့် ဖြစ်သွားသည်ဟု ရွာသားတစ်ချို့ ပြောဆိုနေသည်ကို ကြားပါသည်။
သောင်းတို့ သိန်းတို့ ကျွန်တော်သိပ်မသိပါ။

ဘ၀သည် လွန်စွာပျော်စရာ ကောင်းပါသည်။
အဘယ့်ကြောင့်ဆိုသော် ဘုန်းကြီးအား နင်းနှိပ်ပေးရင်း၊ ညည မိုးဒီနှင့်မော့(စ်)တို့ ဗွီဒီယိုကြည့်ရသောကြောင့် ဖြစ်ပါသည်။
သို့သော် ကြာကြာမပျော်ရပါ။ ဘဘုန်းကြီး ပျံလွန်တော်မူလေသော် သူရှိစဉ်ကတည်းက ခဏခဏ ထိပ်ခေါက်၊ နရင်းတီးကာ၊
မနက်အိပ်ယာ နိုးလျှင် ဗိုက်ပေါ်တက်နင်းကာ နှိုးတတ်ပြီး၊ ကုဠီအိုး ဆေးခိုင်းလေ့ရှိသော၊ အားရင် ချဲတွက်လေ့ရှိသော
ဒုကျောင်းထိုင်က ကျွန်တော့်ကို မြို့သို့ နှင်လေသည်။

ကုန်ကားနောက်လိုက် ‘မွတ်တားကြီး’ ပို့လိုက်သော ခြံစောင့်ကြီး ‘ရန်ကနား’ အဖီကို ရောက်လာရသောကျွန်တော်
မိုးဒီနှင့်မော့(စ်)တို့ကို လွမ်းသော်လည်း အမီတာဘချမ်း အကြောင်း အိပ်ယာဝင်တိုင်း ပြောတတ်သဖြင့် နားနှင့်နေ့တိုင်း ယဉ်ပါးလာသည့်အပြင်
‘ရေခါး’ဆိုတာ သောက်စရာမဟုတ် ချစ်စရာဟု ရန်ကနားပြောသော ကုလားမင်းသမီးလေး ဓါတ်ပုံတွေ့မှ တကယ်ဟုသိရလေ၏။

ကျွန်တော်သည် ဘုန်းကြီးသင်ပေး၍ သုံးတန်းစာထိ တတ်ပါသည်။ ဘိုလို A to Z သိပါသည်။
1 to 10 အထိ ယင်းဂလိပ်လို ရေးတတ်ပါသည်။
သုည၊ ဇီးရိုး၊ ‘၀’လုံး၊ အို နှင့် စက်ဝိုင်းတို့ကို တစ်ခါတစ်ရံ မသဲကွဲပါ။
ကျွန်တော်နေသော နေရာမှာ --------- စောင့်ရှောက်ရေး အသင်းကြီး၏ အနောက်ဖက်နံရံကြီးကို အမှီသဟဲပြုကာ အဖီထိုးထားသော
နွားတင်းကုပ်သာသာ တဲကလေးမှာ ဖြစ်ပါသည်။ ရန်ကနား ဆုံးတော့ ကျွန်တော့်ကို ဆက်ထားပါသည်။

ကျွန်တော့်တွင် သွားစရာနေရာ မရှိပေ။
အလုပ်အကိုင် မယ်မယ်ရရ မရှိသော်လည်း ‘ညစောင့်’ ဟု မကြာခဏ ပြောဆိုသည်ကို ကြားရ၏။
ညဘက် ဘာကိုစောင့်ရသည်တော့ မသိပါ။ ကျနော်သိတာ မိုးလင်းအောင် စောင့်ရသည်သာ နေ့ခင်းဘက်တွင်လဲ မအိပ်ရပါ။
အမှိုက်လှဲ၊ ခြံရှင်း၊ ပစ္စည်းသယ်၊ သန့်ရှင်းရေး၊ ရေပိုက်လဲ၊ မီးလုံးလဲ၊အိမ်သာဆေး၊ လိုတာပြေးဝယ်၊ အဆူ၊ အဆဲ၊ အဟိန်း၊ အဟောက် အမြဲခံရလေသည်။

သို့သော် စည်းကမ်းထိန်းသိမ်းသော အန်တီကြီးတစ်ယောက်ထဲထံမှသာမဟုတ် လာသမျှ လူပေါင်းစုံထံမှ
ဆူဆဲခံရခြင်းကြောင့် ကျွန်တော်သည် ကမ္ဘာပေါ်တွင် အသုံးမကျဆုံး လူတစ်ဦးဖြစ်သည်ကိုတော့ သူတို့ပြောသော စကားများအရ
အတိအကျ အသေအချာ နားလည်ပါသည်။

မနက်တစ်ခါ၊ ညနေတစ်ခါ ထမင်းနှင့်ဟင်း အကျန်များကို လာပေးပါသည်။
တစ်ဝက်တစ်ခြမ်းကျန်သော အသား၊ငါးများကို ပေးကာ ‘နင်’ အရမ်းကံကောင်းတယ်မှတ်ဟု ခဏခဏပြောသဖြင့်
ကျွန်တော်ကံကောင်းလာကြောင်း သိလာရလေသည်။ ပျော်သလိုလိုတော့ ခံစားမိပါသည်။
ကျွန်တော့်တွင် ပိုင်ဆိုင်မှုဟူ၍ ထမင်းဟင်းချက်သော ဒန်အိုးတစ်လုံး ရှိပါသည်။
မနက်စောစော ဆန်ပြုတ်သောက်သော၊ ရေနွေးသောက်သော အိုးဖြစ်ပါသည်။

ကျွန်တော်ဆန်ပြုတ် အလွန်ကြိုက်ပါသည်။ ဆန်ကွဲပြုတ်ဟုခေါ်က ပိုမှန်ကန်မည်ထင်ပါသည်။
မွေးကတည်းက ဆန်ကွဲပြုတ်သာ စားလာရသဖြင့် တစ်ခြား ဘာစားစားကောင်းမည်ဟု မထင်တတ်တော့ချေ။
ထို့အပြင် အ၀တ်ဟောင်းတစ်ချို့နှင့် စွန့်ပစ်ပစ္စည်းအချို့ ရှိပါသည်။
ကျွန်တော်သည် ပစ္စည်းစုဆောင်းခြင်းကို လုံးဝလုံးဝ မခုံမင်ခဲ့ပေ။
ပစ္စည်းစုလျှင် “အလိုရမက်ကြီးတတ်တယ်” ဟု အဘဘုန်းကြီးစကားကို နာခံပါသည်။

ကျွန်တော် အိပ်သောအခါ ကြမ်းခင်းပေါ်မှာ အိပ်ပြီး၊ ကျွန်တော့် အခင်ဆုံးဘော်ဒါများနှင့် ညစဉ်ညတိုင်း ၀ိုင်းဖွဲ့စားသောက်ကြပါသည်။
သို့သော် ကျွန်တော်က ဒိုင်ခံကျွေးပြီး သူတို့က စားသုံးကြလေ၏။
ဘော်ဒါများကို ချစ်စနိုးဖြင့် “ကိုခြင်နှင့်ဦးဂျပိုးတို့အဖွဲ့”ဟု လေးလေးစားစား ခေါ်နေကြမြဲပင်ဖြစ်ပါသည်။

ကျွန်တော့်ဘ၀တွင် လူများခိုင်းသဖြင့် အပြင်ထွက် ဈေးဝယ်ချိန်တွေမှာ ပျော်စရာအကောင်းဆုံးဟု ထင်ပါသည်။
လမ်းတွင်တွေ့သမျှလူအားလုံးကို ကျွန်တော်အမြဲ ပြုံးပြီး နှုတ်ဆက်ပါသည်။
တစ်ချို့ ပြန်ပြုံးပြကြသလို၊ ဆဲဆိုကြသူတွေလည်းရှိပြီး၊ ကျွန်တော့်ကို စကြ၊ နောက်ကြသူ ကလေးများ နှင့် ဖက်တက်တတ် ခွေးကလေးတစ်ကောင် မုန့်ဆိုင်နားတွင် ရှိပါသည်။
တစ်ခါတစ်ရံ တောက်တိုမယ်ရ ခိုင်းစဉ်ရထားသော ပိုက်ဆံ အကြွေတစ်ချို့ဖြင့် ခွေးကလေးကို စာကလေးခွေ ၀ယ်ကျွေးပါသည်။

နေမင်းကြီးသည် ကျွန်တော့်မျက်နှာပေါ်တွင် စူးစူးရဲရဲ ထိုးနေ၍ ထင်ပါသည်။
ကျွန်တော့် အာခေါင်များ အလွန်ခြောက်ကာ ရေငတ်နေသည်။ ၀မ်းဗိုက်နှင့်ရင်ဝမှ အလွန်နာကျင် နေပါသည်။
လူတစ်ကိုယ်လုံး ကိုက်ခဲလေးလံကာ ထုံကျဉ်နေသည်ဟု ထင်ပါသည်။
ရင်ဘတ်ပေါ်တွင် စိုက်ဝင်နေသော ဓားကို နှုတ်ပစ်ရန် ကျွန်တော့်တွင် အင်အားမရှိပါ။ အနီးနားမှာ အသံတစ်ချို့ မသဲမကွဲကြားရပါသည်။

ရဲအမှု ကွ ‘မကိုင်နဲ့’၊ ‘မထိနဲ့’ ဟု အော်သံတစ်ချို့လည်း ကြားရသည်။
ဆေးရုံပို့ မှပေါ့… တော်ကြာ သွေးထွက်လွန်ပြီး သေတော့မှာဘဲ ဟု အဖွားကြီးတစ်ဦး ရေရွတ်သံ ကြားမိသည်ထင်ပါသည်။
ကျွန်တော် လဲလှောင်းနေသော ပလက်ဖောင်းသည် တစ်ဖြည်းဖြည်း အေးစက်လာသည်ဟုထင်မိပါသည်။

နေ့ခင်းကြီးပေမဲ့ အမှောင်တွေ ချက်ချင်းကြီး ရောက်လာသလိုပင် ခံစားရသည်။အသဲ အေးကနဲ အေးကနဲ နိမိတ်ပုံရိပ်တွေဗွီဒီယိုကြည့်သလို ပြေးလွှားနေပါသည်။
ပြန်တွေးမိသည်က… ... …
“ကျွန်တော် ခွေးကလေးနှင့် ဆော့နေသော လမ်းကွေ့သို့ ကားကြီးတစ်စီး အရှိန်ဖြင့် ကွေ့ဝင်လာကာ တိုက်မိမလိုဖြစ်သည်။
ကျွန်တော် လဲကျသွားသည်။ ခွေးကလေးကို ကားကြိတ်သွားသည်။ ခြေထောက်ကျိုးသွားသည် ထင်သည်။
သူအော်နေသည်မှာ ဆူညံပွတ်လောရိုက်သွား၏။ ကားခဏရပ်သွားသည်။ ကျွန်တော် ဒေါသ မဖြစ်စဘူးဖြစ်ကာ ခဲဖြင့် ကားကို ပေါက်လိုက်မိသည်။ နောက်မှန်ကွဲသွားသည် ထင်ပါသည်။
လူ ၃ယောက် (လူငယ်လေး ၃ယောက်) ပြေးဆင်းလာသည်။

ကျွန်တော့်ကို ဗွီဒီယိုထဲကလို ထိုးကြိတ်ကြသည်။ ဖိနပ်များဖြင့် နံကြားကို ကန်သည်။ မောင်းချဓားကို ထုတ်ကာ ထိုးသည်။
‘အောက်တန်းစား’ ဟူသော စကားကို အကြိမ်ကြိမ် ရွတ်ဆိုကြလေသည်။ ထို့နောက် ကားပေါ်တက်ကာ ပျောက်ကွယ်သွားပါသည်။
ထိုကားကြီးသည် လွန်စွာ လှပပါသည်။ နံပါတ်ပြားပင် မရှိသေးချေ။ ကျွန်တော် လဲကျသွားသည့်နောက် အသိအာရုံတို့ နှေးသွားသောကြောင့် ထင်ပါသည်။
သေချာမမြင်ရတော့ပါ။ အရာရာေ၀၀ါးသွားလို့နေပါသည်။

ကျွန်တော့် မျက်နှာကို ခွေးကလေးက လာလျှက်လေသည်။
သူ့၏ လျှာကလေးသည် ချမ်းနေသော ကျွန်တော့်အတွက် လွန်စွာ နွေးထွေးပါသဖြင့် ဝေဒနာကြားမှ ကျွန်တော် ကျေနပ်စွာ ပြုံးမိပါသည်။
ထို့နောက်တော့… … … … အမှောင်ထုကြီးက ကျွန်တော့်ကို သိမ်းပိုက်သွားပါတော့သည်။

ရောင့်ရဲနိုင်သူများ ကိုယ်စား။ @ရာစု

သင်္ဘောသားရင်ဖွင့်သံ (၁)... (Seamen's Voice-1)


ကျွန်တော်တို့လူသစ်အတွက်ခွင့်အလမ်းကတကယ်ကိုရှားပါးပါတယ်...
လိုင်းကြေးကလဲများပါတယ်...
သင်္ဘောတက်ဖို့အတွက်လူတန်စားခွဲခြားထားသလားဗျာ...
ကျွန်ငမွဲတွေအတွက်အခွင့်အလမ်းကရှားပါးလှပါတယ်
ဘယ်သူကကူညီမှာလဲ

ပွဲစားတွေကအားတက်စေပါတယ်
သင်္ဘောသားများအသင်းကရောဘာတွေလုပ်ပေးမှာလဲ
ကျွန်တော်တို့ ပိုက်ဆံပေါလို့ သင်တန်းတွေတက်တာမဟုတ်ပါဘူး၊ကိုယ်လှေခါးကိုယ်ထောင်ရတဲ့ကျွန်တော့်ဘ၀ပါ။အမေနဲ့အတူဘ၀ကိုရုန်းကန်နေရပါတယ်။အမျိုးထဲမှာလည်းသင်္ဘောသားကမရှိ... ခက်ခဲပါတယ်။ကျွန်တော့်သူငယ်
ချင်းတစ်ယောက်တောင်သဘောင်္မလိုက်တော့ဘူး... ဂိမ်းဆိုင်ဖွင့်နေတယ်။ကုန်ကျမယ့်ငွေက
လိုင်းကြီးဆိုရင်၃၅သိန်း... သိန်း၄၀ပေးရပါတယ်
ကြားလိုင်းဆိုရင်၂၅သိန်းဝန်းကျင်လောက်ပေးရပါတယ်... ဒီကြားထဲမလိမ်ပါစေနဲ့ဆုတောင်းရပါတယ်။အော်..........ဘုရားဆူးသင်္ဘောသားပါ။
တချို့ကုမ္ပဏီတွေကပြောပါတယ်
BEST လား... ငါတို့သွားမတိုက်ဘူး လို့စော်ကားပါတယ်
ကျွန်တော်တို့ သင်္ဘောသားဘ၀ကလွယ်လား... ကျွန်တော်တို့ ငွေ၊အချိန်တွေပေးရပါတယ်
ငွေကသူများထက်စာရင်ကျွန်တော့် အတွက်ကခက်ပါတယ်၊အမေရှာပေးရပါတယ်။
ကျွန်တော်စိတ်ပျက်မိပါတယ်။
ကျွန်တော့်ရဲ့ကုန်သွားတဲငွေ၊အချိန်တွေကိုနှမြောမိပါတယ်
ကျွန်တော်ရူးခဲ့သောအိမ်မက်ကိုအဆုံးသတ်သင့်ပြီထင်ပါတယ်
ကျွန်တော်တို့ ဘ၀တွေနဲ့ဝေးပါတယ်
ဘုရားဆူးသင်္ဘောသားပါ

Aung Kyaw Soe ( MSU @Facebook Member )

ပင်လယ်အဆွေခင်ပွန်းတို့ အကြောင်း...


ကျနော်က ပင်လယ်ထဲနေတော့ ဇတ်တူသားမစားဘူးဗျ။
အရှင်ဖမ်းပြီးသတ်မစားတာကိုပြောတ
ာပါ၊ ရေထဲက ပစ္စည်းတွေ ကိုချစ်တတ်အောင်နေရတယ်။
ဝေလငါးတွေ ကတစ်ကောင်နဲ့တစ်ကောင် သမုဒ္ဒယာတစ်ခုကနေတစ်ခုကို(Wailing) အော်ပြီးပြောကြ`ဆက်သွယ်ကြတယ်
ဟိုမှာဂျပန်ငပု တွေ တို့ ကို လာသတ်နေပြီလွတ်အောင်ပြေး အချစ်ရေပြေး ပေါ့ဗျာ။
Legend အရတော့ တစ်ခြား ဂြိုလ်ကတောင်ကြားရတယ်ဆိုဘဲ။
ပင်လယ်ထဲရေ မှုတ်နေတာ ခဏခဏတွေ့ပါ တယ် ပစိဖိတ် နဲ့ အတ္တလန်တိတ် တွေ မယ်တော့ ပိုများတယ်။

လင်းပိုင်တွေကျတော့ လူတွေထက် IQ မြင့်တယ် ။

လူတွေ ကိုသူတို့က ဒင်းတို့ အိမ်မွေးတိရိစ္ဆာန်အလားထင်ကြတာလေ
..
ကျနော်က တော့ အုပ်စုလိုက်ပြေးလာတာမြင်ရင် လှမ်းအော်ခေါ်တယ် သူတို့က ဝေလေလေ တွေ ဗျ၊
သင်္ဘောဦးက ရေခွဲတဲ့ Bulbous Bow ကို သူတို့ ဘိုးအေကြီးရေကူးနေတယ်ထင်တာ ဘယ်ကနေညာ ၊ညာကနေဘယ်
တစ်ကောင်တစ်လှည့် စီ ခုန်ကူးပြနေတာကို ကျနော် က အပေါ်ကကြည့်နေရတာ တရုတ်တွေ ဂျွမ်းဘားကစားထာထက်ပိုလှသေးတယ်။

Hooligan တွေ လားမသိပါဘူး တွေ့လိုက်ရင်ဟေးလားဝါးလားနဲ့ ၊

ဒီကောင်တွေ က Two and half men က Charlie Sheen လိုပြုံးတတ်သေးတယ် ပြီတီတီနဲ့
လင်းပိုင်တွေ က လိင်ကိစ္စ ကိုယ့်ဘာကို အာသာဖြေနိုင်သလို၊ လိင်တူလဲဆက်ဆံတတ်တယ်ဆိုဘဲ ဖတ်ဖူးတာလေးတွေ ပြောပြတာပါ။

မိချောင်းကတော့ ရှားပါတယ်ဗျာ။

Australia NewCastle နား ကျောက်ချထားတုန်းက တစ်ခါတွေ့တယ်၊ အပျော်ရေဆင်းကူးမဲ့အတွေးတွေ တောင် ပျောက်ကုန်တယ်။

၂၀၀၀ ခုနစ်လောက်က New York အ၀င် Newark နားက ရေဘော အချက်ပြတိုင်ကြီးမှာ ဖျံ ကြီးတစ်ကောင်

နှစ်တော်တော်ကြာကြာနေခဲ့ဘူး တယ်။

သူတစ်ကောင်ထဲ ရေဆင်းကူးလိုက် အစာရှာလိုက် နေပူဆာလှူုံလိုက်ပါဘဲဗျာNew york Times ထဲမှာတောင်ပါတယ်။

အ၀လွန်နေလို့ ဆေး ကုပေးရသေး ဆိုဘဲ။

ကျနော်တို့ သင်္ဘော ၃ -၄ ခါဖြတ်သွားတော့ လှမ်းတောင်စသေး ဖက်တီး က သူကိုယ်သူ Miami ကမ်းခြေမှာ

စော်တွေ နဲ့ နှပ်နေတယ်များထင်လားမသိ ဂရုတောင်မစိုက် ဘူး။

မနေ့ က Chile နိုင်ငံ ရဲ့ Iquique မြို့ ကလေး ကို ကျနော်တို့ သင်္ဘောရောက်ပါတယ်။

ညက သင်္ဘော ကပ်တယ် မနက် ရေဆူး ဆင်းကြည့်တော့ ကိုရွှေ ဖျံ မိသားစု သင်္ဘော ရေခွဲတဲ့
Bulbous Bow ပေါ် နေပူဆာ လာ လှုံနေကြပါရောလားဗျာ။

ငါးတွေ ကလည်းအောတိုက်နေတာ လေ။ သင်္ဘောက ကျွန်းသား ဖားတွေ (ဖိလစ်ပီနိုတွေ) ငါးမျှားတာ အရေးမကြီးဘူး

သင်္ဘော ၆ ပြသနာတက်ရင် မင်းတို့နောက် ဆိပ်ကမ်း ဘယ်သူမှ ကမ်းမဆင်းရဘူးဆိုတာနဲ့ မမျှား ရဲကြတော့ ဘူး ။
အဲလိုလဲခြောက်ထားဦးမှ ဟ။

ကျနော်တို့ က ဖျံမိသားစု ကို ချစ်လို့စကြ ၊ဓါတ်ပုံ ရိုက်ကြ တာတောင် ဒင်းတို့ က ဂရုမစိုက်ဘူးဗျ။

စစခြင်းနေ့ က ၆ ကောင် နောက် ပိုင်းမှာတစ်ကောင်ထပ်ရောက်လာတော
့ Lucky Seven လို့ ပေးထာတယ်။
နောက်ဆုံး နေ့လည်လောက်မှာ အငယ်ဆုံးလေးတစ်ကောင် ထပ်ရောက်လာပြီး မရရအောင် အပေါ်ဖက်တက်တယ်။
Lucky Seven ကနေ တစ်ကောင်တိုး ၈ကောင်ဖြစ်သွားတော့ ပေါ့ဗျာ။

သင်္ဘောထွက်တော့ ကြိုးတွေ စလျှော့ပြီး လှုပ် လှုပ် ရှားရှားသံတွေ ကြားတော့ မှ တစ်ကောင်ပြီးတစ်ကောင် ရေထဲ လျှောဆင်းပြီးကမ်းပေါ်

ပြန်တက် သွားကြလေရဲ့။အဲလို ထူးထူးဆန်းဆန်းလေးတွေ လဲ ကြုံတတ်တော့ သင်္ဘော လိုက်ရတာ ဂုဏ်ယူရပြန်တယ်လေ။

ရာစု

( Class III ) OOW Class @ Kabar MTC



ဇွန်လမှာ OOW (Class III) သင်တန်းများဖွင့်မည်လို့ ကြေညာထားတာဒေါပုံသင်္ဘောကျင်းလမ်းအ၀င်မှာတွေ့ခဲ့ပါတယ်။ စုံစမ်းရန် Phone: 0940097310/ 09425013755/ 09448002923/ 0943036255
eMail- kabarmtc.2011@gmail.com

Shared by - Kyaw Mya Oo

Thursday, April 25, 2013

MMMC ရဲ့ OEW သင်တန်းသစ်...

 
OEW သင်တန်းသစ်အား
May 2ရက်နေ့တွင် MMMC၌
ထမ်မံဖွင့်လှစ်ပေးမည်ဖြစ်ပြီး
April 30 ရက်နေ့ထိကျောင်းအပ်
နောက်ဆုံး
လက်ခံသွားမည်ဟု
သတင်းရရှိပါသည်။
Please share for your friends.
၃၀ ရက်နေ့ရောက်ခဲ့ရင်တောင် CDC ယူလာပြနိုင်တာနဲ့အပ်လို့ရပါပြိး JE fit ရှိပြိး sea time 9. Months ဆို OK ပါတယ်။
Shared by - Thet Soe & Jwnll Nis (I.M.T. CD-33, CE-31 Page)

မြင်ကွင်းများ။


(မြင်ကွင်း
ခင်ဗျား ကမြင်ကွင်းကျယ်ကြီးထဲမှာ
အရာဝတ္ထုတစ်ခုထဲကိုဘဲရှာဖွေနေခဲ.မယ်ဆိုရင်
အဲဒီတစ်ခုကိုဘဲတွေ.မှာဘဲ
တစ်ကယ်တော.
အရာရာ အားလုံးစုပေါင်းဖွဲ.စည်းထားမှ
မြင်ကွင်းဆိုတာဖြစ်ပေါ်လာတာလေ

ဘ၀ဆိုတာလဲ
အဲဒီလိုဘဲ
အရာရာအားလုံးကိုမျှဝေခံစားတတ်လာမှ
ရှင်သန်ရကျိုးနပ်လိမ့်မယ်။) ရာစု ...။

အထက်ပါ Quote ကလေးက ကျနော့်ကိုယ်ပိုင် ခံစားချက်ကလေးပါ
ကုန်းဘတ် အရာရှိ နှစ် ၂၀ အတွေ့ အကြုံ မှာရလာတဲ့ သင်ခန်းစာလေးပါ.

တကယ့်ဘ၀ တွေ ကတော့....ဒီလိုပါ။

ကျနော် တို့ကုန်းဘတ် အရာရှိတွေ ဘ၀ ၊သင်္ဘောသားတွေ ဘ၀ မှာ
ပင်လယ် ကြီးထဲ တစ်ခါတစ်ခါ ရက်ပေါင်းများစွာ ခရီးထွက်ရပါတယ်...
လမ်းခရီးမှာ ကြုံတာတွေ ကတော့ အမျိုးစုံပါဘဲ...

သေချာတာကတော့
တစ်ရက် တစ်ရက် ကို ၃၆၀ ဒီဂရီ ကျယ်တဲ့ မိုးကုတ် စက် ၀ိုင်းကြီးထဲ ကို
စူးစိုက်ကြည့်နေကြခြင်းပါ...

သူတို့ ရဲ့ အဓိကတာဝန်က အဲဒီမြင်ကွင်းထဲက
အစက်ပြောက်ကလေးကနေ ကြီးလာမဲ့
အရာဝထ္ထု တွေ ကို စောင့်ကြည့်နေရခြင်းပါဘဲ...

တာဝန်ကျ အရာရှိဟာ ဂျူ တီ ချိန် သင်္ဘော ဦးခန်းမှာ ထိုင်ခွင့် မရှိပါဘူး
ထိုင် လိုက် ရင် လူတွေ က စိတ်သက်သာသွားပြီး
အာရုံရော့နည်း အိပ်ငိုက်လာတတ်ပါတယ်။

အာရုံစူးစိုက်ပြီး ဘာမှ မလုပ် ဘဲ ကြည့်နေရတဲ့
အလုပ် က ၁၀မိနစ် ၁၅ မိနစ် ထက် ကျော် လာရင်
တရားထိုင်သလိုဘဲ အလွန် ခက်ခဲတဲ့ အလုပ် ဆိုတာကို ..

(ကုန်းပတ်အရာရှိတွေ ကို ဘာအလုပ်မှမလုပ်ဘဲ
ကော်ဖီသောက်နေတယ် လို့ အပြစ် အမြဲပြောတတ်တဲ့
စက်ချုပ် ကြီးတစ်ယောက် ကို ....)

မင်းလာ ငါ နဲ့ တစ်နာရီလောက် ဘာမှ မလုပ် ရဘဲ
လာရပ်နေကြည့် ပြီးရင် မင်းအဲ့ဒီ အလုပ် ကို လုပ် မလား
လွတ်လွတ်လပ် လပ် စက် ပစ္စည်းတွေ ကို ဖြုတ် တပ်တာလုပ်မလား
စမ်းကြည့် ခိုင်း လိုက်တော့ မှ ...)

ဘာမှ မလုပ် ဘဲ အကြောတင်းတင်းအာရုံစူးစိုက်နေရတာလဲ
တော်တော် ခက် ခဲတာဆိုတာ ကိုသူသိသွားတဲ့နောက် ပိုင်းမှာ
ကုန်းဘတ် အရာရှိတွေ ကို လေးစား ရကောင်းမှန်းသိလာပါတယ်။

သင်္ဘောကို အန္တရယ် ပြု လာနိုင်တဲ့ သင်္ဘော လှေ အရာဝထ္ထု
မြင်ကွင်း စက် ချို့ ယွင်း ခြင်း နဲ့ အရေးပေါ်အခြေအနေများကို နာရီ မိနစ်မပြတ်
စောင့် ကြည့်နေရခြင်း ပါဘဲ...။

တစ်ခြား တာဝန်များဖြစ်သော သင်္ဘော ရောက်ရှိရာ အရပ် ကို တစ်နာရီ ခြား
မြေပုံပေါ်မှာတင် ရပြီး စာရွက်စာတမ်းကိစ္စများမြောင် တော့ရှိပေမဲ့

ကုန်းဘတ်အရာရှိရဲ့ အဓိက တာဝန် ဟာ.....

သင်္ဘောကြီးပေါ်က တာဝန် အသီးသီးထမ်းဆောင်နေကြတဲ့
အင်ဂျင်နီယာ
လျပ်စစ်သမား
သင်္ဘောသားများ
ထမင်းချက် များ
တစ်ခြား အရာရှိ များ စသော လူ ၂၀ကျော်ကျော်ရဲ့

အသက် ကို သူ့ တာဝန်ကျေပြွန်မှုတစ်ခုထဲမှာ အပ်နှံ့ထားခြင်းဖြစ်နေလို့ပါဘဲ။

တာဝန်ကျ အရာရှိ ဟာတစ်ရက် မှာ
မနက် ၄ နာရီ ည ၄ နာရီ
၈နာရီ ကြာမျှ အမြဲ မပြတ် စောင့်ကြည့်ရပါတယ်။

တာဝန်ပေါ့ရော့တာနဲ့

လူ ၂၀ကျော်ရဲ့ အသက်
ဒေါ်လာ သန်း ရာချီတန် တဲ့ ကုန် ပစ္စည်းတွေ နဲ့
သန်း ၆၀ လောက်တန် တဲ့ သင်္ဘော ကြီး အားလုံး ဆုံးရှုံးသွားနိုင်တာမို့

သူ့ တာဝန် ဘယ်လောက်ကြီးလဲဆိုတာလေး သိစေချင်မိတာပါ။

ရာစု

Wednesday, April 24, 2013

ကောင်းမှုတစ်ခုနေ့စဉ်ပြု (၆)။



ရန်ကုန်ပြန်ရောက်ပြီဆို ထုံးစံအတိုင်း ၁၀၉၊၁၁၀ ဆိုတော့ ညနက်ထိ ဖွဘုတ် သုံးပြီးမှအိပ်တယ်
မနက် ဆို တော် တော် နေထိုးမှ နောက်ကျ အိပ်ယာထတယ်။

အဲဒီနေ့ က တော့ စောစောနိုးနေလို့ ကော်ဖီသောက်မလို့ မျက်နှာသစ်နေတုန်း အိမ်ရှေ့က
လူခေါ် ခေါင်းလောင်း (တင်းကလောင်) သံမြည်လာတယ်။ ၃ - ၄ ခါမြည် ပြန်တယ်။
အိမ်မှာတစ်ယောက်မှမရှိကြဘဲ ၁၀မိုင်ဈေးကို ၇ နာရီလောက် က ထွက် သွားကြတယ်လေ။

ဝရံတာကထွက်ကြည့်တော့အိမ်ရှေ့မှာ စစ်ဝတ်စုံနှင့်လူ၂ယောက် တွေ့ သဖြင့် အလှူခံတော့ မည် သိလို့
ဘယ်သူမှမရှိဘူးဟုလွယ်လွယ်အော်ပြောလိုက်သည်။
ပြန်ဝင်တော့ မည် ဟန်အပြင် မှာ စစ်သားတစ်ယောက် က မော့ကြည့် ကာပြောသည်။

အစ်ကို ကျနော်တို့ စစ်မှုထမ်းဟောင်းတွေ ပါ ၊ စာအုပ်လေးတွေ ရောင်းချင်လို့ ပါ ခဏလောက်
ကြည့် ရှု အားပေးပါဟု မျက်နှာငယ်နှင့်အော်ပြောလေသည်။စာအုပ် ဆိုတော့ နဲနဲ တွေဝေသွားသည်။
ဒါနဲ့ ခဏစောင့် ဆိုပြီး ပိုက်ဆံ အချို့ လှမ်းယူ ပြီး ခြံဝကိုထွက်ကာ တံခါးဖွင့်လိုက်သည်။

(စစ်သားတွေ မြင်တော့ ငယ်ငယ်က သူငယ်ချင်း မျိုးမြင့် ကြီး ကိုသတိရသွားသည်။
သူက လူမိုက် ကျနော် နိုင်ငံခြားမှ မကြာခဏ ပြန်လာခဲ့စဉ်က က ရပ်ကွက်ထဲကကောင်တွေ
ကျနော့် ကို ကြည့်မရ၍ ချောင်းရိုက်ရန် ကြံစည်သတင်း သူကြားတော့ လမ်းထိပ် မှာ အင်းကျီချွတ်နဲ့
ဒုတ်ကိုင်ပြီး လာစောင့်နေကြကောင်၊ အရေးခင်းက ဘ၀ပျက်ပြီး စစ်တပ်ထဲဝင်သွားတယ်။
ရိုးရိုးစစ်သား အဖြစ် နဲ့ တိုက်လိုက်ရ တဲ့ စစ်၊ နောက်တော့ ဘာရာထူးမှ မရ ဘဲ တပ်ပြေးနဲ့ ထွက်ပြေးလာတယ်။
ပြန်တွေ့တော့ သူပုန်အယောက် ၁၂၀ ကျော်သတ်ခဲ့ပြီးပြီ၊စစ်တပ်က လိုက်မရှာဘူး၊ လူမိုက်ပဲပြန်လုပ်နေတယ်)

စစ်သားတွေ က နှစ်ယောက် သူတို့ က ယူနီဖောင်းတွေ ၀တ်ထားကြတယ်။
တစ်ယောက်က ထိုင်နေတယ်စာအုပ် ကိုအိတ်ထဲကထုတ်ပြတယ်။
အများစုက မြ၀တီတို့ စစ်ပြန်တို့ ကထုတ် တဲ့ အတိုထွာတွေပါ၊ဈေးတွေကို လှန်လျောကြည့်တော့ ၅၀၀ ၊ ၁၀၀၀
၂အုပ် ယူပြီး ၂ထောင် ပေးလိုက်တော့ သူက အစ်ကို ၃၀၀၀ ကျတယ် ဟုပြောသည်။

ဒီလိုဘဲလိမ်ရောင်းနေကြဟုတွေးကာ ၊ကျနော် လဲတင်းပြီး ၅၀၀ တန် ကို ၁၀၀၀ ပေးယူပြီး
ဒါဆိုလဲ ဒါဘဲ ယူမယ်ဟုပြောကာ လှည့် ထွက် မည်ပြု၏ ။

ပိုက် ဆံ ၁၀၀၀ လှမ်း ယူလိုက်သော ထိုစစ်သားမျက်နှာ နှင့် မျက် လုံး တွင် နာကျည်းခြင်း
ကြေကွဲ ခြင်း ဒေါသထွက် ခြင်း အရောင်များစွာပြေး သွားသည်ကို ကျနော် မျက်လုံးများက ဖမ်းမိလိုက်သည်။

ဦးနှောက်ထဲတွင် မြင် ကွင်းများစွာ ( မျိုးမြင့်ပြောပြသော အနိဌာရုံမြင်ကွင်းတွေ) နောက်တန်းကေ၇ှ့တန်းကို
စစ်ကူမပေး ရိက္ခာ ပြတ်နေသည် မှာ ၁၀ ရက် မက ၊အရေးထဲ ကရင် မိန်းမတွေ က ပြည်သူယောင်ဆောင် ချုံခိုတိုက်
သည် ၊ မိုင်းမိသည်။ ကရင် ရွာတွေ ၀င်စည်းမိသည်နှင့် သူသေကိုယ်သေ အသက်လုကြသည်။
ရှိတာစားသောက် နေခဲကြရသည်။

ဒီစစ်သားတွေ ၀မ်းရေးကြောင့် ၀င်သည်ဖြစ်ဖြစ် ၊ကြံရာမရသည်ဖြစ်ဖြစ်၊ နိုင်ငံကိုချစ်လို့ ဖြစ်ဖြစ် စစ်ထဲဝင်ကာ
တိုင်းပြည်တာဝန် ကိုတော့ အမိန့်နာခံကာ အသက်ပေးခဲ့ကြရသူတွေ ကြီးပါဘဲ။

လှည့်ထွက်သွားတဲ့ ရဲဘော်က ခြေထောက် တစ် ဖက် ပြတ်နေတယ် ၊သူ့အဖော်က လက်တစ်ဖက် မပါ။
သူတို့ လိမ်တယ်ဆိုရင်တောင် ၅၀၀၊၁၀၀၀ ပါ လေ..ကျနော် ချက်ခြင်းအော်ခေါ်လိုက် တယ် ။

သူတို့ လှည့် အကြည့်မှာ လက် ထဲ ရှိတဲ့ ပိုက်ဆံ အကုန်လှမ်းပေးလိုက်တယ် စောစောက စာအုပ်ပြန်တောင်းလိုက်တယ် ။
အလဲအလှယ် အပြီးမှာ သူဆီကစကားတစ်ခွန်းကြားရတယ်။

ကျနော် တို့ မနက် ကတည်းက လျှောက်ရောင်းနေတာ လဘက်ရည်တောင် မသောက်ရသေးဘူးတဲ့။
သူမျက်နှာ သူအပြုံး နဲ့တင် ထောင်တန်လေး လေးရွက် က တန် ပါတယ် ဗျာ။

(တံခါးပိတ်နေရင်း LONDON ဦးပိုင်က နှစ်စဉ် သိန်းရာထောင် ထောက်ပံ့ကြေးထုတ် နေတဲ့မိတ်ဆွေ
ဗိုလ်ချုပ်ဟောင်းတစ်ယောက် ကို ကျိန်ဆဲ မိသွားတယ်)

စစ်သားတွေ ဟာလဲ သင်္ဘောသားတွေ လိုဘဲ အခြောက်တိုက် အမုန်းခံနေရတဲ့ ဘ၀တူတွေဘဲ ကွဲ့။

Yar Zu

Repost: စာရေးဆရာ မောင်သော်က (ဗိုလ်မှူးသော်က) ရဲ့ """ တိုက်ရေယာဉ် ၁၀၃ """ စာအုပ်

ဒီစာအုပ်လေးက Download လုပ်သူ ၇၀၀ ကျော်နဲ့  အတော်လူကြိုက်များခဲ့တဲ့စာအုပ်လေးဖြစ်လို့ 

မဒေါင်းလိုက်ရသူများ အတွက်ပြန်တင်ပေးတာပါ...



စာရေးဆရာ မောင်သော်က (ဗိုလ်မှူးသော်က) ရဲ့  """ တိုက်ရေယာဉ် ၁၀၃ """ စာအုပ်ပါ။

မြန်မာ့ကမ်းလွန်ပင်လယ်ပြင်မှာ ရာသီဥတု ဆိုးရွားပြီး နစ်မြှုပ်ခဲ့တဲ့ မြန်မာ့ရေတပ်ရဲ့ တိုက်ရေယာဉ် အမှတ်

၁၀၃ ရဲ့ တစ်ကယ့်အဖြစ်အပျက်ကို ပြန်လည်ရေးသားထားတဲ့ စာအုပ်ကောင်းတစ်အုပ်ပါ။

ပင်လယ်ပြင်ရဲ့ ကြမ်းတမ်းမှု၊ ရက်စက်မှုအောက်မှာ ကိုယ့်လုပ်ဖော်ကိုင်ဖက်များအသက်ပျောက်သွားပုံ...

ကြမ်းတမ်းတဲ့ ပင်လယ်ပြင်မှာ အသက်ရှင်ကျန်ရေးအတွက် ၁၃ ရက်တိုင်တိုင် ခက်ခဲကြမ်းတမ်းစွာဖြင့်

ကြိုးစားခဲ့ရပုံ...

သေရေး ရှင်ရေး နှစ်ခု အကြား ရုန်းကန်လှုပ်ရှားရင်း သေကံမရောက် သက်မပျောက်

ဆိုသကဲ့သို့ အသက်ရှင်ကျန်ရစ်ခဲ့ပုံ...

စသည် စသည် တို့ ကို... ဗဟုသုတ ဖြစ်ဖွယ်... စိတ်ဝင်စားဖွယ် ရေးသားထားတဲ့

စာအုပ်ကောင်းတစ်အုပ်ပါ။

စာအုပ်ကိုဒီမှာဒေါင်းပါ...
(Size - 3.4 MB)

Special Thanks to - mmcybermedia.com, မြန်မာစာအုပ်များ Facebook Page...

Tuesday, April 23, 2013

(ချေး) တန်ဆာ။



တန်ဆာ ဆို တာ အလှဆင် သော အရာပေါ့ဗျာ...
ကိုယ်လုံးတီး ဘုရင် ကြီး ဘိုက်ပူပူ ဖင်ရှုံ့ရှုံ့ ကြီး ကို မင်းဝတ် မင်းတန်ဆာ စလွယ်တွေ
ခေါင်းပေါင်း တွေ သံလျက်တွေ ဆင် လိုက်တော့ ခန့်ခန့်ညားညားကြီးပေါ့
မစင်စွန့် နေတဲ့ ပုံကြီး သာ Live show လုပ်ကြည့် ပါလား ....
အဟားဟား မစဉ်းစားဝင့်ပါဘူး။

ဒီနေ့ ကျနော် တို့ ထမင်းစားဝိုင်းရဲ့ Topic ကအဲဒါတော့မဟုတ် ပါဘူး။
၁၇ရက်နေ့ က Cape Town ကနေ တင် ဆောင် လာတယ်..
Top Priority ကြေးနန်း ညွန်ကြားချက် နဲ့ တစ်နေ့ ဘုရား ၂ခါတပြီး စစ်ဆေး နေရတဲ့
Minus 50 ဒီဂရီ ပေ၄၀ရှည် Super Freezer ကွန်တိန်နာ ကြီး ၇ လုံး နဲ့
တင်ဆောင် လာတဲ့Blue Fin တူနာ ငါး တွေ အကြောင်းပါ ဘဲ..

Blue Fin တူနာ ငါး တစ်ကောင် ကို ၇၂ စင်တီ မီတာ ကျော်ရင် ဒေါ်လာ ၁.၄သန်း တန် ပါတယ်
အခု တင်လာတဲ့ Blue Fin တူနာ ငါး ကွန်တိန်နာတစ်လုံးကို ဒေါ်လာသန်း ၄၀ တန် ပြီး ၇ လုံးဆိုတော့သန်း ၂၈၀ တန်ဘိုးကို

တာဝန် ယူလာရတော့ စက်ချုပ် ရယ် Electrician ရယ် ကုန်းချုပ် ရယ် ကတော့
နေ့စဉ် ကလေးထိန်းသလို မျက်စေ့အောက်ကအပျောက်မခံ နိုင် ကြလေဘူးပေါ့ဗျာ
ကျနော် ကတော့ တစ်ခုခု ဖြစ် ရင် ခေါင်းခံ အလုပ် ဖြုတ် ခံရ ရုံ ပဲလေ....အို ကိုက ဘာတတ်နိုင်မလဲ။
အိပ်ရေးပျက် ခံ မစဉ်းစားတော့ ပါဘူး။

တူနာငါးတွေ ကို စားတဲ့နေရာမှာစားပြီး၊ ဆေးဝါးထုတ်တဲ့နေရာမှာ လဲသုံးနေလို့ ဒီလောက် ကိုတန်ဘိုးကြီးနေပေမဲ့ ချေးတန်ဆာ ဆင် ခြင်းကို သိတ် မနှစ်မြို့ လို့ ကျနော့် အတွက် ကတော့ စဉ်းစားရင်းနဲ့ အံသြနဘမ်းဖြစ်နေမိတာတော့ အမှန်ပါဘဲဗျာ။

ကျနော် အစားကောင်းတွေ ကြိုက်ပါတယ် ..ရေခဲမှုန့် ..တို့ ချောကလက် တို့ ကြိုက်ပါတယ်။
ဒါပေမဲ့...မစားရလို့ လဲ နေတတ်ခဲ့တာကြာပါရောလား....ဆက်ပြောပြချင်တာက...

ကျနော်တို့ ...ဟိုင်းကြီးကျွန်းဘက်က တံငါ ရွာကလေးတွေ မှာ
ထမင်းကြမ်းကို ဆားဖြူး အာဝါးသီး မှုန့် နဲ့ မနက်ဆို အလုပ်မ၀င်ခင် ဇလုံကြီးနဲ့စားကြတယ်။
နေ့လည်ဘက် ကလေးတွေ ဂဏန်းလေးဘာလေးချိတ် ထားရင်ပြုတ်ပြီး ဆားလေးခတ် ရှောက်သီးလေးညှင်းပြီး နဲနဲ အူစိုကြပါတယ်။
ဒါက ဘ၀ သမားတွေ ရှင် သန်နေရတဲ့ နေ့ တစ်ဓူဝတွေ...

အင်္ဂလန်ပြည့်ရှင်ဘုရင်မကြီး ထမင်းတစ်ဝိုင်းအတွက် နန်းတော် ကြီး ထဲက အဆောင်ယောင်တွေပြင်ဆင်ရတယ်..
Butler တွေ Chefတွေ servant တွေ အစုံလင်နဲ့
ရွှေပန်းကန်ခွက်ရောက် ကြီးလတ်သေးငယ်တွေ ဇွန်းခရင်း ကြီးလတ်သေး တွေ ခင်းကျင်း
စားပွဲ အရှည် ကြီးမှာ တစ်ခါတစ်ခါ ပြင်ဆင် စားရိတ် အလုပ်သမားခနဲ့ဆို ဒေါ်လာ သောင်းသိန်းချီမှာပေါ့လေ

ဝေလငါးတွေ ကို အစုလိုက် အပြုံ လိုက် ပင် လယ် ပြင် မှာ အမဲလိုက် သတ်ဖြတ် ကြတဲ့
ကိုဂျပန် တံငါတွေ ကို..သြစတေလျ က ဝေလငါးစောင့်ရှောက်ရေးတွေ က အပြင်းထန် ကန့် ကွက် ကြတော့...ဂျပန်တွေ က ခွန်းတုံ့ ပြန်တယ် ...
မင်းတို့ သြဇီမှာ သေသေချာချာ ကျွေးမွေးထား ပြီးမှ သတ်စား တဲ့အမဲသား အတွက် နွားသတ်မှုတွေ ....သိုးသားတင် ပို့ မှုတွေ ရပ် ရင် ငါတို့ လဲ ရပ် မယ်တဲ့...
ကဲဘာပြောမလဲ

မွတ်စလင်တွေ လည် လှီးတဲ့ လတ်ဆတ် တဲ့ အသားတွေ ကို ဘုရားသခင် ထံ စတေးခွင့် ပန် ပြီး စားမှ အပြစ်ကင်းတယ် ကျန်းမာရေးအတွက် ကောင်းတယ်ထင်တယ်။

ကိုးရီးယားတွေ က ခွေးသားတို့၊မြွေသားတို့ ကို သေချာမွေးထား စုဆောင်းထားပြီးမှ အရှင် သတ်စားပါတယ်။

တရုတ် တွေ က တော့ အစားသောက် အလွန် စုံလင်စွာ စားကြသလို
တစ်လောက တော့ Taiwan မှာ ပျက်ကျတဲ့ လမစေ့ ခလေးလေးတွေကိုပါ စားသုံးတဲ့ သတင်းတွေ ကြည့်ရပြန်တော့

အင်း ဒီခန္ဒာကိုယ်ကြီး ၀န် ကို အမျိုးမျိုး ထမ်းလို့ အားမရ နိုင် ကြ ပါလား တွေးမိတယ်။

ဒီလိုနဲ့ သတ္တ၀ါဖြစ် ရင် ဥာဏ် အားကြီး သူကို အားငယ် ဥာဏ်အား နည်း သူက စတေးခံ ရင်းနဲ့
ဘ၀ တွေ ဟာ ၀ဍ်ကျွေး သံသရာလည်

သူတစ်ပြန် ကိုယ် တစ်ပြန် မဆုံး နိုင် ဖြစ်တယ်ဆိုတဲ့ ဘုရားဟောတရားဘဲငါ့နားထဲစွဲနေတယ် ကွယ်...

အင်း ပဲဟင်းလေး နဲ့နေ့တိုင်း ထမင်းစားရတာ ဒီလိုတော့ဆိုတော့ လဲ မဆိုးချေတကား....
အော် တော်တော် လဲ တန် တဲ့ ချေးတန်ဆာ တွေ ပါလား ကွယ်။

ရာစု

အင်တာနက်အသုံးကောင်းသူ ( ကိုယ်တွေ့ ပေတလောကဇာတ်လမ်း )


Facebook မှာ ပေတလောကစိတ်ဝင်စားသူများဆိုတဲ့ Page ကို ဖတ်မိရင်း ကျွန်တော့် ဖြစ်ရပ်မှန်အတွေအကြုံလေးတစ်ခုကို ပြန်ပြောပြချင်လာမိတယ်..

ကျွန်တော်ကိုယ်တိုင် သင်္ဘောလိုက်ရင်း တွေ့ကြုံခဲ့ရတဲ့ သဘာဝလွန်ဖြစ်ရပ်ဆန်းတစ်ခုပါ.. ကျွန်တော့်ကို သင်္ဘောကလူတွေအားလုံးက O Ye’ လို့ခေါ်ကျတယ်ဗျ.. crew list မှာ last name ကို ရှေ့ ဆုံးမှာထားလေ့ရှိတော့ ဖိလစ်ပိုင် နဲ့ ယူကရိန်းသင်္ဘောသားတွေက သူတို့နှုတ်ကျိုးသလို ခေါ်ကျတာပါ.. ကျွန်တော့်သင်္ဘောမှာ မြန်မာဆိုလို့ ကျွန်တော်အပါအ၀င်မှ ၂ယောက်ပဲရှိတယ်.. သူငယ်ချင်းနာမည်က ဟိန်း.. ကျွန်တော့် သင်္ဘောနာမည်က Samskip Courier ဆိုတဲ့ ကွန်တိန်နာသင်္ဘောတစ်စီးပါ.. ဖြစ်ရပ်က အင်္ဂလန်နိုင်ငံ ဟားစီးတီး (Hull City) က seaman club မှာစခဲ့တာပါတယ်..

 ၂၀၁၀ရဲ့ နွေဦးရာသီတစ်ခုမှာပေါ့.. အဲဒီနေ့က သင်္ဘောက Hull ကို ညနေ ၃နာရီလောက်မှာ alongside (ဆိပ်ကမ်းကပ်) ပီးပါတယ်.. နောက်နေ့မနက် ၃နာရီမှာ နယ်သာလန်ကို ပြန်ထွက်ရမယ်.. ကျွန်တော်တို့ duty က ညနေ ၆နာရီမှာ ပီးတော့ ခဏနား ရေချိုး ထမင်းစားပြီးတော့ ည၈နာခွဲလောက်မှာ seaman club ကို အင်တာနက်သုံးဖို့ စက်ဘီးတစ်ယောက်တစ်ဘီးယူပီးထွက်လာခဲ့တယ်.. ၈း၃၀ ဆိုပေမယ့် England မှာက နွေဦးရာသီဆိုရင် ည ၁၀နာရီလောက်မှ နေစ၀င်တော့ ညနေစောင်းပဲရှိသေးတယ်ထင်ရတယ်..

ကျွန်တော်တို့သင်္ဘောမှာ စက်ဘီး၃ဘီးထား ထားတယ်ဗျ.. တစ်စီးက Capt စီးတယ်.. ကျွန်တော်တို့လည်း seaman club ရောက်တော့ ၉နာရီလောက်ရှိနေပီဆိုတော့ staff တွေမရှိကျတော့ဘူး.. ဒါပေမယ့် အင်္ဂလန်မှာက main door ကို door code သိရင် ဖွင့်ပီးဝင်လို့ရတယ်.. Hull ကို ၀င်နေကျသင်္ဘောတွေကို door code တွေ crew mess room မှာကပ်ထားလေ့ရှိတယ်ဗျ.. ကျွန်တော်တို့ နှစ်ယောက် seaman club ထဲရောက်တော့ အင်တာနက်သုံးတဲ့အခန်းထဲမှာ ကုလားနှစ်ယောက်လည်း အင်တာနက်သုံးနေတော့ အဖော်ရှိတာပဲဆိုပီး ကျွန်တော်တို့နှစ်ယောက် download တွေဆွဲ facebook တွေ check နဲ့ အလုပ်စရှုပ်တော့တာပဲ.. ၁၀း၃၀ လောက်ကျတော့ ဟိန်းက ၁၂နာရီ duty ၀င်ရမှာမို့ သူခဏနားချင်သေးတယ်.. အရင်ပြန်နှင့်မယ်ဆိုပီးပြန်သွားတယ်.. သိပ်မကြာဘူး ကုလားတစ်ယောက်လည်း ထပြန်သွားတယ်.. ကျွန်တော်လည်း download ဆွဲတာ မပီးသေးတာနဲ့ အဖော်လည်း ၁ယောက်ရှိသေးတယ်ဆိုပီး နေခဲ့တယ်..

ည၁၁နာရီကျော်လောက်ဖြစ်မယ် ကျွန်တော်လည်း youtube က mtv တစ်ခုကြည့်နေရင်း အင်တာနက်သုံးနေတဲ့ကုလားက toilet ထသွားတယ်.. laptop ကိုလည်း ဖွင့်ထားခဲ့တော့ သူပြန်လာမှာပဲဆိုပီး ကျွန်တော် ဆက်ကြည့်နေတာပေါ့ဗျာ.. toilet ရှိတဲ့ဘက်နဲ့ Main door ကြားမှာ အင်တာနက်သုံးတဲ့အခန်းရှိတာဆိုတော့ သူပြန်မယ်ဆိုရင် Laptop ကိုသိမ်းပီး ကျွန်တော့်နောက်ကဖြတ်သွားပီးမှ သူပြန်လို့ရမှာလေ..

 Youtube က Mtv တွေ တခုပီးတခု ကြည့်လိုက် down လိုက်နဲ့ အလုပ်ရူပ်နေရင်း တခါးပိတ်သံအကျယ်ကြီးကြားလိုက်ရတယ်.. earphone နဲ့နားထောင်နေတာတောင် အကျယ်ကြီးကြားလိုက်ရတယ်ဆိုတော့ဘယ်လောက်တောင်အသံကျယ်မလဲ စဉ်းစားကြည့်ဗျာ.. ပီးတော့ ရေစွဲသံကြားရတယ်.. ခဏနေတော့ တံခါးပိတ်သံ နောက်တစ်ခါကြားရတယ်.. ရေစွဲသံနောက်တခါကြားရပြန်တယ်.. အဲဒီအချိန်ဘေးကိုကြည့်လိုက်တော့ ဟိုကုလားရဲ့  Laptop ကမရှိတော့ဘူး.. ဘယ်အချိန်ထဲက ထပြန်သွားလည်းမသိဘူးဗျာ.. ကျွန်တော်လည်း အရမ်းလန့်သွားပီး Laptop သိမ်းပီး ပြန်ပြေးမယ်အလုပ် ချောင်းဆိုးသံ သဲသဲကွဲကွဲကြီးကို ကြားလိုက်ရတယ်.. သေချာတယ်.. မလွဲဘူးဗျာ.. ကုလားကောင်တော့ သူ့laptop ကျွန်တော်ယူမှာဆိုးလို့များ သိမ်းပီး အိမ်သာတက်နေသလားလို့ အားတင်းလိုက်တယ်.. ပီးတော့ toilet ရှိတဲ့ဘက်ကို ကျွန်တော် ဖြေးဖြေးချင်းလျှောက်သွားပီးကြည့်လိုက်တော့ အိမ်သာအခန်းကြီးကဖွင့်လျက်သား.. မီးက လင်းလိုက်မှိတ်လိုက်နဲ့ဖြစ်နေတာကို မြင်တော့ ကျွန်တော်ကြောင်တောင်တောင်ဖြစ်သွားတုန်း အိမ်သာတံခါးက ဂျိန်းခဲဆို ပိတ်သွားတော့တာပဲ!!! ကျွန်တော်လည်း ချက်ချင်းကိုထွက်ပြေးတော့တာပဲဗျာ.. သင်္ဘောပေါ် ဘယ်လိုပြန်ရောက်လာမှန်းကို မသိတော့ဘူး.. 

သင်္ဘောထွက်တော့ forward မှာ station ယူရင်း ဖိလစ်ပိုင် Bosun ကို အဲဒီအကြောင်းပြန်ပြောပြတော့မှ Hull City ရဲ့ ဆိပ်ကမ်းနေရာက သချိ င်္င်းကို ဖျက်ပီးထပ်ချဲ့ ထားတာဖြစ်ကြောင်း.. ညဘက်ဆိုရင် သရဲခြောက်တယ်ဆိုတဲ့ သတင်းတွေ crew တွေဆီကနေ မကြာခဏ ပြန်ကြားရကြောင်း ပြန်ပြောပြတယ်.. အော်.. သေချာပါတယ် စီနီယာမြန်မာ သင်္ဘောသားတွေဆီကပဲ ပြန်ကြားရမှာပါ.. သူတို့ဖားတွေက ကြိုသိပီး မသွားတော့ ဘယ်ပြန်ပြောပါ့မလဲဗျာ.. xD

အင်တာနက်အသုံးကောင်းသူ
Ye Frankly Man Oo ( MSU @FB Member )

Monday, April 22, 2013

သင်္ဘောပေါ်မှာ Gym ကစားသူများအတွက်...


သင်္ဘောပေါ်မှာ ရတဲ့အားလပ်ချိန်လေးတွေမှာ ကိုယ်ခန္တာကြံ့ခိုင်မှုအတွက်

Gym ကစားသူများလည်းရှိကြမှာပါ...( ရှိလည်း ရှိကြပါတယ်... ကိုယ်တွေ့ ကြုံဖူးပါတယ်...)

သင်္ဘောပေါ်မှာ Gym ကစားပြီး အိမ်ပြန်ရောက်တော့ ဘော်ဒီ တောင့်တောင့်တင်းတင်းနဲ့ ဆိုတော့

ယောက်ျားပီပီသသ နဲ့  ကြည့်ကောင်းတာပေါ့ဗျာ... ဟဲဟဲ...

အဲလို သင်္ဘောပေါ်မှာ Gym ကစားသူများအတွက် Strength Training Anatomy (Second Edition)

စာအုပ်လေးပါ။

စိတ်ဝင်စားသူများ စာအုပ်ကို ဒီမှာ ဒေါင်းပါ။

Shared by - NK @MSU

တစ်ခါက...ပင်လယ်လမ်းမှာ။



အိမ်မက် မဟုတ် ဖူး ...
တကယ်ပါ
ငါဟာ
မင်းဘ၀လေးရဲ့
မီးပြတိုက် တစ်ခု
ဖြစ်ခဲ့ ဘူးလေရဲ့..

ဒါပေမဲ့

အခု
မီးဇာ ကုန် သွားပြီ...
မီးပြတိုက်..
မီးပျက်နေခဲ့ဘီ

မီးသီးတွေကျွမ်း
ဆေးရောင်တွေ ပြယ်
ပင့်ကူမျှင်တွေ တွယ် လို့ ပေါ့

ဘယ်သူမှလဲ မမြင်
လာလဲ မပြင် တော့ပါဘူး။

မီးပြတိုက် ရှိမရှိ
ဘယ်သင်္ဘော မှ လဲ
ဂရုမစိုက် မကြည့်တော့ ပါဘူး

GPS တွေ
Satellite တွေ
Ecdis တွေ Radar တွေ နဲ့
ကွေ့ပတ် ရှောင် လွှား
ခရီးဆက် သွားနေကြ လေရဲ့

မင်းရော
တစ်ခြားသင်္ဘောတွေ ရော
နောက် ဆုံး
ကြယ် မှုံတွေ ကပါ
မှောင်နေတဲ့ ..ငါ့ဘဝ
အရောင်ပြယ်တဲ့ ငါ့အလှကို
ရာဇ၀င် အို ကြီးလို
ဖြတ်ကျော် သွား
မီးခိုးတွေ ထား
လက်တောင်
ပြမသွားတော့ဘူး...မဟုတ်လား

ဒါ
အိမ်မက် မဟုတ်ခဲ့ဘူး
တကယ်..

တစ်ခါ ကတော့ ငါရှိခဲ့တယ်..
အင်း
(မောင်ဟာကျမဘ၀လေးရဲ့ မီးပြတိုက်တစ်ခုတဲ့)။


ရာစု

Basic Principles of Ship Propulsion စာအုပ်...


Chapter 1
Ship Definitions and Hull Resistance 
• Ship types 
• A ship’s load lines 
• Indication of a ship’s size 
• Description of hull forms 
• Ship’s resistance 
Chapter 2
Propeller Propulsion 
• Propeller types 
• Flow conditions around the propeller
• Efficiencies 
• Propeller dimensions 
• Operating conditions of a propeller 
Chapter 3
Engine Layout and Load Diagrams
• Power functions and logarithmic scales 
• Propulsion and engine running points
• Engine layout diagram 
• Load diagram
• Use of layout and load diagrams – examples 
• Influence on engine running of different types
of ship resistance – plant with FP propeller
• Influence of ship resistance
on combinator curves – plant with CP propeller
Closing Remarks
References .

လေ့လာလိုသူများ ဒီမှာ ဒေါင်းပါ 

U9@MSU

Container သင်္ဘောပေါ်ကို Online Tour သွားကြမယ်...



သင်္ဘောသားလူသစ်များအတွက်... Container သင်္ဘောပေါ်ကို Online Tour သွားကြမယ်...

ဒီမှာဝင်ကြည့်ပါ...

Source - Maersk Line Facebook Page.

မူးရင် သွေးဆိုးတဲ့ ကောင် (သို့) မှန်းရခက်တဲ့ရာသီဥတု။


ကျနော်က သူကြီးဖြေတော့ Meteorology ကို ၅၆ မှတ်နဲ့ ကပ်အောင်ပါတယ်။
စာမကျက်ဘဲ စိတ်ထဲ မှတ်ပြီး ရေးတတ်သလိုရေးခဲ့ လို့ပါ။

ဘာပဲ ဖြစ်ဖြစ်ဗျာ နိယာမ သဘောနဲ့ သိတာလေးပြောမယ် ..ရှိတာလေးတော့ မင်းစားကွယ်
ဆိုသလို သိတာလေးကို ခုမှ စလေ့ လာသူတွေ နဲနဲ မှတ်ရလွယ်အောင် ပြောပြချင်ပါတယ်။

ထုံးစံ အတိုင်း ကျနော် စာအုပ်ကို ကြည့် မပြောပါဘူး ၊ နားလည်သလို ရေးပေးတာပါဗျာ။
ပိုတိကျအောင် စာအုပ် နဲ့ ပြန်တိုက် မြေပုံလေးဘာလေးဖြန့် ပြီး လေ့ လာကြပေါ့။

ကျနော် တို့ ငယ်ငယ်လေးထဲက လေ သည် ပူပွပေါ့ အထက် ကိုတက် တာလူတိုင်းသိပါတယ်။
အဲတာဆို ပူရင် လေဖိအားနည်း တာလဲ သိပြီ။ အေးရင် များပြီပေါ့ ရှင်းနေတာဘဲ။
လေဟာလဲ ရေလိုဘဲ ဖိအားများဆီ မှ ဖိအားနည်း ကို ၀င်ရောက် တိုက်ခတ် တယ် ဆို တာလဲ သိ ကြမှာပါ။

ပြီးတော့ ကမ္ဘာကြီး ကို ၂ ခြမ်းခြမ်းတော့ မြောက် ကမ္ဘာ ခြမ်း ရယ် တောင် ကမ္ဘာခြမ်းရယ်။
ကမ္ဘာက West to East လည်တော့ အီကွေတာ အနီး မြောက်နဲ့တောင် မှာ အနောက် ဖက် ကို လေ တွေ 
စရွေ့ တာ မဆန်း တော့ ဘူးပေါ့ ..

မြောက် အခြမ်း က နာရီ ပြောင်း ပြန်လည်တယ်(Anti-Clockwise)
တောင် အခြမ်း က နာရီ လည် သလို လည်ပါတယ် ( Clockwise) ဆိုတာ မှတ်လို့လွယ်သွာပြီပေါ့ ဗျာ။

ကမ္ဘာ ၀င်ရိုး ၂၃.၅ တမ်းစောင်းမှုကြောင့် 
နေ ဘက် ကို မြောက်အခြမ်း တိမ်း( Declination North ) လျှင်မြောက် ဘက် ပူနွေး ကာ တောင် ဘက် ဆောင်း ဖြစ်၍ 
တောင် ဘက် အခြမ်းတိမ်း သော် (Declination South) လျှင်တောင် ဘက် နွေ ရာသီ မြောက်ဘက် ဆောင်းဖြစ်ရလေသည်။

ထိုအခါ သမရ ကို လိုက်ကာ ကုန်းမြေ ပေါ် ရှိ လေထုသည် ပင်လယ်ပြင် ထက် ဆောင်း တွင် အေးကာ ဖိအား ပို၍
နွေတွင် ပူကာဖိအားနည်း ရာမှာ ကမ္ဘာတစ်ဝိုက်တွင် လေထု ရွေ့ရှားမှု ၏ အဓိက အကြောင်းဖြစ် လာကာ
ကျနော် တို့ ကြောက်သော Frontal Occlusion များ Depression @လေ ပြင်းမုန်တိုင်းတို့ ဖြစ်ပေါ်လာလေတော့သည်။

အီကွေတာ တစ်ဝိုက်မှ ကမ္ဘာ လည် ပတ် မှု အရှိန်ကြောင့် အနောက် သို့ ရွေ့ ရာမှ Trade winds ( East Wind)
လေ ထု တို့သည် ၃၀ လတ္တီတွဒ် ဒီဂရီ အရောက်တွင် တစ်ဖက် မှာ ရွေ့လာသော လေထု အားနှင့် အရှေ့ ကို ပြန် ဦးတည် လေသော်
၃၀ လတ္တီတွဒ် မှ ၆၀ အကြားတွင် လေ ကြောင်းများသည် အနောက် သို့ ဦးတည် ရာမှ အနောက် ဖက် မှ အရှေ့ ကို ပြန် ဦးတည် သော
Westerlies များဖြစ် သွားကြ သည် ကို နားလည် အောင် ကြည့် ပါ။

Remember The Direction is ( Wind from - Current To) ဖြစ်သည် Wind သည် ဘယ်ကလာသည် ကို ကိုယ်စားပြု၏။

ဆောင်းတွင်း ကာလ မြောက် ကမ္ဘာ ခြမ်းဖြစ်သော ..၄၀ -၅၀ လတ္တီတွဒ် ရှိရာ - ကမ္ဘာ Locations များတွင်

၁.Titanic သင်္ဘော နစ်ရာ Newfoundland (Atlantic) , 
၂.မြေထဲ ပင်လယ် မှ အထွက် Europe အသွား Bay Of Biscay ( Atlantic)
၃.Yellow Sea , Korean Peninsula နှင့် Western Japan အနီး အလွန်ကျော်ကြားသော Divine Wind ခေါ် တိုင်ဖုန်း တို့ ဖြစ် ရခြင်းသည်။
၎.West coast US .L.A and San Franciso အနီးတစ်ဝိုက်

၁.Newfoundland အထက် မှ အလွန်အေးခဲသော Green land နှင့် မြောက်ဝင်ရိုးစွန်း အရပ်မှ HIGH Pressure များရှိခြင်း
၂.Europe ပြင်သစ် မြေပေါ်မှ HIGH Pressure များရှိခြင်း
၃.Asia Siberia ရေခဲ ပြင် ကြီးများမှ HIGH pressure များ ရှိခြင်း
၎.California ကုန်းမြေ ပြင် မှ HIGH Pressure များရှိခြင်း တို့သည်
အပူချိန်နည်းသော ( Relatively Low) ပင်လယ် ပြင်( low pressure )တို့ ဆီ စီးဝင်ကြလေသောကြောင့် 
ပင်လေ ကြမ်း များ ဖြစ်ပေါ် ကြခြင်းဖြစ်လေတော့သည်။

ကမ္ဘာ ကြီး ကို ပြောင်းပြန်လှန်ကြည့် လျင် လည်း.......တောင် ကမ္ဘာခြမ်းတွင် Identical ထပ် တူရှိကြောင်းတွေ့ ရပေမည်။
ထို့ကြောင့် ပင် ၃၅-၅၅ တောင် လတ္တီတွဒ် ဖြစ်သော Roaring forties ဟု ပင် သမုတ်ရသော

၁.Western Chile ရှိရာဒေသ ၊ (Pacific)
၂.နာမည်ကျော် Cape of Good Hope နေရ ရှိရာ တောင် အာဖရိ က ( Indian and Atlantic) 
၃.Australia ကျွန်းတောင် ဘက် မှ ပြင်းလှသော လေပြင်းများ အားလုံးသည်။

အပေါ် တွင် ဖော် ပြသော မြောက် ဘက် မှ နေရာ များနှင့် တူညီသောသဘော သဘာဝ များကြောင့် ဟု ယေဘူ ယျ နားလည်ထားကြ လျင်
စာမေးပွဲ အောင် ရန် လုံလောက် သော အသိဥာဏ် ရလောက် ပါဘီ။

နောက်ထပ်။
Tropical Depression ရဲ့ X to Y ပုံလေး ( Mariner Hand book page 168 ) ကို လေ့လာကြပါ။
X to Y or Y to X ကြုံ ရမည့် အခြေ အနေ ကို ဆွေးနွေး ကြည့် ပါ 
( Cold air/warm air ) Type of cloud ,Type of rain, Wind directions တွေ တီးခေါက် မိရင် ကိုယ့် သဘောနဲ့ ကို ရေးလို့ ရပါပြီလေ။

နောက်ဆုံးတစ်ခုကတော့ အများသူငှာပြောပြောနေကြတဲ့

South China Sea နဲ့ Mediterranean Sea တို့ ရဲ့ ခန့် မှန်း မရတဲ့ရာသီ ဥတု ပါဘဲ

ဒီ နေရာ၂ခု ကို လေ့လာမယ်ဆိုရင်
သူတို့ ရဲ့ ကုန်းပတ်လည်ဝိုင်းရံနေတဲ့ သဘော သဘာဝ ကို တွေ့ ရ ပါလိမ့် မယ်။

South China Sea က အောက် ပိုင်း အီကွေ တာ Tropical နေရာဟာ အမြဲ ပူနွေးနေပြီး
China အတွင်းပိုင်း က ပိုမို အေး ချမ်းတဲ့ ရာသီတွေ မှာ High Pressure တွေ ဟာ အရှေ့ ကို ထွက်လာလိုက်
ပိုမို ဖိအားနည်း တဲ့ Low pressure တွေ ကို ဆွဲ ခေါ် လိုက် နဲ့ South China Sea အလည် ဟာ ၃-၄ ရက် တစ်ခါ TRS 
သဘော လေ ကြမ်းနေတာကို ကျနော် တို့ အမြဲ ကြုံ ရပါတယ်။ အထူး သဖြင့် ဆောင်း နဲ့ ဆောင်း အကုန် နွေ အကူးတွေ မှာ များပါတယ်။

အဲဒီလိုဘဲ ဒယ် အိုးပုံ မြေ ၀ိုင်းရန်နေတဲ့ မြေထဲ ပင်လယ်ကြီး ဟာလည်း။
Europe ကအေးလိုက် ၊ သဲ ကန္တာရ တောင် ပိုင်းက အေးလိုက် နဲ့ 
ရာသီ ပြောင်းချိန် တိုင်း အပေါ် အောက် ဖိအားတွေ ပြောင်းကာ ၂ဖက် ညှပ် ခံနေရတဲ့ အတွက်
လေကြမ်းတွေ ဟာ ခန့်မှန်းမရနိုင်အောင် ၃-၄ ရက် တစ်ခါ ဖြစ်နေတာကိုလဲ သတိထားကြည့် ရင် သိလာပါလိမ့် မယ်။

ကဲ ဗျာ ကျနော် လဲ အဲလောက် ဘဲ သိတယ် ဗျ။ ဒီလောက်ဆို တစ်ကမ္ဘာ လုံးကို အသေးစိတ် စိတ်ကူးယဉ် ချပြီး
ဆွေးနွေးလို့ ရနေဘီ ဗျာ။

အော် TRS နဲ့ Typhoon ရှောင်တာလေးကတော့ ဗျာ ( စာအုပ်ထဲ ရော Notes တွေ ထဲ ရော အထပ်ထပ် ဖြစ်နေပါဘီ)
အဲဒီ ကောင်တွေ ကမ္ဘာ လည်နေလို့ အမြဲ အနောက် ဘက်(တောင် ဖြစ် ဖြစ် မြောက် ဖြစ်ဖြစ် Left ကို ပြောတာနော် ) ကို သွားပြီးမှ ..
အရှိန်ရရင် ပြန်ကွေ့ တာ ဘာသဘောလဲသိပြီလေဗျာ ။
Navigable နဲ့ Dangerous Semi Circle ကို သိ ပါ 
Wind Direction ဟာ တောင် နဲ့ မြောက် ဆန့်ကျင်ဘက်( anti clockwise / Clockwise ) ဆို တော့ 
Starboard Bow ပေါ် ထားပြီး သွားရင် Navigable ပေါ့ ဗျာ။
မတော် လို့ များ သူက ကိုယ့်ဘေးရောက်ရင် ဒါမှ မဟုတ် အလည် က ဖြတ်ရပြီဆိုရင်တော့
Beam swells , Quarter swells တွေ ကို၂ရက် အတွင်း ကို အမြန် ထားခဲ့ ဘို့ စက် ကုန် ဖွင့်ပြီး သာ ပြေးပေတော့ ဆရာတို့ရေ....။

ရာစု

ကားသင်္ဘောပေါ် က တစ္ဆေသရဲ များ။ (Notorious Ships)



နိဒါန်း။

ကျနော် တို့ ကုမဏီ မှာ ဒဏ်ပေးတဲ့လူတွေ ကို တင်နေကြ သင်္ဘော Car Carrier ကားတင်သင်္ဘော ၂စီးရှိတယ် 
အဲဒီသင်္ဘော ၂စီးဟာ ဂျပန်တွေ Training သင်္ဘောအနေနဲ့ တည်ဆောက် ခဲ့တာကြောင့်
ခေတ် မီ သင်္ဘော အင်္ဂါ ရပ် တွေ နဲ့ လုံးဝမညီပါဘူး UMS လို့ ခေါ်တဲ့ Un Manned System အင်ဂျင်ခန်း ကို ညဘက် Alarm လာမှ
ဆင်းကြည့်ရတဲ့နည်းပညာမတတ်ထားပါဘူး ၊နေရာတစ်ကာမှာ လူုအားနဲ့ လုပ်ရတဲ့ Manual Operation များတဲ့ သင်္ဘောဖြစ် လေတော့ 
အလုပ် ရှုပ်ပါသည်။

တစ်။
ကားသင်္ဘောတွေ ဆိုတာ ကား parking lot တွေ လို အထပ်တွေ ၇ထပ်လောက် ရှိပြီး ကားမျိုးစုံကို တန်းစီရပ် စနစ်တကျ မလှုပ်ရှားနိုင်
အောင်ချည်နှောင်ပြီး မှာ တစ်နေရာမှတစ်နေရာပို့ဆောင်သောသင်္ဘောများဖြစ်ပါသည်။

ထို ကားများတွင် တစ်ခါတစ်ရံ ကားအဟောင်းများ ၊ ယဉ်တိုက်ပျက်စီး လူတွေ သေဆုံးပြီး မှပြန်ပြင်ထားသော ကားများလဲ ပါဝင်လာတတ်သည်။
ဓါတ်ဆီများ အငွေ့ပျံတတ်သောကြောင့် လည်းကောင်း၊ ကားဘက်ထရီ အိုးများ shock ဖြစ်တတ်ခြင်း မီးလောင်နိုင်ခြင်း တို့ကြောင့်လည်းကောင်း
Second Hand ကားများတင် သော်လည်း စနစ်တကျ ဘက်ထရီ အိုးဖြုတ်ထား ခြင်း၊ နေ့စဉ် ၆ နာရီ ခြား ကားlot များသို့ 
သေနတ်လို ကရိယာလေးတစ်ခု Heat Detector ဆိုပါတော့ဗျာ အဲတာကိုင်ပြီး အရ၀ထ္ထုတစ်ခုကိုချိန်ပစ်ရင်
Display မှာ အပူချိန်ပြသော စက်ကလေးနဲ့ သင်္ဘောသားတစ်ဦး သို့ မဟုတ် ၂ ဦး အလှည့် ကျ လွှတ်ကာ 
Fire round သွားရလေ့လည်းရှိပါသည်။
ညဘက်ဆို မှောင်းမည်း ကာ မည်သူမှ မရှိသည့် အတွက် အလွန် ကြောက်စရာကောင်းပါသည်။

သင်္ဘော ကြီး ၏ ပုံသဏ္ဍန် မှာ အခေါင်း ကြီးနှင့်တူ၍ နာမည်ပြောင် Coffin Ship ဟု လည်းခေါ်လေရာအလိုလိုနေရင်း 
ကြောက်စရာဖြစ်နေလေသည်။
သင်္ဘော အပေါ်ဆုံး အရှေ့ ဘက်မှာသာ သင်္ဘောဦးခန်းနဲ့ Senior အရာရှိလေးဦး ကတစ်ထပ် 
Junior တွေ နဲ့ Crew တွေ ကတစ်ထပ် လူနေဆောင်၂ထပ် သပ်သပ်ဘဲ ထားရှိပါသည်။ 

စက်ခန်း မှာ.. ကား Deck မှာ အောက်ဆုံး သင်္ဘောနောက်ဘက် နားတွင် ရှိပြန်ရာ
တာဝန်ကျ အင်ဂျင်နီယာတို့ သည်လည်း ညအချိန်တစ်ယောက်ထဲ ကြောက်တတ် အသည်းငယ်တတ်သူတို့ အတွက် ကတော့
သဲထိတ်ရင်ဖိုညများကြုံ ကြရလေတော့သည်။

နှစ်။

၁၉၉၉ တွင် ကျနော့် အား ပေးလိုက်သော New assignment သည် ထို နာမည်ကြီးသင်္ဘော ကြီးဖြစ်လေသည်။
အရွယ်က အိုမင်းလှသည်။ပစ္စည်းများစွာ ဟောင်းနွမ်းပျက်စီးကာဖာရာထေးရာများနှင့်ပြည့်နေသည်။
အားလုံးစု သုံး ရတဲ့ Common Toilet and Shower Cubicle တွေ ကို ဒုတိယလူနေထပ် ၏တစ်ဖက်စီမှာ ၃ ခု စီ ထားပေးပြီးတော့  
စုပေါင်း သုံးဆွဲ ကြရလေ သည်။

အရင်သင်္ဘောတွေ မှာ နာမည်ဆိုးခဲ့တယ်။ အခုမှရာထူးစတိုးတယ် ။ အခု မှ ကုမဏီ ကိုဝင်တယ်ဆိုရင် ဘယ်သူမှ မတက်ချင်တဲ့
အဲ့ဒီ Punishment သင်္ဘော ၂စီးကို Crew Management က အလိုလျှောက်တင်ပေးနေကြပါဘဲ။

ကျနော်က ခွင့်ရက်ရှည် ၂နှစ်ယူထားလို့ Crew Manager က ကြည့် မရတာနဲ့ အဲဒီ နာမည်ကြီး သင်္ဘောနှစ်စီးထဲကမှ
သရဲ အရမ်းခြောက်တတ်တဲ့ ဒီသင်္ဘောကိုမှရွေးတင် ပေးလိုက်ပါသည်။ကျနော် ကမသိပါ ပထမဆုံးမို့ ကြားလဲမကြားဘူးပေ
အစကတည်းကလည်း အယုံ အကြည်က မရှိ မနှဲလေးကိုတောင် ရည်းစားစကားပြော၍ နတ်ကတော် ကစိတ်ဆိုးလေသူ
ကျနော်က သိတ်လည်းမကြောက်တတ်ပါ။

သို့သော် ဒီသင်္ဘော အကြောင်းကိုတော့ မသိခဲ့တာအမှန်....ကျနော်ကလည်း ကားသင်္ဘောမှ စီးဘူးချင် တာဗျ။ 
ပျော်ပျော်ကြီးတက် သွားလိုက်ပါသည်။

သုံး။

စတက် တဲ့နေ့ကတည်း က သင်္ဘောကြီးက မှုံကုပ်ကုပ်ကြီး နဲ့ သဘောမကျ ပါ ၊စိတ်ထဲ သရိုးသရီ နဲ့
တစ်ချို့ အခန်းတွေ ဆို Weather Deck ကနေ နေရောင်ခြည် ကို ဖန် ပြွန်ကတစ်ဆင့်
အလင်းရောင်ပေးတော့ အခန်းတွေ လည်း မှောင်ကုပ်ကုပ်နဲ့ စာကို Bed Post Lamp လေးတွေ နဲ့ဖတ်ရသည်။

သင်္ဘော ဆိပ်ကမ်းအကပ်များလို့ သင်္ဘောမှာ ကုန်းနှစ် ၃ ယောက် ထားသည်။ 
စီနီယာဖြစ်နေသော ကျနော့် အားကုန်းချုပ် Watch မနက် ၄-၈ ည၄-၈ ဂျူတီယူဖြစ် ခိုင်းထား၏။
အခန်းမလောက်င လို့ အလုပ်သင်လေးနဲ့ ၂ထပ် ကုတင် အခန်း မှာ အတူနေရလေ သည်။
သင်္ဘောမှာ လူနေခန်းခြင်း ခေါ်တဲ့ ဖုန်း မရှိဘူး ၁၅ မိနစ် အလိုမှာ တံခါး ၃ချက် ခေါက်တဲ့စနစ် ဘဲရှိတယ်။

ကျနော်က ဂျူတီ ၀င်ခါနီးရေချိုး ပြီးမှ လန်းလန်းဆန်းဆန်းသွားတတ်လေရာ သင်္ဘောက ရေနွေးလဲ မရှိဘူး 
ဆောင်းတွင်ဆို ချမ်းမှချမ်း အဲဒီတော့ မနက် ဆို ၃ နာရီ ခွဲထ ရေ ကိုတော့ မရရအောင်ချိုး ရန့်နိုးစက်နဲ့ ကြိုထပါသည်။ 
အမြန်ထ ရေချိုး ပြီး အ၀တ်စားလဲ ၁၀မိနစ် အလိုတွင် ဦးခန်း ကိုသွားနေကြ ပြသနာမရှိလှပေ။

လေး။

ပြသနာစလာတာက ကျနော် တို့ ဦခန်းတွင် အားနေတော့ ဂျူတီချိန်မှာ မနက် ၄-၈ 
သင်္ဘောသားအေဘီ ဖားတစ်ကောင် (ဖိလစ်ပီနို) အလုပ်သင် ကုလားလေးတစ်ယောက် (ပြည်ကြီး ကုလား)
တို့နဲ့ စကားစပ်မိကြရာ သရဲအကြောင်းတွေ ပြောကြ ရင်းနှင့် ဒီသင်္ဘော သရဲခြောက်တတ်သည့် အကြောင်းရောက်လာရာမှဖြစ်သည်။

လူ ၂ယောက် သေဘူးသည်တဲ့ တစ်ယောက်က သင်္ဘော ကို လာပြင်သည် ဂျပန် အလုပ်သမားဓါတ်လိုက်သေတာ ။
တစ်ယောက် က AB တစ်ယောက် ထိခိုက်ဒဏ်ရဖြင့်သေဆုံးခဲ့တာ။ ဖြစ်ချင်တော့ ကျနော်တို့ အခြမ်းဘက်က
ဂျုတီ AB နေသောအခန်းဆိုပဲ။ ပြောရင်း နဲ့ ခေါင်းနဘမ်းကြီးသွားသည်။ထိုနောက် ဇတ်လမ်းကစုံလှလေသည်။

တွေးမိသွားသည်က...
မနက်မနက် ကျနော် ရေချိုးတိုင်း ထိုရေချိုခန်း နဲ့ တွဲရက် အိမ်သာ သုံးလုံး မှ အလည်တစ်လုံးကို လူတစ်ယောက် ၀င်လာသံ
တံခါးဖွင့်သံ ကျနော် ရေချိုးနေရင်း ကြားရခြင်းပင်။ ထို့နောက် အလည်လုံးတွင် သေးပေါက် ကာ ရေဆွဲချခြင်းဖြစ်သည်။
ရေဆွဲ ချ သည်ကိုသိနေခြင်း ဆိုသည်မှာ အဲဒီ အိမ်သာတစ်လုံးဘဲရေဆွဲ၍ရသည် ကျန် နှစ်လုံးမှာ ဘုံးနဲလောင်းနေရသည်။

အစက ဂျူတီချိန်တူသော အင်ဂျင်နီယာဟုထင်မိသည်။ သို့သော်သင်္ဘောသားတော်တော် များများ စောစောမနိုးတတ်ပါ 
Quarter Bell တီးမှ ထကြသည် ။ကျနော် သာ ရေချိုးချင်၍နိုးသောကြောင့် စဉ်းစားမိကာ ကြက်သီးပင်ထသွားလေသည်။
၃ရက် ၄ရက် ရှိနေပြီ။ ထို့ကြောင့် နောက်နေ့ စောင့်ဖမ်းမည်ဟု စဉ်းစားလိုက်သည်။ 
ကြောက်တော့ ကြောက်သွားသည် မတတ်နိုင်။ ရှင်းမှ ဖြစ်ချေမည်။ 

နောက်နေ့ ရေချိုးနေရင်းနားစွင့်ထားသည်။ တကယ်တံခါးဖွင့် ၀င်လာသည့် အသံကြားသော် မလှုပ်ရဲပေ ရေပန်းသံအောက်ကနေ
လှမ်းအော်သည် ရူဖီနို အစ်သတ်ယူ ( Rufino Is that you?) 5th Engineer လေး နာမည် ကိုခေါ်တာ..ပြန်မထူး ရေလဲဆွဲသံမကြား
ရတော့ ဘဲ တိတ်သွားသည်။ ကျနော်လဲငြိမ်နေပြီး အမြန်ပြေးထွက် ခဲ့သည်။နောက်ကိုမကြည့်..

နောက်နေ့တော့ အားမွေးပြန်သည် သေချာဖမ်းမည်။ မတင်မကျကြီး မနေတတ်...
အဲလိုနဲ့ အစီစဉ်ချသည် ရေတကယ်မချိုးဘဲ ရေပန်းဖွင့်ရင်း သဘက်ကြီးပတ်ရင်းစောင့်နေသည်။
ကျွိကနဲတံခါးဖွင့်သံ သဲ့သဲ့ကြားသည်။ ခြေရှပ်သံ ကြားသလိုလိုရောထွေးနေသည်။ အလယ်အိမ်သာတွင် အသံကြားမိသည်။
ေ၇မဆွဲ ခင်ထွက် ဖမ်းရန် ရေချိုးခန်းတံခါးကို ကျယ်ကျယ် ဆောင့်ဖွင့် ကာ ပြေးထွက် လိုက်သည်။

ဟိုက် ဘာကောင်မှမရှိ ..သေပါဘီဗျ။
ကျနော်ပြေးလေတော့သည်။ အခန်းထဲအရောက် မကြောက်ဘဲရီချင်မိသည်။ငါတကယ်သရဲခြောက်ခံရသလားပေါ့ ၀မ်းသာသလိုကြီးဟ။ 
ဟိုကောင်တွေ ပြန်ပြောပြတော့ ကြောက်နေကြသည်။ 
သူကြီးက မကြိုက်..ဂျပန် နတ်ဖုရားမလေးအရုပ် ကို မီးမှန်မှန်ပူဇော်ခိုင်းသည်။
မထူးတော့ ပြီ နောက်နေ့ ဘယ်သူလာလာမလာလာ ရေချိုးခန်းတံခါးဖွင့် ချိုးရတော့သည်။ထိုအခါ ဘာမှ မကြုံတော့ချေ
နားလည်ရခက်လေသည်။

Rufino ကိုမေးရာ သူက ဂျုတီ ချိန်းချိန် အင်ဂျင် ခန်း ထဲရောက်မှ အိမ်သာကိုသာသုံးသည် ဆိုဘဲ ။
ခွေးမသား လူများကြောက်အောင်ခြောက်တာလားမသိ။

အရေးထဲ ကျနော့် AB John က တစခန်းထသည် သူနေသည်က သေသွားတဲ့ ကောင်အခန်း ဖြစ်သည်
သူ့အခန်း မှ သကြားလုံးနေ့တိုင်းပျောက်သည်တဲ့ ကျနော် တို့ ၀ိုင်းဆဲကြတော့သည်။ သောက်ရေးထဲ ပေါ့
သူကမျက်နှာငယ်နှင့်ပြောသည် သူ့ သကြားလုံးများကို ရေပြီးထည့်ထားသည် အမြဲပျောက်သည်တဲ့
သူများလာလည်ရင်း နှိုက်စားတာ ဖြစ် မည်ပြောရာသူကလက်မခံ ၊ ကျနော် တို့ ကလည်းမယုံ...

ငါး။
နောက်ပြသနာထပ်တက် သည်။ ၁၂-၄ ဂျူတီ ချိန် ယူရသော ဖားသင်္ဘောသားတစ်ယောက် ည၂နာရီ
အချိန် Fire round သွားစဉ် ကားအထပ် တစ်ခုအရောက်တွင် သူ့ အား ကားမီး ဖြင့် ထိုးခြင်းဖြစ်သည်
အစကသူကြောင်နေသည် နောက် တော့ ထပ် အထိုးမှာ ငိုသံပါကြီးဖြင့် အော်ကာပြေးတက်လာလေသည်။

Amelito ခေါ် Lito သည် လူကောင်က ထွားထွား ၆ပေ ခန့် မြင့်သော်လည်း သူအားအလုပ်ဖြုတ်လျင် ပြန်မည်
Fire round လုံးဝမသွားတော့ ဟု ဘူးခံညင်းလေတော့ သည်။

နောက်နေ့မနက် ကုန်းချုပ်နှင့် အဖွဲ့ ထိုအထပ် ရှိကားများကို ဘထ္ထရီ ဖြုတ်ထားမထား လိုက် စစ်ဆေး ရာ အားလုံး 
ဖြုတ်ထားလေသည်။ ဘထ္ထရီ မတတ်ထားတဲ့ ကား မီးဘယ်လို လင်းလဲ...ကြက်သီးထဖွယ်ပေတကား။

ကားသင်္ဘောတော်တော် များများတွင် ကြုံဘူးကြသည်ဟု ကြားရ၏ သို့သော်ကျနော့် သင်္ဘောတွင်
တကယ်ဖြစ်ခဲ့လေရာ ကျနော် လည်း တစ်ယောက်တည်း မသွားတော့ ချေ။ 
နေရာတစ်ကာသတ္တိရှိရန် မလိုဟု ကိုယ်ဘာကိုယ် ဆုံးဖြတ် ကာ အတည် ပြု လိုက် ပါသည်။

ခြောက်။

ကျနော်တို့ ကုမဏီတွင် သင်္ဘောသားများက သံချေးမခေါက် ဆေးမသုတ်ရပါ၊
သူတို့သည် မင်းသားများဖြစ်ပါသည်။ ဈေးသက်သာသော ယိုးဒယား Maintenance အဖွဲ့ကိုခန့်ထားသည်
၆ယောက် ၅ယောက် ၃ ယောက် ၂ယောက် အဖွဲ့ လိုက် သင်္ဘောများ သက်တမ်းပေါ် မူတည် ပြီးထားပါသည်။
ဒီကောင်တွေ က ၆ယောက် အဖွဲ့ ဖြစ်သည် ကုန်းဘတ် ၃ ယောက် စက်ခန်း ၃ယောက်ထားကာ 
အိုမင်းလှသောသင်္ဘောကြီးကို ကြံခိုင်ရေးပံ့ပိုးရလေတော့သည်။

သူတို့ ခေါင်းဆောင်က မနက် ၅နာရီခွဲထကာကုန်းချုပ်ဆီ မှ အလုပ်လာတောင်း ရသည် 
ထို့နောက် နေထွက် မှနေ၀င် အလုပ်လုပ်ကြရပါသည် ၊ From Dawn to Dusk ပေါ့ဗျာ...
ကျနော် ကို ညကတည်းက ကုန်းကြောင် ချီးဘူး ( အရာရှိချုပ်က ) အလုပ်များပေးထားသည်။
ကျနော် က ယိုးဒယား အလုပ်သမားခေါင်းဆောင် ကို စာရင်းပေး ပေးရ သည်ပေါ့။

၆နာရီ ကျော်ကျော် လေးမှာ ယိုးဒယား ၂ယောက် မောကြီးပမ်းကြီးပြေးလာကြသည်။
နှစ်ယောက် လုံး မျက်ဖြူဆိုက်နေကြသည်။ 
ပါးစပ် မှလဲ ပုရင်း ပုရင်း နှင့် Car deck တွေ ဆီ လက်ညိုးထိုးကာအော်နေသည် 
ဟ ..ဘာလဲ ဟ အလန့်တကြားရှိလိုက်တာ မောနေတာက လည်းတကယ်ကို ဖနောက်နဲ့တင်ပါး တစ်သားထဲကျ
အောင်ပြေးလာကြပုံဘဲ..

နောက် မှ အင်္ဂလိပ် လိုပြောတတ်သော ခေါင်းဆောင် Foreman ကိုမေးကြည့်ရာ
အမှတ် ၂ ကားထပ် မှာ ဆေး ဘုံးများထမ်း ကာ သူတို့ ဖြတ်အသွား ကားထဲ မှ ဂျပန်မ တစ်ယောက် ကြည့်ပြီး ရီပြသည်ပြော၏
၂ယောက်စလုံးက မျက်စေ့နှင့် တပ်အပ် တွေ့ သည် ပြောလေရာ အားလုံးကြောက်ချေးပန်းရလေတော့ သည်။

ကျနော် ကတော့အဲဒီတော့ မှ... ပုရင်း ဆိုတာ ယိုးဒယားလို ကောင်မလေး ဆိုတာ သိရလေသည်။
ကိုသိတာ က "အာယု လက်လက်" တို့၊ "ဆွေ မမ" တို့ ဘဲသိတာလေ။

နေဦး ဂျပန်မ ငါနဲ့တွေ့ ရင် ရည်းစားစကားပြောလိုက်မယ်ဟု နောက်ပြောင် နေသော်လည်း တစ်ယောက်ထည်းတော့
မသွားရဲတော့ ပါခင်ဗျား။

ခုနှစ် ။

အဲဒီလိုနဲ့ ဘဲ နေလာခဲ့ ကြ ပါသည် ။
ထိုစဉ်က သင်္ဘော Contract က ၆လ နောက် ထပ်တိုး တစ်လ နှစ်လ နေတတ်သည်။

Junior Engineer တစ်ယောက် ရောက်နေတာကြာပြီ ဒါပေမဲ့ သူက တစ်ယောက်ထည်းနေတတ်သူ
ရူးကြောင်ကြောင်သမားဖြစ်သည်။ 
လူက တရုတ်.. မွေး ကတည်းက မိဘမရှိ၍ မလေး မိသားစုကမွေးစားထားတော့ Identity ရောနေသူ ၊
မှန်ကြောင်တရုတ် ကလေး နှင့် စက်ခန်း မှ စက်၂ ပြသနာတက်ကြသည်။ 

ထို ဂျူနီယာကိုအလုပ်ကထုတ်ချင်သည်ဟု သူကြီးကိုတိုင်သည် ။ သူကြီးက စလုံး တရုတ် တရုတ်အခြင်းခြင်း မဖြုတ်ချင်ပေ
အကြောင်းက ဂျူတီချိန် ညလည်တွင် နောက်ဆုံး ကားအထပ် မှ ဖြတ်ကာ Starboard (ညာဘက် ) တွင် ရှိသော
Pump room ကို သွားပြီး ညပိုင်း စက် ဆီကျန်ရေကျန်များကို စုစည်း လည်ပတ်မောင်းနှင် ထုတ်ရသည်ကို လုပ်သည်ဟု 
Record သာ လုပ်ပြီးတကယ် မလုပ်သောကြောင့် ပင် ဖြစ်သည်။

သူ့ ကိုမေးရာမသွားရဲ ဘူးဟုဖွင့်ဟပြောလေသည်။ ဘာကြောင့်မသွားရဲတာလဲ ဟုမေးရာကြောက်သည်ဟုပြောသည်။ 
ဘာကြောင့်ကြောက်လဲ မေးမရ ပါ။
သူသည်သင်္ဘောတက်ခါစက ထိုကဲ့သို့ မဟုတ် သည်ကိုတော့ သတိထားမိပါသည်။
သို့သော် ယနေ့ အထိလဲ မသိရပါချေ ။ သူ့ ကို အလုပ်မဖြုတ် ဖြစ်ပဲ စက်နှစ် ကိုယ်တိုင် Pump room 
ညတိုင်းသွားရလေသည်။ ထိုဆရာသမားကား တစ်ဖောက်ကန်းသမားဖြစ်သောကြောင့်ဘာသံမှ မကြားရတော့ချေ။

ထိုကဲ့သို့အကြောင်းရာများအပြင် ထိုသင်္ဘောတွင် သေဘေးမှ ကပ်လွတ်သော Accident များစွာဖြစ်လေ့ရှိသည်။ 
၅ထပ် သားပြားကြီးလေအဝှေ့ မှာ ၀ဲပျံပြီး သင်္ဘော သား တစ်ဦး မျက်နှာ နှင့် မျက် လုံး များ ကို ဟက်တက်ခွဲခြင်း
၅ထပ်သားအလေး သည် တော် တန်ရုံ လေတိုက်ရုံနှင့် မရွေ့ နိုင်သည် ကို တကယ်မဘူးသျွူားသာသိပါလိမ့်မည်။

Light Truck အသေးလေး မောင်းနေရာ ဘယ်ကမှန်းမသိ ဆောင့်တွန်း ၍ မောင်းနေကြ ကားမောင်းသမား
နံရံနှင့် ၀င်ဆောင့် ကာ အပြင်းအထန်ဒဏ်ရာဆေး ရုံတင် ရခြင်း...စသည်များမကြာခဏ ဖြစ်လေရာ 
ကျနော် လို ပေါက်တတ်ကရပြောသောကောင် ဘေးမထိရန်မခ ၇လခန့် နေခဲ့ရသည် မှာကံကောင်းလေ စွ။

နိဂုံး။

နောင်တွင် ထိုသင်္ဘောကို သူကြီးရာထူးတိုးပေးမည်ပြောရာ မည်သူမှ မသွားလို၍ လူသစ် Junior တစ်ဦးအား
ရာထူး အမြန်တိုးပေး ကာ ပို့ လိုက်ရသည် ဟု ကြားမိပါသည်။

ကျနော်ကတော့ ကားသင်္ဘော၂ စင်းစီးပြီးနောက် တွင် Container Fleet ဘက် ကိုသာ အမြန်ပြေးလာခဲ့လေတော့၏။

၁၉၉၉-၂၀၀၁ (ကားသင်္ဘောများ အမှတ်တရ) 

ရာစု။